Netflix ရဲ့ 'Squid Game 2' Emmy ဆု ဆန်ကာတင်ထဲ ပါဝင်နိုင်ခြင်းမရှိ

 74

ရောင်နီ (NP News) - ဇူလိုင် ၁၈

Netflix ရဲ့အကျော်ကြားဆုံး ရုပ်ရှင်ဆီးရီး 'Squid Game' Season 2 ဟာ အမေရိကန်ပြည်ထောင်စုမှာ အကျော်ကြားဆုံးရုပ်မြင်သံကြားဆုပေးပွဲဖြစ်တဲ့ Primetime Emmy Awards 2025 အတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။
ဇူလိုင်လ ၁၅ ရက်က ကြေညာတဲ့ ၇၇ ကြိမ်မြောက် Primetime Emmy Awards အတွက် လျာထားခံရသူများ စာရင်းမှာ 'Squid Game' ဟာ ထူးချွန်ဒရာမာ စီးရီး လို အဓိက ဆု စာရင်းထဲမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ Forbes သတင်းဌာနရဲ့အဆိုအရ 'Squid Game' ဟာ ဇာတ်ကား၊ သရုပ်ဆောင်၊ ထုတ်လုပ်မှုဒီဇိုင်း၊ ရုပ်ထွက်ဓာတ်ပုံနဲ့ စတန့်စွမ်းဆောင်ရည်တွေ အပါအဝင် ဆု အမျိုးအစားများစွာအတွက် ဆန်ကာတင် ပါဝင်နိုင်ခြေရှိတယ်ဆိုပြီးနာမည်ကြီးခဲ့ပေမယ့် တရားဝင်ထုတ်ပြန်ခဲ့တဲ့ ဆန်ကာတင်ဇာတ်ကားစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်က ထွက်ရှိတဲ့ 'Squid Game' Season 1 ဟာ ထူးချွန်ဒရမ်မာစီးရီးဆု၊ ဒါရိုက်တာဆု၊ ဇာတ်ညွှန်းဆု၊ သရုပ်ဆောင်ဆုနဲ့ ဇာတ်ပို့/သရုပ်ဆောင်ဆု အပါအဝင် Emmy ဆန်ခါတင်စာရင်း ၁၄ ခုထိ ဝင်ရောက်နိုင်ခဲ့ပြီး Emmys ဆုပေးပွဲအတွက် ဆန်ကာတင်စာရင်းထဲ အများဆုံးဝင်တဲ့ အင်္ဂလိပ် စကားပြောမဟုတ်တဲ့ ဒရာမာတစ်ကားအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ၂၀၂၅ ခုနှစ် ဇွန်လက ထွက်ရှိခဲ့တဲ့ Squid Game Season 3 ကတော့ လာမယ့်နှစ် Emmys အတွက် အရည်အချင်းပြည့်မီပြီး ဆန်ကာတင်စာရင်းထဲ ဝင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

Zawgyi Version:
Netflix ရဲ႕ 'Squid Game 2' Emmy ဆု ဆန္ကာတင္ထဲ ပါဝင္ႏိုင္ျခင္းမရွိ
ေရာင္နီ (NP News) - ဇူလိုင္ ၁၈

Netflix ရဲ႕အေက်ာ္ၾကားဆုံး ႐ုပ္ရွင္ဆီးရီး 'Squid Game' Season 2 ဟာ အေမရိကန္ျပည္ေထာင္စုမွာ အေက်ာ္ၾကားဆုံး႐ုပ္ျမင္သံၾကားဆုေပးပြဲျဖစ္တဲ့ Primetime Emmy Awards 2025 အတြက္ ဆန္ခါတင္စာရင္းမွာ ပါဝင္ႏိုင္ျခင္း မရွိခဲ့ပါဘူး။
ဇူလိုင္လ ၁၅ ရက္က ေၾကညာတဲ့ ၇၇ ႀကိမ္ေျမာက္ Primetime Emmy Awards အတြက္ လ်ာထားခံရသူမ်ား စာရင္းမွာ 'Squid Game' ဟာ ထူးခြၽန္ဒရာမာ စီးရီး လို အဓိက ဆု စာရင္းထဲမွာ ပါဝင္ခဲ့ျခင္း မရွိပါဘူး။ Forbes သတင္းဌာနရဲ႕အဆိုအရ 'Squid Game' ဟာ ဇာတ္ကား၊ သ႐ုပ္ေဆာင္၊ ထုတ္လုပ္မႈဒီဇိုင္း၊ ႐ုပ္ထြက္ဓာတ္ပုံနဲ႔ စတန႔္စြမ္းေဆာင္ရည္ေတြ အပါအဝင္ ဆု အမ်ိဳးအစားမ်ားစြာအတြက္ ဆန္ကာတင္ ပါဝင္ႏိုင္ေျခရွိတယ္ဆိုၿပီးနာမည္ႀကီးခဲ့ေပမယ့္ တရားဝင္ထုတ္ျပန္ခဲ့တဲ့ ဆန္ကာတင္ဇာတ္ကားစာရင္းမွာ ပါဝင္ခဲ့ျခင္း မရွိခဲ့တာျဖစ္ပါတယ္။
၂၀၂၂ ခုႏွစ္က ထြက္ရွိတဲ့ 'Squid Game' Season 1 ဟာ ထူးခြၽန္ဒရမ္မာစီးရီးဆု၊ ဒါ႐ိုက္တာဆု၊ ဇာတ္ၫႊန္းဆု၊ သ႐ုပ္ေဆာင္ဆုနဲ႔ ဇာတ္ပို႔/သ႐ုပ္ေဆာင္ဆု အပါအဝင္ Emmy ဆန္ခါတင္စာရင္း ၁၄ ခုထိ ဝင္ေရာက္ႏိုင္ခဲ့ၿပီး Emmys ဆုေပးပြဲအတြက္ ဆန္ကာတင္စာရင္းထဲ အမ်ားဆုံးဝင္တဲ့ အဂၤလိပ္ စကားေျပာမဟုတ္တဲ့ ဒရာမာတစ္ကားအျဖစ္ သမိုင္းဝင္ခဲ့ပါတယ္။
ဒါေပမယ့္လည္း ၂၀၂၅ ခုႏွစ္ ဇြန္လက ထြက္ရွိခဲ့တဲ့ Squid Game Season 3 ကေတာ့ လာမယ့္ႏွစ္ Emmys အတြက္ အရည္အခ်င္းျပည့္မီၿပီး ဆန္ကာတင္စာရင္းထဲ ဝင္မယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

Related news

© 2021. All rights reserved.