အလုပ်အကိုင်အခွင့်အလမ်းပေါင်းတစ်သောင်းနီးပါးဖန်တီးပေးနိုင်သည့် ရင်းနှီးမြှုပ်မှုလုပ်ငန်းသစ် (၃၅)ခု ခွင့်ပြု

 456

ချယ်ရီ(NP News)-ဇူလိုင် ၁၈
အထည်လုပ်ငန်းအပါဝင် အလုပ်အကိုင်အခွင့်အလမ်းပေါင်းတစ်သောင်းနီးပါးဖန်တီးပေးနိုင်သည့် ရင်းနှီးမြှုပ်မှုလုပ်ငန်းအသစ် (၃၅)ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ရှိ ရုံးအမှတ်(၅) အစည်းအဝေးခန်းမတွင် ယမန်နေ့(ဇူလိုင်လ ၁၇ ရက်)က ကျင်းပခဲ့သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၄/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လက်ရှိဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၉)ခုကိုလည်းကောင်း၊ စက်မှု၊ ဟိုတယ်ခရီး၊ ဝန်ဆောင်မှု၊ လျှပ်စစ်၊ စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အိမ်ရာအဆောက်အအုံ၊ သတ္တု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍများမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် (၂၆) ခု တို့ကိုလည်းကောင်း ခွင့်ပြုပေးခဲ့ကြောင်း အဆိုပါကော်မရှင်မှ ထုတ်ပြန်ထားသည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၇၂ ဒသမ ၈၇)သန်းနှင့် ငွေကျပ် (၆၇၂၈၃၅ ဒသမ ၂၇) သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၉၂၂၀) ကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ခွင့်ပြုပေးသည့် လုပ်ငန်းများတွင် နိုင်ငံအတွက် အဓိကလိုအပ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ခြင်းလုပ်ငန်းများအပြင် ဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း (၅၃) ခုရှိသည့်အနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ (၁၂) ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ စုစုပေါင်း ရင်းနှီး
မြှုပ်နှံမှု၏ (၂၈ ဒသမ ၃၃) ရာခိုင်နှုန်းဖြင့် စွမ်းအင်ကဏ္ဍ၌ လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၌ (၂၄ ဒသမ ၆၈) ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍ၌ (၁၄ ဒသမ ၅၄) ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီးမြှုပ်နှံထားကြောင်း ကော်မရှင်မှ ထုတ်ပြန်ထားသည်။

Zawgyi Version:
အလုပ္အကိုင္အခြင့္အလမ္းေပါင္းတစ္ေသာင္းနီးပါးဖန္တီးေပးႏိုင္သည့္ ရင္းႏွီးျမႇဳပ္မႈလုပ္ငန္းသစ္ (၃၅)ခု ခြင့္ျပဳ
ခ်ယ္ရီ(NP News)-ဇူလိုင္ ၁၈
အထည္လုပ္ငန္းအပါဝင္ အလုပ္အကိုင္အခြင့္အလမ္းေပါင္းတစ္ေသာင္းနီးပါးဖန္တီးေပးႏိုင္သည့္ ရင္းႏွီးျမႇဳပ္မႈလုပ္ငန္းအသစ္ (၃၅)ခုကို ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္မွ ခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။
ေနျပည္ေတာ္ရွိ ႐ုံးအမွတ္(၅) အစည္းအေဝးခန္းမတြင္ ယမန္ေန႔(ဇူလိုင္လ ၁၈ ရက္)က က်င္းပခဲ့ေသာ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္၏ (၄/၂၀၂၅) ႀကိမ္ေျမာက္အစည္းအေဝးကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
လက္ရွိေဆာင္႐ြက္ေနသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၏ မတည္ေငြရင္း တိုးျမႇင့္ျခင္းအပါအဝင္ စက္မႈက႑ႏွင့္ ေရနံႏွင့္သဘာဝဓာတ္ေငြ႕ က႑မွ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္ (၉)ခုကိုလည္းေကာင္း၊ စက္မႈ၊ ဟိုတယ္ခရီး၊ ဝန္ေဆာင္မႈ၊ လွ်ပ္စစ္၊ စိုက္ပ်ိဳး၊ ေမြးျမဴေရး၊ ေရလုပ္ငန္း၊ အိမ္ရာအေဆာက္အအုံ၊ သတၱဳ၊ ေရနံႏွင့္သဘာဝဓာတ္ေငြ႕က႑မ်ားမွ ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းအသစ္ (၂၆) ခု တို႔ကိုလည္းေကာင္း ခြင့္ျပဳေပးခဲ့ေၾကာင္း အဆိုပါေကာ္မရွင္မွ ထုတ္ျပန္ထားသည္။
အဆိုပါလုပ္ငန္းမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏမွာ အေမရိကန္ေဒၚလာ (၇၂ ဒသမ ၈၇)သန္းႏွင့္ ေငြက်ပ္ (၆၇၂၈၃၅ ဒသမ ၂၇) သန္းျဖစ္ၿပီး အလုပ္အကိုင္အခြင့္အလမ္းေပါင္း (၉၂၂၀) ကို ဖန္တီးေပးႏိုင္မည္ျဖစ္ၿပီး ခြင့္ျပဳေပးသည့္ လုပ္ငန္းမ်ားတြင္ ႏိုင္ငံအတြက္ အဓိကလိုအပ္သည့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္းလုပ္ငန္းမ်ား၊ စိုက္ပ်ိဳးေရး လုပ္ငန္းႏွင့္ လွ်ပ္စစ္ေမာ္ေတာ္ယာဥ္ ထုတ္လုပ္ျခင္းလုပ္ငန္းမ်ားအျပင္ ဝန္ေဆာင္မႈလုပ္ငန္းမ်ား၊ စားေသာက္ကုန္ထုတ္လုပ္ငန္းမ်ားႏွင့္ အထည္ခ်ဳပ္လုပ္ငန္းမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။
၂၀၂၅ ခုႏွစ္၊ ဇြန္လကုန္အထိ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံထားသည့္ ႏိုင္ငံ၊ ေဒသေပါင္း (၅၃) ခုရွိသည့္အနက္ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးျပဳလုပ္ေသာ ႏိုင္ငံမ်ားမွာ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ျဖစ္ၿပီး စီးပြားေရးက႑ (၁၂) ခုအနက္ အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံထားသည့္ က႑မ်ားမွာ စုစုေပါင္း ရင္းႏွီး
ျမႇဳပ္ႏွံမႈ၏ (၂၈ ဒသမ ၃၃) ရာခိုင္ႏႈန္းျဖင့္ စြမ္းအင္က႑၌ လည္းေကာင္း၊ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕က႑၌ (၂၄ ဒသမ ၆၈) ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း၊ စက္မႈက႑၌ (၁၄ ဒသမ ၅၄) ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း အသီးသီးရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း ေကာ္မရွင္မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.