စွမ်းအင် ပထဝီနိုင်ငံရေးရဲ့ ဦးတည်ချက် ဟော်မုဇ်ရေလက်ကြား

275

တင်ဇာ (NP News) - ဇူလိုင် ၁၆
ဟော်မုဇ်ရေလက်ကြားဟာ ရေနံကြွယ်ဝတဲ့ ပါရှန်ပင်လယ်ကွေ့ကို အိုမန်ပင်လယ်ကွေ့နဲ့ အာ ရေးဘီးယန်း ပင်လယ်တို့နဲ့ ဆက်သွယ်ပေးထားတဲ့တစ်ခုတည်းသော ပင်လယ်ရေကြောင်းဖြစ်ပါတယ်။ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် တင်ပို့မှုရဲ့ (၂၀) ရာခိုင်နှုန်းကျော်ဟာ ဒီရေလက်ကြားကနေ ဖြတ် သန်းလာတာ ဖြစ်ပါတယ်။ ဒါ့ပြင် အီရန်၊ အီရတ်၊ ကူဝိတ်၊ ကာတာနဲ့ ယူအေအီးတို့ကနေ ရေနံ တင်ပို့ရာ မှာ ဒီရေလက်ကြားကို အဓိကလမ်းကြောင်းအဖြစ် ဆောင်ရွက်ပါတယ်။ တင်သွင်းတဲ့နိုင်ငံတွေရဲ့ လေးပုံ သုံးပုံ ခန့်ဟာ အာရှတိုက်က တရုတ်၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ရေနံ ထွက် နိုင်ငံတွေရဲ့ ဈေးကွက်ကစားမှုကြောင့် ဒီရေ လက်ကြားကနေ ဖြတ်သန်းသွားတဲ့ ထောက်ပံ့မှု ပမာဏက ကမ္ဘာတစ်ဝန်းရေနံဈေးနှုန်းအပေါ် နက် နက်နဲနဲ သက်ရောက်မှု ရှိပါတယ်။ အိန္ဒိယသမုဒ္ဒရာကို ပစိဖိတ်သမုဒ္ဒရာနဲ့ဆက်သွယ်ပေးတဲ့ မလက္ကာရေ လက်ကြားနဲ့အတူ ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ စီးပွားရေးမှာ အရေးအပါဆုံး ရေနံလမ်းကြောင်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ရေနံအမြောက်အမြား ဟာ ဒီရေလက်ကြားကနေစီးဆင်းနေပြီး ရေလက် ကြား ပိတ်ဆို့သွားခဲ့ရင် ရေနံတွေကိုသယ်ထုတ်ဖို့ အတွက် တခြားရွေးချယ်စရာလမ်းကြောင်းက အနည်းငယ်သာရှိပါတယ်။
(၂၀၂၄) ခုနှစ်မှာ ဒီရေလက်ကြားကနေ တစ်ရက်ကို ရေနံစည်ပေါင်း သန်း (၂၀) (သို့မဟုတ်) ကမ္ဘာ့ ရေနံသုံးစွဲမှုရဲ့ (၂၀) ရာခိုင်နှုန်းခန့် ပျမ်းမျှ စီးဆင်းခဲ့ပါတယ်။ (၂၀၂၅) ခုနှစ်ရဲ့ ပထမသုံးလပတ်မှာ တော့ ဟော်မုဇ်ရေလက်ကြားကနေ စီးဆင်းတဲ့ ရေနံစုစုပေါင်း ပမာဏဟာ (၂၀၂၄) ခုနှစ်နဲ့ နှိုင်းယှဉ်ရင် အတန်အသင့် ပြောင်းလဲမှု မရှိဘဲ ဆက်လက်တည်ရှိခဲ့ပါတယ်။ ဒီဒေသမှာ မကြာသေးခင်က ဖြစ်ပေါ်ခဲ့ တဲ့ တင်းမာမှုတွေကြောင့် ဟော်မုဇ်ရေ လက်ကြားကနေ ပင်လယ်ရေကြောင်းသွားလာမှု ပိတ်ဆို့တာမျိုး မတွေ့ရသေးပေမယ့် ကမ္ဘာ့စံနှုန်းတစ်ခုဖြစ်တဲ့ Brent ရေနံစိမ်းဈေးနှုန်းဟာ ဇွန်လ (၁၂) ရက် မှာ တစ် စည် ကို (၆၉) ဒေါ်လာကနေ ဇွန်လ (၁၃) ရက်မှာ (၇၄) ဒေါ်လာအထိ မြင့်တက်ခဲ့ပါတယ်။ ဒီအချက်က ကမ္ဘာ့ရေနံထောက်ပံ့မှုအတွက် ရေလက် ကြားရဲ့အရေးပါမှုကို မီးမောင်းထိုးပြနေပါတယ်။
Chokepoint ဆိုတာက ကမ္ဘာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ ပင်လယ်ရေ လမ်း ကြောင်းတွေတစ်လျှောက်မှာရှိတဲ့ ကျဉ်းမြောင်းတဲ့ ရေလမ်းကြောင်းတွေဖြစ်ပြီး ကမ္ဘာ့စွမ်းအင် လုံခြုံရေး အတွက် အရေးပါပါတယ်။ အဓိက chokepoint တစ်ခုကနေ ရေနံတွေ မဖြတ်သန်းနိုင်တာဟာ ခေတ္တ ခဏလေး ဖြစ်ရင်တောင် သိသိသာသာ ထောက်ပံ့မှု နှောင့်နှေးတာတွေ ဖြစ်စေနိုင်ပြီး သင်္ဘော ပို့ဆောင် စရိတ်တွေကို တိုးမြှင့်စေသလို ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေကို မြင့်တက်စေနိုင်ပါ တယ်။ chokepoint အများစုကို တခြားလမ်း ကြောင်းတွေ အသုံးပြုပြီး ရှောင်ကွင်းနိုင်ပေမယ့် တချို့ chokepoint တွေမှာ တော့ လက်တွေ့ကျတဲ့တခြားရွေးချယ်စရာလမ်းကြောင်းတွေမရှိပါဘူး။ ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းသွားတဲ့ ပမာဏ အများစုမှာ ဒေသပြင်ပကို ထွက်ခွာဖို့ တခြားရွေးချယ်စရာမရှိပေမယ့် ဟော် မုဇ် ရေလက်ကြားကို ရှောင်ရှားနိုင်တဲ့ ပိုက်လိုင်းလမ်းကြောင်းတချို့တော့ ရှိပါတယ်။
မကြာသေးမီက အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး လေ ကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီးနောက်မှာ အီရန်ပါလီမန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ဖို့ ဆုံး ဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့ပါတယ်။ ဒီ ကိစ္စရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ အီရန် အမျိုး သားလုံခြုံရေးကောင်စီလက်ထဲမှာရှိပေမယ့် ဒီဆုံးဖြတ်ချက်က နိုင်ငံအချင်းချင်း ပြိုင်ဆိုင်မှုတွေကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တယ် ဆိုတာကို ပြသနေပါတယ်။ ဟော်မုဇ်ရေလက်ကြားကို လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ရေးဟာ ကမ္ဘာ့စွမ်းအင်လုံခြုံရေးအတွက် အလွန်အရေးကြီးပါတယ်။
လွန်ခဲ့တဲ့ (၁၅) နှစ်ကနေစလို့ ခုချိန်ထိ အီရန်ဟာ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့မယ်လို့ ခြိမ်း ခြောက်ခဲ့တာ ဒါနဲ့ဆိုရင် ဆဋ္ဌမအကြိမ်မြောက် ရှိပါပြီ။ နှစ်တွေကြာလာတာနဲ့အမျှ အီရန်ရဲ့ ခြိမ်း ခြောက် မှုတွေဟာ ပြင်ပဖိအားတွေ ပဋိပက္ခတွေနဲ့ အညီ အကြိမ်ရေရော၊ ပြင်းထန်မှုပါတိုးလာခဲ့ ပါတယ်။ အထူး သဖြင့် သူရဲ့ နျူကလီးယားအစီအစဉ်၊ ရေနံတင်ပို့နိုင်စွမ်းတို့အပေါ် မူတည်ပြီး ခြိမ်းခြောက်မှုတွေ တိုးလာ တာဖြစ်ပါတယ်။ သို့သော်လည်း (၂၀၂၅) ခုနှစ် ပါလီမန်မဲခွဲဆုံးဖြတ်မှုကတော့ ဒီလိုမျိုးလုပ်ရပ်အတွက် ပထမ ဆုံးသော တရားဝင် ဥပဒေ ပြုထောက်ခံချက်ဖြစ်ပါတယ်။ ဒါဟာ အီရန်ရဲ့ မဟာဗျူဟာမြောက် တွက်ချက်မှုမှာ အဆင့်သစ်တစ်ခုကို ရောက်ရှိလာပြီဆိုတာကို ပြသနေပါတယ်။
အီရန်အနေနဲ့ ဒီမဟာဗျူဟာအချက်အချာ ကျတဲ့ ရေလက်ကြားကို အမေရိကန်အပေါ် ဖိအား ပေးတဲ့ နည်းဗျူဟာတစ်ရပ်အနေနဲ့ အသုံးချနိုင်ပေမယ့် ဒီဆုံးဖြတ်ချက်က ဒီတိုင်းအသာစီးရသွားမှာတော့ မဟုတ်ပါဘူး။ (၂၀၂၃) ခုနှစ်မှာ အီရန်ဟာ စွမ်းအင် တင်ပို့မှုကဏ္ဍကနေ (၅၄ ဒသမ ၄) ရာခိုင်နှုန်း (အမေ ရိကန် ဒေါ်လာ ၅၃ ဘီလျံခန့်) ကို ပိုင်ဆိုင်ထားပါတယ်။ အီရန်ရဲ့ လျှော့ပေါ့ဈေးနဲ့ ရေနံတင်ပို့မှု (၇၇) ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံဆီကို တင်ပို့တာဖြစ်ပြီး တစ်ရက်ကို စည်ပေါင်းတစ်သန်းရှိကာ အီရန် အတွက် နိုင်ငံတော်ဝင်ငွေ အမေရိကန်ဒေါ်လာ ဘီလျံ (၄၀)ခန့် ရရှိစေခဲ့ပါတယ်။ အကယ်၍ အီရန် က ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့လိုက်မယ်ဆိုရင် သူ့ရဲ့ အကြီးဆုံး စွမ်းအင်ကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် သန့်စင်ပြီး ရေနံထွက်ကုန်တွေ၊ ဆေးဝါးတွေ၊ စိုက်ပျိုးရေး ပစ္စည်းတွေလို အရေးကြီးတဲ့ အီရန်သွင်းကုန်တွေလည်း ထိခိုက်မှာဖြစ်ပါတယ်။
ဒါကြောင့် ရေလက်ကြားကို ပိတ်ဆို့ခြင်း ဟာ သူ့အပေါ်မှီတည်ပြီး စီးပွားရေးအကျိုးအမြတ်တွေ ရရှိနေတဲ့ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အီရန်ရဲ့ သံတမန် ဆက်ဆံရေးအပေါ်မှာလည်း ဂယက်ရိုက်ခတ်မှု တွေ ရှိလာနိုင်ပါတယ်။ ယူအေအီး၊ ကာတာနဲ့ ဆော်ဒီအာ ရေဗျတို့ဟာ ရေနံကို တစ်ရက် စည်ပေါင်း (၃) သန်း၊ (၁ ဒသမ ၅) သန်းနဲ့ (၅ ဒသမ ၅) သန်း အသီးသီး တင်ပို့နေကြပြီး ဟော်မုဇ်ရေလက်ကြားအပေါ် များစွာ မှီခိုနေကြပါတယ်။ ကာတာနိုင်ငံကတော့ အဆိုးရွားဆုံး ထိခိုက်မှုတွေ ခံစားရနိုင်ပါတယ်။ ဘာ ကြောင့်လဲ ဆိုတော့ သူက ဟော်မုဇ်ရေလက်ကြား အသုံးပြုမှုကို ရှောင်ရှားနိုင်မယ့် အခြားသော အခြေခံ အဆောက်အအုံ မရှိဘဲ သူ့ရဲ့ စွမ်းအင်တင်ပို့မှုအားလုံးကို ပါရှန် ပင်လယ်ကွေ့ပေါ်ရှိ Ras Laffan စက်မှု မြို့ကနေ တစ်ဆင့် ပြုလုပ်နေရလို့ပါပဲ။ မကြာသေးခင်က အီရန် က ကာတာရှိ အမေရိကန်စစ် အခြေ စိုက်စခန်း တစ်ခုကို ကန့်သတ်ထားပြီး စစ်ရေးတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့တာက ပင်လယ်ကွေ့ နိုင်ငံတွေ အစ္စ ရေး-အီရန် ပဋိပက္ခကို ဘေးထိုင်ကြည့်နေနိုင်တယ်လို့ ယူဆချက်က လွဲမှားကြောင်း ပြသ လိုက်တာပဲဖြစ်ပါတယ်။ ဒီအခြေအနေက ရေနံကိစ္စထက် ကျော်လွန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒိုဟာ၊ အဘူဒါဘီ၊ ဒူဘိုင်းနဲ့ ရီယာဒ်စတဲ့ မြို့ကြီးတွေဟာ မတည်ငြိမ်တဲ့ ဒေသမှာ ဘေးကင်းလုံခြုံတဲ့ နေရာတွေအဖြစ်သတ်မှတ်ပြီး ကမ္ဘာ့ဘဏ္ဍာရေးဗဟိုချက်ဖြစ်အောင် ကြိုးပမ်းနေကြလို့ပါပဲ။
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့လိုက်မယ်ဆိုရင် အိန္ဒိယနဲ့ တရုတ် အပါအဝင် အာရှအင်အားကြီး စီးပွားရေးနိုင်ငံတွေရဲ့ စွမ်းအင်လုံခြုံရေးကိုလည်း ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် အိန္ဒိယ၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ ဟော်မုဇ်ရေလက်ကြားကနေ တစ်ရက်ကို ရေနံ စည် ပေါင်း (၂ ဒသမ ၈) သန်း၊ (၄ ဒသမ ၅) သန်း၊ (၁ ဒသမ ၈) သန်းနဲ့ (၁ ဒသမ ၇) သန်း အသီးသီး တင်သွင်း နေကြပါတယ်။ ဒီလို ပိတ်ဆို့မှုတစ်ခု ဖြစ်လာခဲ့ရင် ရေနံစိမ်းတစ်ရက်ကို စည်ပေါင်း (၁၀) သန်းကျော်နဲ့ ပင်လယ်ကွေ့ကနေ အာရှကို ဦးတည်တဲ့ LNG ဓာတ်ငွေ့ရည် အများစုကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဓိက စီးပွားရေး နိုင်ငံတွေဆီကို စွမ်းအင်စီးဆင်းမှုတွေ ပြတ်တောက် သွားစေပြီး ခန့်မှန်း ချက် တချို့အရ ကမ္ဘာ့ရေနံဈေးနှုန်းတွေ တစ်စည်ကို အမေရိကန်ဒေါ်လာ (၁၅၀) အထိ မြင့်တက်သွား စေနိုင်တယ်လို့ ဆိုပါတယ်။ အိန္ဒိယ နိုင်ငံအတွက်တော့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ မှုဟာ ပြည် တွင်းလူမှုရေးနဲ့ စီးပွားရေး မတည်ငြိမ်မှု တွေကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆို တော့ ကမ္ဘာ့ ကုန်သွယ်ရေကြောင်း အလုပ်သမားအင် အားရဲ့ (၁၀) ရာခိုင်နှုန်းနီး ပါးလောက်က အိန္ဒိယပင်လယ် သင်္ဘောသားတွေ ဖြစ်နေလို့ပါ။
ဒါ့ပြင် အီရန်ရဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုဟာ ကုန်သွယ်ရေကြောင်း သယ်ယူပို့ဆောင် ရေး စရိတ်တွေ မြင့်တက်လာစေနိုင်သလို စစ်ပွဲအန္တရာယ်နဲ့ နိုင်ငံရေးအကျပ်အတည်းတွေလည်း မြင့် တက်လာနိုင်ပါတယ်။ (၂၀၁၉) ခုနှစ်က ဟော်မုဇ် ရေလက်ကြားမှာ ဖြစ်ပွားခဲ့တဲ့ “ရေနံတင်သင်္ဘော စစ်ပွဲ” အပြီးမှာ စစ်အန္တရာယ်ဟာ (ဝ ဒသမ ၁) ရာခိုင် နှုန်းကနေ (ဝ ဒသမ ၅) ရာခိုင်နှုန်းအထိ တိုးလာခဲ့ ဖူးပါတယ်။ ဒါဟာ Very Large Crude Carrier (VLCC) လိုမျိုး ရေနံတင်သင်္ဘောကြီးတွေအတွက် ခရီးစဉ်တစ်ကြောင်းကို အမေရိကန်ဒေါ်လာ (၅) သိန်းကျော် ပိုမိုကုန်ကျစေခဲ့ပါတယ်။
အာမခံကုမ္ပဏီတွေက ပါရှန်ပင်လယ်ကွေ့ကို “အန္တရာယ်များတဲ့ဒေသ”အဖြစ် သတ်မှတ်လိုက် မယ်ဆိုရင် အာမခံကုန်ကျစရိတ်တွေ (၃၀ဝ) ကနေ (၅၀ဝ) ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ပါတယ်။ (၂၀၁၉) ခုနှစ်မှာ VLCC ရေနံတင်သင်္ဘောတွေရဲ့ ငှားရမ်းခနှုန်း ထားတွေဟာ တစ်ရက်ကို အမေရိကန်ဒေါ်လာ (၃၀ယဝဝဝ) ကနေ အမေရိကန်ဒေါ်လာ (၁၅၀ဝဝဝ) ကျော်အထိ ခုန်တက်ခဲ့ပါတယ်။ အကယ်၍ ရေလက်ကြား ပိတ်ဆို့မှု ဖြစ်လာခဲ့မယ်ဆိုရင် အလားတူ ဒါမှမဟုတ် ပိုဆိုးတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။
(၂၀၂၅) ခုနှစ်မှာ အစ္စရေးနဲ့ အီရန်တို့ကြား ဖြစ်ပွားခဲ့တဲ့ (၁၂) ရက်ကြာ စစ်ပွဲရဲ့ ပြင်းထန်မှုတွေ ဆက်ရှိနေပေမဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့တာ ဟာ ဖြစ်နိုင်ခြေ နည်းပါးတဲ့ အခြေအနေတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ အီရန်အစိုးရအနေနဲ့ ၎င်းနဲ့ သံတမန်ဆက်ဆံရေး ကောင်းမွန်တဲ့ နိုင်ငံတွေ အထူး သဖြင့် ကမ္ဘာ့တောင်ပိုင်းနိုင်ငံတွေ၊ အာရှနိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့ လိုအပ်နေ လို့ပဲဖြစ်ပါတယ်။ စွမ်းအင်လုံခြုံရေးကို ထိခိုက်စေတာ ဒါမှမဟုတ် ရေကြောင်းပိတ်ဆို့မှုတွေ လုပ်တာမျိုး ဟာ ကမ္ဘာ့ရေနံဈေးနှုန်းတွေကို မြင့်တက်စေနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် အီရန်ရဲ့ သံတမန်ရေးရာကို ထိခိုက်စေနိုင်ပါတယ်။
ဒီ (၁၂) ရက်ကြာ စစ်ပွဲဟာ ထုံးစံနဲ့မတူတဲ့ သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ အစ္စရေးနဲ့ အီရန်တို့ အပြန်အလှန် ပစ်ခတ်မှုတွေ မတိုင်ခင်က ရေနံဈေး နှုန်းတွေ မြင့်တက်မယ်လို့ ခန့်မှန်းထားခဲ့ကြပေမဲ့ လက်တွေ့မှာတော့ ရေနံဈေးနှုန်းတွေ ထိုးကျသွားခဲ့ ပါတယ်။ အာရှနိုင်ငံအချို့က ရေနံတင်သွင်းသူတွေ ဟာ အီရန်နဲ့ ထိပ်တိုက်ကြုံဖူးတာတွေလည်းရှိခဲ့ဖူးပါ တယ်။ (၂၀၂၁) ခုနှစ်တုန်းက အိန္ဒိယနဲ့ တောင်ကိုရီး ယား နှစ်နိုင်ငံစလုံးရဲ့ သင်္ဘောတွေကို ပါရှန်ပင်လယ်ကွေ့ကနေ ဖြတ်သန်းသွားလာစဉ် ပတ်ဝန်းကျင် ထိခိုက်မှုလိုမျိုး အသေးအမွှား စွပ်စွဲချက်တွေနဲ့ အီရန်က ဖမ်းဆီးခဲ့ဖူးပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ရေလက်ကြားတွေဟာ သီးခြားလည်ပတ်နေတာမျိုး မဟုတ်ပါဘူး။ အကယ်၍ ဟော်မုဇ်ရေလက်ကြားသာ ပိတ်ဆို့မှုတွေ ကြုံတွေ့ရမယ်ဆိုရင် မလက္ကာ ရေ လက်ကြား၊ စူးအက်တူးမြောင်းစတဲ့ တခြား ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ အရေးပါတဲ့ လမ်း ကြောင်းတွေ အပါအဝင် ကမ္ဘာ့ကုန်သွယ်ရေး တစ်ခုလုံးအပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာပါ လိမ့်မယ်။ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အင်ဒို-ပစိဖိတ်ဒေသတွေလို နေရာတွေမှာ အကျိုးစီးပွားတွေ ဆက်စပ်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ပေါ်ထွက်လာတာနဲ့အမျှ ကုန်သွယ်မှုလုံခြုံရေး အထူးသဖြင့် စွမ်းအင်လုံခြုံရေးအတွက် သီးခြားစီ ချဉ်းကပ် ဆောင်ရွက်တဲ့ နည်းလမ်းတွေဟာ အလုပ်မဖြစ်တော့ပါ ဘူး။ စွမ်းအင်ဟာ ပထဝီနိုင်ငံရေးနဲ့ ပထဝီစီးပွားရေး နှစ်ခုစလုံးရဲ့ အခြေခံအုတ်မြစ်တစ်ခုအဖြစ် ဆက် လက်တည်ရှိနေသမျှကာလပတ်လုံး အင်အားကြီး နိုင်ငံတွေကနေစလို့ နိုင်ငံငယ်တွေအထိ ပါဝင်ပတ်သက်သူ အားလုံးအပေါ် သက်ရောက်မှုရှိနေမှာဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။
zawgyi version
စြမ္းအင္ ပထဝီ ႏိုင္ငံေရးရဲ႕ ဦးတည္ခ်က္ ေဟာ္မုဇ္ေရလက္ၾကား
တင္ဇာ (NP News) - ဇူလိုင္ ၁၆
ေဟာ္မုဇ္ေရလက္ၾကားဟာ ေရနံႂကြယ္ဝတဲ့ ပါရွန္ပင္လယ္ေကြ႕ကို အိုမန္ပင္လယ္ေကြ႕နဲ႔ အာ ေရးဘီးယန္း ပင္လယ္တို႔နဲ႔ ဆက္သြယ္ေပးထားတဲ့တစ္ခုတည္းေသာ ပင္လယ္ေရေၾကာင္းျဖစ္ပါတယ္။ ကမာၻ႔ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ရည္ တင္ပို႔မႈရဲ႕ (၂၀) ရာခိုင္ႏႈန္းေက်ာ္ဟာ ဒီေရလက္ၾကားကေန ျဖတ္ သန္းလာတာ ျဖစ္ပါတယ္။ ဒါ့ျပင္ အီရန္၊ အီရတ္၊ ကူဝိတ္၊ ကာတာနဲ႔ ယူေအအီးတို႔ကေန ေရနံ တင္ပို႔ရာ မွာ ဒီေရလက္ၾကားကို အဓိကလမ္းေၾကာင္းအျဖစ္ ေဆာင္႐ြက္ပါတယ္။ တင္သြင္းတဲ့ႏိုင္ငံေတြရဲ႕ ေလးပုံ သုံးပုံ ခန႔္ဟာ အာရွတိုက္က တ႐ုတ္၊ အိႏၵိယ၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားတို႔ ျဖစ္ပါတယ္။ ဒါေပမဲ့ ေရနံ ထြက္ ႏိုင္ငံေတြရဲ႕ ေဈးကြက္ကစားမႈေၾကာင့္ ဒီေရ လက္ၾကားကေန ျဖတ္သန္းသြားတဲ့ ေထာက္ပံ့မႈ ပမာဏက ကမာၻတစ္ဝန္းေရနံေဈးႏႈန္းအေပၚ နက္ နက္နဲနဲ သက္ေရာက္မႈ ရွိပါတယ္။ အိႏၵိယသမုဒၵရာကို ပစိဖိတ္သမုဒၵရာနဲ႔ဆက္သြယ္ေပးတဲ့ မလကၠာေရ လက္ၾကားနဲ႔အတူ ေဟာ္မုဇ္ေရလက္ၾကားဟာ ကမာၻ႔ စီးပြားေရးမွာ အေရးအပါဆုံး ေရနံလမ္းေၾကာင္းေတြထဲက တစ္ခုပဲ ျဖစ္ပါတယ္။ ေရနံအေျမာက္အျမား ဟာ ဒီေရလက္ၾကားကေနစီးဆင္းေနၿပီး ေရလက္ ၾကား ပိတ္ဆို႔သြားခဲ့ရင္ ေရနံေတြကိုသယ္ထုတ္ဖို႔ အတြက္ တျခားေ႐ြးခ်ယ္စရာလမ္းေၾကာင္းက အနည္းငယ္သာရွိပါတယ္။
(၂၀၂၄) ခုႏွစ္မွာ ဒီေရလက္ၾကားကေန တစ္ရက္ကို ေရနံစည္ေပါင္း သန္း (၂၀) (သို႔မဟုတ္) ကမာၻ႔ ေရနံသုံးစြဲမႈရဲ႕ (၂၀) ရာခိုင္ႏႈန္းခန႔္ ပ်မ္းမွ် စီးဆင္းခဲ့ပါတယ္။ (၂၀၂၅) ခုႏွစ္ရဲ႕ ပထမသုံးလပတ္မွာ ေတာ့ ေဟာ္မုဇ္ေရလက္ၾကားကေန စီးဆင္းတဲ့ ေရနံစုစုေပါင္း ပမာဏဟာ (၂၀၂၄) ခုႏွစ္နဲ႔ ႏႈိင္းယွဥ္ရင္ အတန္အသင့္ ေျပာင္းလဲမႈ မရွိဘဲ ဆက္လက္တည္ရွိခဲ့ပါတယ္။ ဒီေဒသမွာ မၾကာေသးခင္က ျဖစ္ေပၚခဲ့ တဲ့ တင္းမာမႈေတြေၾကာင့္ ေဟာ္မုဇ္ေရ လက္ၾကားကေန ပင္လယ္ေရေၾကာင္းသြားလာမႈ ပိတ္ဆို႔တာမ်ိဳး မေတြ႕ရေသးေပမယ့္ ကမာၻ႔စံႏႈန္းတစ္ခုျဖစ္တဲ့ Brent ေရနံစိမ္းေဈးႏႈန္းဟာ ဇြန္လ (၁၂) ရက္ မွာ တစ္ စည္ ကို (၆၉) ေဒၚလာကေန ဇြန္လ (၁၃) ရက္မွာ (၇၄) ေဒၚလာအထိ ျမင့္တက္ခဲ့ပါတယ္။ ဒီအခ်က္က ကမာၻ႔ေရနံေထာက္ပံ့မႈအတြက္ ေရလက္ ၾကားရဲ႕အေရးပါမႈကို မီးေမာင္းထိုးျပေနပါတယ္။
Chokepoint ဆိုတာက ကမာၻအႏွံ႔ က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳေနတဲ့ ပင္လယ္ေရ လမ္း ေၾကာင္းေတြတစ္ေလွ်ာက္မွာရွိတဲ့ က်ဥ္းေျမာင္းတဲ့ ေရလမ္းေၾကာင္းေတြျဖစ္ၿပီး ကမာၻ႔စြမ္းအင္ လုံၿခဳံေရး အတြက္ အေရးပါပါတယ္။ အဓိက chokepoint တစ္ခုကေန ေရနံေတြ မျဖတ္သန္းႏိုင္တာဟာ ေခတၱ ခဏေလး ျဖစ္ရင္ေတာင္ သိသိသာသာ ေထာက္ပံ့မႈ ေႏွာင့္ေႏွးတာေတြ ျဖစ္ေစႏိုင္ၿပီး သေဘၤာ ပို႔ေဆာင္ စရိတ္ေတြကို တိုးျမႇင့္ေစသလို ကမာၻ႔စြမ္းအင္ေဈးႏႈန္းေတြကို ျမင့္တက္ေစႏိုင္ပါ တယ္။ chokepoint အမ်ားစုကို တျခားလမ္း ေၾကာင္းေတြ အသုံးျပဳၿပီး ေရွာင္ကြင္းႏိုင္ေပမယ့္ တခ်ိဳ႕ chokepoint ေတြမွာ ေတာ့ လက္ေတြ႕က်တဲ့တျခားေ႐ြးခ်ယ္စရာလမ္းေၾကာင္းေတြမရွိပါဘူး။ ေဟာ္မုဇ္ေရလက္ၾကားကေန ျဖတ္သန္းသြားတဲ့ ပမာဏ အမ်ားစုမွာ ေဒသျပင္ပကို ထြက္ခြာဖို႔ တျခားေ႐ြးခ်ယ္စရာမရွိေပမယ့္ ေဟာ္ မုဇ္ ေရလက္ၾကားကို ေရွာင္ရွားႏိုင္တဲ့ ပိုက္လိုင္းလမ္းေၾကာင္းတခ်ိဳ႕ေတာ့ ရွိပါတယ္။
မၾကာေသးမီက အီရန္ရဲ႕ န်ဴကလီးယားစက္႐ုံေတြကို အေမရိကန္နဲ႔ အစၥေရးတို႔ ပူးေပါင္းၿပီး ေလ ေၾကာင္းတိုက္ခိုက္မႈေတြလုပ္ခဲ့ၿပီးေနာက္မွာ အီရန္ပါလီမန္က ေဟာ္မုဇ္ေရလက္ၾကားကို ပိတ္ဆို႔ဖို႔ ဆုံး ျဖတ္ခ်က္တစ္ရပ္ကို အတည္ျပဳခဲ့ပါတယ္။ ဒီ ကိစၥရဲ႕ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ကေတာ့ အီရန္ အမ်ိဳး သားလုံၿခဳံေရးေကာင္စီလက္ထဲမွာရွိေပမယ့္ ဒီဆုံးျဖတ္ခ်က္က ႏိုင္ငံအခ်င္းခ်င္း ၿပိဳင္ဆိုင္မႈေတြေၾကာင့္ စီးပြားေရးအေပၚ သက္ေရာက္မႈေတြ ရွိလာႏိုင္တယ္ ဆိုတာကို ျပသေနပါတယ္။ ေဟာ္မုဇ္ေရလက္ၾကားကို လြတ္လပ္စြာ ျဖတ္သန္းသြားလာႏိုင္ေရးဟာ ကမာၻ႔စြမ္းအင္လုံၿခဳံေရးအတြက္ အလြန္အေရးႀကီးပါတယ္။
လြန္ခဲ့တဲ့ (၁၅) ႏွစ္ကေနစလို႔ ခုခ်ိန္ထိ အီရန္ဟာ ေဟာ္မုဇ္ေရလက္ၾကားကို ပိတ္ဆို႔မယ္လို႔ ၿခိမ္း ေျခာက္ခဲ့တာ ဒါနဲ႔ဆိုရင္ ဆ႒မအႀကိမ္ေျမာက္ ရွိပါၿပီ။ ႏွစ္ေတြၾကာလာတာနဲ႔အမွ် အီရန္ရဲ႕ ၿခိမ္း ေျခာက္ မႈေတြဟာ ျပင္ပဖိအားေတြ ပဋိပကၡေတြနဲ႔ အညီ အႀကိမ္ေရေရာ၊ ျပင္းထန္မႈပါတိုးလာခဲ့ ပါတယ္။ အထူး သျဖင့္ သူရဲ႕ န်ဴကလီးယားအစီအစဥ္၊ ေရနံတင္ပို႔ႏိုင္စြမ္းတို႔အေပၚ မူတည္ၿပီး ၿခိမ္းေျခာက္မႈေတြ တိုးလာ တာျဖစ္ပါတယ္။ သို႔ေသာ္လည္း (၂၀၂၅) ခုႏွစ္ ပါလီမန္မဲခြဲဆုံးျဖတ္မႈကေတာ့ ဒီလိုမ်ိဳးလုပ္ရပ္အတြက္ ပထမ ဆုံးေသာ တရားဝင္ ဥပေဒ ျပဳေထာက္ခံခ်က္ျဖစ္ပါတယ္။ ဒါဟာ အီရန္ရဲ႕ မဟာဗ်ဴဟာေျမာက္ တြက္ခ်က္မႈမွာ အဆင့္သစ္တစ္ခုကို ေရာက္ရွိလာၿပီဆိုတာကို ျပသေနပါတယ္။
အီရန္အေနနဲ႔ ဒီမဟာဗ်ဴဟာအခ်က္အခ်ာ က်တဲ့ ေရလက္ၾကားကို အေမရိကန္အေပၚ ဖိအား ေပးတဲ့ နည္းဗ်ဴဟာတစ္ရပ္အေနနဲ႔ အသုံးခ်ႏိုင္ေပမယ့္ ဒီဆုံးျဖတ္ခ်က္က ဒီတိုင္းအသာစီးရသြားမွာေတာ့ မဟုတ္ပါဘူး။ (၂၀၂၃) ခုႏွစ္မွာ အီရန္ဟာ စြမ္းအင္ တင္ပို႔မႈက႑ကေန (၅၄ ဒသမ ၄) ရာခိုင္ႏႈန္း (အေမ ရိကန္ ေဒၚလာ ၅၃ ဘီလ်ံခန႔္) ကို ပိုင္ဆိုင္ထားပါတယ္။ အီရန္ရဲ႕ ေလွ်ာ့ေပါ့ေဈးနဲ႔ ေရနံတင္ပို႔မႈ (၇၇) ရာခိုင္ႏႈန္းဟာ တ႐ုတ္ႏိုင္ငံဆီကို တင္ပို႔တာျဖစ္ၿပီး တစ္ရက္ကို စည္ေပါင္းတစ္သန္းရွိကာ အီရန္ အတြက္ ႏိုင္ငံေတာ္ဝင္ေငြ အေမရိကန္ေဒၚလာ ဘီလ်ံ (၄၀)ခန႔္ ရရွိေစခဲ့ပါတယ္။ အကယ္၍ အီရန္ က ေဟာ္မုဇ္ ေရလက္ၾကားကို ပိတ္ဆို႔လိုက္မယ္ဆိုရင္ သူ႔ရဲ႕ အႀကီးဆုံး စြမ္းအင္ကုန္သြယ္ဖက္ႏိုင္ငံျဖစ္တဲ့ တ႐ုတ္ကိုပါ ထိခိုက္ေစႏိုင္ပါတယ္။ ဒါ့အျပင္ သန႔္စင္ၿပီး ေရနံထြက္ကုန္ေတြ၊ ေဆးဝါးေတြ၊ စိုက္ပ်ိဳးေရး ပစၥည္းေတြလို အေရးႀကီးတဲ့ အီရန္သြင္းကုန္ေတြလည္း ထိခိုက္မွာျဖစ္ပါတယ္။
ဒါေၾကာင့္ ေရလက္ၾကားကို ပိတ္ဆို႔ျခင္း ဟာ သူ႔အေပၚမွီတည္ၿပီး စီးပြားေရးအက်ိဳးအျမတ္ေတြ ရရွိေနတဲ့ ပင္လယ္ေကြ႕ႏိုင္ငံေတြနဲ႔ အီရန္ရဲ႕ သံတမန္ ဆက္ဆံေရးအေပၚမွာလည္း ဂယက္႐ိုက္ခတ္မႈ ေတြ ရွိလာႏိုင္ပါတယ္။ ယူေအအီး၊ ကာတာနဲ႔ ေဆာ္ဒီအာ ေရဗ်တို႔ဟာ ေရနံကို တစ္ရက္ စည္ေပါင္း (၃) သန္း၊ (၁ ဒသမ ၅) သန္းနဲ႔ (၅ ဒသမ ၅) သန္း အသီးသီး တင္ပို႔ေနၾကၿပီး ေဟာ္မုဇ္ေရလက္ၾကားအေပၚ မ်ားစြာ မွီခိုေနၾကပါတယ္။ ကာတာႏိုင္ငံကေတာ့ အဆိုး႐ြားဆုံး ထိခိုက္မႈေတြ ခံစားရႏိုင္ပါတယ္။ ဘာ ေၾကာင့္လဲ ဆိုေတာ့ သူက ေဟာ္မုဇ္ေရလက္ၾကား အသုံးျပဳမႈကို ေရွာင္ရွားႏိုင္မယ့္ အျခားေသာ အေျခခံ အေဆာက္အအုံ မရွိဘဲ သူ႔ရဲ႕ စြမ္းအင္တင္ပို႔မႈအားလုံးကို ပါရွန္ ပင္လယ္ေကြ႕ေပၚရွိ Ras Laffan စက္မႈ ၿမိဳ႕ကေန တစ္ဆင့္ ျပဳလုပ္ေနရလို႔ပါပဲ။ မၾကာေသးခင္က အီရန္ က ကာတာရွိ အေမရိကန္စစ္ အေျခ စိုက္စခန္း တစ္ခုကို ကန႔္သတ္ထားၿပီး စစ္ေရးတိုက္ခိုက္မႈတစ္ခု လုပ္ေဆာင္ခဲ့တာက ပင္လယ္ေကြ႕ ႏိုင္ငံေတြ အစၥ ေရး-အီရန္ ပဋိပကၡကို ေဘးထိုင္ၾကည့္ေနႏိုင္တယ္လို႔ ယူဆခ်က္က လြဲမွားေၾကာင္း ျပသ လိုက္တာပဲျဖစ္ပါတယ္။ ဒီအေျခအေနက ေရနံကိစၥထက္ ေက်ာ္လြန္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒိုဟာ၊ အဘူဒါဘီ၊ ဒူဘိုင္းနဲ႔ ရီယာဒ္စတဲ့ ၿမိဳ႕ႀကီးေတြဟာ မတည္ၿငိမ္တဲ့ ေဒသမွာ ေဘးကင္းလုံၿခဳံတဲ့ ေနရာေတြအျဖစ္သတ္မွတ္ၿပီး ကမာၻ႔ဘ႑ာေရးဗဟိုခ်က္ျဖစ္ေအာင္ ႀကိဳးပမ္းေနၾကလို႔ပါပဲ။
ေဟာ္မုဇ္ေရလက္ၾကား ပိတ္ဆို႔လိုက္မယ္ဆိုရင္ အိႏၵိယနဲ႔ တ႐ုတ္ အပါအဝင္ အာရွအင္အားႀကီး စီးပြားေရးႏိုင္ငံေတြရဲ႕ စြမ္းအင္လုံၿခဳံေရးကိုလည္း ထိခိုက္ေစမွာ ျဖစ္ပါတယ္။ ဥပမာအေနနဲ႔ ေျပာရရင္ အိႏၵိယ၊ တ႐ုတ္၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားတို႔ဟာ ေဟာ္မုဇ္ေရလက္ၾကားကေန တစ္ရက္ကို ေရနံ စည္ ေပါင္း (၂ ဒသမ ၈) သန္း၊ (၄ ဒသမ ၅) သန္း၊ (၁ ဒသမ ၈) သန္းနဲ႔ (၁ ဒသမ ၇) သန္း အသီးသီး တင္သြင္း ေနၾကပါတယ္။ ဒီလို ပိတ္ဆို႔မႈတစ္ခု ျဖစ္လာခဲ့ရင္ ေရနံစိမ္းတစ္ရက္ကို စည္ေပါင္း (၁၀) သန္းေက်ာ္နဲ႔ ပင္လယ္ေကြ႕ကေန အာရွကို ဦးတည္တဲ့ LNG ဓာတ္ေငြ႕ရည္ အမ်ားစုကို ထိခိုက္ေစမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အဓိက စီးပြားေရး ႏိုင္ငံေတြဆီကို စြမ္းအင္စီးဆင္းမႈေတြ ျပတ္ေတာက္ သြားေစၿပီး ခန႔္မွန္း ခ်က္ တခ်ိဳ႕အရ ကမာၻ႔ေရနံေဈးႏႈန္းေတြ တစ္စည္ကို အေမရိကန္ေဒၚလာ (၁၅၀) အထိ ျမင့္တက္သြား ေစႏိုင္တယ္လို႔ ဆိုပါတယ္။ အိႏၵိယ ႏိုင္ငံအတြက္ေတာ့ ေဟာ္မုဇ္ေရလက္ၾကား ပိတ္ဆို႔ မႈဟာ ျပည္ တြင္းလူမႈေရးနဲ႔ စီးပြားေရး မတည္ၿငိမ္မႈ ေတြကိုပါ ျဖစ္ေပၚေစႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆို ေတာ့ ကမာၻ႔ ကုန္သြယ္ေရေၾကာင္း အလုပ္သမားအင္ အားရဲ႕ (၁၀) ရာခိုင္ႏႈန္းနီး ပါးေလာက္က အိႏၵိယပင္လယ္ သေဘၤာသားေတြ ျဖစ္ေနလို႔ပါ။
ဒါ့ျပင္ အီရန္ရဲ႕ ေဟာ္မုဇ္ေရလက္ၾကား ပိတ္ဆို႔မႈဟာ ကုန္သြယ္ေရေၾကာင္း သယ္ယူပို႔ေဆာင္ ေရး စရိတ္ေတြ ျမင့္တက္လာေစႏိုင္သလို စစ္ပြဲအႏၲရာယ္နဲ႔ ႏိုင္ငံေရးအက်ပ္အတည္းေတြလည္း ျမင့္ တက္လာႏိုင္ပါတယ္။ (၂၀၁၉) ခုႏွစ္က ေဟာ္မုဇ္ ေရလက္ၾကားမွာ ျဖစ္ပြားခဲ့တဲ့ “ေရနံတင္သေဘၤာ စစ္ပြဲ” အၿပီးမွာ စစ္အႏၲရာယ္ဟာ (ဝ ဒသမ ၁) ရာခိုင္ ႏႈန္းကေန (ဝ ဒသမ ၅) ရာခိုင္ႏႈန္းအထိ တိုးလာခဲ့ ဖူးပါတယ္။ ဒါဟာ Very Large Crude Carrier (VLCC) လိုမ်ိဳး ေရနံတင္သေဘၤာႀကီးေတြအတြက္ ခရီးစဥ္တစ္ေၾကာင္းကို အေမရိကန္ေဒၚလာ (၅) သိန္းေက်ာ္ ပိုမိုကုန္က်ေစခဲ့ပါတယ္။
အာမခံကုမၸဏီေတြက ပါရွန္ပင္လယ္ေကြ႕ကို “အႏၲရာယ္မ်ားတဲ့ေဒသ”အျဖစ္ သတ္မွတ္လိုက္ မယ္ဆိုရင္ အာမခံကုန္က်စရိတ္ေတြ (၃၀ဝ) ကေန (၅၀ဝ) ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ႏိုင္ပါတယ္။ (၂၀၁၉) ခုႏွစ္မွာ VLCC ေရနံတင္သေဘၤာေတြရဲ႕ ငွားရမ္းခႏႈန္း ထားေတြဟာ တစ္ရက္ကို အေမရိကန္ေဒၚလာ (၃၀ယဝဝဝ) ကေန အေမရိကန္ေဒၚလာ (၁၅၀ဝဝဝ) ေက်ာ္အထိ ခုန္တက္ခဲ့ပါတယ္။ အကယ္၍ ေရလက္ၾကား ပိတ္ဆို႔မႈ ျဖစ္လာခဲ့မယ္ဆိုရင္ အလားတူ ဒါမွမဟုတ္ ပိုဆိုးတဲ့ အေျခအေနမ်ိဳး ျဖစ္လာႏိုင္ပါတယ္။
(၂၀၂၅) ခုႏွစ္မွာ အစၥေရးနဲ႔ အီရန္တို႔ၾကား ျဖစ္ပြားခဲ့တဲ့ (၁၂) ရက္ၾကာ စစ္ပြဲရဲ႕ ျပင္းထန္မႈေတြ ဆက္ရွိေနေပမဲ့ ေဟာ္မုဇ္ေရလက္ၾကားကို ပိတ္ဆို႔တာ ဟာ ျဖစ္ႏိုင္ေျခ နည္းပါးတဲ့ အေျခအေနတစ္ခုပါ။ ဘာေၾကာင့္လဲဆိုေတာ့ အီရန္အစိုးရအေနနဲ႔ ၎နဲ႔ သံတမန္ဆက္ဆံေရး ေကာင္းမြန္တဲ့ ႏိုင္ငံေတြ အထူး သျဖင့္ ကမာၻ႔ေတာင္ပိုင္းႏိုင္ငံေတြ၊ အာရွႏိုင္ငံေတြနဲ႔ သံတမန္ဆက္ဆံေရးကို ထိန္းသိမ္းထားဖို႔ လိုအပ္ေန လို႔ပဲျဖစ္ပါတယ္။ စြမ္းအင္လုံၿခဳံေရးကို ထိခိုက္ေစတာ ဒါမွမဟုတ္ ေရေၾကာင္းပိတ္ဆို႔မႈေတြ လုပ္တာမ်ိဳး ဟာ ကမာၻ႔ေရနံေဈးႏႈန္းေတြကို ျမင့္တက္ေစႏိုင္တဲ့ အႏၲရာယ္ရွိတာေၾကာင့္ အီရန္ရဲ႕ သံတမန္ေရးရာကို ထိခိုက္ေစႏိုင္ပါတယ္။
ဒီ (၁၂) ရက္ၾကာ စစ္ပြဲဟာ ထုံးစံနဲ႔မတူတဲ့ သက္ေရာက္မႈေတြ ရွိခဲ့ပါတယ္။ အစၥေရးနဲ႔ အီရန္တို႔ အျပန္အလွန္ ပစ္ခတ္မႈေတြ မတိုင္ခင္က ေရနံေဈး ႏႈန္းေတြ ျမင့္တက္မယ္လို႔ ခန႔္မွန္းထားခဲ့ၾကေပမဲ့ လက္ေတြ႕မွာေတာ့ ေရနံေဈးႏႈန္းေတြ ထိုးက်သြားခဲ့ ပါတယ္။ အာရွႏိုင္ငံအခ်ိဳ႕က ေရနံတင္သြင္းသူေတြ ဟာ အီရန္နဲ႔ ထိပ္တိုက္ႀကဳံဖူးတာေတြလည္းရွိခဲ့ဖူးပါ တယ္။ (၂၀၂၁) ခုႏွစ္တုန္းက အိႏၵိယနဲ႔ ေတာင္ကိုရီး ယား ႏွစ္ႏိုင္ငံစလုံးရဲ႕ သေဘၤာေတြကို ပါရွန္ပင္လယ္ေကြ႕ကေန ျဖတ္သန္းသြားလာစဥ္ ပတ္ဝန္းက်င္ ထိခိုက္မႈလိုမ်ိဳး အေသးအမႊား စြပ္စြဲခ်က္ေတြနဲ႔ အီရန္က ဖမ္းဆီးခဲ့ဖူးပါတယ္။
ကမာၻ႔ကုန္သြယ္ေရးအတြက္ အေရးပါတဲ့ ေရလက္ၾကားေတြဟာ သီးျခားလည္ပတ္ေနတာမ်ိဳး မဟုတ္ပါဘူး။ အကယ္၍ ေဟာ္မုဇ္ေရလက္ၾကားသာ ပိတ္ဆို႔မႈေတြ ႀကဳံေတြ႕ရမယ္ဆိုရင္ မလကၠာ ေရ လက္ၾကား၊ စူးအက္တူးေျမာင္းစတဲ့ တျခား ပထဝီႏိုင္ငံေရးနဲ႔ စီးပြားေရးဆိုင္ရာ အေရးပါတဲ့ လမ္း ေၾကာင္းေတြ အပါအဝင္ ကမာၻ႔ကုန္သြယ္ေရး တစ္ခုလုံးအေပၚ ဆိုးက်ိဳးသက္ေရာက္မႈေတြ ျဖစ္ေပၚလာပါ လိမ့္မယ္။ ဥေရာပ၊ အေရွ႕အလယ္ပိုင္းနဲ႔ အင္ဒို-ပစိဖိတ္ေဒသေတြလို ေနရာေတြမွာ အက်ိဳးစီးပြားေတြ ဆက္စပ္ေနတယ္ဆိုတဲ့ သုံးသပ္ခ်က္ေတြ ေပၚထြက္လာတာနဲ႔အမွ် ကုန္သြယ္မႈလုံၿခဳံေရး အထူးသျဖင့္ စြမ္းအင္လုံၿခဳံေရးအတြက္ သီးျခားစီ ခ်ဥ္းကပ္ ေဆာင္႐ြက္တဲ့ နည္းလမ္းေတြဟာ အလုပ္မျဖစ္ေတာ့ပါ ဘူး။ စြမ္းအင္ဟာ ပထဝီႏိုင္ငံေရးနဲ႔ ပထဝီစီးပြားေရး ႏွစ္ခုစလုံးရဲ႕ အေျခခံအုတ္ျမစ္တစ္ခုအျဖစ္ ဆက္ လက္တည္ရွိေနသမွ်ကာလပတ္လုံး အင္အားႀကီး ႏိုင္ငံေတြကေနစလို႔ ႏိုင္ငံငယ္ေတြအထိ ပါဝင္ပတ္သက္သူ အားလုံးအေပၚ သက္ေရာက္မႈရွိေနမွာျဖစ္ပါေၾကာင္း ေရးသားလိုက္ရပါတယ္။