ဟွန်ဆန်ဟာ ကိုယ်ကျင့်တရား ကျင့်ဝတ်ပိုင်း လိုက်နာစောင့်ထိန်းမှု အားနည်းသူဖြစ်ကြောင်း သက်ဆင် ဝေဖန်

324

ဂျန်ဇက် (NP News) - ဇူလိုင် ၂ဝ
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့သူ ဟွန်ဆန်သည် ကိုယ်ကျင့် တရားကျင့်ဝတ်ပိုင်း အားနည်းသူဖြစ်ကြောင်း ဝေဖန်ပြစ်တင်လိုက်သည်။
သက်ဆင်နှင့် လက်ရှိကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်တို့သည် နှစ်ပေါင်း(၃၀)ကြာ ရင်းနှီးသည့် မိတ်ဆွေ များဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင် အပြန်အလှန်ဝေဖန်တိုက်ခိုက်နေကြောင်း သိရသည်။ သက်ဆင်၏ သမီးဖြစ်သူ ပေထုံတန်ရှင်နာဝပ်ထရာနဲ့ ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်ကြား နယ်စပ်ဒေသအငြင်းပွားမှု များကို ဖုန်းဆက်ဆွေးနွေးသည့်အသံဖိုင် အပြင်ကိုပေါက်ကြားလာခဲ့ပြီးနောက် ပေထုံတန်ရှင်နာဝပ်ထရာ သည် ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံရပြီး ဟွန်ဆန်နှင့် သက်ဆင်ကြား ရန်ဘက်များဖြစ်လာခဲ့ခြင်းဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ထိုင်းပြည်သူများအနေဖြင့် ကိုယ့်နိုင်ငံသားအပေါ်ကို ယုံကြည်ရန်နှင့် ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်ပြောဆိုချက်များကို မယုံကြည်ရန် တိုက်တွန်း တောင်းဆိုခဲ့သည်။
ထို့ပြင် သက်ဆင်က ‘Bhumjaithai ပါတီခေါင်းဆောင် အန်ယူတင် ချန်ဗီရာကူလ်ဟာ ထိုင်းနိုင်ငံသားလား၊ ဒါမှမဟုတ် ကမ္ဘောဒီးယားနိုင်ငံ သားလားဆိုတာ မေးချင်တယ်’ ဟုပြောသည်။ သမီးဖြစ်သူ ပေထုံတန် ရှင်နာဝပ်ထရာ ရာထူးမှဆိုင်းငံ့ခံရပြီးနောက် သက်ဆင်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းကို ဝေဖန် တိုက်ခိုက်လာခဲ့ပြီး ၎င်းနှင့် ရင်းနှီးသည့်ဆက်ဆံရေး အဆုံးသတ်လိုက်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်အတွင်း အတည်ပြုခဲ့သည်။
သက်ဆင်သည် ထိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း အာဏာသိမ်းခြင်းခံရပြီးနောက် ပြည်ပနိုင်ငံသို့ ထွက်ပြေးခဲ့ရကာ ပြည်ပတွင် နှစ်ပေါင်း (၂၀)ခန့်နေထိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ပြန်လာခဲ့သူဖြစ်သည်။ ထိုင်းနိုင်ငံသည် လွန်ခဲ့သည့်နှစ်ပေါင်း (၅၀)ကျော်ကလည်း လက်ရှိတွေ့ကြုံရသည့်ပုံစံမျိုး အတိုင်း ရင်ဆိုင်တွေ့ကြုံခဲ့ရပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် ရှေ့သို့မရောက်နိုင်သည့်အခြေအနေများ တွေ့ကြုံခဲ့ရ ကြောင်း ပြောသည်။ လက်ရှိအချိန်တွင်ထိုင်းနိုင်ငံသား အားလုံးသည် အဖွဲ့အစည်းတစ်ခုလိုမျိုး စုစည်းညီ ညွတ်စွာအလုပ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောသည်။

Zawgyi Version:
ဟြန္ဆန္ဟာ ကိုယ္က်င့္တရား က်င့္ဝတ္ပိုင္း လိုက္နာေစာင့္ထိန္းမႈ အားနည္းသူျဖစ္ေၾကာင္း သက္ဆင္ ေဝဖန္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂ဝ
ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္က ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေဟာင္းျဖစ္ခဲ့သူ ဟြန္ဆန္သည္ ကိုယ္က်င့္ တရားက်င့္ဝတ္ပိုင္း အားနည္းသူျဖစ္ေၾကာင္း ေဝဖန္ျပစ္တင္လိုက္သည္။
သက္ဆင္ႏွင့္ လက္ရွိကေမာၻဒီးယားလႊတ္ေတာ္ဥကၠ႒ ဟြန္ဆန္တို႔သည္ ႏွစ္ေပါင္း(၃၀)ၾကာ ရင္းႏွီးသည့္ မိတ္ေဆြ မ်ားျဖစ္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ အျပန္အလွန္ေဝဖန္တိုက္ခိုက္ေနေၾကာင္း သိရသည္။ သက္ဆင္၏ သမီးျဖစ္သူ ေပထုံတန္ရွင္နာဝပ္ထရာနဲ႔ ကေမာၻဒီးယားလႊတ္ေတာ္ဥကၠ႒ ဟြန္ဆန္ၾကား နယ္စပ္ေဒသအျငင္းပြားမႈ မ်ားကို ဖုန္းဆက္ေဆြးေႏြးသည့္အသံဖိုင္ အျပင္ကိုေပါက္ၾကားလာခဲ့ၿပီးေနာက္ ေပထုံတန္ရွင္နာဝပ္ထရာ သည္ ဝန္ႀကီးခ်ဳပ္ရာထူးမွ ဆိုင္းငံ့ခံရၿပီး ဟြန္ဆန္ႏွင့္ သက္ဆင္ၾကား ရန္ဘက္မ်ားျဖစ္လာခဲ့ျခင္းျဖစ္သည္။
ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္က ထိုင္းျပည္သူမ်ားအေနျဖင့္ ကိုယ့္ႏိုင္ငံသားအေပၚကို ယုံၾကည္ရန္ႏွင့္ ကေမာၻဒီးယားလႊတ္ေတာ္ဥကၠ႒ ဟြန္ဆန္ေျပာဆိုခ်က္မ်ားကို မယုံၾကည္ရန္ တိုက္တြန္း ေတာင္းဆိုခဲ့သည္။
ထို႔ျပင္ သက္ဆင္က ‘Bhumjaithai ပါတီေခါင္းေဆာင္ အန္ယူတင္ ခ်န္ဗီရာကူလ္ဟာ ထိုင္းႏိုင္ငံသားလား၊ ဒါမွမဟုတ္ ကေမာၻဒီးယားႏိုင္ငံ သားလားဆိုတာ ေမးခ်င္တယ္’ ဟုေျပာသည္။ သမီးျဖစ္သူ ေပထုံတန္ ရွင္နာဝပ္ထရာ ရာထူးမွဆိုင္းငံ့ခံရၿပီးေနာက္ သက္ဆင္သည္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေဟာင္းကို ေဝဖန္ တိုက္ခိုက္လာခဲ့ၿပီး ၎ႏွင့္ ရင္းႏွီးသည့္ဆက္ဆံေရး အဆုံးသတ္လိုက္ေၾကာင္း ၿပီးခဲ့သည့္သီတင္းပတ္အတြင္း အတည္ျပဳခဲ့သည္။
သက္ဆင္သည္ ထိုင္းဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း အာဏာသိမ္းျခင္းခံရၿပီးေနာက္ ျပည္ပႏိုင္ငံသို႔ ထြက္ေျပးခဲ့ရကာ ျပည္ပတြင္ ႏွစ္ေပါင္း (၂၀)ခန႔္ေနထိုင္ခဲ့ၿပီးေနာက္ ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္တြင္ ထိုင္းႏိုင္ငံသို႔ ျပန္လာခဲ့သူျဖစ္သည္။ ထိုင္းႏိုင္ငံသည္ လြန္ခဲ့သည့္ႏွစ္ေပါင္း (၅၀)ေက်ာ္ကလည္း လက္ရွိေတြ႕ႀကဳံရသည့္ပုံစံမ်ိဳး အတိုင္း ရင္ဆိုင္ေတြ႕ႀကဳံခဲ့ရၿပီး ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ ေရွ႕သို႔မေရာက္ႏိုင္သည့္အေျခအေနမ်ား ေတြ႕ႀကဳံခဲ့ရ ေၾကာင္း ေျပာသည္။ လက္ရွိအခ်ိန္တြင္ထိုင္းႏိုင္ငံသား အားလုံးသည္ အဖြဲ႕အစည္းတစ္ခုလိုမ်ိဳး စုစည္းညီ ၫြတ္စြာအလုပ္လုပ္ကိုင္ရမည္ျဖစ္ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္က ေျပာသည္။