လက်နက်ကိုင်လမ်းစဉ်နဲ့ အောင်ပွဲ ရမယ်ဆိုတာ ဒီတစ်သက်မပြောနဲ့ ဆယ်သက်လည်း မဖြစ်နိုင်ဘူး

 759

သုတကျော် (NP News)
ပြီးခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း ပအိုဝ်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ နယ်မြေ မငြိမ်းချမ်းမှုများ ဖြစ်ပွားခဲ့ရာ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO) အနေဖြင့် နယ်မြေကာကွယ်ရေးအတွက် လက်နက်ပြန်ကိုင်ရန်ရွေးချယ်ခဲ့သည်။ သို့သော် အခက်အခဲများလည်းကြုံတွေ့ခဲ့ရပြီး တိုက်ရင်းသင်ယူ၊ သင် ယူရင်းတိုက်ဆိုသောမူကိုကျင့်သုံးခဲ့ရသည်။ လက်ရှိတွင် တပ်မတော်နှင့်လက်တွဲကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ (၆)ကို ကျူးကျော်လာသူများကို အပြည့်အဝနီးပါး တွန်းလှန်တိုက်ထုတ်နိုင်ပြီဖြစ်သည်။ အဆိုပါအခြေအနေများအပါအဝင် ဏြဥ ၏ ရပ်တည်ချက်၊ သွားနေသောနိုင်ငံရေးလမ်းစဉ်နှင့် ပတ်သက်၍ အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေထံ NP News က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

မေး - ပအိုဝ်းဒေသက ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်း မငြိမ်းမချမ်းမှုဖြစ်လာတယ်။ တိုက်ပွဲတွေဖြစ်လာ တယ်။ ပအိုဝ်းခေါင်းဆောင်တွေရဲ့ ပအိုဝ်းဒေသနဲ့ ပတ်သက်တဲ့သဘောထားကို သိပါရစေ။
ဖြေ - ကျွန်တော်တို့ အဓိကကတော့ ပအိုဝ်းဒေသ တစ်ခုလုံးရဲ့ခေါင်းဆောင် ဦးအောင်ခမ်းထီက အဓိက ငြိမ်းချမ်းရေးကိုအရမ်းမြတ်နိုးတယ်။ နောက် ပြည်သူတွေ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင်ပြေနေ တာကိုမြတ်နိုးတယ်။ မြတ်နိုးတော့ အမြဲတမ်း ကျွန် တော်တို့ကိုပြောတဲ့စကားရှိတယ်။ အဲဒါက ငြိမ်းချမ်း ချင်ရင်တဲ့ ကျွန်တော်တို့တွေ ချစ်ချစ်ခင်ခင်နေရမယ်။ ဥပမာ-ကျွန်တော်တို့ မြန်မာပြည်ကြီး ငြိမ်းချမ်းချင် တယ်ဆိုရင် မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသား (၁၃၅)မျိုး ချစ်ချစ်ခင်ခင်နေဖို့လိုတယ်။ ဒါ တစ်ချက်ပေါ့။ နောက် ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ချင်တယ် ဆိုရင်လည်း အဲဒီ (၁၃၅) မျိုးက စည်းစည်းလုံးလုံးရှိဖို့ လိုတယ်။ အဓိကçက အဲဒါပဲ။ နောက်တစ်ခုက အဘ ဦးအောင်ခမ်းထီက ဘာပြောလဲဆိုတော့ တစ်နိုင်ငံလုံး ငြိမ်းချမ်းဖို့၊ တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ငါ တို့လည်းမလုပ်နိုင်ဘူး။ အဲဒီ တစ်နိုင်ငံလုံး ငြိမ်းချမ်းတဲ့ အချိန်မှ ပအိုဝ်းဒေသကို ငြိမ်းချမ်းအောင်လုပ်မယ်ဆို ရင်လည်း ဒီအသက်မှာမီချင်မှမီတော့မယ်။ အဲဒီတော့ တစ်နိုင်ငံလုံးငြိမ်းချမ်းဖို့ ငါတို့မလုပ်နိုင်ပေမယ့် ငါတို့ဒေသ ငြိမ်းချမ်းဖို့တော့ ငါတို့လုပ်နိုင်တယ်။ နောက် တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ဖို့ မလုပ်နိုင် ပေမယ့် ငါတို့ဒေသဖွံ့ဖြိုးတိုးတက်ဖို့ ငါတို့ လုပ်နိုင် တယ်ဆိုတာ အဘ ကျွန်တော်တို့ကို အမြဲဆုံးမတဲ့ဟာ ပေါ့။ အဲဒီတော့ ငါတို့ဒေသကို ငြိမ်းချမ်းအောင်လုပ် မယ်။ ငါတို့ဒေသကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်။ အဲဒီတော့ ဒေသငြိမ်းချမ်းဖို့၊ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့က နိုင်ငံတော်နဲ့ အမြဲတမ်းလက်တွဲနေရမယ်။ နောက်တစ်ခုက တပ်မ တော်ဆိုတာ နိုင်ငံတစ်ခုမှာထာဝရအဖွဲ့အစည်း။ အစိုးရက သူက ငါးနှစ်တစ်ကြိမ် ပြောင်းချင်ပြောင်း တယ်၊ နောက်ခေတ်အလိုက်ပြောင်းချင်လည်း ပြောင်းတယ်။ လုံးဝ မပြောင်းတာက တပ်မတော်ဆိုတဲ့ အဖွဲ့အစည်း။ အဲဒီတော့ ငါတို့ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းနဲ့ အမြဲတမ်းလက်တွဲရမယ်၊ ဒါက ငါတို့နိုင်ငံတော်အတွက်၊ ဒါက ငါတို့ပြည်ထောင်စုအ တွက်။ နောက်တစ်ခု ငါတို့ ဒေသပတ်ဝန်း ကျင်မှာရှိတဲ့ ဘယ်တိုင်းရင်းသားမဆို၊ ဘယ် အဖွဲ့အစည်းမဆို ငါတို့ချစ်ချစ်ကြည်ကြည် စည်းစည်းလုံးလုံးနဲ့ နေရမယ်။ ပြီးတော့ သူတို့နဲ့ လက်တွဲပြီးတော့မှ ငါတို့ ရှင်းရှင်းပြောပြောရရင် ကျွန်တော်တို့ဒေသကနေ ပြည်နယ်တစ်ခုလုံးတိုးတက်ဖို့ ငါတို့အဲဒီလိုသွားရ မယ်။ ဒါတစ်ချိန်လုံး သူကျွန်တော်တို့ကို ဆုံးမဩဝါဒ ပေးတယ်။ အဲဒီတော့ သားတပည့်တွေဖြစ်တဲ့ ကျွန်တော်တို့ ခေါင်းဆောင်တွေအားလုံးကလည်း အဘရဲ့ဩဝါဒအတိုင်း အလုပ်လုပ်ကြတယ်။ နောက် တစ်ခုက ကျွန်တော်တို့ ပြည်သူတွေ။ ပြည်သူ တွေကလည်း ရှင်းရှင်းပြောရရင် အဘရဲ့ဆုံးမ ဩဝါဒ တော်တော်များများကလည်း ပြည်သူတွေ ခေါင်းထဲ မှာရှိတယ်။ ပအိုဝ်းတွေ ညီညွတ်တယ် ဆိုတာကလည်း ရှင်းရှင်းပြောရရင် အဘသွားနေတဲ့လမ်းစဉ်က နိုင်ငံတော်အတွက်လည်း အကျိုးရှိတယ်။ တိုင်းရင်း သားတွေအတွက်လည်း အကျိုးရှိတယ်။ ဘယ်လူ မျိုးကိုမှနစ်နာစေတဲ့ဟာ တစ်ခုမှမပါဘူး။ အဲဒီလို မျိုးဆိုတော့ ကျွန်တော်တို့လုပ်နေတဲ့အလုပ်၊ ကျွန် တော်တို့ရပ်တည်နေတဲ့အနေအထားက မှန်ကန်တဲ့ လမ်းကြောင်းလို့ ကျွန်တော်တို့က အဲဒီလိုခံယူတာ ပေါ့။ အဲဒီလိုကျွန်တော်တို့က ဒီဒေသကို အနှစ် သုံးဆယ်ကျော်တည်ဆောက်လာတာ။ တည်ဆောက် ရတဲ့ အကြောင်းအရင်းကလည်း ရှင်းရှင်းပြောရင် အရင်တုန်းက လက်နက်ကိုင်လမ်းစဉ်သွားခဲ့ဖူးတယ်။ လက်နက်ကိုင်လမ်းစဉ်က အရင်ခေတ်လူတွေ လုပ်ခဲ့တာပေါ့။ အဲဒီမှာ ရလဒ်က ကျွန်တော်တို့ ပြန် သုံးသပ်တော့ ကျွန်တော်တို့အတွက်လည်း အကျိုးမ ရှိဘူး။ နောက်ပြီးတော့ နိုင်ငံအတွက်လည်း အကျိုး မရှိဘူး။ ရှင်းရှင်းပြောရရင် ဒီလက်နက်ကိုင်လမ်းစဉ် က အဖြေထွက်တဲ့လမ်းစဉ်လည်းမဟုတ်ဘူး။ အဲဒီလို အနှစ်လေးဆယ်ကျော်သွားလာတော့ နောက်ဆုံး ရလဒ်ကဘာလဲဆိုရင် ကျွန်တော်တို့ဒေသ၊ ကျွန် တော်တို့လူမျိုး တဖြည်းဖြည်းလုံးပါးပါးသွားတယ်။ ဘာမှ နာလန်မထူနိုင်တော့ဘူး။ ဘယ်အခန်းကဏ္ဍပဲ ကြည့်ကြည့် ဘာမှတည်ဆောက်လို့မရဘူး။ အရင် တုန်းက တောင်ကြီးမြို့ထွက်တာနဲ့ အမည်းရောင်နယ် မြေလေ။ ကျွန်တော်တို့ ငြိမ်းချမ်းရေးမယူခင်ကလေ။ ဘာမှလုပ်လို့မရဘူး။ အဲဒါနဲ့ ကျွန်တော်တို့ ပအိုဝ်း လူမျိုး ဖွံ့ဖြိုးတိုးတက်ဖို့ နောက်ကဏ္ဍအစုံ ဖွံ့ဖြိုးတိုး တက်ဖို့ဆိုရင် ကျွန်တော်တို့လုပ်ရမယ့်အလုပ်တွေက အများကြီးရှိတယ်။ အဲဒီ ကျွန်တော်တို့ လုပ်ချင်တာ တွေက နယ်မြေမအေးချမ်းပဲနဲ့ ဘာမှလုပ်လို့မရဘူး။ ဥပမာ-ကျွန်တော်တို့ အိမ်ထောင်စုတစ်စုချင်းရဲ့ စား ဝတ်နေရေး၊ ပြီးတော့ ကလေးတွေရဲ့ ပညာရေး၊ ကျွန်တော်တို့ တခြားဖြစ်ချင်တာတွေ၊ ကျွန်တော်တို့ ဖြစ်ချင်တာတွေကို ငြိမ်းချမ်းမှုမရှိဘဲနဲ့ ဘာမှ လုပ်လို့မရဘူး။ ကျွန်တော်တို့ ငြိမ်းချမ်းရေးယူတုန်းက ဆိုရင် အခုလို NCA ခေတ်နဲ့ မတူဘူး။ အဲဒီတုန်းက ဘာစာချုပ်မှလည်းမရှိဘူး။ ဘာလက်မှတ်မှလည်း မထိုးရဘူး။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ ခေါင်း ဆောင်နဲ့ နိုင်ငံတော်အကြီးအကဲနဲ့တွေ့တယ်။ တစ်ယောက်နဲ့တစ်ယောက် ဒီလိုလုပ်ကြမယ်ဟေ့ဆို တာနဲ့သွားတာ။ အဲဒီဟာကို အနှစ်သုံးဆယ်ကျော် ဒီနေ့အထိ ခိုင်ခိုင်မာမာ ကျွန်တော်တို့ ရပ်တည်တယ်။ ရပ်တည်ရတဲ့ဟာကလည်း ရှင်းရှင်းပြောရရင် ကျွန်တော်တို့ ပြည်ထောင်စုအတွက်၊ နိုင်ငံအတွက်၊ ပြည်သူတွေအတွက်၊ ကျွန်တော်တို့ဒေသအတွက် အဲဒီလိုရပ်တည်တာပေါ့။ ဒါ ငြိမ်းချမ်းရေး အပေါ်မှာ ထားတဲ့ သဘောထား၊ ရပ်တည်ချက်ပေါ့။
မေး - မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကိုကြည့်တဲ့အခါ PNO အနေနဲ့ အခြေအနေအရ လက်နက်ကိုင်ခဲ့ရတယ်လို့ သိထားပါတယ်။
ဖြေ - ကျွန်တော်တို့ကတော့ အနှစ်သုံးဆယ်ကျော် ငြိမ်းချမ်းတဲ့ ကာလ ငြိမ်းငြိမ်းချမ်းချမ်းနေလာတယ်။ ကျွန်တော်တို့ ဒေသမှာ စစ်ပွဲတွေဘာတွေ ဖြစ်လာတဲ့ အခါကျတော့ ကျွန်တော်တို့က ရှင်းရှင်းပြောရရင် ကျွန်တော်တို့ ဒေသပျက်စီးတော့မယ်ဆိုတာ မြင်သွား တယ်။ ရှင်းရှင်းပြောရရင် လက်နက်ကိုင်အဖွဲ့အစည်း တွေက တစ်ရွာဝင်ပြီဆိုရင် အဲဒီတစ်ရွာပျက်ပြီ။ ကျေးရွာအုပ်စုတစ်ခုဝင်သွားရင် အဲဒီကျေးရွာအုပ်စု တစ်ခုက ပျက်ပြီ။ မြို့တစ်မြို့ သူ့လက်ထဲရောက်ရင် ပြာပုံဖြစ်သွားပြီ။ ပအိုဝ်းဒေသတစ်ခုလုံးက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ဝင်ရောက်တာကို လက်ခံရင် ကျွန်တော်တို့ဒေသက ပြာပုံဖြစ်သွားပြီ။ ဒါကြောင့် ကျွန်တော်တို့က တစ်ရွာတောင်မှ အဝင်မခံချင်ဘူး။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ ပအိုဝ်းဒေသ မှဲ့ တစ်ပေါက်စွန်းတာကိုမလိုချင်ဘူး။ အဲဒီတော့ နဂို မူလတုန်းက အင်အားထောင်ချီနဲ့ ဝင်လာတာကိုး။ အဲဒီတုန်းက ကျွန်တော်တို့ စစ်ရေးနဲ့ပတ်သက်ပြီး ပြင်ဆင်ထားတာ ဘာမှမရှိဘူး။ ဘာမှမရှိတော့ ရှင်းရှင်းပြောရရင် ကျွန်တော်တို့က နောက်ဆုံး ကာလို့ ရသလောက် ကာမယ်။ တစ်ရွာကာလို့ရရင် တစ်ရွာ ကာမယ်။ ကျေးရွာအုပ်စုတစ်ခု ကာလို့ရရင် ကျေးရွာ အုပ်စုတစ်ခုကာမယ်။ ဥပမာ-မြို့နယ် တစ်ခုလုံး ကာလို့ရရင် မြို့နယ်တစ်ခုလုံးကာမယ်ဆိုပြီး အဲဒီစိတ် ဓာတ်နဲ့ ကျွန်တော်တို့လုပ်တာပဲ။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ အနှစ်သုံးဆယ်ကျော် တိုက်ပွဲ မရှိ တော့ဘူး။ ကျွန်တော်တို့ အနှစ်သုံးဆယ်မတိုင်ခင်က တိုက်ရည်ခိုက်ရည်ရှိတဲ့ ကျွန်တော်တို့ လူတွေလည်း အကုန်လုံး အသက်ကြီးကုန်ပြီ။ နောက် ဒီလက်ရှိ တပ်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေ လည်း တိုက်ပွဲမှမရှိတာ။ တိုက်ပွဲ အတွေ့အကြုံ မရှိ ဘူး။ အဲဒီတော့ တိုက်ရည်ခိုက်ရည်ရှိတဲ့ တပ်မှူး တွေကလည်း အသက်အရွယ်အခြေအနေအရ မသွားနိုင်တော့ဘူး။ အဲဒီလိုအခြေအနေပေါ့။ အခက် အခဲတော့အများကြီး။ လူအင်အား၊ လက်နက် အင်အား၊ အတွေ့အကြုံ ဒုက္ခရောက်တာပေါ့။ နောက် နည်းပညာခေတ်မှာ နည်းပညာနဲ့ ပတ်သက်လို့လည်း အစပိုင်းမှာ အလူးအလဲခံရတာပေါ့။ ပြောရရင်တော့ ဗမာစကားဆိုရင် အိုးနင်းခွက်နင်း အဲဒီလိုကို ဖြစ်တာ။
မေး - ကယားဒေသဘက်ကနေ အထူးဒေသ (၆) ဘက် တိုက်ပွဲဖော်လာတာမှာ ဒါကဘယ်လို စဖြစ်တာ လဲ။ ကျွန်တော်တို့ ဘယ်လိုနားလည်ထားလို့ရမလဲ ခင်ဗျ။
ဖြေ - ရှင်းရှင်းပြောရရင် ကျွန်တော်တို့ဒေသက အေးချမ်းတယ်။ နောက် အနှစ်သုံးဆယ်ကျော်လောက် တည်ဆောက်ထားတော့ ကျွန်တော်တို့ဒေသက အရင်းအမြစ် ပြည့်စုံတယ်။ ရှင်းရှင်းပြောရရင် လိုချင် တာ မှန်သမျှ အကုန်ရှိတဲ့ နေရာလိုဖြစ်နေတယ်။ ကယားပြည်နယ်ကျတော့ (၂၀၂၁)ကစပြီး တိုက်ပွဲ တွေဖော်လိုက်တာ ကယားတစ်ပြည်နယ်လုံးက ရွာ ကောင်းဆိုလည်း တစ်ရွာမှမရှိတော့ဘူး။ မြို့ဆိုတာ လည်း အကောင်းအတိုင်းရှိတာ တစ်မြို့မှမရှိတော့ ဘူး။ ကယားပြည်နယ်မှာရှိတဲ့လူတွေအကုန်လုံးက လည်း ရှင်းရှင်းပြောရရင် စားနပ်ရိက္ခာတွေက အဆင် မပြေတော့ဘူး ဒါကတစ်ချက်ပေါ့။ နောက်တစ်ခုက သူတို့ရဲ့လက်နက်၊ ခဲယမ်းတို့သယ်လာတဲ့ လမ်း ကြောင်းကလည်း ကျွန်တော်တို့ဒေသဖြစ်နေတယ် အဲဒါကလည်း တစ်ခု။ ကျွန်တော်တို့ သုံးသပ်ရသ လောက်ကတော့ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ ဒေသကို အခြေခံပြီးတော့မှ ပေါင်းလောင်းတို့ ဘက် ကို စစ်ရေးအရ ခြေကုပ်ယူချင်တဲ့သဘောလည်း ပါတာပေါ့။
မေး - ပအိုဝ်းမှာလည်း ခွဲထွက် ခွန်မြင့်ထွန်းတို့ ခွန်သူရိန်တို့ အုပ်စုတွေရှိတယ်။ ကယားနဲ့ သွားပေါင်း နေတာ တွေ့ရတယ်။ အရင်က ညှိနှိုင်း စကားပြောခဲ့ တာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုနားလည်ထားလို့ ရမလဲ။
ဖြေ - ဒီ တိုက်ပွဲတွေ မဖြစ်ခင်တုန်းကတော့ ခွန်သူ ရိန်က သူတို့အဖွဲ့ က ဃြဗ လမ်းကြောင်းပေါ် ရှိ နေသေးတော့ ကျွန်တော်နဲ့ တချို့ကိစ္စတွေမှာ အသိ ပေးတာတွေ၊ တိုင်ပင်တာတွေ၊ အကြံဉာဏ်တွေ အပြန်အလှန် ရယူတာတွေရှိတယ်။ ဒါပေမဲ့ ဒီနောက် ဆုံး ဘက်ပြောင်းပြီး တိုက်ပွဲတွေ ဖော်လာတော့ လုံးဝ ကြိုတင်မပြောဘူး။ အဲဒီနောက်ပိုင်းလည်း အဆက် အသွယ်လုံးဝမရှိတော့ဘူး။ ဒါသူတို့ အပိုင်းပေါ့။
မေး - NCA ကို တချို့က တပ်နဲ့ပေါင်းတယ်လို့ ပြောတယ်။ ဒီအပေါ်ကို ဘာပြောချင်လဲ။
ဖြေ - ကျွန်တော်တို့က ရှင်းရှင်းပြောရရင် တပ်မတော်ဆိုတာ တစ်နိုင်ငံလုံးရဲ့ လုံခြုံရေးကို တာဝန် ယူထားတယ်။ တပ်မတော်ဆိုတာပဲ မြင်လို့မရဘူး။ ကျွန်တော်တို့ နိုင်ငံတော်ကို မြင်မှရမယ်။ လူမျိုး(၁၃၅)မျိုး မှီတင်းနေထိုင်နေတဲ့ တိုင်းပြည်ဆိုတာ မြင်ဖို့လို တယ်။ နောက်တစ်ခုက တိုင်းပြည်အပျက်မခံမလား စဉ်းစားဖို့လိုတယ်။ တိုင်းပြည်ပျက်သွားရင် ဘယ်လို ဖြစ်မလဲ။ အဆင်ပြေသွားရောလား။ ဥပမာ တပ်မတော်ကရှုံးသွားပြီ။ သဘောအားဖြင့် ဒီနိုင်ငံကြီး ကောင်းသွားမလား။ ဥပမာ-တိုင်းရင်းသားတွေ လက် နက်ကိုင်ထားတယ်။ ဒီ အဖွဲ့အစည်းတွေအားလုံးက အဆင်ပြေသွားမလား ဘယ်သူ အာမခံရဲတုန်း။ ဥပ မာ-ကချင်နဲ့ ပလောင်၊ ရှမ်းနဲ့ ပလောင် ဒီလက်နက် ကိုင်အဖွဲ့အစည်းတွေကြားထဲမှာ ဘယ်လို ချစ်ချစ် ခင်ခင်သွားမယ်ဆိုတဲ့ ပဋိညာဉ်ရှိလား။ စာချုပ်ရှိလား ဘာမှမရှိဘူး။ ကျွန်တော်တို့အမြင်ကတော့ လက်ရှိ ဒီနိုင်ငံတည်မြဲနေတာ တပ်မတော်မှမဟုတ်ရင် မလွယ်ဘူး။ ဒါကျွန်တော်တို့ အမြင်။ ပြောရမယ်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်း ဒီလောက်များတဲ့ တိုင်း ပြည်။ ကျွန်တော်တို့လွှတ်တော်တက်တုန်းက ပြည်ထဲ ရေးဒုဝန်ကြီး လွှတ်တော်မှာ အစီရင်ခံစာ လာဖတ် တုန်းက အဲဒီအချိန် လက်နက်ကိုင်အဖွဲ့အစည်း ငါးထောင်ကျော်ရှိတယ်။ ပြည်သူ့စစ်အပါ။ အခု ဒီအချိန်မှာဆိုရင် အဖွဲ့ပေါင်းစုံ သောင်းနဲ့ချီ ရှိတယ်။ အဲဒီအချိန်က ဦးသိန်းစိန်ခေတ် အငြိမ်းချမ်းဆုံးအ ချိန်။ အဲဒီတော့ ဒီနိုင်ငံ အချုပ်အခြာအာဏာ၊ ဒီနိုင်ငံ နယ်နိမိတ်တည်မြဲနေတာ တပ်မတော်ရဲ့ကျေးဇူး။ ကျွန်တော်တို့ကတော့ အဲဒီလိုခံယူတယ်။ တပ်မတော် သာမရှိဘူးဆိုရင် လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြား ဘာ အာမခံချက်မှမရှိဘူး။ ဘာ ဥပဒေမှမရှိဘူး။ အင်အား ကြီးတဲ့ သူက အင်အားနည်းတဲ့သူကို Jungle Law ဆိုတာ လာတော့မှာ။ အဲဒီတော့ ကျွန်တော်တို့က ရှင်းရှင်းပြောရရင် တပ်မတော်နဲ့ လက်တွဲတယ်ဆိုတာ ကလည်း နိုင်ငံတော်ကိုအလေးထားတယ် ဦးထိပ်ထား တယ်၊ ပြည်ထောင်စုကိုအလေးထားလို့ ကျွန်တော် တို့ကလက်တွဲတယ်။ နောက်ပြီးတော့ အစိုးရ ဘယ်လောက် ပြောင်းပြောင်း တပ်မတော်ဆိုတာ လုံးဝမပြောင်းတဲ့ ထာဝရအဖွဲ့အစည်း။ အဲဒီလို ကျွန်တော်တို့ရပ်တည်တယ်။ အစိုးရဆိုလည်း ဘယ်လို ခံယူထားလဲဆိုရင် ဘယ်သူအစိုးရဖြစ်ဖြစ် အဲဒါ ကျွန်တော်တို့အစိုးရ။ ဘာလို့ဆို ဒီနိုင်ငံရဲ့ အချုပ်အခြာအာဏာသုံးရပ် သူ့လက်ထဲမှာ ရှိတယ် လေ။ ဒါ ကျွန်တော်တို့အစိုးရပဲ။ အစိမ်းအစိုးရဖြစ် လည်း ဒါ ပအိုဝ်းအစိုးရ၊ အနီအစိုးရဖြစ်လည်း ဒါ ပအိုဝ်း အစိုးရ၊ အခု တပ်က အာဏာထိန်းထားတယ် ဒါ ကျွန်တော်တို့အစိုးရပဲ။ အဲဒီလိုခံယူထားတယ်။ ဏြဥ ရဲ့ ခံယူချက်ပေါ့။
မေး - နန့်နိန်းရွာ ဖြစ်စဉ်မှာ ဆိုရင် တစ်ဖက်က ကယား PDF အုပ်စုက ခွဲထွက် ပအိုဝ်းတွေနဲ့ ပေါင်း ပြီး PNO ယူနီဖောင်းဝတ် ဟန်ဆောင်ပြီး ပစ်ခတ်တာ လုပ်တယ်။ ပြီးတော့ ဒီဘက် PNO နဲ့ တပ်က လုပ် တယ်လို့ ပြောတာ တွေ့ရတယ်။ ဆီဆိုင်တုန်းကလည်း ဒီလိုပဲ ပြောတယ်။ PNO အယောင်ဆောင်ပြီး အပုပ်ချတာ ကြားရပါတယ်။
ဖြေ - ရှင်းရှင်းပြောရရင် အဲဒီ ပြဿနာတွေဖြစ်တာ က ကျွန်တော်တို့ယူနီဖောင်းသုံးပြီးဖြစ်တာ မဟုတ် ဘူး။ သူတို့ယူနီဖောင်းသုံးပြီးပဲဖြစ်တာ။ ရှင်းရှင်း ပြောရရင် အဲဒီနေရာတွေက တိုက်ပွဲစဖြစ်တာနဲ့ ကျွန် တော်တို့ကဆုတ်ပြီးသား။ အင်အားချင်းမမျှဘူးလေ။ တပ်ကလည်းမတိုးနိုင်ဘူး။ ကျွန်တော်တို့လည်း မတိုးနိုင်ဘူး။ အဲဒီအချိန်မှာ အဲဒီလို တသီတတန်းကြီး ဖြစ်တာ။ ဘုန်းကြီးကိုသတ်တဲ့ဖြစ်စဉ်တွေ၊ ရွာတွေ မီးရှို့တဲ့ဖြစ်စဉ်တွေ အဲဒီဖြစ်စဉ်တွေက ရွာသုံးရွာမှာ အဓိကဖြစ်တာ။ တပ်မှူးတစ်ယောက် တိုက်ပွဲမှာ ကျသွားတယ်။ အဲဒီ ဖြစ်စဉ်တွေပြီးတဲ့အထိ တပ်မှူး အလောင်း မကောက်နိုင်သေးဘူး။ အဲဒီဖြစ်စဉ်တွေ အကုန်လုံးဖြစ်တဲ့အချိန် အဲဒီမှာ ကျွန်တော်တို့လည်း မရှိဘူး၊ တပ်လည်းမရှိဘူး။ အဲဒီမှာ လနဲ့ချီတာ။ တပ်မှူးအလောင်းပြန်ကောက်ချိန် အရိုးပဲကျန်တယ်။ သူတို့ ယူနီဖောင်း၊ သူတို့ဘက်တံဆိပ်နဲ့ပဲ လုပ်သွား တာ။
မေး - တိုက်ပွဲ ဖြစ်တော့ ပအိုဝ်းတိုင်းရင်းသားတွေမှာ အဆင်သင့် ဖြစ်ခဲ့ပါသလား။ ဘယ်လို ပြင်ဆင်ခဲ့ရပါ သလဲ။
ဖြေ - မဖြစ်ဘူး။ ပြောရရင်တော့ အများကြီးပဲ ပြင်ဆင်ရတာတော့။ ရှင်းရှင်းပြောရရင် အဲဒီလို စဖြစ်လာတဲ့အခါ ဘာလုပ်ရလဲဆိုတော့ နံပါတ်တစ် လူအင်အားလိုတယ်။ လိုတော့ ဘာလုပ်တုန်းဆို ပအိုဝ်းဒေသမှာရှိတဲ့ ဆယ့်ရှစ်နှစ်အထက်၊ သုံးဆယ့် ငါးနှစ်အောက်ဆို အကုန်စစ်သင်တန်းတက်၊ အကုန် စာရင်းသွင်း။ ပြီးရင် ဒီကျေးရွာအုပ်စုအလိုက်၊ မြို့နယ်အလိုက် တပ်ဖွဲ့စည်းပုံတွေ ဖွဲ့လိုက်တယ်။ အဲဒီရွာသားတွေကိုသင်တန်းပေးပြီး အလှည့်ကျနဲ့ သွားတာပေါ့။ ဥပမာ-ကျေးရွာအုပ်စုတစ်ခုဆိုရင် သင်တန်းဆင်းက အင်အား တစ်ထောင်ကျော်လောက် ရှိတယ်။ ဒါပေမဲ့ တစ်ခေါက်တစ်ခေါက်သွားရင် အင်အားသုံးဆယ် သေနတ်အလက်က သုံးဆယ်ပဲ ရှိတယ်လေ။ အဲဒါ အလှည့်ကျသွား အဲဒီလိုလုပ်ရ တာပေါ့။ အဲဒီ လူအင်အားအပိုင်းတော့ ပြဿနာ သိပ်မရှိဘူး။ ဒါပေမဲ့ တိုက်ရည်ခိုက်ရည်မှာ ပြဿနာ ရှိတယ်။ ဘာလို့လဲဆိုတော့ အရပ်သားကနေ စစ်သား အလုပ်လုပ်ခိုင်းရတာကိုး။ အဲဒီကျတော့ ဘာလုပ်ရတုံး ဆို ဒီရွာသားတွေကို ခေါ်ထားတာကို ဒီ ကျေးရွာ အခြေခံတဲ့၊ PNO မှာ အမြဲတမ်းတပ်ဆိုတာ ရှိတယ်။ ဒီတိုက်ပွဲ စစ်ဆင်ရေးလုပ်မယ်ဆိုရင် အမာနဲ့ပဲချ တယ်။ ရွာသားနဲ့ ဖွဲ့ထားတာကိုကျတော့ ထောက်ပို့တို့၊ နောက်ချန်တို့ ပံ့ပိုးတဲ့စစ်ဆင်ရေးမှာပဲသုံးတာပေါ့။ အဲဒီမှာမှ တချို့ ရွာသားတွေ၊ တပ်တွေကျတော့ သူတို့လည်းတိုက်ချင်တယ်။ သူတို့လည်း အတွေ့အ ကြုံရချင်တယ်ဆိုတော့ အမာနဲ့အပျော့နဲ့ပေါင်းပြီး စစ်ဆင်ရေးလုပ်ရတာပေါ့။ နောက် ပြဿနာက အဓိ က နည်းပညာပြဿနာ။ လူပြဿနာတော့ သိပ်မရှိ ဘူး။ ကျွန်တော်တို့ ပအိုဝ်းမှာက အဆင့်ဆင့် အုပ်ချုပ် ရေးတာဝန်ခံတွေရှိတယ်လေ။ ရွာအဆင့်ဆိုရင် သူကြီး၊ ဆယ်အိမ်ခေါင်း ပြီးတော့ လူငယ်ခေါင်း ဆောင်။ ကျွန်တော်တို့က ကျေးရွာအုပ်စု တာဝန်ခံတွေ ရှိတယ်၊ မြို့တာဝန်ခံတွေရှိတယ်။ ဏြဥ အုပ်ချုပ် ရေးက သတ်သတ်ရှိတယ်။ အစိုးရအုပ်ချုပ်ရေးက သတ်သတ်။ ကျွန်တော်တို့က ဥပမာ-ကျေးရွာ အလိုက်၊ ကျေးရွာအုပ်စုအလိုက်၊ မြို့နယ်အလိုက် (၁၈)နှစ် အထက်ဆိုရင် ချက်ချင်းစုလို့ရတယ်။ ချက် ချင်း စစ်သင်တန်းတွေ စီစဉ်လို့ရတယ်။ လိုအပ်တဲ့ လက်နက်တွေကတော့ နိုင်ငံတော်ကထုတ်ပေးတာ ပေါ့။ လက်နက်တွေ တပ်ဆင်၊ သင်တန်းတွေပေး၊ ပြီးရင် တာဝန်တွေဖြန့်ခွဲ။ ကျွန်တော်တို့ပြဿနာက တိုက်ရည်ခိုက်ရည်ပေါ့။ တိုက်ပွဲမှာ တဖြည်းဖြည်း အတွေ့အကြုံရအောင် အဲဒါက အချိန်တစ်ခုယူရ တယ်။ ပိုကြီးတဲ့ပြဿနာက နည်းပညာ။ ရန်သူက ဒရုန်းတွေသုံးလာတယ်။ ကျွန်တော်တို့ အင်အား (၂၀ဝ)လောက် ရှိတယ်။ လက်နက်အပြည့်အစုံ ဒါပေမဲ့ ဟိုဘက်က ဒရုန်းနှစ်စင်းတက်လာရင် ကျွန် တော်တို့လူက ဘာမှလုပ်လို့ မရဘူး ထွက်ပြေးရရော။ ရန်သူ ဘယ်နားရှိမှန်းတောင်မသိဘူး။ ဒရုန်းကို ပတ် ပြေးနေရတယ် အဲဒီပြဿနာတွေ။ အဲဒါနဲ့ Jumper တွေ ဖုတ်ပူမီးတိုက် စီစဉ်ရတယ်။ ရန်သူတွေ သုံးသလို ဒရုန်းတွေရအောင် ဒရုန်းတွေ စီစဉ်တာပေါ့။ နည်း ပညာတပ်ရင်းတွေဖွဲ့ပြီး ဒရုန်းနဲ့ ပတ်သက်တဲ့သင် တန်းတွေ ဖုတ်ပူမီးတိုက်ပေါ့။ ပင်ပင်ပန်းပန်းလုပ်ရ တယ်။ အဲဒါအပြင် မလုံလောက်ဘူးလေ။ မိုင်းတွေ လည်းလုပ်ရတယ်။ နောက်တစ်ခု ကျွန်တော်တို့တပ် တွေက နဂိုမူလ ကျွန်တော်တို့ပအိုဝ်းတပ်တွေက လက်နက်ကြီးမသုံးဘူး။ ကျွန်တော်တို့တပ်တွေက ပြောက်ကျားကိုအခြေခံတာကိုး။ လက်နက်ကြီး အဆင်မပြေဘူး။ ကျွန်တော်တို့ကျင့်သုံးတဲ့ စစ်ဆင် ရေးက ပြောက်ကျားစစ်ဆင်ရေးကိုအသုံးများတယ် လက်နက်ကြီးကို မသုံးဘူး။ လက်နက်ကြီးလည်း မသုံးတတ်ဘူး။ ဒီနောက်ပိုင်းကျတော့ နယ်မြေရှင်း ဖို့ကျ လက်နက်ကြီးမသုံးလို့မရဘူး။ နိုင်ငံတော်က လည်း လက်နက်ကြီးပံ့ပိုးတော့ လက်နက်ကြီး သင် တန်းလည်း ဖုတ်ပူမီးတိုက်လုပ်ရတယ်။ အခု ကျွန် တော်တို့လူတွေက လက်နက်ကြီးပစ်တာလည်း တော်တော်ကျွမ်းတယ်။ ဒရုန်းလည်း တော်တော် ကျွမ်းတယ်။ တော်တော်ဟုတ်နေပြီ။
မေး - ပအိုဝ်းဒေသတည်ငြိမ်ပြီးမှ နယ်မြေတွေ ဆုံးရှုံးခဲ့တာကို ပြန်တိုက်ယူနေတာ တွေ့ရတယ်။ ဘယ်လောက်ဆုံးရှုံးပြီး ဘယ်လောက် ပြန်တိုက်ယူ လို့ရပြီ ပြောလို့ရလဲ။
ဖြေ - အရင်တုန်းကတော့ ပင်လောင်းမြို့နယ် ဆိုရင် ဆောင်းပြောင်းအထိ ရန်သူတွေလက်ထဲ ရောက်သွား တာပေါ့။ ဆောင်းပြောင်းကတော့ ပြန်ရပြီ။ ပင်လောင်း မြို့နယ်ထဲမှာဆိုရင် အင်းလေးနဲ့ စပ်တဲ့ နေရာမှာဆိုရင် နန့်ဖာမူတို့ ရန်သူလက်ထဲ ရောက်သွားတာပေါ့။ ဖယ်ခုံအစပ်ကနေဆိုရင် နန့်ဖာမူတို့၊ ညောင်ရွှေမြို့ နယ်မှာဆိုရင် စကားအထိ ရန်သူရောက်တယ်လေ။ အခုတော့ ညောင်ရွှေမြို့နယ်ဆို အကုန်ပြန်ရပြီ။ ပင် လောင်းဆို မရသေးတာ နန့်နိန်းတို့ဘက် သုံးရွာပဲ ကျန်တယ်။ ဆီဆိုင်မှာ ကျတော့ ရှမ်း-ကယား အစပ် နည်းနည်းကျန်တယ်။ သူတို့ဝင်တုန်းက ဟိုပုန်း မြို့နယ်အထိရောက်တယ်လေ။ လွိုင်လင်မြို့နယ် ထဲက မိုင်းပွန်အစပ်အထိ သူတို့ရောက်တယ်။ ရှင်း ရှင်းပြောရရင် လွိုင်လင်မြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုန်းမြို့နယ် အဲဒါ သူတို့လက်ထဲပါသွားတာပဲ။ ဆီဆိုင်မြို့နယ်အရှေ့ခြမ်းဆို အကုန် သူတို့လက်ထဲ ရောက်သွားတာပဲ။ ဟိုပုန်းမြို့နယ်ဆို တောင်ပေါ် ဒေသတစ်ခုလုံး သူတို့လက်ထဲရောက်သွားတာ။ ကျွန် တော်တို့က အနိမ့်ပိုင်း ပြည်ထောင်စုလမ်းဘေးပဲ ကျန်တာ။
မေး - မဲနယ်တောင်တို့ ဘာတို့လည်း ရှိတယ်နော်။
ဖြေ - အခု အကုန်ပြန်ရပြီ။ တချို့တိုက်ပွဲ နှစ်လ လောက်ကြာတယ်။ တချို့တိုက်ပွဲက တစ်လ။ တစ် ဆင့်ပြီးတစ်ဆင့် သိမ်းရတာပေါ့။ ဆိုက်ခေါင်ကနေ မောက်မယ်သွားတဲ့ ပွန်ချောင်းတံတားဆိုလည်း သူတို့ လက်ထဲ ရောက်သွားတာပဲ။ အဲဒါလည်း ကျွန်တော်တို့ ပြန်သိမ်းနိုင်တယ်။
မေး - ပအိုဝ်းက သူများကို သွားတိုက်တာမဟုတ်ဘဲ ကိုယ့်နယ်မြေ ကိုယ်ပြန်ရဖို့ကြိုးစားနေရတဲ့ သဘော ဖြစ်နေတာပေါ့။
ဖြေ - အဘ ဦးအောင်ခမ်းထီ အမြဲလမ်းညွှန်တာ ရှိတယ်။ လူကြီးတွေ ခေတ်ကတည်းက ကျွန်တော်တို့ ဒါက ပအိုဝ်းဧရိယာ၊ ဟိုမြောက်ဘက်ဆိုရင် ရှမ်း ဧရိယာ အရင်တုန်းတည်းက လူကြီးခေတ်ကတည်းက ရှိထားတယ်။ တောင်ဘက်ဆိုရင် ကယန်းနယ်မြေ ဆိုတာ ရှင်းရှင်းပြောရရင် နှစ်ဦးနှစ်ဖက် လေးစား လိုက်နာပြီးတော့ သတ်မှတ်ထားတဲ့ နယ်နိမိတ်ဆိုတာ ရှိတယ်။ ကျွန်တော်တို့ လုံးဝ မကျော်ဘူး။ လွိုင်ကော် လုံးဝအခြေအနေဆိုးတဲ့အချိန် ကျွန်တော်တို့ ပအိုဝ်း ဒေသ ဘာမှမဖြစ်သေးဘူး။ အဲဒီတုန်းက ရှင်းရှင်းပြော ရရင် ကျွန်တော်တို့က ကိုယ့်ဘာသာဆုံးဖြတ်ချက် ချ ထားတာ။ အရင်တုန်းက လူကြီးတွေကလည်း ဆုံး ဖြတ်ထားတာရှိတာကိုး။ ကိုယ့်နယ်မဟုတ်ရင် လုံးဝ မသွားပါနဲ့ဆိုတာ။ ကျွန်တော်တို့ (၉၁)ခုနှစ် ငြိမ်းချမ်း ရေးယူတုန်းက ဗိုလ်ချုပ် ခင်ညွန့် နဲ့ ငြိမ်းချမ်းရေး ယူတဲ့အချိန် ဆွေးနွေးထားတာ တစ်ချက်ရှိတယ် ကျွန် တော်တို့ ပအိုဝ်းအမျိုးသား တပ်မတော်ကို အသုံးပြုပြီး တော့မှကျန်တဲ့လူမျိုး၊ ကျန်တဲ့အဖွဲ့အစည်း သွား တိုက်တာကို လုံးဝမလုပ်ဖို့ဆိုတာ တစ်ချက်ထည့် ထားတယ်။ ရှင်းရှင်းပြောရရင် ပအိုဝ်းအမျိုးသား တပ်မတော်ဆိုတာ ကိုယ့်ဒေသကိုယ်ကာကွယ်တဲ့ တပ်။ ကျူးကျော်စစ်ကို ဘယ်တော့မှမလုပ်ရဘူး။ နောက် ရန်စတဲ့စစ်ကိုဘယ်တော့မှမလုပ်ရဘူး။ ဘာလို့ဆို ဘယ်တိုင်းရင်းသားမဆို ဘယ်အဖွဲ့အစည်း မဆို ချစ်ချစ်ခင်ခင်နဲ့ စည်းစည်းလုံးလုံးနေရမယ်။ ဒါကျွန်တော်တို့အဖွဲ့ရဲ့ပေါ်လစီက အဲဒီလိုဖြစ်တာ။ အခု ကျွန်တော်တို့တိုက်နေတယ်ဆိုတာက ကျွန်တော် တို့ဒေသကို ပြန်ယူတာ။ အခု နယ်မြေရှင်းနေတာ။ ရှင်းပြီးသွားရင် အဓိကçကဘာလဲဆိုရင် နောက် တစ်ခါ ကျွန်တော်တို့ ဒေသကို မကျူးကျော်နိုင်အောင် ကျွန်တော်တို့စစ်ရေးကတော့ အဲဒါပါပဲ။
မေး - နောက်တစ်ခါမကျူးကျော်နိုင်အောင်ဆိုတော့ နောက်တစ်ခါ ကျူးကျော်လာရင်ကော ကာကွယ်ဖို့ အဆင်သင့်ဖြစ်ပြီလား။
ဖြေ - အခုတော့ ဖြစ်ပြီ။
မေး - ပအိုဝ်းဒေသ ပြည်သူတွေကို ဘယ်ကာလ ရောက်ရင် အေးအေးချမ်းချမ်း ပြန်နေရမယ်လို့ ပအိုဝ်းခေါင်းဆောင်တွေအနေနဲ့ ကတိပေးနိုင်လဲ။
ဖြေ - ကျွန်တော် အဲဒီအချိန်ကာလက သိပ်မကြာ တော့ဘူး ထင်တယ်။ ကျွန်တော်တို့ နယ်မြေအခြေ အနေ၊ တည်ဆောက်ထားတဲ့ အင်အားအကုန်လုံး သုံးသပ်လို့ရနေပြီ။ နောက် လက်ရှိ တစ်နိုင်ငံလုံးရဲ့ အနေအထားသုံးသပ်ရင်လည်း အကောင်းဘက် အများကြီးသွားတော့မှာ။ ရှင်းရှင်းပြောရရင် နိုင်ငံ တော်ဘက်က အများကြီးအလေးသာသွားပြီ။ နောက် တစ်ခုက အဆုံးအဖြတ် ပြည်သူ။ ပြည်သူကလည်း အများကြီးသဘောပေါက်သွားပြီလေ။ ဘာလို့လဲ ဆိုတော့ ဘယ်ဟာက ငါတို့ဘဝအတွက် အာမခံချက် ရှိတယ်၊ ငါတို့ဘဝလုံခြုံတယ်၊ ဘယ်ဟာက ငါတို့ တိုင်းပြည်ကောင်းမယ်၊ ဘယ်ဟာက ဒုက္ခရောက်မယ် ဆိုတာ လူထုတွေ သုံးသပ်လို့ ရသွားပြီ။ ဘယ်ဘဝမှာ အဆင်ပြေတယ်၊ ဘယ်ဘဝမှာအဆင်မပြေဘူး ဆိုတာလည်း PDF တွေဝင်ဖူးတဲ့မြို့ထဲကလူတွေ အကုန်သဘောပေါက်သွားပြီလေ။ ကျွန်တော်တို့ ပအိုဝ်းတွေလည်း သဘောပေါက်သွားပြီ။
မေး - လက်နက်ကိုင်လမ်းစဉ်က တကယ်ပဲ သူတို့ လိုချင်တာရနိုင်မယ် ယူဆလား။ ဥပမာ-သူတို့ ပြောတဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးတို့ပေါ့။ ကိုယ် တိုင် အတွေ့အကြုံနဲ့ ယှဉ်ပြောရင်ပေါ့။
ဖြေ - အဲဒါက ဘယ်တော့မှ မဖြစ်နိုင်ဘူး။ ကျွန် တော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ အမြဲတမ်း ပြောတာရှိတယ် ချင်းပြည်နယ် ဘယ်လိုနည်းလမ်းနဲ့ ရတုံး။ ရခိုင်ပြည်နယ်ရတဲ့ နည်းလမ်းလည်း ဘယ် လိုရတုံး။ မွန်ပြည်နယ်ကို ဘယ်လိုရတုံး။ သူ့ သတ်မှတ်ပေးတဲ့ ခုနှစ်တွေရှိတယ်လေ။ လက်နက် ကိုင်ပြီးရလာတဲ့ အသီးအပွင့်မှ မဟုတ်တာ။ နောက် တစ်ခု လက်ရှိကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတွေ ဥပမာ ဝ၊ ကိုးကန့်၊ ပလောင်၊ ပအိုဝ်း၊ ဓနု၊ နာဂ လက်နက်ကိုင်ပြီး တိုက်ယူတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တစ်ခုမှမပါဘူး။ ဘယ်ကနေလာတုံးဆို ရှင်းရှင်းပြောရရင် နိုင်ငံတော် အဆင့်ကနေ ဆွေးနွေးအဖြေထုတ်ပြီး ရလာတဲ့ နိုင်ငံရေးရလဒ်တွေချည်း။ အခု စစ်အာဏာရှင် ချုပ် ငြိမ်းရေး လက်နက်ကိုင်လမ်းစဉ်ကတော့ ဘာမှရစရာ အကြောင်းမရှိဘူး။ ဒါ ကျွန်တော်တို့မြင်တာ ပြော တာ။
မေး - လက်နက်ကိုင်လမ်းစဉ်က အမှန်လို့ယူဆ နေတဲ့ ပြည်သူကိုကော ဘယ်လိုသတင်းစကားပေး ချင်လဲ။
ဖြေ - ရှင်းရှင်းပြောရရင် ကျွန်တော်တို့ တိုင်းရင်းသား တွေ အဓိကဒုက္ခရောက်နေတဲ့ ပြဿနာနှစ်ခုရှိတယ်။ ဒါဒီအခြေအနေမရောက်ခင်ကပေါ့။ နံပါတ်တစ်က စစ်ရေးပဋိပက္ခ၊ နံပါတ်နှစ်က မူးယစ်ဆေးဝါး ကျွန် တော်တို့ တိုင်းရင်းသားဒေသမှာ။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့တိုင်းရင်းသားလူမျိုးတွေ ဒုက္ခရောက် ရတာ အဓိက ဒီနှစ်ချက်ပဲ။ အဲဒီတော့ စစ်ရေးကို အားပေးနေမယ်ဆိုရင် ကျွန်တော်တို့ဘဝ အနာဂတ် ဆိုတာ ဘာမှမရှိတော့ဘူး။ စစ်ရေးပဋိပက္ခမရှိဘူး။ တရားဥပဒေစိုးမိုးလာပြီဆိုရင် မူးယစ်ဆေးဝါးကို နိုင်နိုင်နင်းနင်းလုပ်နိုင်မှ ကျွန်တော်တို့ပြည်သူတွေ အဆင်ပြေမှာ။ လက်နက်ကိုင်လမ်းစဉ်နဲ့ အောင်ပွဲ ရမယ်ဆိုတာ ဒီတစ်သက်မပြောနဲ့ ဆယ်သက်လည်း မဖြစ်နိုင်ဘူး။
မေး - အထူးဒေသတွေရှိတာမှာ အထူးဒေသ အားလုံးက ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် တက်ထား ပြီးသားတွေ။ အထူးဒေသ ဥသျှောင်တွေအနေနဲ့ မူလကတိကို လိုက်နာဖို့လိုမယ်ယူဆလား။
ဖြေ - အဲဒါတော့ ယူဆတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တပ်မတော်အစိုးရ အဲဒီတုန်းက နဝတ အစိုးရပေါ့ အထူးဒေသတွေ သတ်မှတ်ပေးတယ်။ သတ်မှတ်ပေးပြီး အဲဒီအထူးဒေသမှာရှိတဲ့ တိုင်းရင်း သားပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အဲဒီတုန်းက နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး ဆိုတဲ့ ဝန်ကြီးဌာနတောင်ဖွဲ့ထားတယ်။ နိုင်ငံတော် အဆင့်လုပ်ငန်းကော်မတီတောင် ဖွဲ့ထားတာ။ အဲဒီလို ဖိဖိစီးစီးလုပ်ထားပေးတာ။ ရှင်းရှင်းပြောရရင် ဒီနိုင်ငံ တော်ရဲ့ အထူးဒေသတိုင်း ဖွံ့ဖြိုးတိုးတက်ဖို့ကျေးဇူးနဲ့ ဒီအခြေအနေအထိ ရောက်လာတာ။ ဒါပေမဲ့ သွားနေ တဲ့လုပ်ငန်းစဉ်က နဂိုမူလပြီးဆုံးအောင် ဆက်မသွား ခင်မှာ ကြားထဲ အခြေအနေပြောင်းတာတော့ အား နည်းချက်တစ်ခု ရှိတာပေါ့။ ဥပမာ-တပ်မတော် အစိုးရကလုပ်ထားတယ်။ နောက်ပိုင်း (၂၀ဝ၈)အခြေခံဥပဒေပေါ်လာတော့ လွှတ်တော်ရယ် အစိုးရ ရယ် တရားစီရင်ရေးရယ် သုံးပိုင်းဖြစ်လာတယ်။ ကြံ့ခိုင်ရေးအစိုးရကနေ NLD အစိုးရ ပြောင်း သွားတယ်။ အဲဒီကြားထဲမှာ ရှင်းရှင်းပြောရရင် NCA ဆိုတာက ထပ်ဝင်လာတာ။ အရင်တုန်းက သူတို့ တည်ထားတဲ့ပုံစံနဲ့ နောက်ပိုင်း ဖြစ်ပေါ်ပြောင်းလဲတဲ့ ပုံစံက ကျွန်တော်မြင်တာတော့ ချိတ်ဆက်မှု ဟသွား တယ် မြင်တယ်။
မေး - တချို့အထူးဒေသက ပြည်နယ်လို့ပြောတာ ကြားဖူးပါလိမ့်မယ်။ အထူးဒေသနဲ့ ပြည်နယ်ကွာခြား ချက်နဲ့ အထူးဒေသက ပြည်နယ်ဖြစ်ဖို့လိုလား ဘယ် လို မြင်ပါသလဲ။
ဖြေ - အဲဒါတော့မဆိုင်ပါဘူး။ အထူးဒေသလို့ နိုင်ငံတော်ကသတ်မှတ်တာက ဖွံ့ဖြိုးရေးလုပ်ဖို့ သတ်မှတ်တာ။ ဒေသဖွံ့ဖြိုးရေး ထိထိမိမိလုပ်ဖို့ သတ်မှတ်တာ။ နိုင်ငံတော်က အထူးလုပ်ပေးဖို့လိုတဲ့ ဒေသပေါ့။ ပြည်နယ်ဖြစ်ဖို့ဆိုရင် သူ့လူမျိုးရဲ့အင်္ဂါ ရပ်နဲ့ အရည်အချင်းနဲ့ ပြည်နယ်ဖြစ်ဖို့လိုတယ် ဘာ ညာ ဒါတွေကတော့ ခေါင်းဆောင်ပိုင်းတွေ၊ လူကြီး ပိုင်းတွေ စဉ်းစားရမယ့် ကိစ္စပေါ့။
မေး - အထူးဒေသ တချို့က အရင်သတ်မှတ်ထားတဲ့ စာချုပ်တွေ၊ စည်းကမ်းတွေကိုချိုးဖောက်တာမျိုး ရှိတယ်လို့ သိရတယ်။
ဖြေ - ကျွန်တော်သိသလောက် စာချုပ်မရှိဘူး။ ယုံကြည်မှုနဲ့ ဥပမာ-ကျွန်တော်တို့ဆို အထူးဒေသ (၆)ပေါ့။ ကျွန်တော်တို့နဲ့ နိုင်ငံတော်ကြားမှာ ယုံကြည် မှုနဲ့ လက်တွဲ အလုပ်လုပ်တာ။ ကျန်တဲ့ အထူးဒေသ တွေလည်း နိုင်ငံတော်နဲ့ ယုံကြည်မှုနဲ့ လုပ်တာပေါ့။ အဲဒီအချိန်က။
မေး - အထူးဒေသတွေက နိုင်ငံတော်ရဲ့အင်အားပဲ ဖြစ်ဖို့သင့်တယ်လို့ နားလည်ထားတာပေါ့။ တချို့ အထူးဒေသတွေက အခွင့်အရေးရရင်ရသလို နိုင်ငံ တော်အခြေအနေပေါ်မူတည်ပြီး အမြတ်ထုတ်ဖို့ ကြိုးစားတာလည်း တွေ့နေရတယ်။ ဒါကိုကော ဘယ် လိုမြင်လဲခင်ဗျ။
ဖြေ - ကျွန်တော်မြင်တာတော့ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ နိုင်ငံတော် အင်အားတောင့်ဖို့လိုတယ်။ နိုင်ငံတော်အင်အားလျော့တဲ့အချိန် ဒါမျိုးတွေဖြစ်လာတာ။ နိုင်ငံတော်အဆင့် အင်အားတောင့်တင်းလာရင် ဒါတွေက Minor case တွေ ဖြစ်သွားမှာပေါ့။ ရှင်းရှင်းပြောရရင် ပင်မနိုင်ငံတော်ကအင်အား ကောင်းလာပြီဆိုရင် ဒါတွေက သိပ်ပြဿနာမရှိဘူး။ ပြောလို့ဆိုလို့လည်း ပိုလွယ်တာပေါ့။ ဆွေးနွေးရင် လည်း အဖြေရ မြန်တာပေါ့။ အခုက ရှင်းရှင်းပြောရရင် ကျွန်တော်တို့နိုင်ငံ စည်းလုံးမှုအားနည်းချိန် ဒါတွေက ဖြစ်လာတာ။ စည်းလုံးမှုအားကောင်းရင် တဖြည်း ဖြည်း နည်းသွားမှာ။ ဒါတော့ အဲဒီလိုပဲ ဖြစ်မှာ။
မေး - ပအိုဝ်းအဖွဲ့အစည်းကို ပြည်ပက ပြည်ပ ပညာရှင်ခေါ်သင်တယ်တို့၊ စစ်အင်အားတိုးချဲ့တယ် တို့ မျိုးစုံပေါ့ ထိုးနှက်ကြတယ်။ ဘယ်လိုမှတ်ချက် ပေးချင်လဲ။
ဖြေ - ကျွန်တော်တို့က ကြားဖူးတာတစ်ခုရှိတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သူ့ခေတ်သူ့အခါတုန်းက အဲဒီတုန်းက ထောက်လှမ်းရေးခေတ်။ ထောက်လှမ်း ရေးက တစ်နေ့တစ်နေ့ ထောက်လှမ်းရေး ရီပို့ ဗိုလ်ချုပ်မှူးကြီးစားပွဲမှာ လာတင်တာ နည်းတာ မဟုတ်ဘူး။ ညနေဆို အဲဒီရီပို့တွေကို အမှိုက်ခြင်းထဲ ထည့်တာ။ အဘ မဖတ်တော့ဘူးလားဆိုတော့ မဖတ် တော့ဘူးလေ အဲဒီရီပို့တွေက ဘာတွေလဲဆို ဘီဘီစီ၊ ဗီအိုအေ နိုင်ငံတကာ သတင်းဌာနတွေက ပြောတဲ့ဟာ တွေပေါ့။ ဗိုလ်ချုပ်မှူးကြီးမကောင်းကြောင်း ပြောတာ၊ မြန်မာနိုင်ငံမကောင်းကြောင်းပြောတာ တစ်ခုမှမဖတ် ဘူး အမှိုက်ခြင်းထဲပစ်ထည့်တယ်။ အဘ မဖတ်တော့ ဘူးလားဆို ဖတ်လည်း ဘာထူးမတုံး ငါတို့မကောင်း ကြောင်းပြောတဲ့ဟာ။ ငါဖတ်ရင် ငါ့အချိန်ကုန်တယ်။ ငါ့ကိုဝေဖန်တာက သူတို့အလုပ်၊ ငါလုပ်စရာရှိတာ လုပ်တာက ငါ့အလုပ် ကျွန်တော်က အဲဒါကြားဖူးတယ်။ ငါက ဘာမူကိုင်ထားသလဲသိလား ဥပေက္ခာမူ။ အဲဒါမျိုးကို ခေါင်းထဲမထည့်ဘူး ဥပေက္ခာပြုတယ်။ ကျွန်တော်တို့လည်း အဲဒါကိုင်ထားတယ်။ ကျွန်တော် တို့ PNO ရယ်၊ PNA ရယ်၊ ပြည်သူတွေရယ်၊ ရဟန်းသံဃာတွေရယ် ကျွန်တော်တို့ လုပ်စရာရှိတာ လက်တွဲလုပ်သွားမယ်။ ဝေဖန်တာ သူ့အလုပ် လုပ်စ ရာရှိတာ ကျွန်တော်တို့ လုပ်မယ်။ ပြန်ချေပဖို့ဆိုတာ တချို့ကမတန်ဘူးလေ။ တချို့က အဆင့်မရှိဘူး။ ပြန်ချေဖို့မတန်ဘူး အဲဒါမျိုးဆို ဥပေက္ခာပြုတယ်။ တချို့က ပြန်ချေဖို့လိုတယ်။ အချက်အလက်နဲ့ ပြောလာရင် ပြန်ချေနိုင်တဲ့မီဒီယာ၊ နောက်ပြီးတော့ ပလေယာတွေလိုတာပေါ့။ အဲဒီလိုမရှိဘဲ သေချာပြန် ချေလို့လည်းမရဘူး။ အခုက PNO ဘက်ပေါင်းစုံ အရည်အသွေးတက်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစား တာပေါ့။ ကြိုးစားနေတဲ့ကာလ။ တချို့ကျတော့လည်း အဆင်ပြေသွားတာရှိတယ်။ တချို့က ရုန်းကန်နေ ရတုန်းရှိတယ်။ တချို့က စမ်းတဝါးဝါးရှိတယ်။ ကျွန် တော်တို့ကတော့ မျိုးစုံလုပ်ထားတယ်။ ကျွန်တော်တို့ ထောက်လှမ်းရေးတပ်တောင် ဖွဲ့ထားတယ်။ နည်းပ ညာတပ်ဖွဲ့ထားတယ် အဲဒီလိုလုပ်ထားတယ်။ ကျွန်တော်တို့ရည်မှန်းတာက ဆိုက်ဘာလုံခြုံရေး တောင် ရည်မှန်းထားတယ်။
မေး - ဒါတွေက ပအိုဝ်းဒေသလုံခြုံရေး၊ ကာကွယ်ရေး ဒီအတွက်ပဲပေါ့။
ဖြေ - ဒီအတွက်ပဲ။ ကျွန်တော်တို့ကတော့ ဒီဒေသ ကာကွယ်ဖို့၊ တိုးတက်ဖို့၊ ငြိမ်းချမ်းဖို့။ နောက်ဆုံး ရည်ရွယ်ချက်ကတော့နိုင်ငံတော်ကို အထောက်အပံ့ ပြုနိုင်ဖို့။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi Version:
လက္နက္ကိုင္လမ္းစဥ္နဲ႔ ေအာင္ပြဲ ရမယ္ဆိုတာ ဒီတစ္သက္မေျပာနဲ႔ ဆယ္သက္လည္း မျဖစ္ႏိုင္ဘူး
သုတေက်ာ္ (NP News)
ၿပီးခဲ့သည့္ တစ္ႏွစ္ေက်ာ္ကာလအတြင္း ပအိုဝ္းေဒသတြင္ တိုက္ပြဲမ်ားျဖစ္ပြားခဲ့သည္။ နယ္ေျမ မၿငိမ္းခ်မ္းမႈမ်ား ျဖစ္ပြားခဲ့ရာ ပအိုဝ္း အမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) အေနျဖင့္ နယ္ေျမကာကြယ္ေရးအတြက္ လက္နက္ျပန္ကိုင္ရန္ေ႐ြးခ်ယ္ခဲ့သည္။ သို႔ေသာ္ အခက္အခဲမ်ားလည္းႀကဳံေတြ႕ခဲ့ရၿပီး တိုက္ရင္းသင္ယူ၊ သင္ ယူရင္းတိုက္ဆိုေသာမူကိုက်င့္သုံးခဲ့ရသည္။ လက္ရွိတြင္ တပ္မေတာ္ႏွင့္လက္တြဲကာ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ အထူးေဒသ (၆)ကို က်ဴးေက်ာ္လာသူမ်ားကို အျပည့္အဝနီးပါး တြန္းလွန္တိုက္ထုတ္ႏိုင္ၿပီျဖစ္သည္။ အဆိုပါအေျခအေနမ်ားအပါအဝင္ ၾဏဥ ၏ ရပ္တည္ခ်က္၊ သြားေနေသာႏိုင္ငံေရးလမ္းစဥ္ႏွင့္ ပတ္သက္၍ အတြင္းေရးမႉးခ်ဳပ္ ဦးခြန္သိန္းေဖထံ NP News က ေတြ႕ဆုံေမးျမန္းထားသည္မ်ားကို ေဖာ္ျပအပ္ပါသည္။

ေမး - ပအိုဝ္းေဒသက ၿပီးခဲ့တဲ့ တစ္ႏွစ္ေက်ာ္အတြင္း မၿငိမ္းမခ်မ္းမႈျဖစ္လာတယ္။ တိုက္ပြဲေတြျဖစ္လာ တယ္။ ပအိုဝ္းေခါင္းေဆာင္ေတြရဲ႕ ပအိုဝ္းေဒသနဲ႔ ပတ္သက္တဲ့သေဘာထားကို သိပါရေစ။
ေျဖ - ကြၽန္ေတာ္တို႔ အဓိကကေတာ့ ပအိုဝ္းေဒသ တစ္ခုလုံးရဲ႕ေခါင္းေဆာင္ ဦးေအာင္ခမ္းထီက အဓိက ၿငိမ္းခ်မ္းေရးကိုအရမ္းျမတ္ႏိုးတယ္။ ေနာက္ ျပည္သူေတြ ေအးေအးခ်မ္းခ်မ္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ အဆင္ေျပေန တာကိုျမတ္ႏိုးတယ္။ ျမတ္ႏိုးေတာ့ အၿမဲတမ္း ကြၽန္ ေတာ္တို႔ကိုေျပာတဲ့စကားရွိတယ္။ အဲဒါက ၿငိမ္းခ်မ္း ခ်င္ရင္တဲ့ ကြၽန္ေတာ္တို႔ေတြ ခ်စ္ခ်စ္ခင္ခင္ေနရမယ္။ ဥပမာ-ကြၽန္ေတာ္တို႔ ျမန္မာျပည္ႀကီး ၿငိမ္းခ်မ္းခ်င္ တယ္ဆိုရင္ ျမန္မာျပည္မွာရွိတဲ့ တိုင္းရင္းသား (၁၃၅)မ်ိဳး ခ်စ္ခ်စ္ခင္ခင္ေနဖို႔လိုတယ္။ ဒါ တစ္ခ်က္ေပါ့။ ေနာက္ ကြၽန္ေတာ္တို႔ႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္ခ်င္တယ္ ဆိုရင္လည္း အဲဒီ (၁၃၅) မ်ိဳးက စည္းစည္းလုံးလုံးရွိဖို႔ လိုတယ္။ အဓိကçက အဲဒါပဲ။ ေနာက္တစ္ခုက အဘ ဦးေအာင္ခမ္းထီက ဘာေျပာလဲဆိုေတာ့ တစ္ႏိုင္ငံလုံး ၿငိမ္းခ်မ္းဖို႔၊ တစ္ႏိုင္ငံလုံးဖြံ႕ၿဖိဳးတိုးတက္ဖို႔ဆိုတာ ငါ တို႔လည္းမလုပ္ႏိုင္ဘူး။ အဲဒီ တစ္ႏိုင္ငံလုံး ၿငိမ္းခ်မ္းတဲ့ အခ်ိန္မွ ပအိုဝ္းေဒသကို ၿငိမ္းခ်မ္းေအာင္လုပ္မယ္ဆို ရင္လည္း ဒီအသက္မွာမီခ်င္မွမီေတာ့မယ္။ အဲဒီေတာ့ တစ္ႏိုင္ငံလုံးၿငိမ္းခ်မ္းဖို႔ ငါတို႔မလုပ္ႏိုင္ေပမယ့္ ငါတို႔ေဒသ ၿငိမ္းခ်မ္းဖို႔ေတာ့ ငါတို႔လုပ္ႏိုင္တယ္။ ေနာက္ တစ္ႏိုင္ငံလုံး ဖြံ႕ၿဖိဳးတိုးတက္ဖို႔ မလုပ္ႏိုင္ ေပမယ့္ ငါတို႔ေဒသဖြံ႕ၿဖိဳးတိုးတက္ဖို႔ ငါတို႔ လုပ္ႏိုင္ တယ္ဆိုတာ အဘ ကြၽန္ေတာ္တို႔ကို အၿမဲဆုံးမတဲ့ဟာ ေပါ့။ အဲဒီေတာ့ ငါတို႔ေဒသကို ၿငိမ္းခ်မ္းေအာင္လုပ္ မယ္။ ငါတို႔ေဒသကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္မယ္။ အဲဒီေတာ့ ေဒသၿငိမ္းခ်မ္းဖို႔၊ ေဒသဖြံ႕ၿဖိဳးတိုးတက္ဖို႔ ဆိုတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔က ႏိုင္ငံေတာ္နဲ႔ အၿမဲတမ္းလက္တြဲေနရမယ္။ ေနာက္တစ္ခုက တပ္မ ေတာ္ဆိုတာ ႏိုင္ငံတစ္ခုမွာထာဝရအဖြဲ႕အစည္း။ အစိုးရက သူက ငါးႏွစ္တစ္ႀကိမ္ ေျပာင္းခ်င္ေျပာင္း တယ္၊ ေနာက္ေခတ္အလိုက္ေျပာင္းခ်င္လည္း ေျပာင္းတယ္။ လုံးဝ မေျပာင္းတာက တပ္မေတာ္ဆိုတဲ့ အဖြဲ႕အစည္း။ အဲဒီေတာ့ ငါတို႔ တပ္မေတာ္ဆိုတဲ့ အဖြဲ႕အစည္းနဲ႔ အၿမဲတမ္းလက္တြဲရမယ္၊ ဒါက ငါတို႔ႏိုင္ငံေတာ္အတြက္၊ ဒါက ငါတို႔ျပည္ေထာင္စုအ တြက္။ ေနာက္တစ္ခု ငါတို႔ ေဒသပတ္ဝန္း က်င္မွာရွိတဲ့ ဘယ္တိုင္းရင္းသားမဆို၊ ဘယ္ အဖြဲ႕အစည္းမဆို ငါတို႔ခ်စ္ခ်စ္ၾကည္ၾကည္ စည္းစည္းလုံးလုံးနဲ႔ ေနရမယ္။ ၿပီးေတာ့ သူတို႔နဲ႔ လက္တြဲၿပီးေတာ့မွ ငါတို႔ ရွင္းရွင္းေျပာေျပာရရင္ ကြၽန္ေတာ္တို႔ေဒသကေန ျပည္နယ္တစ္ခုလုံးတိုးတက္ဖို႔ ငါတို႔အဲဒီလိုသြားရ မယ္။ ဒါတစ္ခ်ိန္လုံး သူကြၽန္ေတာ္တို႔ကို ဆုံးမဩဝါဒ ေပးတယ္။ အဲဒီေတာ့ သားတပည့္ေတြျဖစ္တဲ့ ကြၽန္ေတာ္တို႔ ေခါင္းေဆာင္ေတြအားလုံးကလည္း အဘရဲ႕ဩဝါဒအတိုင္း အလုပ္လုပ္ၾကတယ္။ ေနာက္ တစ္ခုက ကြၽန္ေတာ္တို႔ ျပည္သူေတြ။ ျပည္သူ ေတြကလည္း ရွင္းရွင္းေျပာရရင္ အဘရဲ႕ဆုံးမ ဩဝါဒ ေတာ္ေတာ္မ်ားမ်ားကလည္း ျပည္သူေတြ ေခါင္းထဲ မွာရွိတယ္။ ပအိုဝ္းေတြ ညီၫြတ္တယ္ ဆိုတာကလည္း ရွင္းရွင္းေျပာရရင္ အဘသြားေနတဲ့လမ္းစဥ္က ႏိုင္ငံေတာ္အတြက္လည္း အက်ိဳးရွိတယ္။ တိုင္းရင္း သားေတြအတြက္လည္း အက်ိဳးရွိတယ္။ ဘယ္လူ မ်ိဳးကိုမွနစ္နာေစတဲ့ဟာ တစ္ခုမွမပါဘူး။ အဲဒီလို မ်ိဳးဆိုေတာ့ ကြၽန္ေတာ္တို႔လုပ္ေနတဲ့အလုပ္၊ ကြၽန္ ေတာ္တို႔ရပ္တည္ေနတဲ့အေနအထားက မွန္ကန္တဲ့ လမ္းေၾကာင္းလို႔ ကြၽန္ေတာ္တို႔က အဲဒီလိုခံယူတာ ေပါ့။ အဲဒီလိုကြၽန္ေတာ္တို႔က ဒီေဒသကို အႏွစ္ သုံးဆယ္ေက်ာ္တည္ေဆာက္လာတာ။ တည္ေဆာက္ ရတဲ့ အေၾကာင္းအရင္းကလည္း ရွင္းရွင္းေျပာရင္ အရင္တုန္းက လက္နက္ကိုင္လမ္းစဥ္သြားခဲ့ဖူးတယ္။ လက္နက္ကိုင္လမ္းစဥ္က အရင္ေခတ္လူေတြ လုပ္ခဲ့တာေပါ့။ အဲဒီမွာ ရလဒ္က ကြၽန္ေတာ္တို႔ ျပန္ သုံးသပ္ေတာ့ ကြၽန္ေတာ္တို႔အတြက္လည္း အက်ိဳးမ ရွိဘူး။ ေနာက္ၿပီးေတာ့ ႏိုင္ငံအတြက္လည္း အက်ိဳး မရွိဘူး။ ရွင္းရွင္းေျပာရရင္ ဒီလက္နက္ကိုင္လမ္းစဥ္ က အေျဖထြက္တဲ့လမ္းစဥ္လည္းမဟုတ္ဘူး။ အဲဒီလို အႏွစ္ေလးဆယ္ေက်ာ္သြားလာေတာ့ ေနာက္ဆုံး ရလဒ္ကဘာလဲဆိုရင္ ကြၽန္ေတာ္တို႔ေဒသ၊ ကြၽန္ ေတာ္တို႔လူမ်ိဳး တျဖည္းျဖည္းလုံးပါးပါးသြားတယ္။ ဘာမွ နာလန္မထူႏိုင္ေတာ့ဘူး။ ဘယ္အခန္းက႑ပဲ ၾကည့္ၾကည့္ ဘာမွတည္ေဆာက္လို႔မရဘူး။ အရင္ တုန္းက ေတာင္ႀကီးၿမိဳ႕ထြက္တာနဲ႔ အမည္းေရာင္နယ္ ေျမေလ။ ကြၽန္ေတာ္တို႔ ၿငိမ္းခ်မ္းေရးမယူခင္ကေလ။ ဘာမွလုပ္လို႔မရဘူး။ အဲဒါနဲ႔ ကြၽန္ေတာ္တို႔ ပအိုဝ္း လူမ်ိဳး ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ေနာက္က႑အစုံ ဖြံ႕ၿဖိဳးတိုး တက္ဖို႔ဆိုရင္ ကြၽန္ေတာ္တို႔လုပ္ရမယ့္အလုပ္ေတြက အမ်ားႀကီးရွိတယ္။ အဲဒီ ကြၽန္ေတာ္တို႔ လုပ္ခ်င္တာ ေတြက နယ္ေျမမေအးခ်မ္းပဲနဲ႔ ဘာမွလုပ္လို႔မရဘူး။ ဥပမာ-ကြၽန္ေတာ္တို႔ အိမ္ေထာင္စုတစ္စုခ်င္းရဲ႕ စား ဝတ္ေနေရး၊ ၿပီးေတာ့ ကေလးေတြရဲ႕ ပညာေရး၊ ကြၽန္ေတာ္တို႔ တျခားျဖစ္ခ်င္တာေတြ၊ ကြၽန္ေတာ္တို႔ ျဖစ္ခ်င္တာေတြကို ၿငိမ္းခ်မ္းမႈမရွိဘဲနဲ႔ ဘာမွ လုပ္လို႔မရဘူး။ ကြၽန္ေတာ္တို႔ ၿငိမ္းခ်မ္းေရးယူတုန္းက ဆိုရင္ အခုလို NCA ေခတ္နဲ႔ မတူဘူး။ အဲဒီတုန္းက ဘာစာခ်ဳပ္မွလည္းမရွိဘူး။ ဘာလက္မွတ္မွလည္း မထိုးရဘူး။ ရွင္းရွင္းေျပာရရင္ ကြၽန္ေတာ္တို႔ ေခါင္း ေဆာင္နဲ႔ ႏိုင္ငံေတာ္အႀကီးအကဲနဲ႔ေတြ႕တယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ဒီလိုလုပ္ၾကမယ္ေဟ့ဆို တာနဲ႔သြားတာ။ အဲဒီဟာကို အႏွစ္သုံးဆယ္ေက်ာ္ ဒီေန႔အထိ ခိုင္ခိုင္မာမာ ကြၽန္ေတာ္တို႔ ရပ္တည္တယ္။ ရပ္တည္ရတဲ့ဟာကလည္း ရွင္းရွင္းေျပာရရင္ ကြၽန္ေတာ္တို႔ ျပည္ေထာင္စုအတြက္၊ ႏိုင္ငံအတြက္၊ ျပည္သူေတြအတြက္၊ ကြၽန္ေတာ္တို႔ေဒသအတြက္ အဲဒီလိုရပ္တည္တာေပါ့။ ဒါ ၿငိမ္းခ်မ္းေရး အေပၚမွာ ထားတဲ့ သေဘာထား၊ ရပ္တည္ခ်က္ေပါ့။
ေမး - ျမန္မာ့ႏိုင္ငံေရးျဖစ္စဥ္ကိုၾကည့္တဲ့အခါ PNO အေနနဲ႔ အေျခအေနအရ လက္နက္ကိုင္ခဲ့ရတယ္လို႔ သိထားပါတယ္။
ေျဖ - ကြၽန္ေတာ္တို႔ကေတာ့ အႏွစ္သုံးဆယ္ေက်ာ္ ၿငိမ္းခ်မ္းတဲ့ ကာလ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနလာတယ္။ ကြၽန္ေတာ္တို႔ ေဒသမွာ စစ္ပြဲေတြဘာေတြ ျဖစ္လာတဲ့ အခါက်ေတာ့ ကြၽန္ေတာ္တို႔က ရွင္းရွင္းေျပာရရင္ ကြၽန္ေတာ္တို႔ ေဒသပ်က္စီးေတာ့မယ္ဆိုတာ ျမင္သြား တယ္။ ရွင္းရွင္းေျပာရရင္ လက္နက္ကိုင္အဖြဲ႕အစည္း ေတြက တစ္႐ြာဝင္ၿပီဆိုရင္ အဲဒီတစ္႐ြာပ်က္ၿပီ။ ေက်း႐ြာအုပ္စုတစ္ခုဝင္သြားရင္ အဲဒီေက်း႐ြာအုပ္စု တစ္ခုက ပ်က္ၿပီ။ ၿမိဳ႕တစ္ၿမိဳ႕ သူ႔လက္ထဲေရာက္ရင္ ျပာပုံျဖစ္သြားၿပီ။ ပအိုဝ္းေဒသတစ္ခုလုံးက လက္နက္ကိုင္အဖြဲ႕အစည္းေတြရဲ႕ဝင္ေရာက္တာကို လက္ခံရင္ ကြၽန္ေတာ္တို႔ေဒသက ျပာပုံျဖစ္သြားၿပီ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က တစ္႐ြာေတာင္မွ အဝင္မခံခ်င္ဘူး။ ရွင္းရွင္းေျပာရရင္ ကြၽန္ေတာ္တို႔ ပအိုဝ္းေဒသ မွဲ႔ တစ္ေပါက္စြန္းတာကိုမလိုခ်င္ဘူး။ အဲဒီေတာ့ နဂို မူလတုန္းက အင္အားေထာင္ခ်ီနဲ႔ ဝင္လာတာကိုး။ အဲဒီတုန္းက ကြၽန္ေတာ္တို႔ စစ္ေရးနဲ႔ပတ္သက္ၿပီး ျပင္ဆင္ထားတာ ဘာမွမရွိဘူး။ ဘာမွမရွိေတာ့ ရွင္းရွင္းေျပာရရင္ ကြၽန္ေတာ္တို႔က ေနာက္ဆုံး ကာလို႔ ရသေလာက္ ကာမယ္။ တစ္႐ြာကာလို႔ရရင္ တစ္႐ြာ ကာမယ္။ ေက်း႐ြာအုပ္စုတစ္ခု ကာလို႔ရရင္ ေက်း႐ြာ အုပ္စုတစ္ခုကာမယ္။ ဥပမာ-ၿမိဳ႕နယ္ တစ္ခုလုံး ကာလို႔ရရင္ ၿမိဳ႕နယ္တစ္ခုလုံးကာမယ္ဆိုၿပီး အဲဒီစိတ္ ဓာတ္နဲ႔ ကြၽန္ေတာ္တို႔လုပ္တာပဲ။ ရွင္းရွင္းေျပာရရင္ ကြၽန္ေတာ္တို႔ အႏွစ္သုံးဆယ္ေက်ာ္ တိုက္ပြဲ မရွိ ေတာ့ဘူး။ ကြၽန္ေတာ္တို႔ အႏွစ္သုံးဆယ္မတိုင္ခင္က တိုက္ရည္ခိုက္ရည္ရွိတဲ့ ကြၽန္ေတာ္တို႔ လူေတြလည္း အကုန္လုံး အသက္ႀကီးကုန္ၿပီ။ ေနာက္ ဒီလက္ရွိ တပ္ထဲမွာတာဝန္ထမ္းေဆာင္ေနတဲ့ ရဲေဘာ္ေတြ လည္း တိုက္ပြဲမွမရွိတာ။ တိုက္ပြဲ အေတြ႕အႀကဳံ မရွိ ဘူး။ အဲဒီေတာ့ တိုက္ရည္ခိုက္ရည္ရွိတဲ့ တပ္မႉး ေတြကလည္း အသက္အ႐ြယ္အေျခအေနအရ မသြားႏိုင္ေတာ့ဘူး။ အဲဒီလိုအေျခအေနေပါ့။ အခက္ အခဲေတာ့အမ်ားႀကီး။ လူအင္အား၊ လက္နက္ အင္အား၊ အေတြ႕အႀကဳံ ဒုကၡေရာက္တာေပါ့။ ေနာက္ နည္းပညာေခတ္မွာ နည္းပညာနဲ႔ ပတ္သက္လို႔လည္း အစပိုင္းမွာ အလူးအလဲခံရတာေပါ့။ ေျပာရရင္ေတာ့ ဗမာစကားဆိုရင္ အိုးနင္းခြက္နင္း အဲဒီလိုကို ျဖစ္တာ။
ေမး - ကယားေဒသဘက္ကေန အထူးေဒသ (၆) ဘက္ တိုက္ပြဲေဖာ္လာတာမွာ ဒါကဘယ္လို စျဖစ္တာ လဲ။ ကြၽန္ေတာ္တို႔ ဘယ္လိုနားလည္ထားလို႔ရမလဲ ခင္ဗ်။
ေျဖ - ရွင္းရွင္းေျပာရရင္ ကြၽန္ေတာ္တို႔ေဒသက ေအးခ်မ္းတယ္။ ေနာက္ အႏွစ္သုံးဆယ္ေက်ာ္ေလာက္ တည္ေဆာက္ထားေတာ့ ကြၽန္ေတာ္တို႔ေဒသက အရင္းအျမစ္ ျပည့္စုံတယ္။ ရွင္းရွင္းေျပာရရင္ လိုခ်င္ တာ မွန္သမွ် အကုန္ရွိတဲ့ ေနရာလိုျဖစ္ေနတယ္။ ကယားျပည္နယ္က်ေတာ့ (၂၀၂၁)ကစၿပီး တိုက္ပြဲ ေတြေဖာ္လိုက္တာ ကယားတစ္ျပည္နယ္လုံးက ႐ြာ ေကာင္းဆိုလည္း တစ္႐ြာမွမရွိေတာ့ဘူး။ ၿမိဳ႕ဆိုတာ လည္း အေကာင္းအတိုင္းရွိတာ တစ္ၿမိဳ႕မွမရွိေတာ့ ဘူး။ ကယားျပည္နယ္မွာရွိတဲ့လူေတြအကုန္လုံးက လည္း ရွင္းရွင္းေျပာရရင္ စားနပ္ရိကၡာေတြက အဆင္ မေျပေတာ့ဘူး ဒါကတစ္ခ်က္ေပါ့။ ေနာက္တစ္ခုက သူတို႔ရဲ႕လက္နက္၊ ခဲယမ္းတို႔သယ္လာတဲ့ လမ္း ေၾကာင္းကလည္း ကြၽန္ေတာ္တို႔ေဒသျဖစ္ေနတယ္ အဲဒါကလည္း တစ္ခု။ ကြၽန္ေတာ္တို႔ သုံးသပ္ရသ ေလာက္ကေတာ့ ရွင္းရွင္းေျပာရရင္ ကြၽန္ေတာ္တို႔ ေဒသကို အေျခခံၿပီးေတာ့မွ ေပါင္းေလာင္းတို႔ ဘက္ ကို စစ္ေရးအရ ေျခကုပ္ယူခ်င္တဲ့သေဘာလည္း ပါတာေပါ့။
ေမး - ပအိုဝ္းမွာလည္း ခြဲထြက္ ခြန္ျမင့္ထြန္းတို႔ ခြန္သူရိန္တို႔ အုပ္စုေတြရွိတယ္။ ကယားနဲ႔ သြားေပါင္း ေနတာ ေတြ႕ရတယ္။ အရင္က ညႇိႏႈိင္း စကားေျပာခဲ့ တာေတြနဲ႔ ပတ္သက္ၿပီး ဘယ္လိုနားလည္ထားလို႔ ရမလဲ။
ေျဖ - ဒီ တိုက္ပြဲေတြ မျဖစ္ခင္တုန္းကေတာ့ ခြန္သူ ရိန္က သူတို႔အဖြဲ႕ က ၾဃဗ လမ္းေၾကာင္းေပၚ ရွိ ေနေသးေတာ့ ကြၽန္ေတာ္နဲ႔ တခ်ိဳ႕ကိစၥေတြမွာ အသိ ေပးတာေတြ၊ တိုင္ပင္တာေတြ၊ အႀကံဉာဏ္ေတြ အျပန္အလွန္ ရယူတာေတြရွိတယ္။ ဒါေပမဲ့ ဒီေနာက္ ဆုံး ဘက္ေျပာင္းၿပီး တိုက္ပြဲေတြ ေဖာ္လာေတာ့ လုံးဝ ႀကိဳတင္မေျပာဘူး။ အဲဒီေနာက္ပိုင္းလည္း အဆက္ အသြယ္လုံးဝမရွိေတာ့ဘူး။ ဒါသူတို႔ အပိုင္းေပါ့။
ေမး - NCA ကို တခ်ိဳ႕က တပ္နဲ႔ေပါင္းတယ္လို႔ ေျပာတယ္။ ဒီအေပၚကို ဘာေျပာခ်င္လဲ။
ေျဖ - ကြၽန္ေတာ္တို႔က ရွင္းရွင္းေျပာရရင္ တပ္မေတာ္ဆိုတာ တစ္ႏိုင္ငံလုံးရဲ႕ လုံၿခဳံေရးကို တာဝန္ ယူထားတယ္။ တပ္မေတာ္ဆိုတာပဲ ျမင္လို႔မရဘူး။ ကြၽန္ေတာ္တို႔ ႏိုင္ငံေတာ္ကို ျမင္မွရမယ္။ လူမ်ိဳး(၁၃၅)မ်ိဳး မွီတင္းေနထိုင္ေနတဲ့ တိုင္းျပည္ဆိုတာ ျမင္ဖို႔လို တယ္။ ေနာက္တစ္ခုက တိုင္းျပည္အပ်က္မခံမလား စဥ္းစားဖို႔လိုတယ္။ တိုင္းျပည္ပ်က္သြားရင္ ဘယ္လို ျဖစ္မလဲ။ အဆင္ေျပသြားေရာလား။ ဥပမာ တပ္မေတာ္ကရႈံးသြားၿပီ။ သေဘာအားျဖင့္ ဒီႏိုင္ငံႀကီး ေကာင္းသြားမလား။ ဥပမာ-တိုင္းရင္းသားေတြ လက္ နက္ကိုင္ထားတယ္။ ဒီ အဖြဲ႕အစည္းေတြအားလုံးက အဆင္ေျပသြားမလား ဘယ္သူ အာမခံရဲတုန္း။ ဥပ မာ-ကခ်င္နဲ႔ ပေလာင္၊ ရွမ္းနဲ႔ ပေလာင္ ဒီလက္နက္ ကိုင္အဖြဲ႕အစည္းေတြၾကားထဲမွာ ဘယ္လို ခ်စ္ခ်စ္ ခင္ခင္သြားမယ္ဆိုတဲ့ ပဋိညာဥ္ရွိလား။ စာခ်ဳပ္ရွိလား ဘာမွမရွိဘူး။ ကြၽန္ေတာ္တို႔အျမင္ကေတာ့ လက္ရွိ ဒီႏိုင္ငံတည္ၿမဲေနတာ တပ္မေတာ္မွမဟုတ္ရင္ မလြယ္ဘူး။ ဒါကြၽန္ေတာ္တို႔ အျမင္။ ေျပာရမယ္ဆိုရင္ လက္နက္ကိုင္အဖြဲ႕အစည္း ဒီေလာက္မ်ားတဲ့ တိုင္း ျပည္။ ကြၽန္ေတာ္တို႔လႊတ္ေတာ္တက္တုန္းက ျပည္ထဲ ေရးဒုဝန္ႀကီး လႊတ္ေတာ္မွာ အစီရင္ခံစာ လာဖတ္ တုန္းက အဲဒီအခ်ိန္ လက္နက္ကိုင္အဖြဲ႕အစည္း ငါးေထာင္ေက်ာ္ရွိတယ္။ ျပည္သူ႔စစ္အပါ။ အခု ဒီအခ်ိန္မွာဆိုရင္ အဖြဲ႕ေပါင္းစုံ ေသာင္းနဲ႔ခ်ီ ရွိတယ္။ အဲဒီအခ်ိန္က ဦးသိန္းစိန္ေခတ္ အၿငိမ္းခ်မ္းဆုံးအ ခ်ိန္။ အဲဒီေတာ့ ဒီႏိုင္ငံ အခ်ဳပ္အျခာအာဏာ၊ ဒီႏိုင္ငံ နယ္နိမိတ္တည္ၿမဲေနတာ တပ္မေတာ္ရဲ႕ေက်းဇူး။ ကြၽန္ေတာ္တို႔ကေတာ့ အဲဒီလိုခံယူတယ္။ တပ္မေတာ္ သာမရွိဘူးဆိုရင္ လူမ်ိဳးတစ္မ်ိဳးနဲ႔ တစ္မ်ိဳးၾကား ဘာ အာမခံခ်က္မွမရွိဘူး။ ဘာ ဥပေဒမွမရွိဘူး။ အင္အား ႀကီးတဲ့ သူက အင္အားနည္းတဲ့သူကို Jungle Law ဆိုတာ လာေတာ့မွာ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က ရွင္းရွင္းေျပာရရင္ တပ္မေတာ္နဲ႔ လက္တြဲတယ္ဆိုတာ ကလည္း ႏိုင္ငံေတာ္ကိုအေလးထားတယ္ ဦးထိပ္ထား တယ္၊ ျပည္ေထာင္စုကိုအေလးထားလို႔ ကြၽန္ေတာ္ တို႔ကလက္တြဲတယ္။ ေနာက္ၿပီးေတာ့ အစိုးရ ဘယ္ေလာက္ ေျပာင္းေျပာင္း တပ္မေတာ္ဆိုတာ လုံးဝမေျပာင္းတဲ့ ထာဝရအဖြဲ႕အစည္း။ အဲဒီလို ကြၽန္ေတာ္တို႔ရပ္တည္တယ္။ အစိုးရဆိုလည္း ဘယ္လို ခံယူထားလဲဆိုရင္ ဘယ္သူအစိုးရျဖစ္ျဖစ္ အဲဒါ ကြၽန္ေတာ္တို႔အစိုးရ။ ဘာလို႔ဆို ဒီႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာသုံးရပ္ သူ႔လက္ထဲမွာ ရွိတယ္ ေလ။ ဒါ ကြၽန္ေတာ္တို႔အစိုးရပဲ။ အစိမ္းအစိုးရျဖစ္ လည္း ဒါ ပအိုဝ္းအစိုးရ၊ အနီအစိုးရျဖစ္လည္း ဒါ ပအိုဝ္း အစိုးရ၊ အခု တပ္က အာဏာထိန္းထားတယ္ ဒါ ကြၽန္ေတာ္တို႔အစိုးရပဲ။ အဲဒီလိုခံယူထားတယ္။ ၾဏဥ ရဲ႕ ခံယူခ်က္ေပါ့။
ေမး - နန႔္နိန္း႐ြာ ျဖစ္စဥ္မွာ ဆိုရင္ တစ္ဖက္က ကယား PDF အုပ္စုက ခြဲထြက္ ပအိုဝ္းေတြနဲ႔ ေပါင္း ၿပီး PNO ယူနီေဖာင္းဝတ္ ဟန္ေဆာင္ၿပီး ပစ္ခတ္တာ လုပ္တယ္။ ၿပီးေတာ့ ဒီဘက္ PNO နဲ႔ တပ္က လုပ္ တယ္လို႔ ေျပာတာ ေတြ႕ရတယ္။ ဆီဆိုင္တုန္းကလည္း ဒီလိုပဲ ေျပာတယ္။ PNO အေယာင္ေဆာင္ၿပီး အပုပ္ခ်တာ ၾကားရပါတယ္။
ေျဖ - ရွင္းရွင္းေျပာရရင္ အဲဒီ ျပႆနာေတြျဖစ္တာ က ကြၽန္ေတာ္တို႔ယူနီေဖာင္းသုံးၿပီးျဖစ္တာ မဟုတ္ ဘူး။ သူတို႔ယူနီေဖာင္းသုံးၿပီးပဲျဖစ္တာ။ ရွင္းရွင္း ေျပာရရင္ အဲဒီေနရာေတြက တိုက္ပြဲစျဖစ္တာနဲ႔ ကြၽန္ ေတာ္တို႔ကဆုတ္ၿပီးသား။ အင္အားခ်င္းမမွ်ဘူးေလ။ တပ္ကလည္းမတိုးႏိုင္ဘူး။ ကြၽန္ေတာ္တို႔လည္း မတိုးႏိုင္ဘူး။ အဲဒီအခ်ိန္မွာ အဲဒီလို တသီတတန္းႀကီး ျဖစ္တာ။ ဘုန္းႀကီးကိုသတ္တဲ့ျဖစ္စဥ္ေတြ၊ ႐ြာေတြ မီးရႈိ႕တဲ့ျဖစ္စဥ္ေတြ အဲဒီျဖစ္စဥ္ေတြက ႐ြာသုံး႐ြာမွာ အဓိကျဖစ္တာ။ တပ္မႉးတစ္ေယာက္ တိုက္ပြဲမွာ က်သြားတယ္။ အဲဒီ ျဖစ္စဥ္ေတြၿပီးတဲ့အထိ တပ္မႉး အေလာင္း မေကာက္ႏိုင္ေသးဘူး။ အဲဒီျဖစ္စဥ္ေတြ အကုန္လုံးျဖစ္တဲ့အခ်ိန္ အဲဒီမွာ ကြၽန္ေတာ္တို႔လည္း မရွိဘူး၊ တပ္လည္းမရွိဘူး။ အဲဒီမွာ လနဲ႔ခ်ီတာ။ တပ္မႉးအေလာင္းျပန္ေကာက္ခ်ိန္ အ႐ိုးပဲက်န္တယ္။ သူတို႔ ယူနီေဖာင္း၊ သူတို႔ဘက္တံဆိပ္နဲ႔ပဲ လုပ္သြား တာ။
ေမး - တိုက္ပြဲ ျဖစ္ေတာ့ ပအိုဝ္းတိုင္းရင္းသားေတြမွာ အဆင္သင့္ ျဖစ္ခဲ့ပါသလား။ ဘယ္လို ျပင္ဆင္ခဲ့ရပါ သလဲ။
ေျဖ - မျဖစ္ဘူး။ ေျပာရရင္ေတာ့ အမ်ားႀကီးပဲ ျပင္ဆင္ရတာေတာ့။ ရွင္းရွင္းေျပာရရင္ အဲဒီလို စျဖစ္လာတဲ့အခါ ဘာလုပ္ရလဲဆိုေတာ့ နံပါတ္တစ္ လူအင္အားလိုတယ္။ လိုေတာ့ ဘာလုပ္တုန္းဆို ပအိုဝ္းေဒသမွာရွိတဲ့ ဆယ့္ရွစ္ႏွစ္အထက္၊ သုံးဆယ့္ ငါးႏွစ္ေအာက္ဆို အကုန္စစ္သင္တန္းတက္၊ အကုန္ စာရင္းသြင္း။ ၿပီးရင္ ဒီေက်း႐ြာအုပ္စုအလိုက္၊ ၿမိဳ႕နယ္အလိုက္ တပ္ဖြဲ႕စည္းပုံေတြ ဖြဲ႕လိုက္တယ္။ အဲဒီ႐ြာသားေတြကိုသင္တန္းေပးၿပီး အလွည့္က်နဲ႔ သြားတာေပါ့။ ဥပမာ-ေက်း႐ြာအုပ္စုတစ္ခုဆိုရင္ သင္တန္းဆင္းက အင္အား တစ္ေထာင္ေက်ာ္ေလာက္ ရွိတယ္။ ဒါေပမဲ့ တစ္ေခါက္တစ္ေခါက္သြားရင္ အင္အားသုံးဆယ္ ေသနတ္အလက္က သုံးဆယ္ပဲ ရွိတယ္ေလ။ အဲဒါ အလွည့္က်သြား အဲဒီလိုလုပ္ရ တာေပါ့။ အဲဒီ လူအင္အားအပိုင္းေတာ့ ျပႆနာ သိပ္မရွိဘူး။ ဒါေပမဲ့ တိုက္ရည္ခိုက္ရည္မွာ ျပႆနာ ရွိတယ္။ ဘာလို႔လဲဆိုေတာ့ အရပ္သားကေန စစ္သား အလုပ္လုပ္ခိုင္းရတာကိုး။ အဲဒီက်ေတာ့ ဘာလုပ္ရတုံး ဆို ဒီ႐ြာသားေတြကို ေခၚထားတာကို ဒီ ေက်း႐ြာ အေျခခံတဲ့၊ PNO မွာ အၿမဲတမ္းတပ္ဆိုတာ ရွိတယ္။ ဒီတိုက္ပြဲ စစ္ဆင္ေရးလုပ္မယ္ဆိုရင္ အမာနဲ႔ပဲခ် တယ္။ ႐ြာသားနဲ႔ ဖြဲ႕ထားတာကိုက်ေတာ့ ေထာက္ပို႔တို႔၊ ေနာက္ခ်န္တို႔ ပံ့ပိုးတဲ့စစ္ဆင္ေရးမွာပဲသုံးတာေပါ့။ အဲဒီမွာမွ တခ်ိဳ႕ ႐ြာသားေတြ၊ တပ္ေတြက်ေတာ့ သူတို႔လည္းတိုက္ခ်င္တယ္။ သူတို႔လည္း အေတြ႕အ ႀကဳံရခ်င္တယ္ဆိုေတာ့ အမာနဲ႔အေပ်ာ့နဲ႔ေပါင္းၿပီး စစ္ဆင္ေရးလုပ္ရတာေပါ့။ ေနာက္ ျပႆနာက အဓိ က နည္းပညာျပႆနာ။ လူျပႆနာေတာ့ သိပ္မရွိ ဘူး။ ကြၽန္ေတာ္တို႔ ပအိုဝ္းမွာက အဆင့္ဆင့္ အုပ္ခ်ဳပ္ ေရးတာဝန္ခံေတြရွိတယ္ေလ။ ႐ြာအဆင့္ဆိုရင္ သူႀကီး၊ ဆယ္အိမ္ေခါင္း ၿပီးေတာ့ လူငယ္ေခါင္း ေဆာင္။ ကြၽန္ေတာ္တို႔က ေက်း႐ြာအုပ္စု တာဝန္ခံေတြ ရွိတယ္၊ ၿမိဳ႕တာဝန္ခံေတြရွိတယ္။ ၾဏဥ အုပ္ခ်ဳပ္ ေရးက သတ္သတ္ရွိတယ္။ အစိုးရအုပ္ခ်ဳပ္ေရးက သတ္သတ္။ ကြၽန္ေတာ္တို႔က ဥပမာ-ေက်း႐ြာ အလိုက္၊ ေက်း႐ြာအုပ္စုအလိုက္၊ ၿမိဳ႕နယ္အလိုက္ (၁၈)ႏွစ္ အထက္ဆိုရင္ ခ်က္ခ်င္းစုလို႔ရတယ္။ ခ်က္ ခ်င္း စစ္သင္တန္းေတြ စီစဥ္လို႔ရတယ္။ လိုအပ္တဲ့ လက္နက္ေတြကေတာ့ ႏိုင္ငံေတာ္ကထုတ္ေပးတာ ေပါ့။ လက္နက္ေတြ တပ္ဆင္၊ သင္တန္းေတြေပး၊ ၿပီးရင္ တာဝန္ေတြျဖန႔္ခြဲ။ ကြၽန္ေတာ္တို႔ျပႆနာက တိုက္ရည္ခိုက္ရည္ေပါ့။ တိုက္ပြဲမွာ တျဖည္းျဖည္း အေတြ႕အႀကဳံရေအာင္ အဲဒါက အခ်ိန္တစ္ခုယူရ တယ္။ ပိုႀကီးတဲ့ျပႆနာက နည္းပညာ။ ရန္သူက ဒ႐ုန္းေတြသုံးလာတယ္။ ကြၽန္ေတာ္တို႔ အင္အား (၂၀ဝ)ေလာက္ ရွိတယ္။ လက္နက္အျပည့္အစုံ ဒါေပမဲ့ ဟိုဘက္က ဒ႐ုန္းႏွစ္စင္းတက္လာရင္ ကြၽန္ ေတာ္တို႔လူက ဘာမွလုပ္လို႔ မရဘူး ထြက္ေျပးရေရာ။ ရန္သူ ဘယ္နားရွိမွန္းေတာင္မသိဘူး။ ဒ႐ုန္းကို ပတ္ ေျပးေနရတယ္ အဲဒီျပႆနာေတြ။ အဲဒါနဲ႔ Jumper ေတြ ဖုတ္ပူမီးတိုက္ စီစဥ္ရတယ္။ ရန္သူေတြ သုံးသလို ဒ႐ုန္းေတြရေအာင္ ဒ႐ုန္းေတြ စီစဥ္တာေပါ့။ နည္း ပညာတပ္ရင္းေတြဖြဲ႕ၿပီး ဒ႐ုန္းနဲ႔ ပတ္သက္တဲ့သင္ တန္းေတြ ဖုတ္ပူမီးတိုက္ေပါ့။ ပင္ပင္ပန္းပန္းလုပ္ရ တယ္။ အဲဒါအျပင္ မလုံေလာက္ဘူးေလ။ မိုင္းေတြ လည္းလုပ္ရတယ္။ ေနာက္တစ္ခု ကြၽန္ေတာ္တို႔တပ္ ေတြက နဂိုမူလ ကြၽန္ေတာ္တို႔ပအိုဝ္းတပ္ေတြက လက္နက္ႀကီးမသုံးဘူး။ ကြၽန္ေတာ္တို႔တပ္ေတြက ေျပာက္က်ားကိုအေျခခံတာကိုး။ လက္နက္ႀကီး အဆင္မေျပဘူး။ ကြၽန္ေတာ္တို႔က်င့္သုံးတဲ့ စစ္ဆင္ ေရးက ေျပာက္က်ားစစ္ဆင္ေရးကိုအသုံးမ်ားတယ္ လက္နက္ႀကီးကို မသုံးဘူး။ လက္နက္ႀကီးလည္း မသုံးတတ္ဘူး။ ဒီေနာက္ပိုင္းက်ေတာ့ နယ္ေျမရွင္း ဖို႔က် လက္နက္ႀကီးမသုံးလို႔မရဘူး။ ႏိုင္ငံေတာ္က လည္း လက္နက္ႀကီးပံ့ပိုးေတာ့ လက္နက္ႀကီး သင္ တန္းလည္း ဖုတ္ပူမီးတိုက္လုပ္ရတယ္။ အခု ကြၽန္ ေတာ္တို႔လူေတြက လက္နက္ႀကီးပစ္တာလည္း ေတာ္ေတာ္ကြၽမ္းတယ္။ ဒ႐ုန္းလည္း ေတာ္ေတာ္ ကြၽမ္းတယ္။ ေတာ္ေတာ္ဟုတ္ေနၿပီ။
ေမး - ပအိုဝ္းေဒသတည္ၿငိမ္ၿပီးမွ နယ္ေျမေတြ ဆုံးရႈံးခဲ့တာကို ျပန္တိုက္ယူေနတာ ေတြ႕ရတယ္။ ဘယ္ေလာက္ဆုံးရႈံးၿပီး ဘယ္ေလာက္ ျပန္တိုက္ယူ လို႔ရၿပီ ေျပာလို႔ရလဲ။
ေျဖ - အရင္တုန္းကေတာ့ ပင္ေလာင္းၿမိဳ႕နယ္ ဆိုရင္ ေဆာင္းေျပာင္းအထိ ရန္သူေတြလက္ထဲ ေရာက္သြား တာေပါ့။ ေဆာင္းေျပာင္းကေတာ့ ျပန္ရၿပီ။ ပင္ေလာင္း ၿမိဳ႕နယ္ထဲမွာဆိုရင္ အင္းေလးနဲ႔ စပ္တဲ့ ေနရာမွာဆိုရင္ နန႔္ဖာမူတို႔ ရန္သူလက္ထဲ ေရာက္သြားတာေပါ့။ ဖယ္ခုံအစပ္ကေနဆိုရင္ နန႔္ဖာမူတို႔၊ ေညာင္ေ႐ႊၿမိဳ႕ နယ္မွာဆိုရင္ စကားအထိ ရန္သူေရာက္တယ္ေလ။ အခုေတာ့ ေညာင္ေ႐ႊၿမိဳ႕နယ္ဆို အကုန္ျပန္ရၿပီ။ ပင္ ေလာင္းဆို မရေသးတာ နန႔္နိန္းတို႔ဘက္ သုံး႐ြာပဲ က်န္တယ္။ ဆီဆိုင္မွာ က်ေတာ့ ရွမ္း-ကယား အစပ္ နည္းနည္းက်န္တယ္။ သူတို႔ဝင္တုန္းက ဟိုပုန္း ၿမိဳ႕နယ္အထိေရာက္တယ္ေလ။ လြိဳင္လင္ၿမိဳ႕နယ္ ထဲက မိုင္းပြန္အစပ္အထိ သူတို႔ေရာက္တယ္။ ရွင္း ရွင္းေျပာရရင္ လြိဳင္လင္ၿမိဳ႕နယ္၊ ဆီဆိုင္ၿမိဳ႕နယ္၊ ဟိုပုန္းၿမိဳ႕နယ္ အဲဒါ သူတို႔လက္ထဲပါသြားတာပဲ။ ဆီဆိုင္ၿမိဳ႕နယ္အေရွ႕ျခမ္းဆို အကုန္ သူတို႔လက္ထဲ ေရာက္သြားတာပဲ။ ဟိုပုန္းၿမိဳ႕နယ္ဆို ေတာင္ေပၚ ေဒသတစ္ခုလုံး သူတို႔လက္ထဲေရာက္သြားတာ။ ကြၽန္ ေတာ္တို႔က အနိမ့္ပိုင္း ျပည္ေထာင္စုလမ္းေဘးပဲ က်န္တာ။
ေမး - မဲနယ္ေတာင္တို႔ ဘာတို႔လည္း ရွိတယ္ေနာ္။
ေျဖ - အခု အကုန္ျပန္ရၿပီ။ တခ်ိဳ႕တိုက္ပြဲ ႏွစ္လ ေလာက္ၾကာတယ္။ တခ်ိဳ႕တိုက္ပြဲက တစ္လ။ တစ္ ဆင့္ၿပီးတစ္ဆင့္ သိမ္းရတာေပါ့။ ဆိုက္ေခါင္ကေန ေမာက္မယ္သြားတဲ့ ပြန္ေခ်ာင္းတံတားဆိုလည္း သူတို႔ လက္ထဲ ေရာက္သြားတာပဲ။ အဲဒါလည္း ကြၽန္ေတာ္တို႔ ျပန္သိမ္းႏိုင္တယ္။
ေမး - ပအိုဝ္းက သူမ်ားကို သြားတိုက္တာမဟုတ္ဘဲ ကိုယ့္နယ္ေျမ ကိုယ္ျပန္ရဖို႔ႀကိဳးစားေနရတဲ့ သေဘာ ျဖစ္ေနတာေပါ့။
ေျဖ - အဘ ဦးေအာင္ခမ္းထီ အၿမဲလမ္းၫႊန္တာ ရွိတယ္။ လူႀကီးေတြ ေခတ္ကတည္းက ကြၽန္ေတာ္တို႔ ဒါက ပအိုဝ္းဧရိယာ၊ ဟိုေျမာက္ဘက္ဆိုရင္ ရွမ္း ဧရိယာ အရင္တုန္းတည္းက လူႀကီးေခတ္ကတည္းက ရွိထားတယ္။ ေတာင္ဘက္ဆိုရင္ ကယန္းနယ္ေျမ ဆိုတာ ရွင္းရွင္းေျပာရရင္ ႏွစ္ဦးႏွစ္ဖက္ ေလးစား လိုက္နာၿပီးေတာ့ သတ္မွတ္ထားတဲ့ နယ္နိမိတ္ဆိုတာ ရွိတယ္။ ကြၽန္ေတာ္တို႔ လုံးဝ မေက်ာ္ဘူး။ လြိဳင္ေကာ္ လုံးဝအေျခအေနဆိုးတဲ့အခ်ိန္ ကြၽန္ေတာ္တို႔ ပအိုဝ္း ေဒသ ဘာမွမျဖစ္ေသးဘူး။ အဲဒီတုန္းက ရွင္းရွင္းေျပာ ရရင္ ကြၽန္ေတာ္တို႔က ကိုယ့္ဘာသာဆုံးျဖတ္ခ်က္ ခ် ထားတာ။ အရင္တုန္းက လူႀကီးေတြကလည္း ဆုံး ျဖတ္ထားတာရွိတာကိုး။ ကိုယ့္နယ္မဟုတ္ရင္ လုံးဝ မသြားပါနဲ႔ဆိုတာ။ ကြၽန္ေတာ္တို႔ (၉၁)ခုႏွစ္ ၿငိမ္းခ်မ္း ေရးယူတုန္းက ဗိုလ္ခ်ဳပ္ ခင္ၫြန႔္ နဲ႔ ၿငိမ္းခ်မ္းေရး ယူတဲ့အခ်ိန္ ေဆြးေႏြးထားတာ တစ္ခ်က္ရွိတယ္ ကြၽန္ ေတာ္တို႔ ပအိုဝ္းအမ်ိဳးသား တပ္မေတာ္ကို အသုံးျပဳၿပီး ေတာ့မွက်န္တဲ့လူမ်ိဳး၊ က်န္တဲ့အဖြဲ႕အစည္း သြား တိုက္တာကို လုံးဝမလုပ္ဖို႔ဆိုတာ တစ္ခ်က္ထည့္ ထားတယ္။ ရွင္းရွင္းေျပာရရင္ ပအိုဝ္းအမ်ိဳးသား တပ္မေတာ္ဆိုတာ ကိုယ့္ေဒသကိုယ္ကာကြယ္တဲ့ တပ္။ က်ဴးေက်ာ္စစ္ကို ဘယ္ေတာ့မွမလုပ္ရဘူး။ ေနာက္ ရန္စတဲ့စစ္ကိုဘယ္ေတာ့မွမလုပ္ရဘူး။ ဘာလို႔ဆို ဘယ္တိုင္းရင္းသားမဆို ဘယ္အဖြဲ႕အစည္း မဆို ခ်စ္ခ်စ္ခင္ခင္နဲ႔ စည္းစည္းလုံးလုံးေနရမယ္။ ဒါကြၽန္ေတာ္တို႔အဖြဲ႕ရဲ႕ေပၚလစီက အဲဒီလိုျဖစ္တာ။ အခု ကြၽန္ေတာ္တို႔တိုက္ေနတယ္ဆိုတာက ကြၽန္ေတာ္ တို႔ေဒသကို ျပန္ယူတာ။ အခု နယ္ေျမရွင္းေနတာ။ ရွင္းၿပီးသြားရင္ အဓိကçကဘာလဲဆိုရင္ ေနာက္ တစ္ခါ ကြၽန္ေတာ္တို႔ ေဒသကို မက်ဴးေက်ာ္ႏိုင္ေအာင္ ကြၽန္ေတာ္တို႔စစ္ေရးကေတာ့ အဲဒါပါပဲ။
ေမး - ေနာက္တစ္ခါမက်ဴးေက်ာ္ႏိုင္ေအာင္ဆိုေတာ့ ေနာက္တစ္ခါ က်ဴးေက်ာ္လာရင္ေကာ ကာကြယ္ဖို႔ အဆင္သင့္ျဖစ္ၿပီလား။
ေျဖ - အခုေတာ့ ျဖစ္ၿပီ။
ေမး - ပအိုဝ္းေဒသ ျပည္သူေတြကို ဘယ္ကာလ ေရာက္ရင္ ေအးေအးခ်မ္းခ်မ္း ျပန္ေနရမယ္လို႔ ပအိုဝ္းေခါင္းေဆာင္ေတြအေနနဲ႔ ကတိေပးႏိုင္လဲ။
ေျဖ - ကြၽန္ေတာ္ အဲဒီအခ်ိန္ကာလက သိပ္မၾကာ ေတာ့ဘူး ထင္တယ္။ ကြၽန္ေတာ္တို႔ နယ္ေျမအေျခ အေန၊ တည္ေဆာက္ထားတဲ့ အင္အားအကုန္လုံး သုံးသပ္လို႔ရေနၿပီ။ ေနာက္ လက္ရွိ တစ္ႏိုင္ငံလုံးရဲ႕ အေနအထားသုံးသပ္ရင္လည္း အေကာင္းဘက္ အမ်ားႀကီးသြားေတာ့မွာ။ ရွင္းရွင္းေျပာရရင္ ႏိုင္ငံ ေတာ္ဘက္က အမ်ားႀကီးအေလးသာသြားၿပီ။ ေနာက္ တစ္ခုက အဆုံးအျဖတ္ ျပည္သူ။ ျပည္သူကလည္း အမ်ားႀကီးသေဘာေပါက္သြားၿပီေလ။ ဘာလို႔လဲ ဆိုေတာ့ ဘယ္ဟာက ငါတို႔ဘဝအတြက္ အာမခံခ်က္ ရွိတယ္၊ ငါတို႔ဘဝလုံၿခဳံတယ္၊ ဘယ္ဟာက ငါတို႔ တိုင္းျပည္ေကာင္းမယ္၊ ဘယ္ဟာက ဒုကၡေရာက္မယ္ ဆိုတာ လူထုေတြ သုံးသပ္လို႔ ရသြားၿပီ။ ဘယ္ဘဝမွာ အဆင္ေျပတယ္၊ ဘယ္ဘဝမွာအဆင္မေျပဘူး ဆိုတာလည္း PDF ေတြဝင္ဖူးတဲ့ၿမိဳ႕ထဲကလူေတြ အကုန္သေဘာေပါက္သြားၿပီေလ။ ကြၽန္ေတာ္တို႔ ပအိုဝ္းေတြလည္း သေဘာေပါက္သြားၿပီ။
ေမး - လက္နက္ကိုင္လမ္းစဥ္က တကယ္ပဲ သူတို႔ လိုခ်င္တာရႏိုင္မယ္ ယူဆလား။ ဥပမာ-သူတို႔ ေျပာတဲ့ စစ္အာဏာရွင္ခ်ဳပ္ၿငိမ္းေရးတို႔ေပါ့။ ကိုယ္ တိုင္ အေတြ႕အႀကဳံနဲ႔ ယွဥ္ေျပာရင္ေပါ့။
ေျဖ - အဲဒါက ဘယ္ေတာ့မွ မျဖစ္ႏိုင္ဘူး။ ကြၽန္ ေတာ္တို႔ တိုင္းရင္းသားေခါင္းေဆာင္ေတြ အၿမဲတမ္း ေျပာတာရွိတယ္ ခ်င္းျပည္နယ္ ဘယ္လိုနည္းလမ္းနဲ႔ ရတုံး။ ရခိုင္ျပည္နယ္ရတဲ့ နည္းလမ္းလည္း ဘယ္ လိုရတုံး။ မြန္ျပည္နယ္ကို ဘယ္လိုရတုံး။ သူ႔ သတ္မွတ္ေပးတဲ့ ခုႏွစ္ေတြရွိတယ္ေလ။ လက္နက္ ကိုင္ၿပီးရလာတဲ့ အသီးအပြင့္မွ မဟုတ္တာ။ ေနာက္ တစ္ခု လက္ရွိကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေတြ ဥပမာ ဝ၊ ကိုးကန႔္၊ ပေလာင္၊ ပအိုဝ္း၊ ဓႏု၊ နာဂ လက္နက္ကိုင္ၿပီး တိုက္ယူတဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တစ္ခုမွမပါဘူး။ ဘယ္ကေနလာတုံးဆို ရွင္းရွင္းေျပာရရင္ ႏိုင္ငံေတာ္ အဆင့္ကေန ေဆြးေႏြးအေျဖထုတ္ၿပီး ရလာတဲ့ ႏိုင္ငံေရးရလဒ္ေတြခ်ည္း။ အခု စစ္အာဏာရွင္ ခ်ဳပ္ ၿငိမ္းေရး လက္နက္ကိုင္လမ္းစဥ္ကေတာ့ ဘာမွရစရာ အေၾကာင္းမရွိဘူး။ ဒါ ကြၽန္ေတာ္တို႔ျမင္တာ ေျပာ တာ။
ေမး - လက္နက္ကိုင္လမ္းစဥ္က အမွန္လို႔ယူဆ ေနတဲ့ ျပည္သူကိုေကာ ဘယ္လိုသတင္းစကားေပး ခ်င္လဲ။
ေျဖ - ရွင္းရွင္းေျပာရရင္ ကြၽန္ေတာ္တို႔ တိုင္းရင္းသား ေတြ အဓိကဒုကၡေရာက္ေနတဲ့ ျပႆနာႏွစ္ခုရွိတယ္။ ဒါဒီအေျခအေနမေရာက္ခင္ကေပါ့။ နံပါတ္တစ္က စစ္ေရးပဋိပကၡ၊ နံပါတ္ႏွစ္က မူးယစ္ေဆးဝါး ကြၽန္ ေတာ္တို႔ တိုင္းရင္းသားေဒသမွာ။ ရွင္းရွင္းေျပာရရင္ ကြၽန္ေတာ္တို႔တိုင္းရင္းသားလူမ်ိဳးေတြ ဒုကၡေရာက္ ရတာ အဓိက ဒီႏွစ္ခ်က္ပဲ။ အဲဒီေတာ့ စစ္ေရးကို အားေပးေနမယ္ဆိုရင္ ကြၽန္ေတာ္တို႔ဘဝ အနာဂတ္ ဆိုတာ ဘာမွမရွိေတာ့ဘူး။ စစ္ေရးပဋိပကၡမရွိဘူး။ တရားဥပေဒစိုးမိုးလာၿပီဆိုရင္ မူးယစ္ေဆးဝါးကို ႏိုင္ႏိုင္နင္းနင္းလုပ္ႏိုင္မွ ကြၽန္ေတာ္တို႔ျပည္သူေတြ အဆင္ေျပမွာ။ လက္နက္ကိုင္လမ္းစဥ္နဲ႔ ေအာင္ပြဲ ရမယ္ဆိုတာ ဒီတစ္သက္မေျပာနဲ႔ ဆယ္သက္လည္း မျဖစ္ႏိုင္ဘူး။
ေမး - အထူးေဒသေတြရွိတာမွာ အထူးေဒသ အားလုံးက ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚ တက္ထား ၿပီးသားေတြ။ အထူးေဒသ ဥေသွ်ာင္ေတြအေနနဲ႔ မူလကတိကို လိုက္နာဖို႔လိုမယ္ယူဆလား။
ေျဖ - အဲဒါေတာ့ ယူဆတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ တပ္မေတာ္အစိုးရ အဲဒီတုန္းက နဝတ အစိုးရေပါ့ အထူးေဒသေတြ သတ္မွတ္ေပးတယ္။ သတ္မွတ္ေပးၿပီး အဲဒီအထူးေဒသမွာရွိတဲ့ တိုင္းရင္း သားျပည္သူေတြ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ အဲဒီတုန္းက နယ္စပ္ေဒသ တိုင္းရင္းသားလူမ်ိဳးမ်ားဖြံ႕ၿဖိဳးေရး ဆိုတဲ့ ဝန္ႀကီးဌာနေတာင္ဖြဲ႕ထားတယ္။ ႏိုင္ငံေတာ္ အဆင့္လုပ္ငန္းေကာ္မတီေတာင္ ဖြဲ႕ထားတာ။ အဲဒီလို ဖိဖိစီးစီးလုပ္ထားေပးတာ။ ရွင္းရွင္းေျပာရရင္ ဒီႏိုင္ငံ ေတာ္ရဲ႕ အထူးေဒသတိုင္း ဖြံ႕ၿဖိဳးတိုးတက္ဖို႔ေက်းဇူးနဲ႔ ဒီအေျခအေနအထိ ေရာက္လာတာ။ ဒါေပမဲ့ သြားေန တဲ့လုပ္ငန္းစဥ္က နဂိုမူလၿပီးဆုံးေအာင္ ဆက္မသြား ခင္မွာ ၾကားထဲ အေျခအေနေျပာင္းတာေတာ့ အား နည္းခ်က္တစ္ခု ရွိတာေပါ့။ ဥပမာ-တပ္မေတာ္ အစိုးရကလုပ္ထားတယ္။ ေနာက္ပိုင္း (၂၀ဝ၈)အေျခခံဥပေဒေပၚလာေတာ့ လႊတ္ေတာ္ရယ္ အစိုးရ ရယ္ တရားစီရင္ေရးရယ္ သုံးပိုင္းျဖစ္လာတယ္။ ႀကံ့ခိုင္ေရးအစိုးရကေန NLD အစိုးရ ေျပာင္း သြားတယ္။ အဲဒီၾကားထဲမွာ ရွင္းရွင္းေျပာရရင္ NCA ဆိုတာက ထပ္ဝင္လာတာ။ အရင္တုန္းက သူတို႔ တည္ထားတဲ့ပုံစံနဲ႔ ေနာက္ပိုင္း ျဖစ္ေပၚေျပာင္းလဲတဲ့ ပုံစံက ကြၽန္ေတာ္ျမင္တာေတာ့ ခ်ိတ္ဆက္မႈ ဟသြား တယ္ ျမင္တယ္။
ေမး - တခ်ိဳ႕အထူးေဒသက ျပည္နယ္လို႔ေျပာတာ ၾကားဖူးပါလိမ့္မယ္။ အထူးေဒသနဲ႔ ျပည္နယ္ကြာျခား ခ်က္နဲ႔ အထူးေဒသက ျပည္နယ္ျဖစ္ဖို႔လိုလား ဘယ္ လို ျမင္ပါသလဲ။
ေျဖ - အဲဒါေတာ့မဆိုင္ပါဘူး။ အထူးေဒသလို႔ ႏိုင္ငံေတာ္ကသတ္မွတ္တာက ဖြံ႕ၿဖိဳးေရးလုပ္ဖို႔ သတ္မွတ္တာ။ ေဒသဖြံ႕ၿဖိဳးေရး ထိထိမိမိလုပ္ဖို႔ သတ္မွတ္တာ။ ႏိုင္ငံေတာ္က အထူးလုပ္ေပးဖို႔လိုတဲ့ ေဒသေပါ့။ ျပည္နယ္ျဖစ္ဖို႔ဆိုရင္ သူ႔လူမ်ိဳးရဲ႕အဂၤါ ရပ္နဲ႔ အရည္အခ်င္းနဲ႔ ျပည္နယ္ျဖစ္ဖို႔လိုတယ္ ဘာ ညာ ဒါေတြကေတာ့ ေခါင္းေဆာင္ပိုင္းေတြ၊ လူႀကီး ပိုင္းေတြ စဥ္းစားရမယ့္ ကိစၥေပါ့။
ေမး - အထူးေဒသ တခ်ိဳ႕က အရင္သတ္မွတ္ထားတဲ့ စာခ်ဳပ္ေတြ၊ စည္းကမ္းေတြကိုခ်ိဳးေဖာက္တာမ်ိဳး ရွိတယ္လို႔ သိရတယ္။
ေျဖ - ကြၽန္ေတာ္သိသေလာက္ စာခ်ဳပ္မရွိဘူး။ ယုံၾကည္မႈနဲ႔ ဥပမာ-ကြၽန္ေတာ္တို႔ဆို အထူးေဒသ (၆)ေပါ့။ ကြၽန္ေတာ္တို႔နဲ႔ ႏိုင္ငံေတာ္ၾကားမွာ ယုံၾကည္ မႈနဲ႔ လက္တြဲ အလုပ္လုပ္တာ။ က်န္တဲ့ အထူးေဒသ ေတြလည္း ႏိုင္ငံေတာ္နဲ႔ ယုံၾကည္မႈနဲ႔ လုပ္တာေပါ့။ အဲဒီအခ်ိန္က။
ေမး - အထူးေဒသေတြက ႏိုင္ငံေတာ္ရဲ႕အင္အားပဲ ျဖစ္ဖို႔သင့္တယ္လို႔ နားလည္ထားတာေပါ့။ တခ်ိဳ႕ အထူးေဒသေတြက အခြင့္အေရးရရင္ရသလို ႏိုင္ငံ ေတာ္အေျခအေနေပၚမူတည္ၿပီး အျမတ္ထုတ္ဖို႔ ႀကိဳးစားတာလည္း ေတြ႕ေနရတယ္။ ဒါကိုေကာ ဘယ္ လိုျမင္လဲခင္ဗ်။
ေျဖ - ကြၽန္ေတာ္ျမင္တာေတာ့ ရွင္းရွင္းေျပာရရင္ ကြၽန္ေတာ္တို႔ ႏိုင္ငံေတာ္ အင္အားေတာင့္ဖို႔လိုတယ္။ ႏိုင္ငံေတာ္အင္အားေလ်ာ့တဲ့အခ်ိန္ ဒါမ်ိဳးေတြျဖစ္လာတာ။ ႏိုင္ငံေတာ္အဆင့္ အင္အားေတာင့္တင္းလာရင္ ဒါေတြက Minor case ေတြ ျဖစ္သြားမွာေပါ့။ ရွင္းရွင္းေျပာရရင္ ပင္မႏိုင္ငံေတာ္ကအင္အား ေကာင္းလာၿပီဆိုရင္ ဒါေတြက သိပ္ျပႆနာမရွိဘူး။ ေျပာလို႔ဆိုလို႔လည္း ပိုလြယ္တာေပါ့။ ေဆြးေႏြးရင္ လည္း အေျဖရ ျမန္တာေပါ့။ အခုက ရွင္းရွင္းေျပာရရင္ ကြၽန္ေတာ္တို႔ႏိုင္ငံ စည္းလုံးမႈအားနည္းခ်ိန္ ဒါေတြက ျဖစ္လာတာ။ စည္းလုံးမႈအားေကာင္းရင္ တျဖည္း ျဖည္း နည္းသြားမွာ။ ဒါေတာ့ အဲဒီလိုပဲ ျဖစ္မွာ။
ေမး - ပအိုဝ္းအဖြဲ႕အစည္းကို ျပည္ပက ျပည္ပ ပညာရွင္ေခၚသင္တယ္တို႔၊ စစ္အင္အားတိုးခ်ဲ႕တယ္ တို႔ မ်ိဳးစုံေပါ့ ထိုးႏွက္ၾကတယ္။ ဘယ္လိုမွတ္ခ်က္ ေပးခ်င္လဲ။
ေျဖ - ကြၽန္ေတာ္တို႔က ၾကားဖူးတာတစ္ခုရွိတယ္။ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ သူ႔ေခတ္သူ႔အခါတုန္းက အဲဒီတုန္းက ေထာက္လွမ္းေရးေခတ္။ ေထာက္လွမ္း ေရးက တစ္ေန႔တစ္ေန႔ ေထာက္လွမ္းေရး ရီပို႔ ဗိုလ္ခ်ဳပ္မႉးႀကီးစားပြဲမွာ လာတင္တာ နည္းတာ မဟုတ္ဘူး။ ညေနဆို အဲဒီရီပို႔ေတြကို အမႈိက္ျခင္းထဲ ထည့္တာ။ အဘ မဖတ္ေတာ့ဘူးလားဆိုေတာ့ မဖတ္ ေတာ့ဘူးေလ အဲဒီရီပို႔ေတြက ဘာေတြလဲဆို ဘီဘီစီ၊ ဗီအိုေအ ႏိုင္ငံတကာ သတင္းဌာနေတြက ေျပာတဲ့ဟာ ေတြေပါ့။ ဗိုလ္ခ်ဳပ္မႉးႀကီးမေကာင္းေၾကာင္း ေျပာတာ၊ ျမန္မာႏိုင္ငံမေကာင္းေၾကာင္းေျပာတာ တစ္ခုမွမဖတ္ ဘူး အမႈိက္ျခင္းထဲပစ္ထည့္တယ္။ အဘ မဖတ္ေတာ့ ဘူးလားဆို ဖတ္လည္း ဘာထူးမတုံး ငါတို႔မေကာင္း ေၾကာင္းေျပာတဲ့ဟာ။ ငါဖတ္ရင္ ငါ့အခ်ိန္ကုန္တယ္။ ငါ့ကိုေဝဖန္တာက သူတို႔အလုပ္၊ ငါလုပ္စရာရွိတာ လုပ္တာက ငါ့အလုပ္ ကြၽန္ေတာ္က အဲဒါၾကားဖူးတယ္။ ငါက ဘာမူကိုင္ထားသလဲသိလား ဥေပကၡာမူ။ အဲဒါမ်ိဳးကို ေခါင္းထဲမထည့္ဘူး ဥေပကၡာျပဳတယ္။ ကြၽန္ေတာ္တို႔လည္း အဲဒါကိုင္ထားတယ္။ ကြၽန္ေတာ္ တို႔ PNO ရယ္၊ PNA ရယ္၊ ျပည္သူေတြရယ္၊ ရဟန္းသံဃာေတြရယ္ ကြၽန္ေတာ္တို႔ လုပ္စရာရွိတာ လက္တြဲလုပ္သြားမယ္။ ေဝဖန္တာ သူ႔အလုပ္ လုပ္စ ရာရွိတာ ကြၽန္ေတာ္တို႔ လုပ္မယ္။ ျပန္ေခ်ပဖို႔ဆိုတာ တခ်ိဳ႕ကမတန္ဘူးေလ။ တခ်ိဳ႕က အဆင့္မရွိဘူး။ ျပန္ေခ်ဖို႔မတန္ဘူး အဲဒါမ်ိဳးဆို ဥေပကၡာျပဳတယ္။ တခ်ိဳ႕က ျပန္ေခ်ဖို႔လိုတယ္။ အခ်က္အလက္နဲ႔ ေျပာလာရင္ ျပန္ေခ်ႏိုင္တဲ့မီဒီယာ၊ ေနာက္ၿပီးေတာ့ ပေလယာေတြလိုတာေပါ့။ အဲဒီလိုမရွိဘဲ ေသခ်ာျပန္ ေခ်လို႔လည္းမရဘူး။ အခုက PNO ဘက္ေပါင္းစုံ အရည္အေသြးတက္ဖို႔ နည္းလမ္းေပါင္းစုံနဲ႔ ႀကိဳးစား တာေပါ့။ ႀကိဳးစားေနတဲ့ကာလ။ တခ်ိဳ႕က်ေတာ့လည္း အဆင္ေျပသြားတာရွိတယ္။ တခ်ိဳ႕က ႐ုန္းကန္ေန ရတုန္းရွိတယ္။ တခ်ိဳ႕က စမ္းတဝါးဝါးရွိတယ္။ ကြၽန္ ေတာ္တို႔ကေတာ့ မ်ိဳးစုံလုပ္ထားတယ္။ ကြၽန္ေတာ္တို႔ ေထာက္လွမ္းေရးတပ္ေတာင္ ဖြဲ႕ထားတယ္။ နည္းပ ညာတပ္ဖြဲ႕ထားတယ္ အဲဒီလိုလုပ္ထားတယ္။ ကြၽန္ေတာ္တို႔ရည္မွန္းတာက ဆိုက္ဘာလုံၿခဳံေရး ေတာင္ ရည္မွန္းထားတယ္။
ေမး - ဒါေတြက ပအိုဝ္းေဒသလုံၿခဳံေရး၊ ကာကြယ္ေရး ဒီအတြက္ပဲေပါ့။
ေျဖ - ဒီအတြက္ပဲ။ ကြၽန္ေတာ္တို႔ကေတာ့ ဒီေဒသ ကာကြယ္ဖို႔၊ တိုးတက္ဖို႔၊ ၿငိမ္းခ်မ္းဖို႔။ ေနာက္ဆုံး ရည္႐ြယ္ခ်က္ကေတာ့ႏိုင္ငံေတာ္ကို အေထာက္အပံ့ ျပဳႏိုင္ဖို႔။
ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.