ပင်စင်စားများအတွက် လဝကဝန်ထမ်းများကွင်းဆင်းဆောင်ရွက်ပေးသွားမည်

 1567

သက်ပိုင်(NP News) ဇူလိုင် - ၂၃
နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအနေဖြင့် ပင်စင်လစာထုတ်ယူရာ၌ လူပုဂ္ဂိုလ်စိစစ်မှုအား တိကျမှန်ကန်မြန်ဆန်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများက သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်များသို့ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရသည်။
ယခုကဲ့သို့ ဆောင်ရွက်ပေးမှုကို ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ယင်းလုပ်ငန်းစဉ်အား သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်များ၌ One-Stop Service ဖြင့် နေ့ချင်းပြီး အဆင်ပြေစွာ ဆောင်ရွက်ပေးမည်ဖြစ်သောကြောင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနေဖြင့် UID လျှောက်ထားရယူမှုအပေါ် စိုးရိမ်ပူပန်မှုမရှိဘဲ အဆင်ပြေလွယ်ကူစွာ သွားရောက်ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
လက်ရှိတွင် မြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်လစာထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအနေဖြင့် ပင်စင်လစာထုတ်ယူရာ၌ လူပုဂ္ဂိုလ်စိစစ်မှုအား တိကျမှန်ကန်မြန်ဆန် စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ e-ID စနစ်တို့ချိတ်ဆက်၍ ခေတ်မီနည်းပညာအသုံးပြု စိစစ်ဆောင်ရွက်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးများက အငြိမ်းစားဝန်ထမ်းများ၏ Biographic/Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် မြန်မာ့စီးပွားရေးဘဏ် (၁၇၁) ခု တွင် UID နံပါတ် ရပြီးသူ အငြိမ်းစားများထံမှ အချက်အလက်များကို ရယူထည့်သွင်းကို ဆောင်ရွက်လျက်ရှိပြီး UID နံပါတ် ရရှိခြင်း၊ မရှိသေးသူများအတွက်လည်း ဆက်သွယ်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နေကြောင်းနှင့် အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် အခြား အုပ်ချုပ်မှုဆိုင်ရာကိစ္စအခက်အခဲများကြောင့် UID နံပါတ် မရရှိသေးသူများ၏ အငြိမ်းစားလစာများကိုလည်း ယခင်ထုတ်ယူနေ ကျအတိုင်း မြန်မာ့စီးပွားရေးဘဏ်များတွင် စီစဉ်ထုတ်ပေးလျက်ရှိကြောင်းကိုလည်း ထုတ်ပြန်ထားသည်။

Zawgyi Version:
ပင္စင္စားမ်ားအတြက္ လဝကဝန္ထမ္းမ်ားကြင္းဆင္းေဆာင္႐ြက္ေပးသြားမည္
သက္ပိုင္(NP News) ဇူလိုင္ - ၂၃
ႏိုင္ငံ့ဝန္ထမ္း အၿငိမ္းစားမ်ားအေနျဖင့္ ပင္စင္လစာထုတ္ယူရာ၌ လူပုဂၢိဳလ္စိစစ္မႈအား တိက်မွန္ကန္ျမန္ဆန္ေစေရးအတြက္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန၊ ၿမိဳ႕နယ္ဦးစီးမႉး႐ုံးမ်ားမွ ဝန္ထမ္းမ်ားက သက္ဆိုင္ရာျမန္မာ့စီးပြားေရးဘဏ္မ်ားသို႔ ကြင္းဆင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနထုတ္ျပန္ခ်က္အရ သိရသည္။
ယခုကဲ့သို႔ ေဆာင္႐ြက္ေပးမႈကို ဇူလိုင္လ ၂၃ ရက္ေန႔မွ စတင္ကာ ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္းႏွင့္ ယင္းလုပ္ငန္းစဥ္အား သက္ဆိုင္ရာျမန္မာ့စီးပြားေရးဘဏ္မ်ား၌ One-Stop Service ျဖင့္ ေန႔ခ်င္းၿပီး အဆင္ေျပစြာ ေဆာင္႐ြက္ေပးမည္ျဖစ္ေသာေၾကာင့္ ႏိုင္ငံ့ဝန္ထမ္းအၿငိမ္းစားမ်ားအေနျဖင့္ UID ေလွ်ာက္ထားရယူမႈအေပၚ စိုးရိမ္ပူပန္မႈမရွိဘဲ အဆင္ေျပလြယ္ကူစြာ သြားေရာက္ေဆာင္႐ြက္ႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
လက္ရွိတြင္ ျမန္မာ့စီးပြားေရးဘဏ္မ်ားတြင္ ပင္စင္လစာထုတ္ယူလ်က္ရွိေသာ ႏိုင္ငံ့ဝန္ထမ္း အၿငိမ္းစားမ်ားအေနျဖင့္ ပင္စင္လစာထုတ္ယူရာ၌ လူပုဂၢိဳလ္စိစစ္မႈအား တိက်မွန္ကန္ျမန္ဆန္ ေစေရးအတြက္ ျမန္မာ့စီးပြားေရးဘဏ္၏ Centralized e-Pension စနစ္ႏွင့္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန၏ e-ID စနစ္တို႔ခ်ိတ္ဆက္၍ ေခတ္မီနည္းပညာအသုံးျပဳ စိစစ္ေဆာင္႐ြက္ႏိုင္ရန္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ သက္ဆိုင္ရာ ၿမိဳ႕နယ္ဦးစီးမႉး႐ုံးမ်ားက အၿငိမ္းစားဝန္ထမ္းမ်ား၏ Biographic/Biometric ေကာက္ယူကာ Unique ID နံပါတ္ထုတ္ေပးျခင္းလုပ္ငန္းကို ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ထို႔အျပင္ ျမန္မာ့စီးပြားေရးဘဏ္ (၁၇၁) ခု တြင္ UID နံပါတ္ ရၿပီးသူ အၿငိမ္းစားမ်ားထံမွ အခ်က္အလက္မ်ားကို ရယူထည့္သြင္းကို ေဆာင္႐ြက္လ်က္ရွိၿပီး UID နံပါတ္ ရရွိျခင္း၊ မရွိေသးသူမ်ားအတြက္လည္း ဆက္သြယ္ေဆာင္႐ြက္ျခင္းတို႔ကို လုပ္ေဆာင္ေနေၾကာင္းႏွင့္ အသက္အ႐ြယ္၊ က်န္းမာေရးအေျခအေနႏွင့္ အျခား အုပ္ခ်ဳပ္မႈဆိုင္ရာကိစၥအခက္အခဲမ်ားေၾကာင့္ UID နံပါတ္ မရရွိေသးသူမ်ား၏ အၿငိမ္းစားလစာမ်ားကိုလည္း ယခင္ထုတ္ယူေန က်အတိုင္း ျမန္မာ့စီးပြားေရးဘဏ္မ်ားတြင္ စီစဥ္ထုတ္ေပးလ်က္ရွိေၾကာင္းကိုလည္း ထုတ္ျပန္ထားသည္။

Picture

UMyat KoKo

22/07/2025 22:55

U I D နံပါတ်ကိုမသိပါ။ဘာကိုဆိုလိုတာလည်းဗျ။

Related news

© 2021. All rights reserved.