ရေတပ်စစ်ရေးလေ့ကျင့်မှုကြီးတစ်ခုကို ရုရှားအစိုးရ စတင်

985

Pika (NP News) - ဇူလိုင် ၂၄
ရုရှားနိုင်ငံဟာ ပစိဖိတ်နဲ့ အာတိတ်သမုဒ္ဒရာ၊ ဘော်လ်တစ်နဲ့ ကတ်စပီယန်ပင်လယ်ပြင်တို့မှာ သင်္ဘောအစီးရေ (၁၅၀) ကျော် နဲ့ စစ်ဘက်ဆိုင်ရာဝန်ထမ်း(၁၅၀၀၀)ပါဝင်တဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှုကြီးတစ်ခုကို ဇူလိုင်လ (၂၃) ရက်မှာ စတင်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ(၂၃)ရက်ကနေ (၂၇)ရက်အထိ လုပ်ဆောင်မယ့် “July Storm” စစ်ရေးလေ့ကျင့်ခန်းဟာ စံချိန်မီတဲ့ စစ်ဆင်ရေးတွေ၊ တာဝေးပစ်လက်နက်တွေအသုံးပြုမှုနဲ့မောင်းသူမဲ့စနစ်တွေပါဝင်တဲ့ အခြားအဆင့်မြင့်နည်းပညာ တွေအတွက် ရေယာဉ်စုရဲ့အဆင်သင့်ဖြစ်မှုတွေကို စမ်းသပ်သွားမှာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက “ပင်လယ်ပြင်မှာ သင်္ဘောသားတွေဟာ တိုက်ခိုက်ရေးဧရိယာတွေမှာ ဖြန့်ကျက် ချထားတာ၊ ရေငုပ်သင်္ဘောဆန့်ကျင်ရေးစစ်ဆင်ရေးတွေ၊ ဖြန့်ကျက်ချထားတဲ့ဧရိယာတွေနဲ့ စီးပွားရေးဆိုင်ရာ နယ်မြေတွေကို ခုခံကာကွယ်တဲ့လေကျင့်ခန်းတွေကို လေ့ကျင့်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။ အဲဒီစစ်ရေး လေ့ကျင့်မှုတွေအတွင်း လေကြောင်းတိုက်ခိုက်ရေးစစ်လက်နက်ပစ္စည်းတွေ၊မောင်းသူမဲ့လှေတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေကို တုံ့ပြန်မှုတွေလုပ်ဆောင်နိုင်ဖို့ လေ့ကျင့်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် စစ်ရေးလေ့ကျင့်မှုအတွင်း လေယာဉ်အစင်းရေ(၁၂၀)ကျော်နဲ့ ကမ်းရိုးတန်းဒုံးကျည်စနစ်(၁၀)ခု ပါဝင်လိမ့်မယ်လို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ေရတပ္စစ္ေရးေလ့က်င့္မႈႀကီးတစ္ခုကို ႐ုရွားအစိုးရ စတင္
Pika (NP News) - ဇူလိုင္ ၂၄
႐ုရွားႏိုင္ငံဟာ ပစိဖိတ္နဲ႔ အာတိတ္သမုဒၵရာ၊ ေဘာ္လ္တစ္နဲ႔ ကတ္စပီယန္ပင္လယ္ျပင္တို႔မွာ သေဘၤာအစီးေရ (၁၅၀) ေက်ာ္ နဲ႔ စစ္ဘက္ဆိုင္ရာဝန္ထမ္း(၁၅၀၀၀)ပါဝင္တဲ့ ေရတပ္စစ္ေရးေလ့က်င့္မႈႀကီးတစ္ခုကို ဇူလိုင္လ (၂၃) ရက္မွာ စတင္ခဲ့တယ္လို႔ သိရပါတယ္။
ဇူလိုင္လ(၂၃)ရက္ကေန (၂၇)ရက္အထိ လုပ္ေဆာင္မယ့္ “July Storm” စစ္ေရးေလ့က်င့္ခန္းဟာ စံခ်ိန္မမွီတဲ့ စစ္ဆင္ေရးေတြ၊ တာေဝးပစ္လက္နက္ေတြအသုံးျပဳမႈနဲ႔ေမာင္းသူမဲ့စနစ္ေတြပါဝင္တဲ့ အျခားအဆင့္ျမင့္နည္းပညာ ေတြအတြက္ ေရယာဥ္စုရဲ႕အဆင္သင့္ျဖစ္မႈေတြကို စမ္းသပ္သြားမွာျဖစ္တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက “ပင္လယ္ျပင္မွာ သေဘၤာသားေတြဟာ တိုက္ခိုက္ေရးဧရိယာေတြမွာ ျဖန႔္က်က္ ခ်ထားတာ၊ ေရငုပ္သေဘၤာဆန႔္က်င္ေရးစစ္ဆင္ေရးေတြ၊ ျဖန႔္က်က္ခ်ထားတဲ့ဧရိယာေတြနဲ႔ စီးပြားေရးဆိုင္ရာ နယ္ေျမေတြကို ခုခံကာကြယ္တဲ့ေလက်င့္ခန္းေတြကို ေလ့က်င့္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။ အဲဒီစစ္ေရး ေလ့က်င့္မႈေတြအတြင္း ေလေၾကာင္းတိုက္ခိုက္ေရးစစ္လက္နက္ပစၥည္းေတြ၊ေမာင္းသူမဲ့ေလွေတြ၊ ဒ႐ုန္းေတြနဲ႔ တိုက္ခိုက္တာေတြကို တုံ႔ျပန္မႈေတြလုပ္ေဆာင္ႏိုင္ဖို႔ ေလ့က်င့္ေပးသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ စစ္ေရးေလ့က်င့္မႈအတြင္း ေလယာဥ္အစင္းေရ(၁၂၀)ေက်ာ္နဲ႔ ကမ္း႐ိုးတန္းဒုံးက်ည္စနစ္(၁၀)ခု ပါဝင္လိမ့္မယ္လို႔လည္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။