ဇူလိုင်(၃၁) ကာ/လုံအတွင်းမှ ထွက်ပေါ်လာနိုင်သော ဆုံးဖြတ်ချက်များကို ခန့်မှန်းခြင်း

11974

မျိူးမင်း (မကျည်းလဟာ) (NP News)
ဇူလိုင်(၃၁)ရက်တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေးရှိ၏။ ထိုအစည်းအဝေးသည် ယခင် (၆) လတစ်ကြိမ် အ စည်းအဝေးများထက်ပို၍ ထူးခြားမည်။ (၂၀၂၅) ခုနှစ် ဒီဇင်ဘာနောက်ဆုံးပတ်မှ (၂၀၂၆) ခုနှစ် ဇန်နဝါရီ တတိယပတ်အတွင်း ရွေးကောက်ပွဲ ကျင်းပ ပေးမည် ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ကတိကဝတ်ပေးခဲ့ခြင်းကြောင့် ယခင် အစည်း အဝေးများထက်ပို၍ ထူးခြားမည်ဟု ပြောနိုင် ခြင်းပင်။ ထိုအစည်းအဝေးမှတစ်ဆင့် ပေါ်ပေါက်လာနိုင် ခြေရှိသော အလားအလာများကို ယခုကဲ့သို့ သုံးသပ်ကြည့်ချင်မိ၏။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းခြင်း
နစက ဟုခေါ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် (၂၀၂၁) ခုနှစ် နိုင်ငံရေး ပြဿနာ အတွင်း ကာ/လုံမှတစ်ဆင့် မွေးဖွားသန့်စင် ပေးလိုက်သော နိုင်ငံတော်အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်၏။ (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီ(၁)ရက်က ကျင်းပ ခဲ့သော ကာ/လုံသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အာ ဏာသုံးရပ်လုံးကို အပ်နှင်းခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ (၄၁၇) ၊ ပုဒ်မ (၄၁၈) (က)အရ အာဏာ သုံးရပ်လုံး ကိုင်တွယ်ကျင့်သုံးခွင့်ရခဲ့သော တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်က ပုဒ်မ (၄၁၉) ကို အသုံးပြု၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့ စည်းခဲ့၏။ ထိုကောင်စီတွင် ၎င်းက ဥက္ကဋ္ဌ ရာထူးကို ရယူထားသည်။ ရိုးရှင်းစွာ ဆိုရလျှင် ကာ/လုံသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အာဏာ အပ် နှင်းခဲ့ခြင်းဖြစ်ပြီး ထိုတပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုသော အဖွဲ့အစည်းဖြင့် အာဏာကို ခွဲဝေကျင့်သုံး၏။ တစ် နည်းအားဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကြောင့်သာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ် ပေါက်လာရခြင်းဖြစ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဖျက်သိမ်းလိုလျှင် အဆုံးသတ်သွားမည် လည်းဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်သူ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပမည်ဟု ကတိကဝတ်ပြုလာခြင်းသည် နစကဆိုသောအဖွဲ့အစည်းကို မကြာမီ ပယ် ဖျက်သွားမည်ဟု သွယ်ဝိုက်၍ အသိပေးသကဲ့သို့ပင် မှတ်ယူနိုင်သည်။ ထို့အတွက်ကြောင့် ဇူလိုင်(၃၁)ရက် ကာ/လုံတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်း၏ အာဏာသုံးရပ်လုံးကို ကာ/လုံထံ ပြန်လည် အပ်နှံပါသည်ဟု ထည့်သွင်းပြောကြားနိုင်ခြေများနေပြီး ကာ/လုံကလည်း တစ်ထိုင်တည်း လက်ခံနိုင်ခြေ ရှိသည်။ ထူးခြားသည်မှာ ကာ/လုံ၏ ခေါင်းဆောင်သည် ယာယီသမ္မတ ဦးမြင့်ဆွေ ဖြစ်သော်လည်း တရားဝင်လွှဲအပ်ညွှန်ကြားချက်အရ ဦးမြင့်ဆွေ၏တာဝန်များကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သာ လျှင် ယာယီထမ်းဆောင်ပေးနေရပြန်သည်။
တစ်နည်းအားဖြင့်ဆိုရသော် ယာယီသမ္မတ၏ တာဝန်များကို ယာယီထမ်းဆောင်ပေးနေရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာ/လုံအဖွဲ့ဝင် များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်၏အခြေအနေ များအကြောင်း အစီအရင်ခံ တင်ပြသကဲ့သို့ ဖြစ် နေ၏။ မည်သို့ပင်ဖြစ်စေ သတ်မှတ်ကြေညာထားသည့် အတိုင်း ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပမည် ဆိုပါက ပုဒ်မ (၄၂၆) ကို အသုံးပြုရမည်ဖြစ်သည်။ အဆိုပါ ပုဒ်မကို ကျင့်သုံးပါက တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် နိုင်ငံတော်၏ အာဏာသုံးရပ်လုံးကို ကျင့်သုံးခွင့် မရှိတော့ပေ။ တပ်မတော်ကာကွယ် ရေဦးစီးချုပ်က ၎င်းအားပေးအပ်ထားသော အာဏာသုံးရပ်ကို ကာ/လုံထံ ပြန်လည်အပ်နှံလိုက်သည်နှင့် ၎င်း ဦးဆောင်ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံချုပ်ရေးကောင်စီသည်လည်း အလိုအလျောက် ပျက်ပြယ်ပြီ ဟု မှတ်ယူနိုင်သည်။ ထို့အတွက်ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ဖျက်သိမ်းခြင်း ဆို သည်ကို ဇူလိုင်လ (၃၁)ရက် ညပိုင်း သို့မဟုတ် ဩဂုတ်လ(၁)ရက် နံနက်ခင်းပိုင်း နိုင်ငံတော်ပြန်တမ်းများ တွင် မြင်တွေ့ကြားသိရနိုင်၏။ သို့သော် ဥပဒေအတွင်းမှ ယိုပေါက်များကိုလည်း မေ့မထားသင့်ပေ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို မဖျက်သိမ်းဘဲ ထားရှိခြင်း
ထူးခြားသည့်အချက်ဟု ဆိုနိုင်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းခဲ့သော အဆိုပါကောင်စီသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာသုံးရပ်လုံး ပြန်လည်အပ်နှံလိုက် သည့် တိုင် ကာ/လုံ၏ ဆုံးဖြတ်ချက်ဖြင့် ဆက်လက်တည်ရှိ နိုင်ခြင်းပင်။ ကာ/လုံသည် ပုဒ်မ (၄၂၆) အရ အာဏာပြန်လည်အပ်နှံခံရပြီးနောက် ပုဒ်မ (၄၂၉) အရ (၆) လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရ မည်ဖြစ်သည်။ အာဏာကိုင်တွယ်ကျင့်သုံးမှု၌ ပုဒ်မ (၄၂၇) ကလည်း ရှိနေပြန်၏။ ရွေးကောက်ပွဲမှ တစ် ဆင့် လွှတ်တော်များပေါ်ပေါက်လာလျှင်ပင် ပုဒ်မ (၄၂၇) (ခ)အရ နိုင်ငံတော်သမ္မတအသစ် ရွေးကောက် တင်မြှောက်ပြီးသည်အထိ နိုင်ငံတော်အာဏာကို ကာ/လုံက ကိုင်တွယ်ကျင့်သုံးခွင့်ရှိနေပြီး အာဏာ သုံး ရပ်ထဲမှ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာဏာကို သင့် လျော်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းများထံ ပေးအပ် ခွင့် ရှိနေသေးသည်။ သို့သော်လည်း နစကကို မဖျက်သိမ်းဘဲ ထားခြင်းသည် မလိုလားအပ်သော ရှုပ်ထွေး မှုများ ဖြစ်လာနိုင်သည့်အတွက် စဉ်းစားနိုင်ခြေ နည်းပါး၏။
ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ အစိုးရလား၊ အိမ်စောင့်အစိုးရလား
ဇူလိုင်လ(၃၁)ရက် ကာ/လုံအတွင်း၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာသုံးရပ်ကို ပြန်လည် အပ်နှံလိုက်ပြီဆိုသည်နှင့် ရွေးကောက်ပွဲ ကျင်းပမည်ဆိုသော ကတိကဝတ်သည်လည်း ရာနှုန်း ပြည့်ခိုင်မာသွားပြီဟု ဆိုနိုင်သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အာဏာပြန်အပ်မှသာလျှင် ရွေး ကောက်ပွဲကျင်းပမည့်ကိစ္စက စိတ်ချရမည်လည်း ဖြစ် သည်။ ၎င်းက အာဏာပြန်မအပ်သေးလျှင် ပုဒ်မ (၄၂၅) အရ သက်တမ်း(၆)လ ထပ်တိုးပေးလိုက်ရခြင်းသာ ဖြစ်လာနိုင်ပြီး ရွေးကောက်ပွဲက အလှမ်းဝေး နေဦးမည်ဖြစ်၏။ သို့သော်လည်း ကတိကဝတ်အရဆိုလျှင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကာ/လုံ ထံ မဖြစ်မနေ အာဏာပြန်အပ်ရမည်ဖြစ်သည်။ ထိုကဲ့သို့ အာဏာအပ်ပါက ပုဒ်မ (၄၂၉) အရ (၆) လ အတွင်း ရွေးကောက်ပွဲ မဖြစ်မနေကျင်းပပေးရမည်ဟု (၂၀ဝ၈) ဥပဒေက ပြဋ္ဌာန်းပေးထားသည်။ ကာ/ လုံ အနေဖြင့် (၂၀၂၅) ခုနှစ် ဩဂုတ်လ(၁)ရက်မှ (၂၀၂၆) ခုနှစ် ဇန်နဝါရီလ(၃၁)ရက်ဆိုသည့် (၆)လတာ အတွင်း ရွေးကောက်ပွဲကျင်းပပေးရတော့မည်ဖြစ်၏။ ကာ/လုံထဲမှ အာဏာအရှိဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်ကလည်း ဇွန်လ (၂၅-၂၆-၂၇) ငြိမ်းချမ်းရေးဖိုရမ်အတွင်း၌ ရွေးကောက်ပွဲ ကတိကဝတ်ကို ပေးအပ်ခဲ့ပြီးဖြစ်သည်။ ဤနေရာတွင် (၂၀ဝ၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေရ ရွေးကောက်ပွဲကျင်းပပေးရမည့် (၆)လတာကာလနှင့် အစိုးအရ အသစ် မပေါ်ပေါက်မီ စပ်ကြားကာလများကို မည်သည့်အုပ်ချုပ်မှုအဖွဲ့အစည်းဖြင့် အုပ်ချုပ်မည်နည်း ဆိုသည်ကလည်း စိတ်ဝင်စားဖွယ်ပင်။ ဥပဒေအရ ကာ/လုံက ဦးဆောင်အုပ်ချုပ်၍ရသည်ဆိုသော် လည်း ဝန်ကြီးဌာနများ၊ အစိုးရလုပ်ငန်းများကိုမူ ဆင့်ကဲအုပ်ချုပ်မှုစနစ် လိုအပ်နေမည်မှာ သေချာသည်။ ထို့ အတွက် (၂၀ဝ၈) က လမ်းပြထားသည်မှာ ဤသို့ပင်။ ပုဒ်မ (၄၂၇) (က)နှင့်(ခ) ပင် ဖြစ်၏။ ကာ/လုံက ဥပဒေပြုရေး အာဏာကို ကိုယ်တိုင်ကျင့်သုံးရမည်ဖြစ်ပြီး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို သင့်လျော် သည့် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းများဖွဲ့စည်း၍ လွှဲအပ်ကျင့်သုံးနိုင်သည်။ ပုဒ်မ (၄၂၈) ၊ (၄၃၀) နှင့် (၄၃၁) တို့သည်လည်း လာမည့် တစ်နှစ်နီးပါးအတွက် အုပ်ချုပ်မှု လမ်းပြမြေပုံဖြစ်လာ၏။ သို့ ဆိုလျှင် ရွေးကောက်ပွဲကျင်းပရေးနှင့်ကြား ကာလအုပ်ချုပ်ရေးအတွက် အစိုးရတစ်ရပ် အသစ်ဖွဲ့စည်းရ မည်လောဟု တွေးစရာရှိနေပြန်သည်။ ဤနေရာ၌ သတိထားမိမည်ဟု မထင်ရသော အုပ်ချုပ်မှု အဖွဲ့ အစည်းတစ်ခု ရှိနေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက (၂၀၂၁) ခုနှစ် ဩဂုတ်လ(၁)ရက် ပြန်တမ်းတွင် ထုတ်ပြန်ခဲ့ သော အိမ်စောင့်အစိုးရဆိုသော အဖွဲ့အစည်းပင် ဖြစ်၏။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်း ပေးခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အောက်တွင် စီမံခန့်ခွဲမှုကော်မတီဆိုသော အဖွဲ့ တစ်ခု ရှိခဲ့ဖူးပြီး အဆိုပါကော်မတီကို အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း ဩဂုတ်လ(၁)ရက် မိန့် ခွန်း၌ ကောင်စီဥက္ကဋ္ဌလည်းဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာခဲ့သည်။
လက်ရှိ အုပ်ချုပ်မှုသည် အိမ်စောင့်အစိုးရ၏ အုပ်ချုပ်မှုသာဖြစ်ပြီး ၎င်း၏အထက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ရှိသည်။ နစက၏ အထက်တွင် ၎င်းအားဖွဲ့စည်းပေးခဲ့သော တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်ရှိသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အထက်တွင် (၂၀ဝ၈) ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတနှင့် ကာ/လုံ ရှိသည်။ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ပြည် သူရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော်သမ္မတ အစစ် မရှိသေးသည့် ရှုပ်ထွေးလှသည့် နိုင်ငံ ရေးအကျပ်အတည်းကာလမျိုးတွင် ကာ/လုံသည်သာ အထွတ်အထိပ်ဖြစ်သည်။ သို့အတွက် ကာ/လုံ သည်သာ အဆုံးအဖြတ်ဖြစ်၏။ ကာ/လုံကသာ အိမ်စောင့် အစိုးရအား ဆက်လက်တည်ရှိစေဟု အတည် ပြုမည်ဆိုပါက လက်ရှိ ဝန်ကြီးချုပ်နှင့်ပြည်ထောင်စုအစိုးရအဖွဲ့ဝင်အားလုံး နေမြဲအတိုင်းပင်။ သို့ဆိုလျှင် သီးခြားအစိုးရတစ်ရပ် သို့မဟုတ် ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ အသွင်ကူးပြောင်းရေး အစိုးရ တစ်ရပ် လိုအပ်မည်ဟု မှတ်ယူရန်ခက်မည်ဖြစ်သည်။ သို့သော် အိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ်က ၎င်း၏ အစိုးရ အဖွဲဝင်များကို လိုအပ်သလို ပြောင်းလဲပစ်နိုင်ခြေလည်းရှိသည်။
ရွေးကောက်ပွဲကျင်းပရေးနှင့် နိုင်ငံတကာ အသိအမှတ်ပြုလက်ခံရေးအတွက် ကြားကာလ အစိုးရ တစ်ရပ် ဖွဲ့စည်းသင့်သည်ဆိုသော အယူအဆများမှာ မျက်တောင်မွေး တစ်ဆုံးသာ တွေးနိုင်သော နိုင်ငံ ရေး အယူအဆမျိုးဟု ကင်ပွန်းတပ်ချင်၏။ လက်ရှိ အစုအဖွဲ့ကို ပြောင်းလဲဖွဲ့စည်းပစ်ရုံ၊ နိုင်ငံတကာ တန်းဝင် လူပုဂ္ဂိုလ်အချို့ကို အစိုးရအဖွဲ့၌ ထည့်သွင်းဖွဲ့စည်းရုံဖြင့် နိုင်ငံတကာက အသိအမှတ်ပြုသွား မည်ဟု တွေးဆနေခြင်းများသည် နိုင်ငံရေးအတွေး အခေါ်ပိုင်း နိမ့်ပါးလွန်း၏ဟု မယိုးစွပ်လိုပေ။ သို့သော် ယိုးစွပ်ရမည်ပင်။ တည်ငြိမ်လက်စ အုပ်ချုပ်ရေး ယန္တရားများကို မလိုလားအပ်သော အပြောင်းအလဲ များ လုပ်ခြင်းဖြင့် လူထုနှင့်နိုင်ငံတကာကို မျက်လှည့် ပြရန် ရည်ရွယ်ခြင်းသည်သာ မရိုးမသားလုပ်ရပ်ဟု ဆိုရ မည်ပင်။ ဆိုရလျှင် ကြားကာလတည်ငြိမ်ရေး အစိုးရဖြစ်စေ၊ ရွေးကောက်ပွဲ သမာသမတ်ကျရေး အစိုးရ ဖြစ်စေ မည်သို့သောခေါင်းစဉ်ဖြင့် အစိုးရဖြစ်စေ လိုအပ်မည်ဟုမထင်။ ထိုအစိုးရသည်လည်း တစ်နှစ်ခန့် သာ အုပ်ချုပ်ခွင့်ရမည်ဖြစ်သည်အတွက် လိုအပ်မည်ဟု ထင်ပါသလော။
အနှစ်ချုပ်ရသော်
ဖြစ်နိုင်ခြေများကို တွက်ချက်ခန့်မှန်းပြီးသည့် နောက်တွင် နိုင်ငံရေးဗေဒင်ဟောသကဲ့သို့ တိတိပပ ခန့်မှန်းရတော့မည်လည်းဖြစ်၏။ နိုင်ငံရေးသည် ဗေဒင်ဟောခြင်းထက် ပို၍ရှုပ်ထွေးသည်၊ အလှည့် အ ပြောင်းများသည် မိုးလေဝသထက် နက်ရှိုင်းသည်။ သို့သော် ပြတ်ပြတ်သားသား ခန့်မှန်းရမည်ဆိုပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ကာ/လုံ ထံ အာဏာပြန်အပ်၍ ကာ/လုံဖြင့် ရွေးကောက်ပွဲ ကျင်းပပေးလိမ့်မည်။ အာဏာပြန်အပ်လိုက်ခြင်းသည် ၎င်း၏လုပ်ပိုင်ခွင့်များ ဆုံးရှုံးသွားခြင်းမျိုး မဟုတ် သည့်အတွက် ကာ/လုံ ပြန်အပ်ရေးကို တွန့်ဆုတ်နေမည်ဟု မထင်။ ကာ/လုံအတွင်း ဝင်ထိုင်ခွင့်ရကြသူ များသည်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏လုပ်ပိုင်ခွင့်များကို ကန့်သတ်ရဲမည်ဟု ယူဆ၍ မရပေ။
ရွေးကောက်ပွဲအတွက် မဖြစ်မနေ အစိုးရသစ် တစ်ရပ် ဖွဲ့စည်းပေးရမည်ဟု (၂၀ဝ၈) က လမ်း ညွှန် မထားသည့်အတွက် ကာ/လုံအနေဖြင့်လည်း တည်ရှိပြီးသား အိမ်စောင့်အစိုးရကိုသာ အာဏာ နှစ် ရပ်ကို ဆက်လက်ကျင့်သုံးခိုင်းနိုင်ခြေရှိသည်။ အိမ်စောင့်အစိုးရ၏ဝန်ကြီးချုပ်ရာထူးကို တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ ဆက်လက်တာဝန်ယူခွင့် ရနိုင်ခြေရှိနေပြီး အ ခြားသူတစ်ဦးဦးဖြင့် အစားထိုးမည်ဆိုလျှင် ၎င်းကိုယ်တိုင်သကဲ့သို့ ယုံကြည်စိတ်ချရသူကိုသာ ပေးအပ် ဖွယ်ရှိသည်။
ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များထဲမှ အချို့မှာ အနားပေး ခံရနိုင်ခြေရှိနေပြီး အများစု တည်ငြိမ်နေမည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပျက်ပြယ်သွား မည်ဖြစ်ပြီး ကောင်စီဝင်များမှာ သက်ဆိုင်ရာ နိုင်ငံရေးနယ်ပယ်အသီးသီး၌ ပြန်လည်ပါဝင်လာနိုင်ခြေ ရှိသည်။ လာမည့်တစ်နှစ်အတွင်း၌ ဗိုလ်ချုပ်များ၊ ဒုတိယဗိုလ်ချုပ်ကြီးများ၊ ဗိုလ်ချုပ်ကြီးများထဲမှ အချို့ သည် အနားယူသွားခြင်း၊ အစိုးရတာဝန်ကြီးများကို ထမ်းဆောင်ခြင်းနှင့် တပ်မတော် ထိပ်ပိုင်းရာထူးများ ကို ဆက်ခံခြင်းများ ဖြစ်လာနိုင်သည်။ နစက ကောင်စီ ဝင်ဖြစ်ခဲ့သူများထဲမှ အချို့သည်လည်း နိုင်ငံတော် ၏ထိပ်တန်းတာဝန်များကို ပြန်လည်ထမ်းဆောင်ရနိုင်ခြေရှိသည်။ ပြည်ထောင်စုဝန်ကြီးများနှင့် ဝန်ကြီး ချုပ်များထဲမှ အချို့သည် အနားယူသွားရနိုင်ခြေရှိပြီး အချို့မှာ ပြည်ထောင်စုဝန်ကြီး တာဝန်များကို ပြန် လည်ရရှိနိုင်ခြေရှိသည်။ လက်ရှိနိုင်ငံရေးသမားများထဲမှ အချို့သည်လည်း အစိုးရတာဝန်များကို ဝင် ရောက်ထမ်းဆောင်ရမည်မှာ သေချာနေပြီး ပညာရှင် အချို့အတွက်လည်း နေရာလွတ်များ ရှိနေသည်။ သို့သော်လည်း ရွေးချယ်ရေးအခန်းတွင်း၌ ခေါင်းပြူ၍ မကြည့်ရဲအောင်ပင် အစိုးရတာဝန်ကြီးများ ထမ်း ဆောင်လိုသည့်၊ ထမ်းဆောင်ရနိုင်ခြေရှိသည့်ပုဂ္ဂိုလ်များဖြင့် ပြည့်နှက်နေသည်။ မဖြစ်မနေ သိထားရ မည်မှာ ထိုရွေးချယ်ရေးအခန်း၏ ထိပ်ဆုံး၌ ထိုင်၍ဆုံးဖြတ်နေသူကား အခြားသူ မဟုတ်။

Zawgyi Version:
ဇူလိုင္(၃၁) ကာ/လုံအတြင္းမွ ထြက္ေပၚလာႏိုင္ေသာ ဆုံးျဖတ္ခ်က္မ်ားကို ခန႔္မွန္းျခင္း
မ်ိဴးမင္း (မက်ည္းလဟာ) (NP News)
ဇူလိုင္(၃၁)ရက္တြင္ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ(ကာ/လုံ) အစည္းအေဝးရွိ၏။ ထိုအစည္းအေဝးသည္ ယခင္ (၆) လတစ္ႀကိမ္ အ စည္းအေဝးမ်ားထက္ပို၍ ထူးျခားမည္။ (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာေနာက္ဆုံးပတ္မွ (၂၀၂၆) ခုႏွစ္ ဇန္နဝါရီ တတိယပတ္အတြင္း ေ႐ြးေကာက္ပြဲ က်င္းပ ေပးမည္ ဟု နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္ လႈိင္က ကတိကဝတ္ေပးခဲ့ျခင္းေၾကာင့္ ယခင္ အစည္း အေဝးမ်ားထက္ပို၍ ထူးျခားမည္ဟု ေျပာႏိုင္ ျခင္းပင္။ ထိုအစည္းအေဝးမွတစ္ဆင့္ ေပၚေပါက္လာႏိုင္ ေျခရွိေသာ အလားအလာမ်ားကို ယခုကဲ့သို႔ သုံးသပ္ၾကည့္ခ်င္မိ၏။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ဖ်က္သိမ္းျခင္း
နစက ဟုေခၚသည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရး ျပႆနာ အတြင္း ကာ/လုံမွတစ္ဆင့္ ေမြးဖြားသန႔္စင္ ေပးလိုက္ေသာ ႏိုင္ငံေတာ္အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းျဖစ္၏။ (၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီ(၁)ရက္က က်င္းပ ခဲ့ေသာ ကာ/လုံသည္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ျဖစ္သူ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အား အာ ဏာသုံးရပ္လုံးကို အပ္ႏွင္းခဲ့သည္။ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ပုဒ္မ (၄၁၇) ၊ ပုဒ္မ (၄၁၈) (က)အရ အာဏာ သုံးရပ္လုံး ကိုင္တြယ္က်င့္သုံးခြင့္ရခဲ့ေသာ တပ္မ ေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ပုဒ္မ (၄၁၉) ကို အသုံးျပဳ၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ဖြဲ႕ စည္းခဲ့၏။ ထိုေကာင္စီတြင္ ၎က ဥကၠ႒ ရာထူးကို ရယူထားသည္။ ႐ိုးရွင္းစြာ ဆိုရလွ်င္ ကာ/လုံသည္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား အာဏာ အပ္ ႏွင္းခဲ့ျခင္းျဖစ္ၿပီး ထိုတပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္က ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဆိုေသာ အဖြဲ႕အစည္းျဖင့္ အာဏာကို ခြဲေဝက်င့္သုံး၏။ တစ္ နည္းအားျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ေၾကာင့္သာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ေပၚ ေပါက္လာရျခင္းျဖစ္ၿပီး တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ဖ်က္သိမ္းလိုလွ်င္ အဆုံးသတ္သြားမည္ လည္းျဖစ္သည္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္လည္းျဖစ္သူ နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေ႐ြးေကာက္ပြဲက်င္းပမည္ဟု ကတိကဝတ္ျပဳလာျခင္းသည္ နစကဆိုေသာအဖြဲ႕အစည္းကို မၾကာမီ ပယ္ ဖ်က္သြားမည္ဟု သြယ္ဝိုက္၍ အသိေပးသကဲ့သို႔ပင္ မွတ္ယူႏိုင္သည္။ ထို႔အတြက္ေၾကာင့္ ဇူလိုင္(၃၁)ရက္ ကာ/လုံတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ၎၏ အာဏာသုံးရပ္လုံးကို ကာ/လုံထံ ျပန္လည္ အပ္ႏွံပါသည္ဟု ထည့္သြင္းေျပာၾကားႏိုင္ေျခမ်ားေနၿပီး ကာ/လုံကလည္း တစ္ထိုင္တည္း လက္ခံႏိုင္ေျခ ရွိသည္။ ထူးျခားသည္မွာ ကာ/လုံ၏ ေခါင္းေဆာင္သည္ ယာယီသမၼတ ဦးျမင့္ေဆြ ျဖစ္ေသာ္လည္း တရားဝင္လႊဲအပ္ၫႊန္ၾကားခ်က္အရ ဦးျမင့္ေဆြ၏တာဝန္မ်ားကို ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က သာ လွ်င္ ယာယီထမ္းေဆာင္ေပးေနရျပန္သည္။
တစ္နည္းအားျဖင့္ဆိုရေသာ္ ယာယီသမၼတ၏ တာဝန္မ်ားကို ယာယီထမ္းေဆာင္ေပးေနရေသာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ကာ/လုံအဖြဲ႕ဝင္ မ်ားအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုင္းျပည္၏အေျခအေန မ်ားအေၾကာင္း အစီအရင္ခံ တင္ျပသကဲ့သို႔ ျဖစ္ ေန၏။ မည္သို႔ပင္ျဖစ္ေစ သတ္မွတ္ေၾကညာထားသည့္ အတိုင္း ေ႐ြးေကာက္ပြဲ မျဖစ္မေန က်င္းပမည္ ဆိုပါက ပုဒ္မ (၄၂၆) ကို အသုံးျပဳရမည္ျဖစ္သည္။ အဆိုပါ ပုဒ္မကို က်င့္သုံးပါက တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္သည္ ႏိုင္ငံေတာ္၏ အာဏာသုံးရပ္လုံးကို က်င့္သုံးခြင့္ မရွိေတာ့ေပ။ တပ္မေတာ္ကာကြယ္ ေရဦးစီးခ်ဳပ္က ၎အားေပးအပ္ထားေသာ အာဏာသုံးရပ္ကို ကာ/လုံထံ ျပန္လည္အပ္ႏွံလိုက္သည္ႏွင့္ ၎ ဦးေဆာင္ဖြဲ႕စည္းခဲ့ေသာ ႏိုင္ငံေတာ္စီမံခ်ဳပ္ေရးေကာင္စီသည္လည္း အလိုအေလ်ာက္ ပ်က္ျပယ္ၿပီ ဟု မွတ္ယူႏိုင္သည္။ ထို႔အတြက္ေၾကာင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအား ဖ်က္သိမ္းျခင္း ဆို သည္ကို ဇူလိုင္လ (၃၁)ရက္ ညပိုင္း သို႔မဟုတ္ ဩဂုတ္လ(၁)ရက္ နံနက္ခင္းပိုင္း ႏိုင္ငံေတာ္ျပန္တမ္းမ်ား တြင္ ျမင္ေတြ႕ၾကားသိရႏိုင္၏။ သို႔ေသာ္ ဥပေဒအတြင္းမွ ယိုေပါက္မ်ားကိုလည္း ေမ့မထားသင့္ေပ။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို မဖ်က္သိမ္းဘဲ ထားရွိျခင္း
ထူးျခားသည့္အခ်က္ဟု ဆိုႏိုင္သည္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဖြဲ႕စည္းခဲ့ေသာ အဆိုပါေကာင္စီသည္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အာဏာသုံးရပ္လုံး ျပန္လည္အပ္ႏွံလိုက္ သည့္ တိုင္ ကာ/လုံ၏ ဆုံးျဖတ္ခ်က္ျဖင့္ ဆက္လက္တည္ရွိ ႏိုင္ျခင္းပင္။ ကာ/လုံသည္ ပုဒ္မ (၄၂၆) အရ အာဏာျပန္လည္အပ္ႏွံခံရၿပီးေနာက္ ပုဒ္မ (၄၂၉) အရ (၆) လအတြင္း ေ႐ြးေကာက္ပြဲ က်င္းပေပးရ မည္ျဖစ္သည္။ အာဏာကိုင္တြယ္က်င့္သုံးမႈ၌ ပုဒ္မ (၄၂၇) ကလည္း ရွိေနျပန္၏။ ေ႐ြးေကာက္ပြဲမွ တစ္ ဆင့္ လႊတ္ေတာ္မ်ားေပၚေပါက္လာလွ်င္ပင္ ပုဒ္မ (၄၂၇) (ခ)အရ ႏိုင္ငံေတာ္သမၼတအသစ္ ေ႐ြးေကာက္ တင္ေျမႇာက္ၿပီးသည္အထိ ႏိုင္ငံေတာ္အာဏာကို ကာ/လုံက ကိုင္တြယ္က်င့္သုံးခြင့္ရွိေနၿပီး အာဏာ သုံး ရပ္ထဲမွ အုပ္ခ်ဳပ္ေရးႏွင့္တရားစီရင္ေရးအာဏာကို သင့္ ေလ်ာ္သည့္ပုဂၢိဳလ္ အဖြဲ႕အစည္းမ်ားထံ ေပးအပ္ ခြင့္ ရွိေနေသးသည္။ သို႔ေသာ္လည္း နစကကို မဖ်က္သိမ္းဘဲ ထားျခင္းသည္ မလိုလားအပ္ေသာ ရႈပ္ေထြး မႈမ်ား ျဖစ္လာႏိုင္သည့္အတြက္ စဥ္းစားႏိုင္ေျခ နည္းပါး၏။
ေ႐ြးေကာက္ပြဲ က်င္းပေရးဆိုင္ရာ အစိုးရလား၊ အိမ္ေစာင့္အစိုးရလား
ဇူလိုင္လ(၃၁)ရက္ ကာ/လုံအတြင္း၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အာဏာသုံးရပ္ကို ျပန္လည္ အပ္ႏွံလိုက္ၿပီဆိုသည္ႏွင့္ ေ႐ြးေကာက္ပြဲ က်င္းပမည္ဆိုေသာ ကတိကဝတ္သည္လည္း ရာႏႈန္း ျပည့္ခိုင္မာသြားၿပီဟု ဆိုႏိုင္သည္။ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က အာဏာျပန္အပ္မွသာလွ်င္ ေ႐ြး ေကာက္ပြဲက်င္းပမည့္ကိစၥက စိတ္ခ်ရမည္လည္း ျဖစ္ သည္။ ၎က အာဏာျပန္မအပ္ေသးလွ်င္ ပုဒ္မ (၄၂၅) အရ သက္တမ္း(၆)လ ထပ္တိုးေပးလိုက္ရျခင္းသာ ျဖစ္လာႏိုင္ၿပီး ေ႐ြးေကာက္ပြဲက အလွမ္းေဝး ေနဦးမည္ျဖစ္၏။ သို႔ေသာ္လည္း ကတိကဝတ္အရဆိုလွ်င္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရးအတြက္ ကာ/လုံ ထံ မျဖစ္မေန အာဏာျပန္အပ္ရမည္ျဖစ္သည္။ ထိုကဲ့သို႔ အာဏာအပ္ပါက ပုဒ္မ (၄၂၉) အရ (၆) လ အတြင္း ေ႐ြးေကာက္ပြဲ မျဖစ္မေနက်င္းပေပးရမည္ဟု (၂၀ဝ၈) ဥပေဒက ျပ႒ာန္းေပးထားသည္။ ကာ/ လုံ အေနျဖင့္ (၂၀၂၅) ခုႏွစ္ ဩဂုတ္လ(၁)ရက္မွ (၂၀၂၆) ခုႏွစ္ ဇန္နဝါရီလ(၃၁)ရက္ဆိုသည့္ (၆)လတာ အတြင္း ေ႐ြးေကာက္ပြဲက်င္းပေပးရေတာ့မည္ျဖစ္၏။ ကာ/လုံထဲမွ အာဏာအရွိဆုံးပုဂၢိဳလ္တစ္ဦးျဖစ္သူ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကိုယ္တိုင္ကလည္း ဇြန္လ (၂၅-၂၆-၂၇) ၿငိမ္းခ်မ္းေရးဖိုရမ္အတြင္း၌ ေ႐ြးေကာက္ပြဲ ကတိကဝတ္ကို ေပးအပ္ခဲ့ၿပီးျဖစ္သည္။ ဤေနရာတြင္ (၂၀ဝ၈) ဖြဲ႕စည္းပုံအေျခခံ ဥပေဒရ ေ႐ြးေကာက္ပြဲက်င္းပေပးရမည့္ (၆)လတာကာလႏွင့္ အစိုးအရ အသစ္ မေပၚေပါက္မီ စပ္ၾကားကာလမ်ားကို မည္သည့္အုပ္ခ်ဳပ္မႈအဖြဲ႕အစည္းျဖင့္ အုပ္ခ်ဳပ္မည္နည္း ဆိုသည္ကလည္း စိတ္ဝင္စားဖြယ္ပင္။ ဥပေဒအရ ကာ/လုံက ဦးေဆာင္အုပ္ခ်ဳပ္၍ရသည္ဆိုေသာ္ လည္း ဝန္ႀကီးဌာနမ်ား၊ အစိုးရလုပ္ငန္းမ်ားကိုမူ ဆင့္ကဲအုပ္ခ်ဳပ္မႈစနစ္ လိုအပ္ေနမည္မွာ ေသခ်ာသည္။ ထို႔ အတြက္ (၂၀ဝ၈) က လမ္းျပထားသည္မွာ ဤသို႔ပင္။ ပုဒ္မ (၄၂၇) (က)ႏွင့္(ခ) ပင္ ျဖစ္၏။ ကာ/လုံက ဥပေဒျပဳေရး အာဏာကို ကိုယ္တိုင္က်င့္သုံးရမည္ျဖစ္ၿပီး အုပ္ခ်ဳပ္ေရးႏွင့္ တရားစီရင္ေရးကို သင့္ေလ်ာ္ သည့္ ပုဂၢိဳလ္တစ္ဦးဦး သို႔မဟုတ္ အဖြဲ႕အစည္းမ်ားဖြဲ႕စည္း၍ လႊဲအပ္က်င့္သုံးႏိုင္သည္။ ပုဒ္မ (၄၂၈) ၊ (၄၃၀) ႏွင့္ (၄၃၁) တို႔သည္လည္း လာမည့္ တစ္ႏွစ္နီးပါးအတြက္ အုပ္ခ်ဳပ္မႈ လမ္းျပေျမပုံျဖစ္လာ၏။ သို႔ ဆိုလွ်င္ ေ႐ြးေကာက္ပြဲက်င္းပေရးႏွင့္ၾကား ကာလအုပ္ခ်ဳပ္ေရးအတြက္ အစိုးရတစ္ရပ္ အသစ္ဖြဲ႕စည္းရ မည္ေလာဟု ေတြးစရာရွိေနျပန္သည္။ ဤေနရာ၌ သတိထားမိမည္ဟု မထင္ရေသာ အုပ္ခ်ဳပ္မႈ အဖြဲ႕ အစည္းတစ္ခု ရွိေနသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက (၂၀၂၁) ခုႏွစ္ ဩဂုတ္လ(၁)ရက္ ျပန္တမ္းတြင္ ထုတ္ျပန္ခဲ့ ေသာ အိမ္ေစာင့္အစိုးရဆိုေသာ အဖြဲ႕အစည္းပင္ ျဖစ္၏။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဖြဲ႕စည္း ေပးခဲ့ေသာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ေအာက္တြင္ စီမံခန႔္ခြဲမႈေကာ္မတီဆိုေသာ အဖြဲ႕ တစ္ခု ရွိခဲ့ဖူးၿပီး အဆိုပါေကာ္မတီကို အိမ္ေစာင့္အစိုးရအျဖစ္ ေျပာင္းလဲဖြဲ႕စည္းေၾကာင္း ဩဂုတ္လ(၁)ရက္ မိန႔္ ခြန္း၌ ေကာင္စီဥကၠ႒လည္းျဖစ္သူ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေၾကညာခဲ့သည္။
လက္ရွိ အုပ္ခ်ဳပ္မႈသည္ အိမ္ေစာင့္အစိုးရ၏ အုပ္ခ်ဳပ္မႈသာျဖစ္ၿပီး ၎၏အထက္တြင္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ (နစက) ရွိသည္။ နစက၏ အထက္တြင္ ၎အားဖြဲ႕စည္းေပးခဲ့ေသာ တပ္မ ေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရွိသည္။ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ အထက္တြင္ (၂၀ဝ၈) ဖြဲ႕ စည္းပုံ အေျခခံဥပေဒအရ ႏိုင္ငံေတာ္သမၼတႏွင့္ ကာ/လုံ ရွိသည္။ အေထြေထြေ႐ြးေကာက္ပြဲမွတစ္ဆင့္ ျပည္ သူေ႐ြးခ်ယ္တင္ေျမႇာက္ထားေသာ ႏိုင္ငံေတာ္သမၼတ အစစ္ မရွိေသးသည့္ ရႈပ္ေထြးလွသည့္ ႏိုင္ငံ ေရးအက်ပ္အတည္းကာလမ်ိဳးတြင္ ကာ/လုံသည္သာ အထြတ္အထိပ္ျဖစ္သည္။ သို႔အတြက္ ကာ/လုံ သည္သာ အဆုံးအျဖတ္ျဖစ္၏။ ကာ/လုံကသာ အိမ္ေစာင့္ အစိုးရအား ဆက္လက္တည္ရွိေစဟု အတည္ ျပဳမည္ဆိုပါက လက္ရွိ ဝန္ႀကီးခ်ဳပ္ႏွင့္ျပည္ေထာင္စုအစိုးရအဖြဲ႕ဝင္အားလုံး ေနၿမဲအတိုင္းပင္။ သို႔ဆိုလွ်င္ သီးျခားအစိုးရတစ္ရပ္ သို႔မဟုတ္ ေ႐ြးေကာက္ပြဲ က်င္းပေရးဆိုင္ရာ အသြင္ကူးေျပာင္းေရး အစိုးရ တစ္ရပ္ လိုအပ္မည္ဟု မွတ္ယူရန္ခက္မည္ျဖစ္သည္။ သို႔ေသာ္ အိမ္ေစာင့္အစိုးရ၏ ဝန္ႀကီးခ်ဳပ္က ၎၏ အစိုးရ အဖြဲဝင္မ်ားကို လိုအပ္သလို ေျပာင္းလဲပစ္ႏိုင္ေျခလည္းရွိသည္။
ေ႐ြးေကာက္ပြဲက်င္းပေရးႏွင့္ ႏိုင္ငံတကာ အသိအမွတ္ျပဳလက္ခံေရးအတြက္ ၾကားကာလ အစိုးရ တစ္ရပ္ ဖြဲ႕စည္းသင့္သည္ဆိုေသာ အယူအဆမ်ားမွာ မ်က္ေတာင္ေမြး တစ္ဆုံးသာ ေတြးႏိုင္ေသာ ႏိုင္ငံ ေရး အယူအဆမ်ိဳးဟု ကင္ပြန္းတပ္ခ်င္၏။ လက္ရွိ အစုအဖြဲ႕ကို ေျပာင္းလဲဖြဲ႕စည္းပစ္႐ုံ၊ ႏိုင္ငံတကာ တန္းဝင္ လူပုဂၢိဳလ္အခ်ိဳ႕ကို အစိုးရအဖြဲ႕၌ ထည့္သြင္းဖြဲ႕စည္း႐ုံျဖင့္ ႏိုင္ငံတကာက အသိအမွတ္ျပဳသြား မည္ဟု ေတြးဆေနျခင္းမ်ားသည္ ႏိုင္ငံေရးအေတြး အေခၚပိုင္း နိမ့္ပါးလြန္း၏ဟု မယိုးစြပ္လိုေပ။ သို႔ေသာ္ ယိုးစြပ္ရမည္ပင္။ တည္ၿငိမ္လက္စ အုပ္ခ်ဳပ္ေရး ယႏၲရားမ်ားကို မလိုလားအပ္ေသာ အေျပာင္းအလဲ မ်ား လုပ္ျခင္းျဖင့္ လူထုႏွင့္ႏိုင္ငံတကာကို မ်က္လွည့္ ျပရန္ ရည္႐ြယ္ျခင္းသည္သာ မ႐ိုးမသားလုပ္ရပ္ဟု ဆိုရ မည္ပင္။ ဆိုရလွ်င္ ၾကားကာလတည္ၿငိမ္ေရး အစိုးရျဖစ္ေစ၊ ေ႐ြးေကာက္ပြဲ သမာသမတ္က်ေရး အစိုးရ ျဖစ္ေစ မည္သို႔ေသာေခါင္းစဥ္ျဖင့္ အစိုးရျဖစ္ေစ လိုအပ္မည္ဟုမထင္။ ထိုအစိုးရသည္လည္း တစ္ႏွစ္ခန႔္ သာ အုပ္ခ်ဳပ္ခြင့္ရမည္ျဖစ္သည္အတြက္ လိုအပ္မည္ဟု ထင္ပါသေလာ။
အႏွစ္ခ်ဳပ္ရေသာ္
ျဖစ္ႏိုင္ေျခမ်ားကို တြက္ခ်က္ခန႔္မွန္းၿပီးသည့္ ေနာက္တြင္ ႏိုင္ငံေရးေဗဒင္ေဟာသကဲ့သို႔ တိတိပပ ခန႔္မွန္းရေတာ့မည္လည္းျဖစ္၏။ ႏိုင္ငံေရးသည္ ေဗဒင္ေဟာျခင္းထက္ ပို၍ရႈပ္ေထြးသည္၊ အလွည့္ အ ေျပာင္းမ်ားသည္ မိုးေလဝသထက္ နက္ရႈိင္းသည္။ သို႔ေသာ္ ျပတ္ျပတ္သားသား ခန႔္မွန္းရမည္ဆိုပါက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အေနျဖင့္ ကာ/လုံ ထံ အာဏာျပန္အပ္၍ ကာ/လုံျဖင့္ ေ႐ြးေကာက္ပြဲ က်င္းပေပးလိမ့္မည္။ အာဏာျပန္အပ္လိုက္ျခင္းသည္ ၎၏လုပ္ပိုင္ခြင့္မ်ား ဆုံးရႈံးသြားျခင္းမ်ိဳး မဟုတ္ သည့္အတြက္ ကာ/လုံ ျပန္အပ္ေရးကို တြန႔္ဆုတ္ေနမည္ဟု မထင္။ ကာ/လုံအတြင္း ဝင္ထိုင္ခြင့္ရၾကသူ မ်ားသည္လည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏လုပ္ပိုင္ခြင့္မ်ားကို ကန႔္သတ္ရဲမည္ဟု ယူဆ၍ မရေပ။
ေ႐ြးေကာက္ပြဲအတြက္ မျဖစ္မေန အစိုးရသစ္ တစ္ရပ္ ဖြဲ႕စည္းေပးရမည္ဟု (၂၀ဝ၈) က လမ္း ၫႊန္ မထားသည့္အတြက္ ကာ/လုံအေနျဖင့္လည္း တည္ရွိၿပီးသား အိမ္ေစာင့္အစိုးရကိုသာ အာဏာ ႏွစ္ ရပ္ကို ဆက္လက္က်င့္သုံးခိုင္းႏိုင္ေျခရွိသည္။ အိမ္ေစာင့္အစိုးရ၏ဝန္ႀကီးခ်ဳပ္ရာထူးကို တပ္မေတာ္ ကာ ကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သာ ဆက္လက္တာဝန္ယူခြင့္ ရႏိုင္ေျခရွိေနၿပီး အ ျခားသူတစ္ဦးဦးျဖင့္ အစားထိုးမည္ဆိုလွ်င္ ၎ကိုယ္တိုင္သကဲ့သို႔ ယုံၾကည္စိတ္ခ်ရသူကိုသာ ေပးအပ္ ဖြယ္ရွိသည္။
ျပည္ေထာင္စုဝန္ႀကီးမ်ား၊ တိုင္းေဒသႀကီး/ ျပည္နယ္ ဝန္ႀကီးခ်ဳပ္မ်ားထဲမွ အခ်ိဳ႕မွာ အနားေပး ခံရႏိုင္ေျခရွိေနၿပီး အမ်ားစု တည္ၿငိမ္ေနမည္။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ပ်က္ျပယ္သြား မည္ျဖစ္ၿပီး ေကာင္စီဝင္မ်ားမွာ သက္ဆိုင္ရာ ႏိုင္ငံေရးနယ္ပယ္အသီးသီး၌ ျပန္လည္ပါဝင္လာႏိုင္ေျခ ရွိသည္။ လာမည့္တစ္ႏွစ္အတြင္း၌ ဗိုလ္ခ်ဳပ္မ်ား၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမ်ား၊ ဗိုလ္ခ်ဳပ္ႀကီးမ်ားထဲမွ အခ်ိဳ႕ သည္ အနားယူသြားျခင္း၊ အစိုးရတာဝန္ႀကီးမ်ားကို ထမ္းေဆာင္ျခင္းႏွင့္ တပ္မေတာ္ ထိပ္ပိုင္းရာထူးမ်ား ကို ဆက္ခံျခင္းမ်ား ျဖစ္လာႏိုင္သည္။ နစက ေကာင္စီ ဝင္ျဖစ္ခဲ့သူမ်ားထဲမွ အခ်ိဳ႕သည္လည္း ႏိုင္ငံေတာ္ ၏ထိပ္တန္းတာဝန္မ်ားကို ျပန္လည္ထမ္းေဆာင္ရႏိုင္ေျခရွိသည္။ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ ဝန္ႀကီး ခ်ဳပ္မ်ားထဲမွ အခ်ိဳ႕သည္ အနားယူသြားရႏိုင္ေျခရွိၿပီး အခ်ိဳ႕မွာ ျပည္ေထာင္စုဝန္ႀကီး တာဝန္မ်ားကို ျပန္ လည္ရရွိႏိုင္ေျခရွိသည္။ လက္ရွိႏိုင္ငံေရးသမားမ်ားထဲမွ အခ်ိဳ႕သည္လည္း အစိုးရတာဝန္မ်ားကို ဝင္ ေရာက္ထမ္းေဆာင္ရမည္မွာ ေသခ်ာေနၿပီး ပညာရွင္ အခ်ိဳ႕အတြက္လည္း ေနရာလြတ္မ်ား ရွိေနသည္။ သို႔ေသာ္လည္း ေ႐ြးခ်ယ္ေရးအခန္းတြင္း၌ ေခါင္းျပဴ၍ မၾကည့္ရဲေအာင္ပင္ အစိုးရတာဝန္ႀကီးမ်ား ထမ္း ေဆာင္လိုသည့္၊ ထမ္းေဆာင္ရႏိုင္ေျခရွိသည့္ပုဂၢိဳလ္မ်ားျဖင့္ ျပည့္ႏွက္ေနသည္။ မျဖစ္မေန သိထားရ မည္မွာ ထိုေ႐ြးခ်ယ္ေရးအခန္း၏ ထိပ္ဆုံး၌ ထိုင္၍ဆုံးျဖတ္ေနသူကား အျခားသူ မဟုတ္။