မလေးရှားနိုင်ငံမှာ ထိုင်ခုံခါးပတ် မဖြစ်မနေပတ်ရမယ့် ဥပဒေသစ်ကြောင့် ဘတ်စ်ကားယာဉ်မောင်းနဲ့ ခရီးသည် ၁၂၀၀ နီးပါး ဒဏ်ရိုက်ခံရ

 459

ရောင်နီ (NP News) - ဇူလိုင် ၂၅

မလေးရှားမှာ ဇူလိုင် ၁ ရက်က စတင်ခဲ့တဲ့ ထိုင်ခုံခါးပတ် မဖြစ်မနေ တပ်ဆင်ရမယ့် ဥပဒေသစ်ထုတ်ပြန်လိုက် ပြီးတဲ့နောက် ဘတ်စ်ကားယာဉ်မောင်းနဲ့ ခရီးသည် ၁၂၀၀ နီးပါး ဒဏ်ရိုက်ခံခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (JPJ) မှ ညွှန်ကြားရေးမှူးချုပ် အေဒီဖက်ဒ်လေရာမီရဲ့ပြော ကြားချက်အရ ဒဏ်ကြေးငွေ ကောက်ခံခဲ့ရတဲ့ အမှု စုစုပေါင်း ၁၁၉၄ မှု ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအမှုတွေ ထဲက ၉၀ ရာခိုင်နှုန်း - ၁,၁၀၈ ဟာ ခရီးသည်တွေဆီက ကောက်ခံခဲ့ရတာဖြစ်ပြီး ယာဉ်မောင်းတွေဆီက ဒဏ်ငွေ ကောက်ခံခဲ့ရတာကတော့ ၆၂ မှုသာရှိခဲ့တယ်လို့ အေဒီက ပြောကြားပါတယ်။ ကျန် ၂၃ မှုကတော့ ထိုင်ခုံခါးပတ် မတပ်ဆင်တဲ့ အမှုထဲမှာ မပါဝင်ဘူးလို့သိရပါတယ်။
JPJ မှ ဇွန် ၂၉ ရက်က ထုတ်ပြန်ခဲ့တဲ့ဥပဒေသစ်မှာ ခရီးသွားဘတ်စ်ကားပေါ်က ခရီးသည်တွေနဲ့ ယာဉ်မောင်း အားလုံး ထိုင်ခုံခါးပတ် မဖြစ်အနေပတ်ဖို့ ပြဌာန်းထားပြီး ဖောက်ဖျက်ရင် ဒဏ်ငွေ ရင်းဂစ် ၃ဝဝ (အမေရိကန် ဒေါ်လာ ၇၁ ဒေါ်လာ) အထိ ဒဏ်ငွေ ပေးဆောင်ရမယ်လို့ သိရပါတယ်။

Zawgyi Version:
မေလးရွားႏိုင္ငံမွာ ထိုင္ခုံခါးပတ္ မျဖစ္မေနပတ္ရမယ့္ ဥပေဒသစ္ေၾကာင့္ ဘတ္စ္ကားယာဥ္ေမာင္းနဲ႔ ခရီးသည္ ၁၂၀၀ နီးပါး ဒဏ္႐ိုက္ခံရ
ေရာင္နီ (NP News) - ဇူလိုင္ ၂၅
မေလးရွားမွာ ဇူလိုင္ ၁ ရက္က စတင္ခဲ့တဲ့ ထိုင္ခုံခါးပတ္ မျဖစ္မေန တပ္ဆင္ရမယ့္ ဥပေဒသစ္ထုတ္ျပန္လိုက္ ၿပီးတဲ့ေနာက္ ဘတ္စ္ကားယာဥ္ေမာင္းနဲ႔ ခရီးသည္ ၁၂၀၀ နီးပါး ဒဏ္႐ိုက္ခံခဲ့ရတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာန (JPJ) မွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေအဒီဖက္ဒ္ေလရာမီရဲ႕ေျပာ ၾကားခ်က္အရ ဒဏ္ေၾကးေငြ ေကာက္ခံခဲ့ရတဲ့ အမႈ စုစုေပါင္း ၁၁၉၄ မႈ ထိ ရွိခဲ့တယ္လို႔ ဆိုပါတယ္။ အဲဒီအမႈေတြ ထဲက ၉၀ ရာခိုင္ႏႈန္း - ၁,၁၀၈ ဟာ ခရီးသည္ေတြဆီက ေကာက္ခံခဲ့ရတာျဖစ္ၿပီး ယာဥ္ေမာင္းေတြဆီက ဒဏ္ေငြ ေကာက္ခံခဲ့ရတာကေတာ့ ၆၂ မႈသာရွိခဲ့တယ္လို႔ ေအဒီက ေျပာၾကားပါတယ္။ က်န္ ၂၃ မႈကေတာ့ ထိုင္ခုံခါးပတ္ မတပ္ဆင္တဲ့ အမႈထဲမွာ မပါဝင္ဘူးလို႔သိရပါတယ္။
JPJ မွ ဇြန္ ၂၉ ရက္က ထုတ္ျပန္ခဲ့တဲ့ဥပေဒသစ္မွာ ခရီးသြားဘတ္စ္ကားေပၚက ခရီးသည္ေတြနဲ႔ ယာဥ္ေမာင္း အားလုံး ထိုင္ခုံခါးပတ္ မျဖစ္အေနပတ္ဖို႔ ျပဌာန္းထားၿပီး ေဖာက္ဖ်က္ရင္ ဒဏ္ေငြ ရင္းဂစ္ ၃ဝဝ (အေမရိကန္ ေဒၚလာ ၇၁ ေဒၚလာ) အထိ ဒဏ္ေငြ ေပးေဆာင္ရမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.