MDY-PDF အဖွဲ့ဝင် (၉) ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်လာပြီး ထပ်မံဝင်ရောက်လိုသူများလည်း ရှိနေ

570

Pearl (NP News) - ဇူလိုင်လ
MDY-PDF အဖွဲ့ဝင် (၉) ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်လာပြီး ထပ်မံဝင်ရောက်လိုသူများလည်းရှိနေ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အချက်အလက်များအရသိရသည်။
ယမန်နေ့ (ဇူလိုင်လ (၂၃)ရက်က MDY-PDF အဖွဲ့မှ အမျိုးသား ၇ ဦး နှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၉ ဦးတို့သည် တပ်မတော်စခန်းများမှတဆင့် ဥပဒေဘောင် အတွင်းကို ပြန်လည်ဝင်ရောက် လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ကနဦးပြောကြားချက်များအရ ၎င်းတို့သည် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်သူများဖြစ်ပြီး အကြမ်းဖက်သမားများ ရောက်ရှိလာကာ ၎င်းတို့အဖွဲ့ထဲ မဝင်ရောက် ပါက မိဘဆွေများများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းကို ခံခဲ့ရကြောင်းသိရသည်။
ထို့ပြင် ၎င်းတို့အဖွဲ့အတွင်း၌ လက်နက်အားကိုးဖြင့် အထက်အောက် အနိုင်ကျင့်ဗိုလ်ကျ လူမျိုးရေးခွဲခြား ဆက်ဆံခံ ရခြင်းများရှိပြီး တပ်မတော်၏ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးများအတွင်း အကျအဆုံးများ များပြားလာခြင်းများ ကြောင့် စိတ်ဓာတ်များ ကျဆင်းလာကာ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည် သဘောပေါက်လာခြင်းတို့ကြောင့် ယခုကဲ့သို့ နီးစပ်ရာ တပ်မတော်စခန်းများမှတဆင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
“ရောက်ရှိရတဲ့အကြောင်းရင်းကတော့ ကျွန်တော့်သူငယ်ချင်းက လုပ်ငန်းလုပ်ဖို့ဆိုပြီးတော့ မိုင်းတုံကို လိမ်ခေါ် တယ်။ ရောက်ရှိသွားတဲ့အချိန်မှာ PDF သင်တန်းကို တက်ရမယ်လို့ ပြောပါတယ်။ မတက်ရင် သတ်ပစ်မယ်လို့ ပြောပါတယ်။ အမှန်တကယ်လည်း မတက်ဘဲ ပြန်သွားတဲ့အဖွဲ့တွေကိုလည်း သူတို့သတ်ပစ်တာတွေကို မြင်ခဲ့ရပါ တယ်။ အဲဒါကြောင့် ဆက်ပြီးတက်ခဲ့ရပါတယ်။ ညီမငယ်တွေ၊ အစ်မတွေကိုလည်း သူတို့ရဲ့အထက်အရာရှိပိုင်းတွေ အနားမှာ ခေါ်ထားပြီး မတော်မတရားတွေလုပ်တယ်။ အဓမ္မပြုကျင့်တယ်။ အဲဒါတွေကိုလည်း မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတယ်။ သင်တန်းပြီးတော့ မတ္တရာဂွင်ဘက်ကိုပို့တော့ သင်တန်းဆင်းတာမှ တစ်ပတ်လောက်ပဲ ရှိသေးတယ်။ ရှေ့တန်းကို တန်းလွှတ်တယ်။ ရှေ့တန်းကို လွှတ်တော့လည်း လူအင်အားနည်းနည်းလေးနဲ့ ပစ္စည်းတွေလည်း စုံစုံလင်လင်မပေးဘူး။ သူတို့တွေကဆိုရင် အနောက်ကနေပဲ အမိန့်ပေးတယ်။ အလင်းဝင်ရောက်တဲ့အချိန်မှာ နွေးနွေးထွေးထွေးကြိုဆိုတယ်။ အဲဒါအတွက်လည်း တပ်မတော်ကို ကျေးဇူးတင်တယ်။ မိဘပြည်သူတွေကို ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်။ အကြမ်းဖက် PDF အဖွဲ့အစည်းထဲက ထွက်ရှိလိုက်တဲ့အတွက် နောက်နောင် ဒီလိုမဖြစ်စေရပါဘူးလို့လည်း ကတိပေးပါတယ်” ဟု MDY-PDF အဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲအပ်ပေးလျက်ရှိခြင်းများကြောင့် ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းလည်း သိရသည်။
“စားသောက်ပိုင်းဆိုင်ရာမှာလည်း ရှူးရှဲတစ်ထုပ်နဲ့ပဲ အများစားခဲ့ရပါတယ်။ တစ်ခါတလေကျရင် ဘာမှမပါဘဲ စားခဲ့ရပါတယ်။ သွေးတွေအန်တဲ့အထိဖြစ်တဲ့အခါမှာလည်း ဆေးမကုပေးဘဲနဲ့ သူတို့သင်တန်းပေးထားတဲ့သူနဲ့ပဲ ကုပေးပါတယ်။ သင်တန်းမှာ မလုပ်ချင်ဘူးလို့ပြောတဲ့အခါမှာ အပြစ်ပေးပြီးတော့ ရိုက်ပါတယ်။ အကြောင်းမရှိ အကြောင်းရှာပြီး အရိုက်ခံရပါတယ်။ ဆရာဝန်အရာရှိတစ်ယောက်ကဆိုရင် ကျွန်တော်နေမကောင်းလို့ ဆေးခန်းသွားပြတဲ့ အခါမှာ နေမကောင်းတာဘာဖြစ်လို့လဲဆိုပြီး လက်တွေကိုင်ပါတယ်။ ခွင့်မပြုတဲ့အခါမှာ သူကျွန်တော့်ကို ဆေးမကုပေးပါဘူး။ ဘာမှမဖြစ်ဘူးဆိုပြီး ဒီအတိုင်းပဲ ပြန်လွှတ်ပါတယ်။ ဒဏ်တွေကို မခံနိုင်တဲ့ အခါမှာ တပ်မတော်ဘက်ကို အလင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ပါတယ်။ အလင်းဝင်ရောက်တဲ့အစ်မတစ်ယောက် ကနေ ပြီး ဘာမှမဖြစ်ဘူး အဆင်ပြေတယ်။ မိဘတွေလက်ထဲကို ချောချောမွေ့မွေ့ပြန်အပ်တယ်ဆိုတာနဲ့ ကျွန်တော် တပ်မတော်ဘက်သို့ အလင်းဝင်ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ကြောင့်ပဲဖြစ်ဖြစ်၊ အဓမ္မစေခိုင်းလို့ပဲဖြစ်ဖြစ် ဒုက္ခရောက်ခဲ့တဲ့ ပြည်သူတွေကိုလည်း ကျွန်တော် ဒီကနေ တောင်းပန်ပါတယ်” ဟု MDY-PDF အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်အထိ TNLA အဖွဲ့ဝင် ၄ ဦး ၊ DPLA အဖွဲ့ဝင် ၄၁ ဦး နှင့် MDY - PDF အဖွဲ့ဝင် ၁၅ ဦး၊ စုစုပေါင်း ၆၀ ဦးတို့သည် လက်နက်မျိုးစုံ ၁၃ လက်၊ ကျည်မျိုးစုံ ၁၅၁၅ တောင့်၊ ကျည်အိမ် ၁၂ ခုနှင့်အတူ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
MDY-PDF အဖြဲ႕ဝင္ (၉) ဦး ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာၿပီး ထပ္မံဝင္ေရာက္လိုသူမ်ားလည္း ရွိေန
Pearl (NP News) - ဇူလိုင္လ
MDY-PDF အဖြဲ႕ဝင္ (၉) ဦး ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာၿပီး ထပ္မံဝင္ေရာက္လိုသူမ်ားလည္းရွိေန ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ အခ်က္အလက္မ်ားအရသိရသည္။
ယမန္ေန႔ (ဇူလိုင္လ (၂၃)ရက္က MDY-PDF အဖြဲ႕မွ အမ်ိဳးသား ၇ ဦး ႏွင့္ အမ်ိဳးသမီး ၂ ဦး၊ စုစုေပါင္း ၉ ဦးတို႔သည္ တပ္မေတာ္စခန္းမ်ားမွတဆင့္ ဥပေဒေဘာင္ အတြင္းကို ျပန္လည္ဝင္ေရာက္ လာခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာသူမ်ား၏ ကနဦးေျပာၾကားခ်က္မ်ားအရ ၎တို႔သည္ ေအးခ်မ္းစြာ ေနထိုင္လုပ္ကိုင္စားေသာက္သူမ်ားျဖစ္ၿပီး အၾကမ္းဖက္သမားမ်ား ေရာက္ရွိလာကာ ၎တို႔အဖြဲ႕ထဲ မဝင္ေရာက္ ပါက မိဘေဆြမ်ားမ်ားႏွင့္ အၾကပ္ကိုင္၍ အတင္းအဓမၼလူသစ္စုေဆာင္းျခင္းကို ခံခဲ့ရေၾကာင္းသိရသည္။
ထို႔ျပင္ ၎တို႔အဖြဲ႕အတြင္း၌ လက္နက္အားကိုးျဖင့္ အထက္ေအာက္ အႏိုင္က်င့္ဗိုလ္က် လူမ်ိဳးေရးခြဲျခား ဆက္ဆံခံ ရျခင္းမ်ားရွိၿပီး တပ္မေတာ္၏ အၾကမ္းဖက္ေခ်မႈန္းမႈစစ္ဆင္ေရးမ်ားအတြင္း အက်အဆုံးမ်ား မ်ားျပားလာျခင္းမ်ား ေၾကာင့္ စိတ္ဓာတ္မ်ား က်ဆင္းလာကာ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားအေပၚ နားလည္ သေဘာေပါက္လာျခင္းတို႔ေၾကာင့္ ယခုကဲ့သို႔ နီးစပ္ရာ တပ္မေတာ္စခန္းမ်ားမွတဆင့္ ဥပေဒေဘာင္အတြင္းကို ျပန္လည္ဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း သိရသည္။
“ေရာက္ရွိရတဲ့အေၾကာင္းရင္းကေတာ့ ကြၽန္ေတာ့္သူငယ္ခ်င္းက လုပ္ငန္းလုပ္ဖို႔ဆိုၿပီးေတာ့ မိုင္းတုံကို လိမ္ေခၚ တယ္။ ေရာက္ရွိသြားတဲ့အခ်ိန္မွာ PDF သင္တန္းကို တက္ရမယ္လို႔ ေျပာပါတယ္။ မတက္ရင္ သတ္ပစ္မယ္လို႔ ေျပာပါတယ္။ အမွန္တကယ္လည္း မတက္ဘဲ ျပန္သြားတဲ့အဖြဲ႕ေတြကိုလည္း သူတို႔သတ္ပစ္တာေတြကို ျမင္ခဲ့ရပါ တယ္။ အဲဒါေၾကာင့္ ဆက္ၿပီးတက္ခဲ့ရပါတယ္။ ညီမငယ္ေတြ၊ အစ္မေတြကိုလည္း သူတို႔ရဲ႕အထက္အရာရွိပိုင္းေတြ အနားမွာ ေခၚထားၿပီး မေတာ္မတရားေတြလုပ္တယ္။ အဓမၼျပဳက်င့္တယ္။ အဲဒါေတြကိုလည္း မ်က္ျမင္ကိုယ္ေတြ႕ ျမင္ခဲ့ရတယ္။ သင္တန္းၿပီးေတာ့ မတၱရာဂြင္ဘက္ကိုပို႔ေတာ့ သင္တန္းဆင္းတာမွ တစ္ပတ္ေလာက္ပဲ ရွိေသးတယ္။ ေရွ႕တန္းကို တန္းလႊတ္တယ္။ ေရွ႕တန္းကို လႊတ္ေတာ့လည္း လူအင္အားနည္းနည္းေလးနဲ႔ ပစၥည္းေတြလည္း စုံစုံလင္လင္မေပးဘူး။ သူတို႔ေတြကဆိုရင္ အေနာက္ကေနပဲ အမိန႔္ေပးတယ္။ အလင္းဝင္ေရာက္တဲ့အခ်ိန္မွာ ေႏြးေႏြးေထြးေထြးႀကိဳဆိုတယ္။ အဲဒါအတြက္လည္း တပ္မေတာ္ကို ေက်းဇူးတင္တယ္။ မိဘျပည္သူေတြကို ကြၽန္ေတာ္ အႏူးအၫြတ္ေတာင္းပန္ပါတယ္။ အၾကမ္းဖက္ PDF အဖြဲ႕အစည္းထဲက ထြက္ရွိလိုက္တဲ့အတြက္ ေနာက္ေနာင္ ဒီလိုမျဖစ္ေစရပါဘူးလို႔လည္း ကတိေပးပါတယ္” ဟု MDY-PDF အဖြဲ႕ဝင္ အမ်ိဳးသားတစ္ဦးက ေျပာသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာသူမ်ားအား ျပန္လည္ႀကိဳဆိုလက္ခံ၍ လိုအပ္သည့္ ကူညီပံ့ပိုးမႈမ်ား ေဆာင္႐ြက္ေပးကာ မိဘအုပ္ထိန္းသူမ်ားထံသို႔ ျပန္လည္လႊဲအပ္ေပးလ်က္ရွိျခင္းမ်ားေၾကာင့္ ဥပေဒ ေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္ရန္ ဆႏၵရွိသူမ်ား က်န္ရွိေနေသးေၾကာင္းလည္း သိရသည္။
“စားေသာက္ပိုင္းဆိုင္ရာမွာလည္း ရႉးရွဲတစ္ထုပ္နဲ႔ပဲ အမ်ားစားခဲ့ရပါတယ္။ တစ္ခါတေလက်ရင္ ဘာမွမပါဘဲ စားခဲ့ရပါတယ္။ ေသြးေတြအန္တဲ့အထိျဖစ္တဲ့အခါမွာလည္း ေဆးမကုေပးဘဲနဲ႔ သူတို႔သင္တန္းေပးထားတဲ့သူနဲ႔ပဲ ကုေပးပါတယ္။ သင္တန္းမွာ မလုပ္ခ်င္ဘူးလို႔ေျပာတဲ့အခါမွာ အျပစ္ေပးၿပီးေတာ့ ႐ိုက္ပါတယ္။ အေၾကာင္းမရွိ အေၾကာင္းရွာၿပီး အ႐ိုက္ခံရပါတယ္။ ဆရာဝန္အရာရွိတစ္ေယာက္ကဆိုရင္ ကြၽန္ေတာ္ေနမေကာင္းလို႔ ေဆးခန္းသြားျပတဲ့ အခါမွာ ေနမေကာင္းတာဘာျဖစ္လို႔လဲဆိုၿပီး လက္ေတြကိုင္ပါတယ္။ ခြင့္မျပဳတဲ့အခါမွာ သူကြၽန္ေတာ့္ကို ေဆးမကုေပးပါဘူး။ ဘာမွမျဖစ္ဘူးဆိုၿပီး ဒီအတိုင္းပဲ ျပန္လႊတ္ပါတယ္။ ဒဏ္ေတြကို မခံႏိုင္တဲ့ အခါမွာ တပ္မေတာ္ဘက္ကို အလင္းဝင္ေရာက္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ အလင္းဝင္ေရာက္တဲ့အစ္မတစ္ေယာက္ ကေန ၿပီး ဘာမွမျဖစ္ဘူး အဆင္ေျပတယ္။ မိဘေတြလက္ထဲကို ေခ်ာေခ်ာေမြ႕ေမြ႕ျပန္အပ္တယ္ဆိုတာနဲ႔ ကြၽန္ေတာ္ တပ္မေတာ္ဘက္သို႔ အလင္းဝင္ေရာက္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ေၾကာင့္ပဲျဖစ္ျဖစ္၊ အဓမၼေစခိုင္းလို႔ပဲျဖစ္ျဖစ္ ဒုကၡေရာက္ခဲ့တဲ့ ျပည္သူေတြကိုလည္း ကြၽန္ေတာ္ ဒီကေန ေတာင္းပန္ပါတယ္” ဟု MDY-PDF အဖြဲ႕ဝင္ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ ၁၇ ရက္ေန႔မွ ဇူလိုင္လ ၂၂ ရက္အထိ TNLA အဖြဲ႕ဝင္ ၄ ဦး ၊ DPLA အဖြဲ႕ဝင္ ၄၁ ဦး ႏွင့္ MDY - PDF အဖြဲ႕ဝင္ ၁၅ ဦး၊ စုစုေပါင္း ၆၀ ဦးတို႔သည္ လက္နက္မ်ိဳးစုံ ၁၃ လက္၊ က်ည္မ်ိဳးစုံ ၁၅၁၅ ေတာင့္၊ က်ည္အိမ္ ၁၂ ခုႏွင့္အတူ ျပန္လည္ဝင္ေရာက္လာခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။