ယူနက်စကိုအဖွဲ့မှ အမေရိကန်နုတ်ထွက်

675

Pika (NP News) - ဇူလိုင် ၂၆
အစ္စရေးဆန့်ကျင်ရေး ဘက်လိုက်မှု စွပ်စွဲချက်များနှင့်ပတ်သက်ပြီး ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (ယူနက်စကို) မှ နုတ်ထွက်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယူနက်စကို အစီအစဉ်များတွင် အမေရိကန်၏ပါဝင်ပတ်သက်မှုနှင့် ပတ်သက်ပြီး ရက်ပေါင်း(၉၀)ကြာ ပြန်လည်သုံးသပ်မှုများလုပ် ဆောင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနကို အမိန့်ပေးခဲ့ ကြောင်း သိရ သည်။
အဆိုပါ လှုပ်ရှားမှုသည် အမေရိကန် အကျိုစီးပွားများကိုတုံ့ပြန်သည့်လုပ်ရပ်များနှင့် အမေရိကန်၏ မိတ်ဖက် နိုင်ငံများကို ထိခိုက်ပျက်ပြားစေသည့် လုပ်ရပ်များကို လုပ်ဆောင်နေသည်ဟု စွပ်စွဲပြောဆိုခံထားရသည့် ယူနက်စကိုအဖွဲ့မှ ခွဲထွက်ရန် ကျယ်ပြန့် သောတွန်းအားပေးမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းလည်း သိရသည်။
ယူနက်စကိုအဖွဲ့သည် ကွဲပြားသောလူမှု ရေးနှင့် ယဉ်ကျေးမူဆိုင်ရာအကြောင်းရင်းများကို မြှင့်တင်ရန် လုပ် ဆောင်နေသည်ဆိုသည့်အချက်များကိုတွေ့ရှိခဲ့ပြီးနောက် ယူနက်စကိုအဖွဲ့မှ နုတ်ထွက်ရန် ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ သည်။
ထို့ပြင် ပါလက်စတိုင်းနိုင်ငံအဖြစ် ယူနက်စကိုအဖွဲ့၏အသိအမှတ်ပြုမှု နှင့် အဖွဲ့အစည်းအတွင်း အစ္စရေးဆန့် ကျင်ရေးစကားများ ပျံ့နှံ့နေမှုတို့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုးကားပြောဆိုခဲ့ကြောင်းလည်း သိရသည်။ ယူနက်စကိုအဖွဲ့မှ အမေရိကန်၏နုတ်ထွက်မှုကို ဝမ်းနည်းဖွယ်ကောင်းသောအရာတစ်ခုအဖြစ် ယူနက်စကို အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Audrey Azoulay က ဖော်ပြပြောဆိုခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
ယူနက္စကိုအဖြဲ႕မွ အေမရိကန္ႏုတ္ထြက္
Pika (NP News) - ဇူလိုင္ ၂၆
အစၥေရးဆန႔္က်င္ေရး ဘက္လိုက္မႈ စြပ္စြဲခ်က္မ်ားႏွင့္ပတ္သက္ၿပီး ကုလသမဂၢပညာေရး၊ သိပၸံႏွင့္ ယဥ္ေက်းမႈ အဖြဲ႕ (ယူနက္စကို) မွ ႏုတ္ထြက္ေၾကာင္း အေမရိကန္အစိုးရက ထုတ္ျပန္ေၾကညာခဲ့သည္။ ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလတြင္ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ယူနက္စကို အစီအစဥ္မ်ားတြင္ အေမရိကန္၏ပါဝင္ပတ္သက္မႈႏွင့္ ပတ္သက္ၿပီး ရက္ေပါင္း(၉၀)ၾကာ ျပန္လည္သုံးသပ္မႈမ်ားလုပ္ ေဆာင္ရန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကို အမိန႔္ေပးခဲ့ ေၾကာင္း သိရ သည္။
အဆိုပါ လႈပ္ရွားမႈသည္ အေမရိကန္ အက်ိဳစီးပြားမ်ားကိုတုံ႔ျပန္သည့္လုပ္ရပ္မ်ားႏွင့္ အေမရိကန္၏ မိတ္ဖက္ ႏိုင္ငံမ်ားကို ထိခိုက္ပ်က္ျပားေစသည့္ လုပ္ရပ္မ်ားကို လုပ္ေဆာင္ေနသည္ဟု စြပ္စြဲေျပာဆိုခံထားရသည့္ ယူနက္စကိုအဖြဲ႕မွ ခြဲထြက္ရန္ က်ယ္ျပန႔္ ေသာတြန္းအားေပးမႈမ်ား၏ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္းလည္း သိရသည္။
ယူနက္စကိုအဖြဲ႕သည္ ကြဲျပားေသာလူမႈ ေရးႏွင့္ ယဥ္ေက်းမူဆိုင္ရာအေၾကာင္းရင္းမ်ားကို ျမႇင့္တင္ရန္ လုပ္ ေဆာင္ေနသည္ဆိုသည့္အခ်က္မ်ားကိုေတြ႕ရွိခဲ့ၿပီးေနာက္ ယူနက္စကိုအဖြဲ႕မွ ႏုတ္ထြက္ရန္ ေဒၚနယ္ထရမ့္၏ ဆုံးျဖတ္ခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ သည္။
ထို႔ျပင္ ပါလက္စတိုင္းႏိုင္ငံအျဖစ္ ယူနက္စကိုအဖြဲ႕၏အသိအမွတ္ျပဳမႈ ႏွင့္ အဖြဲ႕အစည္းအတြင္း အစၥေရးဆန႔္ က်င္ေရးစကားမ်ား ပ်ံ႕ႏွံ႔ေနမႈတို႔ကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ကိုးကားေျပာဆိုခဲ့ေၾကာင္းလည္း သိရသည္။ ယူနက္စကိုအဖြဲ႕မွ အေမရိကန္၏ႏုတ္ထြက္မႈကို ဝမ္းနည္းဖြယ္ေကာင္းေသာအရာတစ္ခုအျဖစ္ ယူနက္စကို အဖြဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ Audrey Azoulay က ေဖာ္ျပေျပာဆိုခဲ့ေၾကာင္းလည္း သိရသည္။