တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူမှာ ခရီးထွက်လာတဲ့ မိသားစု ဒီရေတက်ချိန်နဲ့တိုးပြီး ဖခင်သေဆုံး

331

ရောင်နီ (NP News) - ဇူလိုင် ၂၇
တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူမြို့၊ ဂူဂျာရပ်၊ ဆီဝှါဆိပ်ကမ်းမှာ ရုတ်တရက် ဒီရေတက်လာခြင်းကြောင့် အလည် အပတ်ခရီးထွက်လာတဲ့မိသားစုမှ ကလေးသုံးဦး ရေနစ်ခဲ့ရာ အသက် ၄၀ အရွယ် ဖခင်ဖြစ်သူက သွားရောက် ကယ်ဆယ်ရင်း ဖခင်ဖြစ်သူ ရေနစ်သေဆုံးခဲ့ပါတယ်။
ဇူလိုင်လ ၂၅ ရက် နေ့လည် ၂ နာရီ ၃၇ မိနစ် အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဂျယ်ဂျူကမ်းရိုးတန်းစောင့်နဲ့ Jeju Fire Safety Headquarters ရဲ့အဆိုအရ အဆိုပါအမျိုးသားဟာ မမျှော်လင့်ဘဲ ဒီရေတက်လာချိန် ကလေးသုံးဦး ရေနစ် နေတာကြောင့် ပင်လယ်ထဲ ခုန်ဆင်းကာ ကယ်ခဲ့ပြီး ကလေးတွေ လွတ်မြောက်ခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ အနီးနားရှိ ရေလွှာလျှောစီးသမားတစ်ဦးက သူ့ကိုရေထဲမှ ဆွဲထုတ် ကယ်ဆယ်ပြီး CPR လုပ်ဆောင်ကာ Jeju City ရှိ ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် အသက်ကယ် လုပ်ထုံးလုပ်နည်းတွေ ပြုလုပ်နေတဲ့ ကြားကပဲ ကွယ်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့က သီးခြားဖြစ်ရပ်တစ်ခုမှာလည်း အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ဂွါဂျီကမ်းခြေအနီးမှာ ပျောက်ဆုံး သွားခဲ့ပြီး တစ်နာရီနဲ့ မိနစ် ၂၀ ခန့်အကြာမှာ ပြန်လည်တွေ့ရှိခဲ့ပေမယ့် သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက် တွေဟာ တောင်ကိုရီးယားနိုင်ငံရဲ့ နွေရာသီအားလပ်ရက်ရာသီမှာ ပင်လယ်မှ ဖြစ်ပေါ်လာတတ်တဲ့ မခန့်မှန်းနိုင်တဲ့ အန္တရာယ်တွေကို မီးမောင်းထိုးပြနေပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားႏိုင္ငံ၊ ဂ်ယ္ဂ်ဴမွာ ခရီးထြက္လာတဲ့ မိသားစု ဒီေရတက္ခ်ိန္နဲ႔တိုးၿပီး ဖခင္ေသဆုံး
ေရာင္နီ (NP News) - ဇူလိုင္ ၂၇
ေတာင္ကိုရီးယားႏိုင္ငံ၊ ဂ်ယ္ဂ်ဴၿမိဳ႕၊ ဂူဂ်ာရပ္၊ ဆီဝွါဆိပ္ကမ္းမွာ ႐ုတ္တရက္ ဒီေရတက္လာျခင္းေၾကာင့္ အလည္ အပတ္ခရီးထြက္လာတဲ့မိသားစုမွ ကေလးသုံးဦး ေရနစ္ခဲ့ရာ အသက္ ၄၀ အ႐ြယ္ ဖခင္ျဖစ္သူက သြားေရာက္ ကယ္ဆယ္ရင္း ဖခင္ျဖစ္သူ ေရနစ္ေသဆုံးခဲ့ပါတယ္။
ဇူလိုင္လ ၂၅ ရက္ ေန႔လည္ ၂ နာရီ ၃၇ မိနစ္ အခ်ိန္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဂ်ယ္ဂ်ဴကမ္း႐ိုးတန္းေစာင့္နဲ႔ Jeju Fire Safety Headquarters ရဲ႕အဆိုအရ အဆိုပါအမ်ိဳးသားဟာ မေမွ်ာ္လင့္ဘဲ ဒီေရတက္လာခ်ိန္ ကေလးသုံးဦး ေရနစ္ ေနတာေၾကာင့္ ပင္လယ္ထဲ ခုန္ဆင္းကာ ကယ္ခဲ့ၿပီး ကေလးေတြ လြတ္ေျမာက္ခဲ့ေပမယ့္ သူကိုယ္တိုင္ကေတာ့ ေသဆုံးသြားခဲ့တယ္လို႔ ဆိုပါတယ္။ အနီးနားရွိ ေရလႊာေလွ်ာစီးသမားတစ္ဦးက သူ႔ကိုေရထဲမွ ဆြဲထုတ္ ကယ္ဆယ္ၿပီး CPR လုပ္ေဆာင္ကာ Jeju City ရွိ ေဆး႐ုံကို ပို႔ေဆာင္ခဲ့ေပမယ့္ အသက္ကယ္ လုပ္ထုံးလုပ္နည္းေတြ ျပဳလုပ္ေနတဲ့ ၾကားကပဲ ကြယ္လြန္သြားခဲ့တယ္လို႔ ဆိုပါတယ္။
အဲဒီေန႔က သီးျခားျဖစ္ရပ္တစ္ခုမွာလည္း အသက္ ၃၀ အ႐ြယ္ အမ်ိဳးသားတစ္ဦး ဂြါဂ်ီကမ္းေျခအနီးမွာ ေပ်ာက္ဆုံး သြားခဲ့ၿပီး တစ္နာရီနဲ႔ မိနစ္ ၂၀ ခန႔္အၾကာမွာ ျပန္လည္ေတြ႕ရွိခဲ့ေပမယ့္ ေသဆုံးသြားခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ ေတြဟာ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ေႏြရာသီအားလပ္ရက္ရာသီမွာ ပင္လယ္မွ ျဖစ္ေပၚလာတတ္တဲ့ မခန႔္မွန္းႏိုင္တဲ့ အႏၲရာယ္ေတြကို မီးေမာင္းထိုးျပေနပါတယ္။