အကသမားတွေကို ဇိမ်ခံနာရီတွေ လက်ဆောင်ပေးခဲ့တဲ့ G Dragon

360
ရောင်နီ (NP News) - ဇူလိုင် ၂၉
တောင်ကိုရီးယားအဆိုတော် G-Dragon က သူ့ရဲ့နောက်လိုက် အကသမားတွေကို ဇိမ်ခံနာရီတွေ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။
အဲဒီအကြောင်းကို ဇူလိုင်လ ၂၇ ရက်၊ G-Dragon က သူ့ရဲ့အကအဖွဲ့ ကို နာရီဘောက်စ်လို့ ယူဆရတဲ့ ဘောက်စ်တွေ တစ်ဦးချင်းစီကို ထုတ်ပေးနေတဲ့ဗီဒီယိုဖိုင်ကို Instagram Story မှာ မျှဝေခဲ့ခြင်းကြောင့် သိရတာ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ သူပေးအပ်ခဲ့တဲ့နာရီတွေဟာ အမေရိကန် ဇိမ်ခံ ဘရန်း “J” ရဲ့ နာရီတွေ ပါဝင်တယ်လို့ အင်တာနက်အသုံးပြုသူတွေက ယူဆထားပါတယ်။
G Dragon ဟာ သူ့ရဲ့အနုပညာသက်တမ်း ၁၁ နှစ်နဲ့ ၅ လအတွင်း ထွက်ရှိလာတဲ့ သူ့ရဲ့ တတိယမြောက် အယ်လ်ဘမ် 'Übermensch' အတွက် လက်ရှိ ကမ္ဘာလှည့်ဖျော်ဖြေမှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ဖျော်ဖြေဖို့ ပြင်ဆင်နေပါတယ်။
ဘန်ကောက်ဖျော်ဖြေမှုကို မူလက ဇူလိုင် ၁၁ ရက်မှာ ကျင်းပဖို့ ပြုလုပ်ခဲ့ပေမယ့် ကျန်းမာရေး ပြဿနာတွေကြောင့် သြဂုတ်လ ၂ ရက်ကို ရွှေ့ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။
Zawgyi Version:
အကသမားေတြကို ဇိမ္ခံနာရီေတြ လက္ေဆာင္ေပးခဲ့တဲ့ G Dragon
ေရာင္နီ (NP News) - ဇူလိုင္ ၂၉
ေတာင္ကိုရီးယားအဆိုေတာ္ G-Dragon က သူ႔ရဲ႕ေနာက္လိုက္ အကသမားေတြကို ဇိမ္ခံနာရီေတြ လက္ေဆာင္အျဖစ္ ေပးအပ္ခဲ့ပါတယ္။
အဲဒီအေၾကာင္းကို ဇူလိုင္လ ၂၇ ရက္၊ G-Dragon က သူ႔ရဲ႕အကအဖြဲ႕ ကို နာရီေဘာက္စ္လို႔ ယူဆရတဲ့ ေဘာက္စ္ေတြ တစ္ဦးခ်င္းစီကို ထုတ္ေပးေနတဲ့ဗီဒီယိုဖိုင္ကို Instagram Story မွာ မွ်ေဝခဲ့ျခင္းေၾကာင့္ သိရတာ ျဖစ္ပါတယ္။ ဗီဒီယိုထဲမွာ သူေပးအပ္ခဲ့တဲ့နာရီေတြဟာ အေမရိကန္ ဇိမ္ခံ ဘရန္း “J” ရဲ႕ နာရီေတြ ပါဝင္တယ္လို႔ အင္တာနက္အသုံးျပဳသူေတြက ယူဆထားပါတယ္။
G Dragon ဟာ သူ႔ရဲ႕အႏုပညာသက္တမ္း ၁၁ ႏွစ္နဲ႔ ၅ လအတြင္း ထြက္ရွိလာတဲ့ သူ႔ရဲ႕ တတိယေျမာက္ အယ္လ္ဘမ္ 'Übermensch' အတြက္ လက္ရွိ ကမာၻလွည့္ေဖ်ာ္ေျဖမႈေတြ ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။ လက္ရွိ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္မွာ ေဖ်ာ္ေျဖဖို႔ ျပင္ဆင္ေနပါတယ္။
ဘန္ေကာက္ေဖ်ာ္ေျဖမႈကို မူလက ဇူလိုင္ ၁၁ ရက္မွာ က်င္းပဖို႔ ျပဳလုပ္ခဲ့ေပမယ့္ က်န္းမာေရး ျပႆနာေတြေၾကာင့္ ၾသဂုတ္လ ၂ ရက္ကို ေ႐ႊ႕ဆိုင္းလိုက္ရတယ္လို႔ သိရပါတယ္။