တရုတ်(တိုင်ပေ)အရေးနဲ့ပတ်သက်ပြီး တရုတ်ကို တိုက်ခိုက်သွားနိုင်တယ်လို့ ဗြိတိန်သတိပေး

993

Pika (NP News) - ဇူလိုင် ၂၉
ဗြိတိန်နိုင်ငံဟာ တရုတ်(တိုင်ပေ)အရေးနဲ့ပတ်သက်ပြီး တရုတ်ကို တိုက်ခိုက်သွားနိုင်တယ်လို့ ဗြိတိန်အစိုးရက သတိပေးပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း ဗြိတိန်နိုင်ငံဟာ တရုတ်(တိုင်ပေ)အရေးနဲ့ပတ်သက်ပြီး သံတမန်ရေးအရဖြေရှင်းမှုတွေကို ဆက်လက်ထောက်ခံသွားမယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး John Healey က အလေးပေးပြောကြားခဲ့ပါတယ်။
John Healey ဟာ ဩစတြေးလျနိုင်ငံကို အလည်အပတ်ရောက်ရှိစဉ်အချိန်အတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ John Healey က"လိုအပ်လာမယ်ဆိုရင် ဗြိတိန်နိုင်ငံဟာ အင်အားကိုအသုံးပြုပြီး ငြိမ်းချမ်းရေးကို လုံခြုံအောင်လုပ်ဆောင်သွားမှာပါ။”လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီပြောဆိုချက်ဟာ တရုတ်နိုင်ငံနဲ့ တိုက်ရိုက်ထိပ်တိုက်တွေ့ဆုံနိုင်ခြေနဲ့ပတ်သက်ပြီး ဗြိတိန်အကြီးတန်းအရာရှိတစ်ဦးဆီကနေ အရှင်းဆုံးအချက်ပြမှုတစ်ခုဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
John Healey က "အရင်တုန်းကလုပ်ခဲ့တဲ့အတိုင်း တိုက်ခိုက်ရမယ်ဆိုရင် သြစတြေးလျနဲ့ ဗြိတိန်နိုင်ငံတို့ဟာ အတူတကွလက်တွဲတိုက်ခိုက်သွားမယ့် နိုင်ငံတွေပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေအတူတူလုပ်ပြီး တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေမှသာ တားဆီးမှုတွေ အတူတကွလုပ်ဆောင်နိုင်မှာပါ။”လို့ပြောဆိုခဲ့ပါတယ်။တရုတ်(တိုင်ပေ)ဝန်းကျင်မှာ တင်းမာမှုတွေတိုးမြင့်လာရင် ဗြိတိန်ကဘာလုပ်မှာလဲဆိုတဲ့ မေးခွန်းတွေကို John Healey က ယခုလိုတုံ့ပြန်ဖြေကြားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။
zawgyi version
တ႐ုတ္(တိုင္ေပ)အေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္ကို တိုက္ခိုက္သြားႏိုင္တယ္လို႔ ၿဗိတိန္သတိေပး
Pika (NP News) - ဇူလိုင္ ၂၉
ၿဗိတိန္ႏိုင္ငံဟာ တ႐ုတ္(တိုင္ေပ)အေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္ကို တိုက္ခိုက္သြားႏိုင္တယ္လို႔ ၿဗိတိန္အစိုးရက သတိေပးေျပာဆိုခဲ့ပါတယ္။ ဒါေပမဲ့လည္း ၿဗိတိန္ႏိုင္ငံဟာ တ႐ုတ္(တိုင္ေပ)အေရးနဲ႔ပတ္သက္ၿပီး သံတမန္ေရးအရေျဖရွင္းမႈေတြကို ဆက္လက္ေထာက္ခံသြားမယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီး John Healey က အေလးေပးေျပာၾကားခဲ့ပါတယ္။
John Healey ဟာ ဩစေၾတးလ်ႏိုင္ငံကို အလည္အပတ္ေရာက္ရွိစဥ္အခ်ိန္အတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ John Healey က"လိုအပ္လာမယ္ဆိုရင္ ၿဗိတိန္ႏိုင္ငံဟာ အင္အားကိုအသုံးျပဳၿပီး ၿငိမ္းခ်မ္းေရးကို လုံၿခဳံေအာင္လုပ္ေဆာင္သြားမွာပါ။”လို႔ ေျပာဆိုခဲ့ပါတယ္။ အဲဒီေျပာဆိုခ်က္ဟာ တ႐ုတ္ႏိုင္ငံနဲ႔ တိုက္႐ိုက္ထိပ္တိုက္ေတြ႕ဆုံႏိုင္ေျခနဲ႔ပတ္သက္ၿပီး ၿဗိတိန္အႀကီးတန္းအရာရွိတစ္ဦးဆီကေန အရွင္းဆုံးအခ်က္ျပမႈတစ္ခုျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။
John Healey က "အရင္တုန္းကလုပ္ခဲ့တဲ့အတိုင္း တိုက္ခိုက္ရမယ္ဆိုရင္ ၾသစေၾတးလ်နဲ႔ ၿဗိတိန္ႏိုင္ငံတို႔ဟာ အတူတကြလက္တြဲတိုက္ခိုက္သြားမယ့္ ႏိုင္ငံေတြပဲျဖစ္ပါတယ္။ ေလ့က်င့္ခန္းေတြအတူတူလုပ္ၿပီး တိုက္ပြဲဝင္ဖို႔ အဆင္သင့္ျဖစ္ေနမွသာ တားဆီးမႈေတြ အတူတကြလုပ္ေဆာင္ႏိုင္မွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။တ႐ုတ္(တိုင္ေပ)ဝန္းက်င္မွာ တင္းမာမႈေတြတိုးျမင့္လာရင္ ၿဗိတိန္ကဘာလုပ္မွာလဲဆိုတဲ့ ေမးခြန္းေတြကို John Healey က ယခုလိုတုံ႔ျပန္ေျဖၾကားခဲ့တာျဖစ္တယ္လို႔လည္းသိရပါတယ္။