နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွေမှာ မြောက်ကိုရီးယားကအနိုင်ရလိမ့်မယ်လို့ ခေါင်းဆောင်ကင်ဂျုံအန်းပြော

347

Pika (NP News) - ဇူလိုင် ၂၉
မြောက်ကိုရီးယားနိုင်ငံဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမေရိကန်ဆန့်ကျင်ရေးစစ်ပွဲတွေမှာ အောင်မြင်မှုကို ရယူနိုင်လိမ့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲရေး နှစ်ပတ်လည်နေ့ကို ကျင်းပနေချိန်မှာပဲ ကင်ဂျုံအန်းက ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ကင်ဂျုံအန်းက "မြောက်ကိုရီးယားနိုင်ငံဟာ အားကောင်းတဲ့စစ်တပ်နဲ့အတူ ချမ်းသာကြွယ်ဝတဲ့နိုင်ငံကို တည်ဆောက်ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ အမေရိကန်ဆန့်ကျင်ရေးစစ်ပွဲတွေမှာ အောင်မြင်မှုတွေကို ရယူနိုင်မယ်ဆိုတာ သေချာပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ (၁၉၅၃)ခုနှစ် ဇူလိုင်လ(၂၇)ရက်နေ့မှာ အမေရိကန်၊ တရုတ်နိုင်ငံတို့နဲ့အတူ စစ်ပြေငြိမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး သုံးနှစ်ကြာတိုက်ခိုက်နေတဲ့စစ်ပွဲကို အဆုံးသတ်ခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီသဘောတူညီချက်ကို တောင်ကိုရီးယားနိုင်ငံကို ကျောထောက်နောက်ခံပြုထားတဲ့ ကုလသမဂ္ဂတပ်ဖွဲ့တွေကို ကိုယ်စားပြုတဲ့ အမေရိကန်ဗိုလ်ချုပ်ကြီးတွေက လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီအပစ်အခတ်ရပ်စဲရေးဟာ ကိုရီးယားကျွန်းဆွယ်နယ်န်မိတ်ကို ဧရိယာအညီအမျှနဲ့ပိုင်းခြားသွားစေခဲ့ပေမယ့်လည်း မြောက်ကိုရီးယားဘက်က ဇူလိုင်လ(၂၇)ရက်ကို အောင်ပွဲနေ့အဖြစ် ခေါ်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။
zawgyi version
နယ္ခ်ဲ႕ဆန္႔က်င္ေရးတိုက္ပြဲေတြမွာ ေျမာက္ကိုရီးယားကအႏိုင္ရလိမ့္မယ္လို႔ ေခါင္းေဆာင္ကင္ဂ်ဳံအန္းေျပာ
Pika (NP News) - ဇူလိုင္ ၂၉
ေျမာက္ကိုရီးယားႏိုင္ငံဟာ နယ္ခ်ဲ႕ဆန႔္က်င္ေရး၊ အေမရိကန္ဆန႔္က်င္ေရးစစ္ပြဲေတြမွာ ေအာင္ျမင္မႈကို ရယူႏိုင္လိမ့္မယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ေျမာက္ကိုရီးယားဟာ ကိုရီးယားစစ္ပြဲ အပစ္အခတ္ရပ္စဲေရး ႏွစ္ပတ္လည္ေန႔ကို က်င္းပေနခ်ိန္မွာပဲ ကင္ဂ်ဳံအန္းက ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ကင္ဂ်ဳံအန္းက "ေျမာက္ကိုရီးယားႏိုင္ငံဟာ အားေကာင္းတဲ့စစ္တပ္နဲ႔အတူ ခ်မ္းသာႂကြယ္ဝတဲ့ႏိုင္ငံကို တည္ေဆာက္ၿပီး နယ္ခ်ဲ႕ဆန႔္က်င္ေရး၊ အေမရိကန္ဆန႔္က်င္ေရးစစ္ပြဲေတြမွာ ေအာင္ျမင္မႈေတြကို ရယူႏိုင္မယ္ဆိုတာ ေသခ်ာပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ (၁၉၅၃)ခုႏွစ္ ဇူလိုင္လ(၂၇)ရက္ေန႔မွာ အေမရိကန္၊ တ႐ုတ္ႏိုင္ငံတို႔နဲ႔အတူ စစ္ေျပၿငိမ္းေရးသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ၿပီး သုံးႏွစ္ၾကာတိုက္ခိုက္ေနတဲ့စစ္ပြဲကို အဆုံးသတ္ခဲ့တယ္လို႔လည္း သိရပါတယ္။
အဲဒီသေဘာတူညီခ်က္ကို ေတာင္ကိုရီးယားႏိုင္ငံကို ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ ကုလသမဂၢတပ္ဖြဲ႕ေတြကို ကိုယ္စားျပဳတဲ့ အေမရိကန္ဗိုလ္ခ်ဳပ္ႀကီးေတြက လက္မွတ္ေရးထိုးခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီအပစ္အခတ္ရပ္စဲေရးဟာ ကိုရီးယားကြၽန္းဆြယ္နယ္န္မိတ္ကို ဧရိယာအညီအမွ်နဲ႔ပိုင္းျခားသြားေစခဲ့ေပမယ့္လည္း ေျမာက္ကိုရီးယားဘက္က ဇူလိုင္လ(၂၇)ရက္ကို ေအာင္ပြဲေန႔အျဖစ္ ေခၚဆိုခဲ့တယ္လို႔လည္း သိရပါတယ္။