မန္တလေးတွင် အမျိုးသားတစ်ဦး အရက်မူးကာ အထပ်မြင့်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

 534

သန့်ဇင်(NP News)-ဇူလိုင် ၃၁
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစီမြို့နယ်တွင် အမျိုးသားတစ်ဦး အရက်မူးကာ အထပ်မြင့်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးသွား ခဲ့ကြောင်း နန်းတော်ရှေ့လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၃၁ရက်)၊ နံနက် ၁ နာရီ ၅၄ မိနစ်အချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ ၂၆လမ်း၊ ၅၈Aလမ်းကြားရှိ အထပ်မြင့် တိုက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြုတ်ကျတာက အရက်မူးပြီးပြုတ်ကျတာ။ (၃)လွှာကနေပြုတ်ကျတယ်လို့သိရတယ်။ သူ့အိမ်ကနေကျတာ အခြားခြံဝန်းထဲက ကျောက် စည်တွေ ကြားထဲကျပြီးဆုံးတာ။ မူးပြီး ဝရံတာကလည်း တိုတော့ပြုတ်ကျတာဖြစ်မယ်”ဟု နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် အသက်( ၄၉) နှစ်အရွယ် အမျိုးသားတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ခြေလက်ထိခိုက်ဒဏ်ရာတို့ရရှိကာ အခင်းဖြစ် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဇောက်ထိုးကျတာဆိုတော့ ခေါင်းလည်းပေါက်သွားတယ်။ ခြေလက်တွေမှာလည်း ပွန်းပဲ့တွေနဲ့ခါးလည်းထိသွားတယ်။ နေရာမှာပဲ ပွဲချင်းပြီးသေတယ်”ဟု ၎င်းကဆက်ပြောသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသားအား နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့က မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးတြင္ အမ်ိဳးသားတစ္ဦး အရက္မူးကာ အထပ္ျမင့္တိုက္ေပၚမွ ျပဳတ္က်ေသဆုံး
သန႔္ဇင္(NP News)-ဇူလိုင္ ၃၁
မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစီၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦး အရက္မူးကာ အထပ္ျမင့္တိုက္ေပၚမွ ျပဳတ္က်ေသဆုံးသြား ခဲ့ေၾကာင္း နန္းေတာ္ေရွ႕လူမႈကူညီေရးအဖြဲ႕ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ဇူလိုင္လ ၃၁ရက္)၊ နံနက္ ၁ နာရီ ၅၄ မိနစ္အခ်ိန္ခန႔္တြင္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၂၆လမ္း၊ ၅၈Aလမ္းၾကားရွိ အထပ္ျမင့္ တိုက္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ျပဳတ္က်တာက အရက္မူးၿပီးျပဳတ္က်တာ။ (၃)လႊာကေနျပဳတ္က်တယ္လို႔သိရတယ္။ သူ႔အိမ္ကေနက်တာ အျခားၿခံဝန္းထဲက ေက်ာက္ စည္ေတြ ၾကားထဲက်ၿပီးဆုံးတာ။ မူးၿပီး ဝရံတာကလည္း တိုေတာ့ျပဳတ္က်တာျဖစ္မယ္”ဟု နန္းေတာ္ေရွ႕လူမႈကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ အသက္( ၄၉) ႏွစ္အ႐ြယ္ အမ်ိဳးသားတြင္ ဦးေခါင္းေပါက္ၿပဲဒဏ္ရာႏွင့္ ေျခလက္ထိခိုက္ဒဏ္ရာတို႔ရရွိကာ အခင္းျဖစ္ ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“ေဇာက္ထိုးက်တာဆိုေတာ့ ေခါင္းလည္းေပါက္သြားတယ္။ ေျခလက္ေတြမွာလည္း ပြန္းပဲ့ေတြနဲ႔ခါးလည္းထိသြားတယ္။ ေနရာမွာပဲ ပြဲခ်င္းၿပီးေသတယ္”ဟု ၎ကဆက္ေျပာသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသားအား နန္းေတာ္ေရွ႕လူမႈကယ္ဆယ္ေရးအဖြဲ႕က မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.