မြန်မာ့ခရီးသွားမြှင့်တင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများသို့ ကိုယ်တိုင်သွားရောက်မိတ်ဆက်ရန်လို

 350

ချယ်ရီ(NP News)-ဇူလိုင် ၃၁
မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများသို့ ကိုယ်တိုင်သွား ရောက်မိတ်ဆက် ခြင်းများ လုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က NP News သို့ ပြောသည်။ ရုရှားနိုင်ငံ နိုဗိုစီဗစ်မြို့၌ကျင်းပသည့် အစားအစာနှင့် ခရီးသွားပြပွဲတွင် မြန်မာနိုင်ငံ အကြောင်း မသိရှိသေးသည့် နိုဗိုစီဗစ်မြို့ရှိ ရုရှားနိုင်ငံ သားများကို မြန်မာနိုင်ငံရှိ အမွေအနှစ်များ၊ မြန်မာ့ အစားအစာများနှင့် ခရီးစဉ်ဒေသများ၏ ဓာတ်ပုံများကို Presentation ပုံစံဖြင့် ပြသခြင်းများလုပ်ဆောင်ခဲ့ရာ မြန်မာနိုင်ငံကို ခရီးသွားများ ပိုမိုသိရှိလာကြောင်း ၎င်းကဆိုသည်။
‘ခရီးသွားတွေ မြန်မာနိုင်ငံအကြောင်းကို ပိုသိလာတယ်။ မြန်မာ့ယဉ်ကျေးမှုတွေကို စိတ်ဝင်စား နှစ်ခြိုက်လာ ကြတယ်။ ပြီးတော့ မြန်မာနိုင်ငံကို ခရီး လာချင်တယ်ဆိုတဲ့အကြောင်းတွေ ပြောတယ်။ စုံစမ်း မေးမြန်းတယ်ပေါ့နော်။ ကျွန်တော်တို့ဆီကယူသွားတဲ့ လက်ကမ်းစာစောင်တွေ၊ မြန်မာနိုင်ငံအကြောင်း မြေပုံတွေအကုန် ကုန်သွားတဲ့အထိ အားပေးကြ တယ်ပေါ့နော်။ အဲဒီတော့ မြန်မာနိုင်ငံအတွက်ကို နောင်မှာ အများကြီးအကျိုးရှိလာမယ်။ ချက်ချင်း မဟုတ် ရင်တောင် တဖြည်းဖြည်းနဲ့ ရုရှားခရီးသွားတွေ တိုးတက်လာမှာပေါ့နော်’ ဟု ဦးနောင်းနောင်းဟန်က ပွဲအတွင်းမှရလဒ် များကို ပြောသည်။ မြန်မာ့အကြောင်းကို ဆိုက်ဗေးရီးယားရှိ ရုရှားနိုင်ငံသားများ သိရှိသကဲ့သို့ ကျန်ရှိသည့် မြို့ကြီးများ ၌လည်း ယင်းကဲ့သို့ပွဲမျိုးကို ထပ်မံပြုလုပ် ပြသခြင်းအားဖြင့် ခရီးသွားလုပ်ငန်းတိုးတက်အောင် လုပ်ဆောင် သင့်ကြောင်း ၎င်းကဆိုသည်။’ အခုဒီပွဲက နိုဗိုစီဗစ်က မြို့ဆိုပေမယ့် ဆိုက်ဘေးရီးယားဒေသပေါ့။ ဒီနေရာမှာ လူဦးရေက (၂) သန်း လောက်ပဲ ရှိတယ်။ အခု အဲဒီဆိုက်ဘေးရီးယားကို ကျွန်တော်တို့အနေနဲ့ လွှမ်းခြုံနိုင်တဲ့အခြေအနေတော့ ရှိတယ်ပေါ့နော်။ အဲဒီကနေ ပြည်သူပြည်သားတွေက ရုပ်သံအစီစဉ်ကနေ ထုတ်လွှင့်နေတာဖြစ်တဲ့အတွက် သူတို့တွေက တော်တော်လေး သိသွားပြီပေါ့နော်။ ဒါပေမဲ့ မော်စကိုတို့၊ စိန့်ပီတာစဘတ်အပါအဝင် ကျန်တဲ့မြို့ကြီးတွေကတော့ သိဖို့ခက်ခဲနိုင် သေးတယ်။ အဲဒီတော့ ဒီမြို့ကြီး တွေမှာလည်း အခုလိုပွဲမျိုးတွေ ထပ်ပြီးတော့လုပ်ဖို့ လိုမယ်။ မြို့သူမြို့သားတွေက မျက်ဝါးထင်ထင်မြင်မှ ယုံကြည်မယ်ဆိုတဲ့အတွက် သွားရောက်ပြသဖို့ လိုပါသေးတယ်’ ဟု ၎င်းက ပြောကြားသည်။
ခရီးသွားလုပ်ငန်းတွင် အဓိကကျသည့် ဆက်သွယ်ရေးကဏ္ဍအတွက် AirLine များမှ တိုက် ရိုက်လေကြောင်း ပျံသန်းမှုများနှင့် ခရီးစဉ်ပုံမှန် ပြန်ဆွဲပေးခြင်းများလိုအပ်ပြီး နိုင်ငံတော်မှလည်း ရုရှားနိုင်ငံသားများသိရှိစေရန် သွား ရောက်မိတ်ဆက်ခြင်းများကို ဘက်ညီမျှစွာလုပ်ဆောင်ခြင်းဖြင့် ခရီးသွားလုပ်ငန်းကို တိုးတက်မှုရရှိစေမည်ဖြစ်ကြောင်း ဦးနောင်းနောင်းဟန်က ဆိုသည်။ ‘ခရီးသွားလုပ်ငန်းအတွက် အဓိကဟာ ဆက်သွယ်ရေးကောင်းမွန်မှုပေါ့နော်။ မသိရင် လည်း လာလို့မရဘူး။ သိရင်လည်း ဧည့်သည်က လာချင်ပေမယ့် လေကြောင်းမရှိရင်လာလို့မ ရဘူးလေ။ ကျွန်တော်တို့ ဆီကို တိုက်ရိုက်လေ ကြောင်းပျံသန်းမှုတွေလိုတယ်။ အရင်က လေကြောင်း ခရီးစဉ် စတင်ပျံသန်းပြေးဆွဲခဲ့တာ ရှိပေမဲ့ လည်း ပြည်သူ၊ ပြည်သားတွေကြားထဲမှာ သိပ်မသိသေးတော့ လိုအပ်သလောက် ခရီးသည်မရတဲ့အတွက် ရပ်သွားတာမျိုး ဖြစ်သွားတယ်ပေါ့နော်။ အခုလာမယ့် အောက်တိုဘာလမှာ MAI ကလည်း ခရီးသည်တွေ ပြန်လည်ပြေးဆွဲဖို့ ရှိတယ်’ ဟု ၎င်းက ပြောကြားသည်။ နိုဗိုစီဗစ်မြို့သည် မြန်မာနိုင်ငံအကျယ်အဝန်း၏ (၁၀)ဆခန့် ကျယ်ဝန်းပြီး ရုရှားနိုင်ငံ၏ စက်မှု လက်မှုလုပ်ငန်း ချဲ့ထွင်လုပ်ကိုင်ရာဒေသ ဖြစ်သော ဆိုက်ဘေးရီးယားဒေသ၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။

Zawgyi Version:
ျမန္မာ့ခရီးသြားျမႇင့္တင္ေရးအတြက္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ကိုယ္တိုင္သြားေရာက္မိတ္ဆက္ရန္လို
ခ်ယ္ရီ(NP News)-ဇူလိုင္ ၃၁
ျမန္မာႏိုင္ငံ၏ ခရီးသြားျမႇင့္တင္ေရးအတြက္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ကိုယ္တိုင္သြား ေရာက္မိတ္ဆက္ ျခင္းမ်ား လုပ္ေဆာင္သင့္ေၾကာင္း ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒ ဦးေနာင္းေနာင္းဟန္က NP News သို႔ ေျပာသည္။ ႐ုရွားႏိုင္ငံ ႏိုဗိုစီဗစ္ၿမိဳ႕၌က်င္းပသည့္ အစားအစာႏွင့္ ခရီးသြားျပပြဲတြင္ ျမန္မာႏိုင္ငံ အေၾကာင္း မသိရွိေသးသည့္ ႏိုဗိုစီဗစ္ၿမိဳ႕ရွိ ႐ုရွားႏိုင္ငံ သားမ်ားကို ျမန္မာႏိုင္ငံရွိ အေမြအႏွစ္မ်ား၊ ျမန္မာ့ အစားအစာမ်ားႏွင့္ ခရီးစဥ္ေဒသမ်ား၏ ဓာတ္ပုံမ်ားကို Presentation ပုံစံျဖင့္ ျပသျခင္းမ်ားလုပ္ေဆာင္ခဲ့ရာ ျမန္မာႏိုင္ငံကို ခရီးသြားမ်ား ပိုမိုသိရွိလာေၾကာင္း ၎ကဆိုသည္။
‘ခရီးသြားေတြ ျမန္မာႏိုင္ငံအေၾကာင္းကို ပိုသိလာတယ္။ ျမန္မာ့ယဥ္ေက်းမႈေတြကို စိတ္ဝင္စား ႏွစ္ၿခိဳက္လာ ၾကတယ္။ ၿပီးေတာ့ ျမန္မာႏိုင္ငံကို ခရီး လာခ်င္တယ္ဆိုတဲ့အေၾကာင္းေတြ ေျပာတယ္။ စုံစမ္း ေမးျမန္းတယ္ေပါ့ေနာ္။ ကြၽန္ေတာ္တို႔ဆီကယူသြားတဲ့ လက္ကမ္းစာေစာင္ေတြ၊ ျမန္မာႏိုင္ငံအေၾကာင္း ေျမပုံေတြအကုန္ ကုန္သြားတဲ့အထိ အားေပးၾက တယ္ေပါ့ေနာ္။ အဲဒီေတာ့ ျမန္မာႏိုင္ငံအတြက္ကို ေနာင္မွာ အမ်ားႀကီးအက်ိဳးရွိလာမယ္။ ခ်က္ခ်င္း မဟုတ္ ရင္ေတာင္ တျဖည္းျဖည္းနဲ႔ ႐ုရွားခရီးသြားေတြ တိုးတက္လာမွာေပါ့ေနာ္’ ဟု ဦးေနာင္းေနာင္းဟန္က ပြဲအတြင္းမွရလဒ္ မ်ားကို ေျပာသည္။ ျမန္မာ့အေၾကာင္းကို ဆိုက္ေဗးရီးယားရွိ ႐ုရွားႏိုင္ငံသားမ်ား သိရွိသကဲ့သို႔ က်န္ရွိသည့္ ၿမိဳ႕ႀကီးမ်ား ၌လည္း ယင္းကဲ့သို႔ပြဲမ်ိဳးကို ထပ္မံျပဳလုပ္ ျပသျခင္းအားျဖင့္ ခရီးသြားလုပ္ငန္းတိုးတက္ေအာင္ လုပ္ေဆာင္ သင့္ေၾကာင္း ၎ကဆိုသည္။’ အခုဒီပြဲက ႏိုဗိုစီဗစ္က ၿမိဳ႕ဆိုေပမယ့္ ဆိုက္ေဘးရီးယားေဒသေပါ့။ ဒီေနရာမွာ လူဦးေရက (၂) သန္း ေလာက္ပဲ ရွိတယ္။ အခု အဲဒီဆိုက္ေဘးရီးယားကို ကြၽန္ေတာ္တို႔အေနနဲ႔ လႊမ္းၿခဳံႏိုင္တဲ့အေျခအေနေတာ့ ရွိတယ္ေပါ့ေနာ္။ အဲဒီကေန ျပည္သူျပည္သားေတြက ႐ုပ္သံအစီစဥ္ကေန ထုတ္လႊင့္ေနတာျဖစ္တဲ့အတြက္ သူတို႔ေတြက ေတာ္ေတာ္ေလး သိသြားၿပီေပါ့ေနာ္။ ဒါေပမဲ့ ေမာ္စကိုတို႔၊ စိန႔္ပီတာစဘတ္အပါအဝင္ က်န္တဲ့ၿမိဳ႕ႀကီးေတြကေတာ့ သိဖို႔ခက္ခဲႏိုင္ ေသးတယ္။ အဲဒီေတာ့ ဒီၿမိဳ႕ႀကီး ေတြမွာလည္း အခုလိုပြဲမ်ိဳးေတြ ထပ္ၿပီးေတာ့လုပ္ဖို႔ လိုမယ္။ ၿမိဳ႕သူၿမိဳ႕သားေတြက မ်က္ဝါးထင္ထင္ျမင္မွ ယုံၾကည္မယ္ဆိုတဲ့အတြက္ သြားေရာက္ျပသဖို႔ လိုပါေသးတယ္’ ဟု ၎က ေျပာၾကားသည္။
ခရီးသြားလုပ္ငန္းတြင္ အဓိကက်သည့္ ဆက္သြယ္ေရးက႑အတြက္ AirLine မ်ားမွ တိုက္ ႐ိုက္ေလေၾကာင္း ပ်ံသန္းမႈမ်ားႏွင့္ ခရီးစဥ္ပုံမွန္ ျပန္ဆြဲေပးျခင္းမ်ားလိုအပ္ၿပီး ႏိုင္ငံေတာ္မွလည္း ႐ုရွားႏိုင္ငံသားမ်ားသိရွိေစရန္ သြား ေရာက္မိတ္ဆက္ျခင္းမ်ားကို ဘက္ညီမွ်စြာလုပ္ေဆာင္ျခင္းျဖင့္ ခရီးသြားလုပ္ငန္းကို တိုးတက္မႈရရွိေစမည္ျဖစ္ေၾကာင္း ဦးေနာင္းေနာင္းဟန္က ဆိုသည္။ ‘ခရီးသြားလုပ္ငန္းအတြက္ အဓိကဟာ ဆက္သြယ္ေရးေကာင္းမြန္မႈေပါ့ေနာ္။ မသိရင္ လည္း လာလို႔မရဘူး။ သိရင္လည္း ဧည့္သည္က လာခ်င္ေပမယ့္ ေလေၾကာင္းမရွိရင္လာလို႔မ ရဘူးေလ။ ကြၽန္ေတာ္တို႔ ဆီကို တိုက္႐ိုက္ေလ ေၾကာင္းပ်ံသန္းမႈေတြလိုတယ္။ အရင္က ေလေၾကာင္း ခရီးစဥ္ စတင္ပ်ံသန္းေျပးဆြဲခဲ့တာ ရွိေပမဲ့ လည္း ျပည္သူ၊ ျပည္သားေတြၾကားထဲမွာ သိပ္မသိေသးေတာ့ လိုအပ္သေလာက္ ခရီးသည္မရတဲ့အတြက္ ရပ္သြားတာမ်ိဳး ျဖစ္သြားတယ္ေပါ့ေနာ္။ အခုလာမယ့္ ေအာက္တိုဘာလမွာ MAI ကလည္း ခရီးသည္ေတြ ျပန္လည္ေျပးဆြဲဖို႔ ရွိတယ္’ ဟု ၎က ေျပာၾကားသည္။ ႏိုဗိုစီဗစ္ၿမိဳ႕သည္ ျမန္မာႏိုင္ငံအက်ယ္အဝန္း၏ (၁၀)ဆခန႔္ က်ယ္ဝန္းၿပီး ႐ုရွားႏိုင္ငံ၏ စက္မႈ လက္မႈလုပ္ငန္း ခ်ဲ႕ထြင္လုပ္ကိုင္ရာေဒသ ျဖစ္ေသာ ဆိုက္ေဘးရီးယားေဒသ၏ အစိတ္အပိုင္း တစ္ခုလည္း ျဖစ္သည္။

Related news

© 2021. All rights reserved.