မြေရှားအငြင်းပွားမှုကို ရေတိုပြေလျော့စေခဲ့တဲ့ တရုတ်-အမေရိကန် ကုန်သွယ်သဘောတူညီချက် (ဘာသာပြန် ဆောင်းပါး)

 101

တင်ဇာ (NP News)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ အောက်တိုဘာလ (၃၀) ရက် မှာ သဘောတူညီခဲ့တဲ့ ရေတိုသဘောတူညီချက်ဟာ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံနှစ်ခုကြားက လနဲ့ချီ ကြာမြင့်နေတဲ့ကုန်သွယ်ရေးစစ်ပွဲကို တင်းမာမှုတွေ လျော့ပါးသွားစေပုံရပါတယ်။ ဒါ့ပြင် ဒီသဘောတူညီ ချက်ဟာ စမတ်ဖုန်းဝယ်သူတွေကနေစလို့ ပဲပိစပ် စိုက်တောင်သူတွေအထိ လူတိုင်းအပေါ် သက် ရောက် မှုတွေရှိနေပါတယ်။ ဒီသဘောတူညီချက်ဟာ သမ္မတထရမ့်ရဲ့ ဒုတိယသက်တမ်းစတင်ခဲ့ပြီးတဲ့ နောက် တရုတ်ခေါင်းဆောင်နဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ အရေးကြီး အစည်း အဝေးအပြီး ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
ကုန်သွယ်ရေးကျွမ်းကျင်သူတချို့ကတော့ ဒီသဘောတူညီချက်မှာ နှစ်ဖက်စလုံးက ထူးခြားတဲ့ လျှော့ပေါ့မှုတွေရှိခဲ့တယ်လို့ ဖော်ပြကြပေမယ့် အဆုံးသတ်ရလဒ်ကတော့ အမေရိကန်-တရုတ် ဆက်ဆံ ရေးအပေါ် ဘယ်လောက်အထိသက်ရောက်မလဲမသိသေးပါဘူး။ ထရမ့်က ဖန်းတနယ်လ်နဲ့ပတ်သက်ပြီး တရုတ်အပေါ် စည်းကြပ်ထားတဲ့ (၂၀) ရာခိုင်နှုန်းအခွန်တွေကို (၁၀)ရာခိုင်နှုန်းအထိလျှော့ချပေးခဲ့တယ်။ ဒါကြောင့် တရုတ်သွင်းကုန်တွေအပေါ်စည်းကြပ်တဲ့ စုစုပေါင်းအခွန်နှုန်းထားဟာ (၅၇)ရာခိုင်နှုန်းကနေ (၄၇) ရာခိုင်နှုန်းကိုကျဆင်းသွားခဲ့တယ်။
တစ်နှစ်သက်တမ်းရှိတဲ့ အမေရိကန်နဲ့တရုတ် တို့ရဲ့ ကုန်သွယ်ရေးသဘောတူညီချက်ဟာ နှစ်နိုင်ငံ ကြား ကုန်သွယ်ရေးစစ်ပွဲရဲ့ အဓိကအငြင်းပွားစရာ ဖြစ်တဲ့ မြေရှားသတ္တုကိစ္စကိုဖြေရှင်းဖို့ ကြိုးပမ်းခဲ့တယ် လို့ဆိုရပါမယ်။ လွန်ခဲ့တဲ့လအနည်းငယ်အတွင်း တရုတ်က အမေရိကန်ကုန်သွယ်ရေးလုပ်ငန်းရှင်တွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် အရေးပါတဲ့ မြေရှားသတ္တုတွေကို ဖြေလျှော့ပေးမယ်ဆိုတဲ့ ကတိကိုတော့ နှေးကွေးစွာလုပ်ဆောင်နေခဲ့တယ်။ ဒါ့ပြင် အမေရိကန်ကုမ္ပဏီတွေကို မြေရှား သတ္တု လိုင်စင်တွေ အမြန်ထုတ်ပေးမယ်လို့ အစောပိုင်းက အာမခံခဲ့တာတွေဟာလည်း လက်တွေ့ဖြစ်မလာခဲ့ ပါဘူး။ တရုတ်ဟာ ဒီလအစောပိုင်းမှာ ကန့်သတ်ချက်တွေကို အကြီးအကျယ်တိုးချဲ့ပြီး ထိန်းချုပ်မှုတွေ ကို ပိုမိုတင်းကြပ်ခဲ့ပါသေးတယ်။
ကြာသပတေးနေ့သဘောတူညီချက်အရ တရုတ်က ဒီလိုအသစ်ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ပြန်လည်ရုပ်သိမ်းဖို့သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ ဧပြီလကတည်းက စတင်ချမှတ်ခဲ့တဲ့ ကနဦးကန့်သတ် ချက်တွေကတော့ ရှိနေဦးမယ်လို့ယူဆရပါတယ်။ မြေရှားသတ္တုနဲ့ပတ်သက်တဲ့ ဒီလိုအငြင်းပွားမှုတွေဟာ လက်ရှိအစိုးရလက်ထက် မတိုင်ခင်ကတည်းကရှိခဲ့တာပါ။
မြေရှားသတ္တုတွေမှာ စကန်ဒီယမ်၊ ယစ်ထရီယမ် နဲ့လန်သာနိုက် စတဲ့ သတ္တုဒြပ်စင် (၁၇)မျိုး ပါ ဝင်ပါတယ်။ အမည်အားဖြင့် မြေရှားလို့သာဆိုပေမယ့် သူတို့ဟာ ရွှေထက်တောင် ပိုပြီးပေါများပါတယ်။ ဒါပေမဲ့ သူတို့ကို တူးဖော်ထုတ်ယူဖို့နဲ့ စီမံဆောင်ရွက်ဖို့က ခက်ခဲပြီး ကုန်ကျစရိတ်လည်းများပါတယ်။ ဒါ့ပြင် ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေတယ်လို့သိရပါတယ်။ ဒါပေမဲ့ သူက ပစ္စည်းအတော်များများမှာ အသုံးဝင်ပါတယ်။ ဥပမာ နီအို ဒိုင်မီယမ်ဒြပ်စင်ကို အသံချဲ့စက်၊ ကွန်ပျူတာ Hard Drive ၊ EV မော်တာ တွေနဲ့ ဂျက်အင်ဂျင်တွေမှာသုံးတဲ့ စွမ်းရည်မြင့်သံလိုက်တွေ ပြုလုပ်ဖို့အတွက်သုံးပါတယ်။ ရစ်ထရီယမ်နဲ့ ယူရိုပီယမ် ကိုတော့ သူတို့ရဲ့အရောင်ဖော်ပြပုံကြောင့် ရုပ်မြင်သံကြားနဲ့ ကွန်ပျူတာဖန်သားပြင်တွေ ထုတ်လုပ်ရာမှာ အသုံးပြုကြပါတယ်။ မြေရှားတွေဟာ လေဆာခွဲစိတ်မှုနဲ့ MRI စကန်ဖတ်ခြင်းလိုမျိုး ဆေးဘက်ဆိုင်ရာ နည်းပညာတွေအပြင် အဓိက ကာကွယ်ရေးနည်းပညာ တွေထုတ်လုပ်ရာမှာလည်း အရေးပါပါတယ်။
အမေရိကန်မှာ လုပ်ငန်းလည်ပတ်နေတဲ့ မြေရှားမိုင်းတွင်းတစ်ခုတော့ရှိပါတယ်။ ဒါပေမဲ့ လေးလံ မြေရှား ဓာတ်တွေကို ခွဲထုတ်နိုင်တဲ့နည်းပညာမရှိတဲ့အတွက် သူရဲ့သတ္တုရိုင်းတွေကိုသန့်စင်ဖို့ရာ တရုတ် နိုင်ငံကို ပို့ဆောင်နေရပါတယ်။ အရင်တုန်းက အမေရိကန်မှာ မြေရှားသံလိုက်တွေထုတ်လုပ်တဲ့ ကုမ္ပဏီ တွေ ရှိခဲ့ပါတယ်။ (၁၉၈၀)ပြည့်နှစ်တွေအထိဆိုရင် အမေရိကန်ဟာ မြေရှားတွေကို အများဆုံးထုတ်လုပ် သူ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက ကုန်ကျစရိတ် အရရော၊ ထုတ်လုပ်နိုင်စွမ်းမှာပါ လွှမ်းမိုးလာတဲ့ အခါ ဒီကုမ္ပဏီတွေဟာ ဈေးကွက်ကနေ ထွက်ခွာသွားခဲ့ပါတယ်။
ဒီအချက်ကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းနဲ့ သတ္တုဆိုင်ရာ သဘောတူညီ ချက်လက်မှတ်ရေးထိုးဖို့ စိတ်အားထက်သန်စေခဲ့ပါတယ်။ တရုတ်အပေါ်မှီခိုနေရတာကို လျှော့ချချင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထရမ့်က ကမ္ဘာ့နိုင်ငံများစွာကို ရန်လိုတဲ့သဘောထားနဲ့ ပြုမူဆက်ဆံနေတာကြောင့် အမေရိကန်ဟာ မြေရှားနဲ့ပတ်သက်လို့ တခြားရွေး ချယ်စရာ ပေးသွင်းသူမရှိသလောက် ဖြစ်သွားနိုင်ပါ တယ်။ အမေရိကန်ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုက နှစ်ဆဖြစ်ပါတယ်။ တစ်ဖက်မှာ မြေရှားတွေကို တစ်ဦး တည်း ထောက်ပံ့နေတဲ့တရုတ်နိုင်ငံကို စိမ်းကားခဲ့သလို၊ နောက်တစ်ဖက်မှာလည်း အရင်က မဟာမိတ် ကောင်း ဖြစ်ခဲ့တဲ့ နိုင်ငံအများအပြားကို အကောက်ခွန်နဲ့ တခြား ရန်လိုတဲ့လုပ်ရပ်တွေကနေတစ်ဆင့် တိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်သတ္တုတင်သွင်းမှုအစီရင် ခံစာတစ်စောင်ရဲ့မှတ်ချက်အရ (၂၀၂၀) နဲ့ (၂၀ ၂၃) ခုနှစ်ကြားမှာ အမေရိကန်ဟာ မြေရှားအပါအဝင် သတ္တုစုစုပေါင်းတင်သွင်းမှုရဲ့ (၇၀)ရာခိုင်နှုန်းကို တရုတ်နိုင်ငံပေါ်မှီခိုခဲ့ရပါတယ်။ လေးလံမြေရှားဓာတ်တွေကို ဒုံးကျည်တွေ၊ ရေဒါတွေနဲ့ စွမ်းရည်မြင့်သံ လိုက် တွေလို စစ်ရေးနယ်ပယ်အများအပြားမှာအသုံးပြုကြပါတယ်။ CSIS အစီရင်ခံစာတစ်စောင်ရဲ့ မှတ် ချက်အရ F-35 ဂျက်လေယာဉ်တွေ၊ Tomahawk ဒုံးကျည်တွေနဲ့ Predato မောင်းသူမဲ့လေယာဉ်တွေ အပါအဝင် ကာကွယ်ရေးနည်းပညာတွေအားလုံးဟာ ဒီသတ္တုကိုမှီခိုနေရတယ်လို့သိရပါတယ်။
ဒါကြောင့် ဘေဂျင်းရဲ့ ပို့ကုန်ကန့်သတ်မှုတွေက အမေရိကန်ကို ပြင်းပြင်းထန်ထန်ရိုက်ခတ်စေပါ တယ်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က တရုတ်ရဲ့ကန့်သတ်ချက်တွေကို စီးပွားရေးအရ အတင်းအကြပ် ဖိအားပေးတာ၊ ကမ္ဘာ့ထောက်ပံ့ရေး ကွင်းဆက်တစ်ခုလုံးကို လက်ဝါးကြီးအုပ်တာ” ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ အမေရိကန်မှာ မြေရှားလိုအပ်ချက်တွေ မြင့်တက်နေချိန် တရုတ်နိုင်ငံကတော့ သူရဲ့ ခဲ ယမ်းမီးကျောက်ထုတ်လုပ်မှုကိုချဲ့ထွင်နေပြီး အမေရိကန်ထက် ငါးဆကနေခြောက်ဆအထိ ပိုမိုမြန်ဆန် တဲ့ အရှိန်နဲ့ အဆင့်မြင့်လက်နက်စနစ်တွေနဲ့ စက်ပစ္စည်းတွေကို တည်ဆောက်နေတာဖြစ်ပါတယ်။ အမေ ရိကန်နဲ့တရုတ်ကြား ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ကုန်သွယ်ရေးစစ်ပွဲအတွင်း ဘေဂျင်းဟာ မြေရှားကို ဖိအား ပေးစရာ လက်နက်အဖြစ်အသုံးပြုနေပါတယ်။ တရုတ်ဘက်က နောက်ဆုံးချမှတ်လိုက်တဲ့ ကုန်သွယ်ရေး ကန့်သတ်ချက်တွေဟာ အမေရိကန်ကို ပိုပြီးအကျပ်ရိုက်စေခဲ့ပါတယ်။
ဒီလအစောပိုင်းမှာ တရုတ် မြေရှားဒြပ်စင် (၅) မျိုးဖြစ်တဲ့ ဟိုမီယမ်၊ အာဘီယမ်၊ သူလီယမ်၊ ယူရိုပီ ယမ်၊ ရစ်တာဘီယမ်နဲ့ ဆက်စပ် သံလိုက်အပါအဝင် သတ္တုပစ္စည်းတွေကို ထိန်းချုပ်ကန့်သတ်စာရင်းထဲ ထည့်သွင်းခဲ့တာကြောင့် စုစုပေါင်း ကန့်သတ်ထားတဲ့ မြေရှားဒြပ်စင် (၁၂)မျိုးအထိရောက်သွားပါတယ်။ ဒီ နှစ်ထဲမှာ တရုတ်ရဲ့မြေရှားကန့်သတ်ချက်တွေကြောင့် ထရမ့်ကို ဒေါသထွက်တာဟာ ဒါက ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ဇွန်လမှာလည်း ထရမ့်က Truth Social မှာ တရုတ်နိုင်ငံက ကုန်သွယ်ရေး ရပ်စဲဖို့ သဘောတူညီချက်ကိုချိုးဖောက်တယ်လို့စွပ်စွဲခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘေဂျင်းက မြေရှား သတ္တု(၇) မျိုး နဲ့ ဆက်စပ်ပစ္စည်းတွေအပေါ် ပို့ကုန်ထိန်းချုပ်မှုတွေ ဆက်လက်ထားရှိခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ နောက်ဆုံးကန့်သတ်ချက်တွေဟာ ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီး နှစ်ခုကြား က ကုန်သွယ်မှုစစ်ပွဲကို အမြင့်ဆုံးအနေအထားအထိ တင်းမာသွားစေပါတယ်။
ဒီလိုတင်းမာမှုတွေမြင့်တက်နေချိန်၊ အောက်တိုဘာလ (၃၀)ရက်မှာ ခေါင်းဆောင်နှစ်ဦးဟာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်လေဆိပ်မှာ တွေ့ဆုံနိုင်ခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုဟာ လက်ရှိ ကုန်သွယ် ရေးတင်းမာမှုတွေကို တစ်စိတ်တစ်ပိုင်းလျှော့ချနိုင်ခဲ့ပြီး အမေရိကန်ထဲကို ဝင်ရောက်လာတဲ့ တရုတ် ကုန် ပစ္စည်းတချို့ရဲ့ အခွန်တွေကိုလျှော့ချတာလည်းပါဝင်ခဲ့ပါတယ်။ ဘေဂျင်းဘက်က အရေးပါတဲ့မြေရှား သတ္တုတွေအပေါ် ပို့ ကုန်ထိန်းချုပ်မှုတွေကိုဆိုင်းငံ့ဖို့ သဘောတူခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ထရမ့်က တရုတ်နိုင်ငံဟာ ပဲပုပ်နဲ့ တခြားစိုက်ပျိုးရေးထွက်ကုန်တွေကိုလည်း “အမြောက်အမြား” ဝယ်ယူမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒီသဘောတူညီချက်တွေက ကမ္ဘာလုံးဆိုင်ရာအကျိုး ဆက်တွေ ရှိလာမှာဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်သ တင်းထောက် Laura Bicker ထောက်ပြထားသလို အင်အားကြီးနှစ်နိုင်ငံကြားက ကုန် သွယ်မှုလျော့ပေါ့ ရေးသဘောတူညီချက်ဟာ ခုချိန်ထိတော့ စာရွက်ပေါ်မှာ မင်နဲ့ရေးသား ကတိပြုတာ မျိုးမရှိသေးပါဘူး။
ဒါ့ပြင် ထရမ့်အစိုးရဲ့ အပြောင်းအလဲမြန်တဲ့ မူဝါဒ ချမှတ်မှုမှတ်တမ်းကိုကြည့်မယ်ဆိုရင် သမ္မတရဲ့ စိတ်ထင်အလျောက် ကုန်သွယ်ရေးရန်လိုမှုတွေက ပြန်လည်ဖြစ်ပွားလာနိုင်ပါတယ်။ ထရမ့်အစိုးရအဖွဲ့က တရုတ်နဲ့ရရှိခဲ့တဲ့ ကုန်သွယ်ရေးသဘောတူညီချက် အပေါ် အောင်ပွဲခံဂုဏ်ပြုနေချိန်မှာ တခြားဘယ်သူ့ဆီ ကမှ ခမ်းခမ်းနားနားဂုဏ်ပြုသံတွေ ထွက်ပေါ်လာတာ မျိုးမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကုန်သွယ် ရေးသဘောတူညီချက်က စီးပွားရေးအပေါ် ရေတိုထိခိုက်မှုနည်းစေဖို့သာအာမခံပေးမှာဖြစ်ပြီး ရေရှည်မှာ တော့ အဖိုးတန်မြေရှားသတ္တုတွေကို လက်ဝါးကြီးအုပ်ထားနိုင်တဲ့ တရုတ်ကသာ အောင်နိုင်သူဖြစ်လာ မှာဖြစ်လို့ပါပဲ။

ကိုးကား
• https://edition.cnn.com/2025/10/30/business/rare-earth-minerals-deal
• https://www.investopedia.com/u-s-china-agreement-is-a-pause-not-an-end-to-trade-war-11840772
• https://www.bbc.com/news/live/cd7ry3x0nvet

Zawgyi Version:
ေျမရွားအျငင္းပြားမႈကို ေရတိုေျပေလ်ာ့ေစခဲ့တဲ့ တ႐ုတ္-အေမရိကန္ ကုန္သြယ္သေဘာတူညီခ်က္
(ဘာသာျပန္ ေဆာင္းပါး)
တင္ဇာ (NP News)
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္နဲ႔ တ႐ုတ္ သမၼတ ရွီက်င့္ဖ်င္တို႔ ေအာက္တိုဘာလ (၃၀) ရက္ မွာ သေဘာတူညီခဲ့တဲ့ ေရတိုသေဘာတူညီခ်က္ဟာ ကမာၻ႔အႀကီးဆုံး စီးပြားေရးႏိုင္ငံႏွစ္ခုၾကားက လနဲ႔ခ်ီ ၾကာျမင့္ေနတဲ့ကုန္သြယ္ေရးစစ္ပြဲကို တင္းမာမႈေတြ ေလ်ာ့ပါးသြားေစပုံရပါတယ္။ ဒါ့ျပင္ ဒီသေဘာတူညီ ခ်က္ဟာ စမတ္ဖုန္းဝယ္သူေတြကေနစလို႔ ပဲပိစပ္ စိုက္ေတာင္သူေတြအထိ လူတိုင္းအေပၚ သက္ ေရာက္ မႈေတြရွိေနပါတယ္။ ဒီသေဘာတူညီခ်က္ဟာ သမၼတထရမ့္ရဲ႕ ဒုတိယသက္တမ္းစတင္ခဲ့ၿပီးတဲ့ ေနာက္ တ႐ုတ္ေခါင္းေဆာင္နဲ႔ ပထမဆုံးအႀကိမ္ မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံေဆြးေႏြးခဲ့ၾကတဲ့ အေရးႀကီး အစည္း အေဝးအၿပီး ထြက္ေပၚလာျခင္းျဖစ္ပါတယ္။
ကုန္သြယ္ေရးကြၽမ္းက်င္သူတခ်ိဳ႕ကေတာ့ ဒီသေဘာတူညီခ်က္မွာ ႏွစ္ဖက္စလုံးက ထူးျခားတဲ့ ေလွ်ာ့ေပါ့မႈေတြရွိခဲ့တယ္လို႔ ေဖာ္ျပၾကေပမယ့္ အဆုံးသတ္ရလဒ္ကေတာ့ အေမရိကန္-တ႐ုတ္ ဆက္ဆံ ေရးအေပၚ ဘယ္ေလာက္အထိသက္ေရာက္မလဲမသိေသးပါဘူး။ ထရမ့္က ဖန္းတနယ္လ္နဲ႔ပတ္သက္ၿပီး တ႐ုတ္အေပၚ စည္းၾကပ္ထားတဲ့ (၂၀) ရာခိုင္ႏႈန္းအခြန္ေတြကို (၁၀)ရာခိုင္ႏႈန္းအထိေလွ်ာ့ခ်ေပးခဲ့တယ္။ ဒါေၾကာင့္ တ႐ုတ္သြင္းကုန္ေတြအေပၚစည္းၾကပ္တဲ့ စုစုေပါင္းအခြန္ႏႈန္းထားဟာ (၅၇)ရာခိုင္ႏႈန္းကေန (၄၇) ရာခိုင္ႏႈန္းကိုက်ဆင္းသြားခဲ့တယ္။
တစ္ႏွစ္သက္တမ္းရွိတဲ့ အေမရိကန္နဲ႔တ႐ုတ္ တို႔ရဲ႕ ကုန္သြယ္ေရးသေဘာတူညီခ်က္ဟာ ႏွစ္ႏိုင္ငံ ၾကား ကုန္သြယ္ေရးစစ္ပြဲရဲ႕ အဓိကအျငင္းပြားစရာ ျဖစ္တဲ့ ေျမရွားသတၱဳကိစၥကိုေျဖရွင္းဖို႔ ႀကိဳးပမ္းခဲ့တယ္ လို႔ဆိုရပါမယ္။ လြန္ခဲ့တဲ့လအနည္းငယ္အတြင္း တ႐ုတ္က အေမရိကန္ကုန္သြယ္ေရးလုပ္ငန္းရွင္ေတြနဲ႔ အႀကိမ္ႀကိမ္ေတြ႕ဆုံေဆြးေႏြးခဲ့ၾကေပမယ့္ အေရးပါတဲ့ ေျမရွားသတၱဳေတြကို ေျဖေလွ်ာ့ေပးမယ္ဆိုတဲ့ ကတိကိုေတာ့ ေႏွးေကြးစြာလုပ္ေဆာင္ေနခဲ့တယ္။ ဒါ့ျပင္ အေမရိကန္ကုမၸဏီေတြကို ေျမရွား သတၱဳ လိုင္စင္ေတြ အျမန္ထုတ္ေပးမယ္လို႔ အေစာပိုင္းက အာမခံခဲ့တာေတြဟာလည္း လက္ေတြ႕ျဖစ္မလာခဲ့ ပါဘူး။ တ႐ုတ္ဟာ ဒီလအေစာပိုင္းမွာ ကန႔္သတ္ခ်က္ေတြကို အႀကီးအက်ယ္တိုးခ်ဲ႕ၿပီး ထိန္းခ်ဳပ္မႈေတြ ကို ပိုမိုတင္းၾကပ္ခဲ့ပါေသးတယ္။
ၾကာသပေတးေန႔သေဘာတူညီခ်က္အရ တ႐ုတ္က ဒီလိုအသစ္ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြကို ျပန္လည္႐ုပ္သိမ္းဖို႔သေဘာတူခဲ့ပါတယ္။ ဒါေပမဲ့ ဧၿပီလကတည္းက စတင္ခ်မွတ္ခဲ့တဲ့ ကနဦးကန႔္သတ္ ခ်က္ေတြကေတာ့ ရွိေနဦးမယ္လို႔ယူဆရပါတယ္။ ေျမရွားသတၱဳနဲ႔ပတ္သက္တဲ့ ဒီလိုအျငင္းပြားမႈေတြဟာ လက္ရွိအစိုးရလက္ထက္ မတိုင္ခင္ကတည္းကရွိခဲ့တာပါ။
ေျမရွားသတၱဳေတြမွာ စကန္ဒီယမ္၊ ယစ္ထရီယမ္ နဲ႔လန္သာႏိုက္ စတဲ့ သတၱဳျဒပ္စင္ (၁၇)မ်ိဳး ပါ ဝင္ပါတယ္။ အမည္အားျဖင့္ ေျမရွားလို႔သာဆိုေပမယ့္ သူတို႔ဟာ ေ႐ႊထက္ေတာင္ ပိုၿပီးေပါမ်ားပါတယ္။ ဒါေပမဲ့ သူတို႔ကို တူးေဖာ္ထုတ္ယူဖို႔နဲ႔ စီမံေဆာင္႐ြက္ဖို႔က ခက္ခဲၿပီး ကုန္က်စရိတ္လည္းမ်ားပါတယ္။ ဒါ့ျပင္ ပတ္ဝန္းက်င္ကိုပါ ထိခိုက္ေစတယ္လို႔သိရပါတယ္။ ဒါေပမဲ့ သူက ပစၥည္းအေတာ္မ်ားမ်ားမွာ အသုံးဝင္ပါတယ္။ ဥပမာ နီအို ဒိုင္မီယမ္ျဒပ္စင္ကို အသံခ်ဲ႕စက္၊ ကြန္ပ်ဴတာ Hard Drive ၊ EV ေမာ္တာ ေတြနဲ႔ ဂ်က္အင္ဂ်င္ေတြမွာသုံးတဲ့ စြမ္းရည္ျမင့္သံလိုက္ေတြ ျပဳလုပ္ဖို႔အတြက္သုံးပါတယ္။ ရစ္ထရီယမ္နဲ႔ ယူ႐ိုပီယမ္ ကိုေတာ့ သူတို႔ရဲ႕အေရာင္ေဖာ္ျပပုံေၾကာင့္ ႐ုပ္ျမင္သံၾကားနဲ႔ ကြန္ပ်ဴတာဖန္သားျပင္ေတြ ထုတ္လုပ္ရာမွာ အသုံးျပဳၾကပါတယ္။ ေျမရွားေတြဟာ ေလဆာခြဲစိတ္မႈနဲ႔ MRI စကန္ဖတ္ျခင္းလိုမ်ိဳး ေဆးဘက္ဆိုင္ရာ နည္းပညာေတြအျပင္ အဓိက ကာကြယ္ေရးနည္းပညာ ေတြထုတ္လုပ္ရာမွာလည္း အေရးပါပါတယ္။
အေမရိကန္မွာ လုပ္ငန္းလည္ပတ္ေနတဲ့ ေျမရွားမိုင္းတြင္းတစ္ခုေတာ့ရွိပါတယ္။ ဒါေပမဲ့ ေလးလံ ေျမရွား ဓာတ္ေတြကို ခြဲထုတ္ႏိုင္တဲ့နည္းပညာမရွိတဲ့အတြက္ သူရဲ႕သတၱဳ႐ိုင္းေတြကိုသန႔္စင္ဖို႔ရာ တ႐ုတ္ ႏိုင္ငံကို ပို႔ေဆာင္ေနရပါတယ္။ အရင္တုန္းက အေမရိကန္မွာ ေျမရွားသံလိုက္ေတြထုတ္လုပ္တဲ့ ကုမၸဏီ ေတြ ရွိခဲ့ပါတယ္။ (၁၉၈၀)ျပည့္ႏွစ္ေတြအထိဆိုရင္ အေမရိကန္ဟာ ေျမရွားေတြကို အမ်ားဆုံးထုတ္လုပ္ သူ ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ တ႐ုတ္ႏိုင္ငံက ကုန္က်စရိတ္ အရေရာ၊ ထုတ္လုပ္ႏိုင္စြမ္းမွာပါ လႊမ္းမိုးလာတဲ့ အခါ ဒီကုမၸဏီေတြဟာ ေဈးကြက္ကေန ထြက္ခြာသြားခဲ့ပါတယ္။
ဒီအခ်က္ေၾကာင့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ ယူကရိန္းနဲ႔ သတၱဳဆိုင္ရာ သေဘာတူညီ ခ်က္လက္မွတ္ေရးထိုးဖို႔ စိတ္အားထက္သန္ေစခဲ့ပါတယ္။ တ႐ုတ္အေပၚမွီခိုေနရတာကို ေလွ်ာ့ခ်ခ်င္တာ ျဖစ္ပါတယ္။ ဒါေပမဲ့ ထရမ့္က ကမာၻ႔ႏိုင္ငံမ်ားစြာကို ရန္လိုတဲ့သေဘာထားနဲ႔ ျပဳမူဆက္ဆံေနတာေၾကာင့္ အေမရိကန္ဟာ ေျမရွားနဲ႔ပတ္သက္လို႔ တျခားေ႐ြး ခ်ယ္စရာ ေပးသြင္းသူမရွိသေလာက္ ျဖစ္သြားႏိုင္ပါ တယ္။ အေမရိကန္ရင္ဆိုင္ေနရတဲ့စိန္ေခၚမႈက ႏွစ္ဆျဖစ္ပါတယ္။ တစ္ဖက္မွာ ေျမရွားေတြကို တစ္ဦး တည္း ေထာက္ပံ့ေနတဲ့တ႐ုတ္ႏိုင္ငံကို စိမ္းကားခဲ့သလို၊ ေနာက္တစ္ဖက္မွာလည္း အရင္က မဟာမိတ္ ေကာင္း ျဖစ္ခဲ့တဲ့ ႏိုင္ငံအမ်ားအျပားကို အေကာက္ခြန္နဲ႔ တျခား ရန္လိုတဲ့လုပ္ရပ္ေတြကေနတစ္ဆင့္ တိုက္ခိုက္ခဲ့ပါတယ္။ အေမရိကန္သတၱဳတင္သြင္းမႈအစီရင္ ခံစာတစ္ေစာင္ရဲ႕မွတ္ခ်က္အရ (၂၀၂၀) နဲ႔ (၂၀ ၂၃) ခုႏွစ္ၾကားမွာ အေမရိကန္ဟာ ေျမရွားအပါအဝင္ သတၱဳစုစုေပါင္းတင္သြင္းမႈရဲ႕ (၇၀)ရာခိုင္ႏႈန္းကို တ႐ုတ္ႏိုင္ငံေပၚမွီခိုခဲ့ရပါတယ္။ ေလးလံေျမရွားဓာတ္ေတြကို ဒုံးက်ည္ေတြ၊ ေရဒါေတြနဲ႔ စြမ္းရည္ျမင့္သံ လိုက္ ေတြလို စစ္ေရးနယ္ပယ္အမ်ားအျပားမွာအသုံးျပဳၾကပါတယ္။ CSIS အစီရင္ခံစာတစ္ေစာင္ရဲ႕ မွတ္ ခ်က္အရ F-35 ဂ်က္ေလယာဥ္ေတြ၊ Tomahawk ဒုံးက်ည္ေတြနဲ႔ Predato ေမာင္းသူမဲ့ေလယာဥ္ေတြ အပါအဝင္ ကာကြယ္ေရးနည္းပညာေတြအားလုံးဟာ ဒီသတၱဳကိုမွီခိုေနရတယ္လို႔သိရပါတယ္။
ဒါေၾကာင့္ ေဘဂ်င္းရဲ႕ ပို႔ကုန္ကန႔္သတ္မႈေတြက အေမရိကန္ကို ျပင္းျပင္းထန္ထန္႐ိုက္ခတ္ေစပါ တယ္။ အေမရိကန္ဘ႑ာေရးဝန္ႀကီး Scott Bessent က တ႐ုတ္ရဲ႕ကန႔္သတ္ခ်က္ေတြကို စီးပြားေရးအရ အတင္းအၾကပ္ ဖိအားေပးတာ၊ ကမာၻ႔ေထာက္ပံ့ေရး ကြင္းဆက္တစ္ခုလုံးကို လက္ဝါးႀကီးအုပ္တာ” ဆိုၿပီး ေဝဖန္ခဲ့ပါတယ္။ အေမရိကန္မွာ ေျမရွားလိုအပ္ခ်က္ေတြ ျမင့္တက္ေနခ်ိန္ တ႐ုတ္ႏိုင္ငံကေတာ့ သူရဲ႕ ခဲ ယမ္းမီးေက်ာက္ထုတ္လုပ္မႈကိုခ်ဲ႕ထြင္ေနၿပီး အေမရိကန္ထက္ ငါးဆကေနေျခာက္ဆအထိ ပိုမိုျမန္ဆန္ တဲ့ အရွိန္နဲ႔ အဆင့္ျမင့္လက္နက္စနစ္ေတြနဲ႔ စက္ပစၥည္းေတြကို တည္ေဆာက္ေနတာျဖစ္ပါတယ္။ အေမ ရိကန္နဲ႔တ႐ုတ္ၾကား ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ ကုန္သြယ္ေရးစစ္ပြဲအတြင္း ေဘဂ်င္းဟာ ေျမရွားကို ဖိအား ေပးစရာ လက္နက္အျဖစ္အသုံးျပဳေနပါတယ္။ တ႐ုတ္ဘက္က ေနာက္ဆုံးခ်မွတ္လိုက္တဲ့ ကုန္သြယ္ေရး ကန႔္သတ္ခ်က္ေတြဟာ အေမရိကန္ကို ပိုၿပီးအက်ပ္႐ိုက္ေစခဲ့ပါတယ္။
ဒီလအေစာပိုင္းမွာ တ႐ုတ္ ေျမရွားျဒပ္စင္ (၅) မ်ိဳးျဖစ္တဲ့ ဟိုမီယမ္၊ အာဘီယမ္၊ သူလီယမ္၊ ယူ႐ိုပီ ယမ္၊ ရစ္တာဘီယမ္နဲ႔ ဆက္စပ္ သံလိုက္အပါအဝင္ သတၱဳပစၥည္းေတြကို ထိန္းခ်ဳပ္ကန႔္သတ္စာရင္းထဲ ထည့္သြင္းခဲ့တာေၾကာင့္ စုစုေပါင္း ကန႔္သတ္ထားတဲ့ ေျမရွားျဒပ္စင္ (၁၂)မ်ိဳးအထိေရာက္သြားပါတယ္။ ဒီ ႏွစ္ထဲမွာ တ႐ုတ္ရဲ႕ေျမရွားကန႔္သတ္ခ်က္ေတြေၾကာင့္ ထရမ့္ကို ေဒါသထြက္တာဟာ ဒါက ပထမဆုံး အႀကိမ္ မဟုတ္ပါဘူး။ ဇြန္လမွာလည္း ထရမ့္က Truth Social မွာ တ႐ုတ္ႏိုင္ငံက ကုန္သြယ္ေရး ရပ္စဲဖို႔ သေဘာတူညီခ်က္ကိုခ်ိဳးေဖာက္တယ္လို႔စြပ္စြဲခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေဘဂ်င္းက ေျမရွား သတၱဳ(၇) မ်ိဳး နဲ႔ ဆက္စပ္ပစၥည္းေတြအေပၚ ပို႔ကုန္ထိန္းခ်ဳပ္မႈေတြ ဆက္လက္ထားရွိခဲ့လို႔ ျဖစ္ပါတယ္။ ဒါေပမဲ့ တ႐ုတ္ရဲ႕ ေနာက္ဆုံးကန႔္သတ္ခ်က္ေတြဟာ ကမာၻ႔အႀကီးဆုံး စီးပြားေရးအင္အားႀကီး ႏွစ္ခုၾကား က ကုန္သြယ္မႈစစ္ပြဲကို အျမင့္ဆုံးအေနအထားအထိ တင္းမာသြားေစပါတယ္။
ဒီလိုတင္းမာမႈေတြျမင့္တက္ေနခ်ိန္၊ ေအာက္တိုဘာလ (၃၀)ရက္မွာ ေခါင္းေဆာင္ႏွစ္ဦးဟာ ေတာင္ကိုရီးယားႏိုင္ငံ ဘူဆန္ေလဆိပ္မွာ ေတြ႕ဆုံႏိုင္ခဲ့ၾကပါတယ္။ ဒီေတြ႕ဆုံမႈဟာ လက္ရွိ ကုန္သြယ္ ေရးတင္းမာမႈေတြကို တစ္စိတ္တစ္ပိုင္းေလွ်ာ့ခ်ႏိုင္ခဲ့ၿပီး အေမရိကန္ထဲကို ဝင္ေရာက္လာတဲ့ တ႐ုတ္ ကုန္ ပစၥည္းတခ်ိဳ႕ရဲ႕ အခြန္ေတြကိုေလွ်ာ့ခ်တာလည္းပါဝင္ခဲ့ပါတယ္။ ေဘဂ်င္းဘက္က အေရးပါတဲ့ေျမရွား သတၱဳေတြအေပၚ ပို႔ ကုန္ထိန္းခ်ဳပ္မႈေတြကိုဆိုင္းငံ့ဖို႔ သေဘာတူခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ထရမ့္က တ႐ုတ္ႏိုင္ငံဟာ ပဲပုပ္နဲ႔ တျခားစိုက္ပ်ိဳးေရးထြက္ကုန္ေတြကိုလည္း “အေျမာက္အျမား” ဝယ္ယူမယ္လို႔ ကတိျပဳခဲ့ပါတယ္။ ဒီသေဘာတူညီခ်က္ေတြက ကမာၻလုံးဆိုင္ရာအက်ိဳး ဆက္ေတြ ရွိလာမွာျဖစ္ပါတယ္။ ဒါေပမဲ့ တ႐ုတ္သ တင္းေထာက္ Laura Bicker ေထာက္ျပထားသလို အင္အားႀကီးႏွစ္ႏိုင္ငံၾကားက ကုန္ သြယ္မႈေလ်ာ့ေပါ့ ေရးသေဘာတူညီခ်က္ဟာ ခုခ်ိန္ထိေတာ့ စာ႐ြက္ေပၚမွာ မင္နဲ႔ေရးသား ကတိျပဳတာ မ်ိဳးမရွိေသးပါဘူး။
ဒါ့ျပင္ ထရမ့္အစိုးရဲ႕ အေျပာင္းအလဲျမန္တဲ့ မူဝါဒ ခ်မွတ္မႈမွတ္တမ္းကိုၾကည့္မယ္ဆိုရင္ သမၼတရဲ႕ စိတ္ထင္အေလ်ာက္ ကုန္သြယ္ေရးရန္လိုမႈေတြက ျပန္လည္ျဖစ္ပြားလာႏိုင္ပါတယ္။ ထရမ့္အစိုးရအဖြဲ႕က တ႐ုတ္နဲ႔ရရွိခဲ့တဲ့ ကုန္သြယ္ေရးသေဘာတူညီခ်က္ အေပၚ ေအာင္ပြဲခံဂုဏ္ျပဳေနခ်ိန္မွာ တျခားဘယ္သူ႔ဆီ ကမွ ခမ္းခမ္းနားနားဂုဏ္ျပဳသံေတြ ထြက္ေပၚလာတာ မ်ိဳးမရွိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒီကုန္သြယ္ ေရးသေဘာတူညီခ်က္က စီးပြားေရးအေပၚ ေရတိုထိခိုက္မႈနည္းေစဖို႔သာအာမခံေပးမွာျဖစ္ၿပီး ေရရွည္မွာ ေတာ့ အဖိုးတန္ေျမရွားသတၱဳေတြကို လက္ဝါးႀကီးအုပ္ထားႏိုင္တဲ့ တ႐ုတ္ကသာ ေအာင္ႏိုင္သူျဖစ္လာ မွာျဖစ္လို႔ပါပဲ။

ကိုးကား
• https://edition.cnn.com/2025/10/30/business/rare-earth-minerals-deal
• https://www.investopedia.com/u-s-china-agreement-is-a-pause-not-an-end-to-trade-war-11840772
• https://www.bbc.com/news/live/cd7ry3x0nvet

Related news

© 2021. All rights reserved.