ပြည်တွင်း ခရီးသွားလာရာတွင် လမ်းကြောင်းအခြေအနေကြောင့် စိတ်လုံခြုံမှု နည်းပါးခြင်းကို ခံစားနေ ကြရ

784

Pearl (NP News) - သြဂုတ် ၁
ပြည်တွင်း ခရီးသွားလာရာတွင် လမ်းကြောင်းအခြေအနေကြောင့် စိတ်လုံခြုံမှုနည်းပါးခြင်းကို ခံစားနေကြရကြောင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။
လက်ရှိတွင် ပြည်တွင်းခရီးသွား အများအပြားရှိသော်လည်း တစ်ဖက်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း (၃၁၈) မိုင်အနီးသို့ နွားထိုးကြီး PDF အဖွဲ့မှ မကြာခဏတက်လာသည့် ဖြစ်စဉ်များအပါ အဝင် အချို့ဒေသများ၌ PDF အဖွဲ့မှ မကြာခဏ ကားလမ်းမပေါ်သို့တက်၍ ငွေကြေးကောက်ခံမှုများ၊ ဖမ်းဆီးခေါ်ဆောင်မှုများ၊ ကားလမ်းများတွင် မိုင်းထောင်မှုများ ပြုလုပ်နေသည့်အတွက် ခရီးသွားလာ ရန် စိုးရိမ်သူများလာကြောင်း သိရသည်။
“ကိုယ်တိုင်လည်း တွေးပူတယ်။ ကောင်းကောင်းမွန်မွန်တားပြီးတော့ မေးမြန်းပြီး လုပ်ရင် တော် သေး။ ကျန်တဲ့ မလိုလားအပ်တာတွေ ဖြစ်မှာ တွေးပူတယ်။ တွေးလန့်တယ်။ PDF ကတော့ ဘယ် လို အကြောင်းအရာနဲ့ ဘယ်လို ကားလမ်းပေါ် တက် လာမလဲမသိတော့ကြောက်တယ်။ အမြန်လမ်းမှ မဟုတ်ဘူး ဘယ်ဘက်ဖြစ်ဖြစ်ပါ။ လမ်းကြောင်းက မော်လမြိုင်ဘက်တွေ သွားဆိုလည်း မသွားရဲဘူး။ မြဝတီဘက်လည်း မသွားရဲဘူး။ စစ်ကိုင်းဘက်တွေ လည်း မသွားရဲဘူး။ ဘယ်ဘက်ဖြစ်ဖြစ်သွားရင် လုံခြုံ မှုကို မခံစားရဘူးလေ။ အကုန်အကျ ခံပေးမယ်ဆို ရင်တောင် မသွားရဲဘူး။ အရင်ကဆို အကုန်ပတ်သွား လာတာ။ နေ့လည်း စိုးရိမ်ပူပန်မှု မရှိဘူး။ ညလည်း စိုးရိမ်ပူပန်မှု မရှိဘူး။ ဒီတိုင်းပဲ ပတ်သွားလာတာ။ အခု ချိန်ဆို နေ့လည်း မသွားရဲဘူး။ ညလည်း မသွားရဲဘူး” ဟု ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ တစ်ဦး က NP News သို့ ပြောသည်။
ထို့ကြောင့် နွားထိုးကြီး PDF အဖွဲ့ မကြာ ခဏတက်လေ့ရှိသည့် ရန်ကုန် - မန္တလေး အမြန်လမ်း၊ (၃၁၈) မိုင်၏အနီးအနားပတ်ဝန်းကျင်တွင် ကြိုတင်သတင်းရရှိရန် ဆောင်ရွက်သင့်ပြီး နယ်မြေ လုံခြုံရေး အတွက် ကင်းပုန်းချမှုများ၊ ဒရုန်းများဖြင့် ကင်းထောက်မှုများ ဆောင်ရွက်သင့်ကြောင်းလည်း ၎င်းကအကြံပြုထားသည်။
“အခုလည်း အမြန်လမ်းတစ်လျှောက် တက်လာတာကြည့်လိုက်ရင် ဒီ (၃၁၈) နားတစ်ဝိုက်ပဲ။ အဲဒီနားလေးကို သတင်းပေးမွေးမယ်။ တိုက်ကင်းတို့ ကင်းပုန်းတို့နဲ့ အမြဲတမ်း အဲဒီနားမှာစိုးမိုးပြီးတော့ အနားကပ်လို့မရအောင် ခြေချဖို့မပြောနဲ့ အနားကပ်လို့မရအောင် အမြဲတမ်းစိုးမိုးထားရမှာလေ။ အဲဒီနား မှာတော့ ကျွန်တော့်အမြင်ပြောရရင် ရဲတွေပဲ တွေ့တယ်။ ဒီကောင်တွေက စစ်ရေးအမြင်က မတူ ဘူး။ အားနည်းတယ်။ အမှန်က အမြန်လမ်းဘေးတင် မဟုတ်ဘူး။ အမြန်လမ်းကနေပြီးတော့ ဘယ်ညာပေါ့ နော်။ အရှေ့ဘက်တွေဆိုရင်လည်း (၅)မိုင်လောက်ထိကို နယ်မြေစိုးမိုးပြီး စိုးမိုးထားရမယ်။ အမြန်လမ်း ဘေးဘယ်ညာ (၅)မိုင်အတွင်းကို ဒီလိုမျိုး မကောင်းတာလှုပ်ရှားမယ့်အနေအထားမျိုးကို မဝင်နိုင်အောင် ပေါ့လေ ကင်းပုန်းတွေ လုပ်တာတို့ အမြဲမပြတ် လုပ်ရမှာပေါ့နော်။ အခုခေတ်ဆို သိနေပြီပဲလေ။ ဒရုန်း တွေဘာတွေရှိတာ ဒရုန်းနဲ့ ကင်းထောက်တာတွေ လုပ်သင့်တယ်။ အမြန်လမ်းဆိုလည်း အမြန်လမ်း Fund ငွေ ရှိမှာပဲ လုပ်ကြပေါ့” ဟု ၎င်းက ပြောသည်။

Zawgyi Version:
ျပည္တြင္း ခရီးသြားလာရာတြင္ လမ္းေၾကာင္းအေျခအေနေၾကာင့္ စိတ္လုံၿခဳံမႈ နည္းပါးျခင္းကို ခံစားေန ၾကရ
Pearl (NP News) - ၾသဂုတ္ ၁
ျပည္တြင္း ခရီးသြားလာရာတြင္ လမ္းေၾကာင္းအေျခအေနေၾကာင့္ စိတ္လုံၿခဳံမႈနည္းပါးျခင္းကို ခံစားေနၾကရေၾကာင္း ခရီးသြားဝန္ေဆာင္မႈလုပ္ငန္းလုပ္ကိုင္ေနသူမ်ားထံမွ သိရသည္။
လက္ရွိတြင္ ျပည္တြင္းခရီးသြား အမ်ားအျပားရွိေသာ္လည္း တစ္ဖက္တြင္ ရန္ကုန္-မႏၲေလး အျမန္လမ္း (၃၁၈) မိုင္အနီးသို႔ ႏြားထိုးႀကီး PDF အဖြဲ႕မွ မၾကာခဏတက္လာသည့္ ျဖစ္စဥ္မ်ားအပါ အဝင္ အခ်ိဳ႕ေဒသမ်ား၌ PDF အဖြဲ႕မွ မၾကာခဏ ကားလမ္းမေပၚသို႔တက္၍ ေငြေၾကးေကာက္ခံမႈမ်ား၊ ဖမ္းဆီးေခၚေဆာင္မႈမ်ား၊ ကားလမ္းမ်ားတြင္ မိုင္းေထာင္မႈမ်ား ျပဳလုပ္ေနသည့္အတြက္ ခရီးသြားလာ ရန္ စိုးရိမ္သူမ်ားလာေၾကာင္း သိရသည္။
“ကိုယ္တိုင္လည္း ေတြးပူတယ္။ ေကာင္းေကာင္းမြန္မြန္တားၿပီးေတာ့ ေမးျမန္းၿပီး လုပ္ရင္ ေတာ္ ေသး။ က်န္တဲ့ မလိုလားအပ္တာေတြ ျဖစ္မွာ ေတြးပူတယ္။ ေတြးလန႔္တယ္။ PDF ကေတာ့ ဘယ္ လို အေၾကာင္းအရာနဲ႔ ဘယ္လို ကားလမ္းေပၚ တက္ လာမလဲမသိေတာ့ေၾကာက္တယ္။ အျမန္လမ္းမွ မဟုတ္ဘူး ဘယ္ဘက္ျဖစ္ျဖစ္ပါ။ လမ္းေၾကာင္းက ေမာ္လၿမိဳင္ဘက္ေတြ သြားဆိုလည္း မသြားရဲဘူး။ ျမဝတီဘက္လည္း မသြားရဲဘူး။ စစ္ကိုင္းဘက္ေတြ လည္း မသြားရဲဘူး။ ဘယ္ဘက္ျဖစ္ျဖစ္သြားရင္ လုံၿခဳံ မႈကို မခံစားရဘူးေလ။ အကုန္အက် ခံေပးမယ္ဆို ရင္ေတာင္ မသြားရဲဘူး။ အရင္ကဆို အကုန္ပတ္သြား လာတာ။ ေန႔လည္း စိုးရိမ္ပူပန္မႈ မရွိဘူး။ ညလည္း စိုးရိမ္ပူပန္မႈ မရွိဘူး။ ဒီတိုင္းပဲ ပတ္သြားလာတာ။ အခု ခ်ိန္ဆို ေန႔လည္း မသြားရဲဘူး။ ညလည္း မသြားရဲဘူး” ဟု ခရီးသြားဝန္ေဆာင္မႈလုပ္ငန္းလုပ္ကိုင္သူ တစ္ဦး က NP News သို႔ ေျပာသည္။
ထို႔ေၾကာင့္ ႏြားထိုးႀကီး PDF အဖြဲ႕ မၾကာ ခဏတက္ေလ့ရွိသည့္ ရန္ကုန္ - မႏၲေလး အျမန္လမ္း၊ (၃၁၈) မိုင္၏အနီးအနားပတ္ဝန္းက်င္တြင္ ႀကိဳတင္သတင္းရရွိရန္ ေဆာင္႐ြက္သင့္ၿပီး နယ္ေျမ လုံၿခဳံေရး အတြက္ ကင္းပုန္းခ်မႈမ်ား၊ ဒ႐ုန္းမ်ားျဖင့္ ကင္းေထာက္မႈမ်ား ေဆာင္႐ြက္သင့္ေၾကာင္းလည္း ၎ကအႀကံျပဳထားသည္။
“အခုလည္း အျမန္လမ္းတစ္ေလွ်ာက္ တက္လာတာၾကည့္လိုက္ရင္ ဒီ (၃၁၈) နားတစ္ဝိုက္ပဲ။ အဲဒီနားေလးကို သတင္းေပးေမြးမယ္။ တိုက္ကင္းတို႔ ကင္းပုန္းတို႔နဲ႔ အၿမဲတမ္း အဲဒီနားမွာစိုးမိုးၿပီးေတာ့ အနားကပ္လို႔မရေအာင္ ေျခခ်ဖို႔မေျပာနဲ႔ အနားကပ္လို႔မရေအာင္ အၿမဲတမ္းစိုးမိုးထားရမွာေလ။ အဲဒီနား မွာေတာ့ ကြၽန္ေတာ့္အျမင္ေျပာရရင္ ရဲေတြပဲ ေတြ႕တယ္။ ဒီေကာင္ေတြက စစ္ေရးအျမင္က မတူ ဘူး။ အားနည္းတယ္။ အမွန္က အျမန္လမ္းေဘးတင္ မဟုတ္ဘူး။ အျမန္လမ္းကေနၿပီးေတာ့ ဘယ္ညာေပါ့ ေနာ္။ အေရွ႕ဘက္ေတြဆိုရင္လည္း (၅)မိုင္ေလာက္ထိကို နယ္ေျမစိုးမိုးၿပီး စိုးမိုးထားရမယ္။ အျမန္လမ္း ေဘးဘယ္ညာ (၅)မိုင္အတြင္းကို ဒီလိုမ်ိဳး မေကာင္းတာလႈပ္ရွားမယ့္အေနအထားမ်ိဳးကို မဝင္ႏိုင္ေအာင္ ေပါ့ေလ ကင္းပုန္းေတြ လုပ္တာတို႔ အၿမဲမျပတ္ လုပ္ရမွာေပါ့ေနာ္။ အခုေခတ္ဆို သိေနၿပီပဲေလ။ ဒ႐ုန္း ေတြဘာေတြရွိတာ ဒ႐ုန္းနဲ႔ ကင္းေထာက္တာေတြ လုပ္သင့္တယ္။ အျမန္လမ္းဆိုလည္း အျမန္လမ္း Fund ေငြ ရွိမွာပဲ လုပ္ၾကေပါ့” ဟု ၎က ေျပာသည္။