ဒိန်းမတ်က စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ပံ့ပိုးကူညီပေးနိုင်ရန် RBF plus အဆိုပြုလွှာများ ဖိတ်ခေါ်သွားမည်

234

NP News - ဩဂုတ် ၃
ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နိုင်ငံ နှင့် ဒိန်းမတ်နိုင်ငံတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်းက စိုက်ပျိုးရေးနှင့်လယ်ယာ ထွက်ကုန်လုပ်ငန်းတွေ ပံ့ပိုးကူညီပေးရန် Responsible Business Fund Plus (RBF+) ဒုတိယမြောက် အဆိုပြုလွှာကိုဖိတ်ခေါ်နိုင်ရန် ဆောင်ရွက်နေတယ်လို့သိရပါတယ်။
RBF+ ဒုတိယအကြိမ်မြောက်အဆိုပြုလွှာကို ဩဂုတ် ၁၄ ရက်ကနေ စက်တင်ဘာ ၄ ရက် အတွင်း ခေါ်ယူသွားမှာ ဖြစ်ကြောင်း သိရသည်။
" Responsible Business Fund Plus (RBF+) ဟာ မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှဲ့ သူတို့ရဲ့ တန်ဖိုးကွင်းဆက် တစ်လျှောက်လုံးမှာ ပါဝင်တဲ့ တောင်သူတွေ၊ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးပြီး၊ စီးပွားရေးအရ ကြံ့ခိုင်နိုင်စွမ်းကို မြှင့်တင်ပေးဖို့ ရည်ရွယ်ချက် နဲ့ ငွေကြေးအရပံ့ပိုးကူညီမယ့် အစီအစဥ်တစ်ခု ဖြစ်ပါတယ်" ဟု Responsible Business Fund Plus (RBF+)အစီအစဉ် က ပြောသည်။
ဝင်ရောက်လျှောက်ထားဖို့ စိတ်ပါဝင်စားတဲ့တောင်သူတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အသင်းအဖွဲ့တွေ နှင့် လျှောက်လွှာကူညီရေးသားပေးမယ့်သူတွေ အနေဖြင့်လျှောက်လွှာစတင် မခေါ်ယူမီ ကြိုတင်လေ့လာ ပြင်ဆင်တာ တွေ ပြုလုပ်သွားနိုင်ရန် အချက်အလက်၊ နမူနာတွေ အသိပေးထားကြောင်းသိရသည်။
RBF Myanmar Program သည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒိန်းမတ်နိုင်ငံ ၏အထောက်အပံ့ ပေးနေသော အစီအစဥ်တွေထဲက တစ်ခုဖြစ်ပြီး ၊ ဒိန်းမတ်နိုင်ငံရဲ့ RBF Myanmar Program ကို ၂၀၁၇ ခုနှစ် က စတင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
ဒိန္းမတ္က စိုက္ပ်ိဳးေရးက႑ျမႇင့္တင္ပံ့ပိုးကူညီေပးႏိုင္ရန္ RBF plus အဆိုျပဳလႊာမ်ား ဖိတ္ေခၚသြားမည္
NP News - ဩဂုတ္ ၃
ဥေရာပသမဂၢ၊ ဆြစ္ဇာလန္ႏိုင္ငံ ႏွင့္ ဒိန္းမတ္ႏိုင္ငံတို႔ ပူးေပါင္းၿပီး ျမန္မာႏိုင္ငံအတြင္းက စိုက္ပ်ိဳးေရးႏွင့္လယ္ယာ ထြက္ကုန္လုပ္ငန္းေတြ ပံ့ပိုးကူညီေပးရန္ Responsible Business Fund Plus (RBF+) ဒုတိယေျမာက္ အဆိုျပဳလႊာကိုဖိတ္ေခၚႏိုင္ရန္ ေဆာင္႐ြက္ေနတယ္လို႔သိရပါတယ္။
RBF+ ဒုတိယအႀကိမ္ေျမာက္အဆိုျပဳလႊာကို ဩဂုတ္ ၁၄ ရက္ကေန စက္တင္ဘာ ၄ ရက္ အတြင္း ေခၚယူသြားမွာ ျဖစ္ေၾကာင္း သိရသည္။
" Responsible Business Fund Plus (RBF+) ဟာ ျမန္မာႏိုင္ငံရွိ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ ေရလုပ္ငန္းႏွဲ႔ သူတို႔ရဲ႕ တန္ဖိုးကြင္းဆက္ တစ္ေလွ်ာက္လုံးမွာ ပါဝင္တဲ့ ေတာင္သူေတြ၊ အေသးစား၊ အငယ္စားနဲ႔ အလတ္စား စီးပြားေရး လုပ္ငန္းေတြ ဘက္ေပါင္းစုံ ဖြံ႕ၿဖိဳးတိုးတက္ေရးကို အားေပးၿပီး၊ စီးပြားေရးအရ ႀကံ့ခိုင္ႏိုင္စြမ္းကို ျမႇင့္တင္ေပးဖို႔ ရည္႐ြယ္ခ်က္ နဲ႔ ေငြေၾကးအရပံ့ပိုးကူညီမယ့္ အစီအစဥ္တစ္ခု ျဖစ္ပါတယ္" ဟု Responsible Business Fund Plus (RBF+)အစီအစဥ္ က ေျပာသည္။
ဝင္ေရာက္ေလွ်ာက္ထားဖို႔ စိတ္ပါဝင္စားတဲ့ေတာင္သူေတြ၊ စီးပြားေရးလုပ္ငန္းေတြ၊ အသင္းအဖြဲ႕ေတြ ႏွင့္ ေလွ်ာက္လႊာကူညီေရးသားေပးမယ့္သူေတြ အေနျဖင့္ေလွ်ာက္လႊာစတင္ မေခၚယူမီ ႀကိဳတင္ေလ့လာ ျပင္ဆင္တာ ေတြ ျပဳလုပ္သြားႏိုင္ရန္ အခ်က္အလက္၊ နမူနာေတြ အသိေပးထားေၾကာင္းသိရသည္။
RBF Myanmar Program သည္ ျမန္မာႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဒိန္းမတ္ႏိုင္ငံ ၏အေထာက္အပံ့ ေပးေနေသာ အစီအစဥ္ေတြထဲက တစ္ခုျဖစ္ၿပီး ၊ ဒိန္းမတ္ႏိုင္ငံရဲ႕ RBF Myanmar Program ကို ၂၀၁၇ ခုႏွစ္ က စတင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။