တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးစျေးကွက် သုံးသပ်ချက်

 289

ပြည့်ဖြိုး (NP News)
ပြည်တွင်းယခုတစ်ပတ် ဈေးကွက် အပြောင်းအလဲ အနည်းငယ်မြင့်မားနေပြီး အဓိကအားဖြင့် နိုင်ငံတကာ ရွှေဈေးများ အမြင့်ပိုင်းမှပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးကျဆင်းပါက ပြည်တွင်းရွှေဈေးလည်း လိုက်ပါကျဆင်းခြင်းကြောင့် လတ်တလောတွင် ရွှေဈေးအတက်အကျ မြန်ဆန် နေကြောင်းသိရသည်။ ပြည်တွင်းငွေလဲဈေးကွက် အတွင်း အမေရိကန်ဒေါ်လာဈေးများအနည်းငယ် ပြန်တက်လာသော်လည်း တည်ငြိမ်သောဈေးကွက်အခြေအနေတွင်ရှိကြောင်းသိရသည်။ ကုန်သွယ် ရေးလုပ်ငန်းအတွင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်လမ်းပွင့်ရန်အခြေအနေ ကောင်း များရှိနေသော်လည်း မိုးရာသီကုန်ဆုံးချိန် ပွင့်လင်းရာသီရောက်မှသာ အခြေအနေမှန်ကိုသိရှိနိုင်မည် ဖြစ်သည်။ လတ်တလောအခြေအနေအရ တရုတ်ကုန်စည်များမှာ တာချီလိတ်နယ်စပ်ကို အသုံးပြုခြင်း နှင့် ထိုင်းကုန်စည်များမှာ ကော့သောင်း-ရန်ကုန်လမ်းကြောင်းတို့ကိုအသုံးပြုကာ ဈေးကွက်အတွင်း ဝင် ရောက်နေဆဲဖြစ်သည်။ နယ်စပ်ကုန်သွယ် ရေး လုပ်ငန်းသည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ အပေါ် မူတည်ကာ အပြောင်းအလဲဖြစ်ပေါ်နေဦးမည်ဖြစ်သည်။ မိုးရာသီကာလအထွေထွေကုန်ဈေးနှုန်း များ မြင့်တက်ချိန်ဖြစ်သော်လည်း အမေရိကန် ဒေါ်လာဈေးနှင့် ပြည်တွင်းရွှေဈေးများ တည်ငြိမ်ပါက ပြည်တွင်းကုန်ဈေးနှုန်းများလည်း အထိုက်အလျောက် တည်ငြိမ်နေမည်ဖြစ်သည်။ လတ်တလောတွင် ပြည်တွင်းရွှေဈေးပြန်လည်ကျဆင်းလာခြင်းနှင့် နိုင်ငံခြားငွေဈေး တည်ငြိမ်နေရာ ပြည်တွင်းငွေကြေး ဖောင်းပွမှု ကျဆင်းနိုင်ဖွယ်ရှိနေသည်။
အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်၊ ဆီနှင့် စက်သုံးဆီဈေးများ လတ်တလော ဈေး နှုန်းတည်ငြိမ်နေခြင်းသည် အထွေထွေကုန်ဈေးနှုန်း အပေါ် သက်ရောက်မှုကောင်းများရှိနေသည်။ မြန်မာ နိုင်ငံဆန်စပါးကုန်သည်များအသင်းက ဈေးကွက် အတွင်းသို့ သက်သာသောဈေးနှုန်းများဖြင့် ဆန်များ တိုက်ရိုက်ရောင်းချပေးနေရာ ဆန်ဈေးသည်လည်း လတ်တလောတွင် တည်ငြိမ်နေဦးမည် ဖြစ်သည်။ ဈေးကွက်အတွင်း စားအုန်းဆီဈေးမှာ တရားဝင် ဖြန့်ဖြူးသည့်ရည်òန်းဈေးသည် တစ်ပိဿာလျှင် (၆၀၅၅) ကျပ်အထိ ကျဆင်းလာသော်လည်း ပြင်ပမှောင်ခိုဈေးကွက်အတွင်း ဈေးနှုန်းများမြင့် တက်နေ ဆဲဖြစ်သည်။ သက်ဆိုင်ရာအနေဖြင့် မှောင်ခို စားအုန်းဆီဈေးကွက်ကို တိတိကျကျ ဖော်ထုတ် အရေးယူ ရန် လိုအပ်နေဆဲဖြစ်သည်။ ယခင်တစ်ပတ် နှင့်နှိုင်းယှဉ်ပါက စက်သုံးဆီဈေးကွက်အတွင်း ဓာတ်ဆီဈေး များ ကျဆင်းပြီး ဒီဇယ်ဈေးများမြင့်တက်နေ ခြင်း ဖြစ်ပေါ်ခဲ့သည်။ စက်သုံးဆီဈေးများမှာ တစ်လီတာ လျှင် (၅၀)ကျပ်ဝန်းကျင်သာ အများဆုံး အတက် အကျရှိနေရာ ဈေးကွက်တည်ငြိမ်သည်ဟု ဆိုနိုင် သည်။
လာမည့်ရက်များအတွင်း အထွေထွေကုန် ဈေးနှုန်းမှာ အပြောင်းအလဲဖြစ်ပေါ်ရန်နည်းပါး သော် လည်း နိုင်ငံတကာဈေးကွက်၏သက်ရောက်မှု အရ ပြည်တွင်းငွေလဲဈေးနှုန်းနှင့် ရွှေဈေးနှုန်းများ အပေါ် မူတည်ကာ ဈေးကွက်အပြောင်းအလဲကို ဆက် လက်စောင့်ကြည့်ရမည်ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးကျဆင်းလာခြင်းပြည်တွင်း ရွှေဈေးကွက်နှင့် ငွေလဲဈေးနှုန်းများ
ယခင်တစ်ပတ်အတွင်းကမ္ဘာ့ရွှေဈေးများ အတန်အသင့်မြင့်တက်ခဲ့ရာ ပြည်တွင်းရွှေဈေးများ လည်း လိုက်ပါမြင့်တက်ခဲ့သော်လည်း လက်ရှိတွင် ကမ္ဘာ့ဈေးရောပြည်တွင်းဈေးပါ ပြန်လည်ကျဆင်း လာပြီဖြစ်သည်။ ရွှေဈေးကွက်အတွင်း ပြင်ပရွှေပေါက် ဈေးကိုသတ်မှတ်ချက်ကိုသာ ဈေးကွက်ပေါက် ဈေးအဖြစ် သုံးစွဲနေရဆဲဖြစ်သောကြောင့် ရွှေဈေးကွက်အတွင်း ပြင်ပမှောင်ခိုရွှေဈေးကွက်ကဦးဆောင် နေဆဲဖြစ်သည်။ ကမ္ဘာ့ရွှေဈေးကွက်တွင် ဇူလိုင်လ (၂၃) ရက်က ရွှေတစ်အောင်စလျှင် (၃၄၃၀) ဒေါ်လာ အထိ မြင့်တက်ခဲ့ရာမှာ တဖြည်းဖြည်း ပြန်လည်ကျဆင်း လာပြီး လတ်တလော ဇူလိုင် (၂၉)ရက်တွင် ရွှေတစ်အောင်စလျှင် (၃၃၁၈)ဒေါ်လာအထိ ပြန်လည်ကျ ဆင်းလာခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးသည် နိုင်ငံတကာ စစ်ပွဲများနှင့် ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲများပေါ်တွင်မူတည်ကာ အတက်အကျဖြစ်ပေါ် နေရာ ခန့်မှန်းရန်ခက်ခဲသည်။
ပြည်တွင်း ရွှေလုပ်ငန်းများအတွင်းရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA မှသတ်မှတ် ဈေးနှုန်းအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် (၅၉)သိန်းဝန်းကျင်ခန့်သာသတ်မှတ်ထားရာ ယင်း သတ်မှတ်ပေါက်ဈေးဖြင့် အရောင်း/အဝယ်လုပ်ရန် ခက်ခဲ ကြောင်းသိရသည်။ လက်ရှိ သီတင်းပတ် အတွင်း ကမ္ဘာ့ရွှေဈေးများ ကျဆင်းနေခြင်းကြောင့် ပြည်တွင်း ရွှေဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် (၇၉)သိန်းကျပ်ဝန်းကျင်မှ (၇၈)သိန်းကျပ်အထိ ငွေကျပ် တစ်သိန်းဝန်းကျင် ကျဆင်းသွားခြင်းဖြစ်သည်။ ဇူလိုင်လ အတွင်း ပထမဆုံးအကြိမ်အဖြစ်‌ ရွှေဈေးများ ပြန်လည်ကျဆင်းလာခြင်းဖြစ်ရာ ဈေးကွက် အတွင်း အရောင်း/အဝယ်သွက်နေကြောင်း သိရသည်။ လတ်တလောရွှေဈေးကွက်သည် မိရိုးဖလာ အရောင်း /အဝယ်ပုံစံအတိုင်းတည်ရှိနေပြီး လေပတ်ကားအ ရောင်းအဝယ်များ၊ ငွေစုစာအုပ် အရောင်း အဝယ်များ၊ အွန်လိုင်းအရောင်းအဝယ်များမပြုလုပ်ရန် သက်ဆိုင်ရာက ညွန်ကြားထားကြောင်း သိရ သည်။ လက်ရှိအချိန်တွင်ရွှေဈေးများအပြောင်း အလဲမြန်နေရာ ရောင်းမှား/ဝယ်မှားမဖြစ်စေရန် သတိ ထားသင့်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြော ကြားသည်။ ရွှေဈေးကွက်အတွင်း ရွှေဈေးများ ကျဆင်းနေ သော်လည်း ငွေလဲဈေးကွက်အတွင်း ငွေလဲ ဈေးနှုန်းများတည်ငြိမ်နေသည်။ လက်ရှိ ဇူလိုင် (၂၉) ရက် တွင် အမေရိကန်တစ်ဒေါ်လာလျှင် ပြင်ပ ပေါက်ဈေး (၄၄၇၀)ကျပ်သို့ရောက်ရှိနေပြီး တရုတ်ယွမ်ငွေ တစ် ယွမ်လျှင် (၆၂၃)ကျပ်၊ ထိုင်းဘတ် ငွေ တစ်ဘတ်လျှင်( ၁၃၇) ကျပ်၊ စင်ကာပူ တစ်ဒေါ်လာလျှင်(၃၄၇၅) ကျပ် အသီးသီးပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှသိရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေလဲ ဈေးနှုန်းအတွင်း ဒေါ်လာဈေးကို ပုံသေသတ်မှတ်ပြီး အရောင်း/အဝယ် ကန့်သတ်ထားသည့်အပြင် ငွေလဲလုပ်ငန်းလိုင်စင်ရဘဏ်များ အကြား အရောင်း/အဝယ်ဖြစ်သည့် ဈေးနှုန်းနှင့်ပြင်ပ ဈေးနှုန်းဟူ၍ ပုံသဏ္ဏာန်မျိုးစုံကွဲပြားစွာ ဈေးကွက် ဖြစ်ပေါ်နေခြင်းဖြစ်သည်။ လာမည့်ရက်များအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်/သွင်းကုန် လုပ်ငန်းများ၏ လိုအပ်သောနိုင်ငံခြားငွေကို ဈေးကွက်အတွင်း ဗဟိုဘဏ်က ဆက် လက်ထုတ်ရောင်းပေးနေပါက ငွေလဲဈေးနှုန်းများ တည်ငြိမ်စွာဖြင့် ဆက်လက်ရပ်တည်နေမည် ဖြစ် သည်။

နယ်စပ် ပို့ကုန်/သွင်းကုန်လုပ်ငန်း အလားအလာ
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး အဓိက လမ်းကြောင်းကြီးနှစ်ခုသည် လက်နက်ကိုင် ပဋိပက္ခများကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီး ပါးဖြစ်ပေါ်နေသည်။ မြန်မာ-ထိုင်း ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် ရန်ကုန် -ကော့ကရိတ်-မြဝတီလမ်းကြောင်းနှင့် မြန်မာ-တရုတ် ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် မန္တလေး-လားရှိုး- မူဆယ်လမ်းကြောင်းနှစ်ခုစလုံးသည် လက်ရှိအချိန်တွင် ကျီး လန့်စာစားအခြေအနေဖြင့် ကုန်သွယ် မှုများရပ်ဆိုင်းနေသည်။ မြန်မာ-ထိုင်း ကုန်သွယ်မှုအတွက် လိုအပ် သော ပို့ကုန်/သွင်းကုန်များကို ရနောင်း-ကော့သောင်း-ရန်ကုန်လမ်းကြောင်းမှ ပြောင်းလဲအသုံးပြုနေပြီး မြန်မာ-တရုတ် ကုန်သွယ်မှုအတွက်ကုန်စည်များကို တာချီလိတ် -တောင်ကြီး လမ်း‌ကြောင်းတို့မှ ပြောင်း လဲအသုံးပြုနေကြရကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း များ ပြောင်းလဲလုပ်ကိုင်ရခြင်းကြောင့် ယခင်အချိန်များကထက် ကုန်သွယ်ရေးလမ်းကြောင်း အချိန်ကြာ မြင့်မှုများနှင့် ခရီးစရိတ်ပိုမိုကုန်ကျမှုများဖြစ်ပေါ်နေကြောင်းသိရသည်။
လတ်တလောတွင် သက်ဆိုင်ရာက လားရှိုး-မူဆယ်လမ်းကြောင်းကိုပြန်လည်ထိန်းချုပ်ရန် နယ်မြေရှင်းလင်းနေဆဲဖြစ်ပြီး လက်တလောတွင်နောင် ချိုအထိကုန်သွယ်ရေးလမ်းကြောင်းများ ပြန် လည် စီးဆင်းနိုင်ပြီဖြစ်သည်။ နောင်ချိုမှတစ်ဆင့် မူဆယ်အထိ ကုန်သွယ်ရေးလမ်းကြောင်းပြန်လည် ပွင့်လာနိုင်ဖွယ်ရှိပြီး လာမည့်ရက်များအတွင်း ဆက်လက်စောင့်ကြည့်နေကြောင်း နယ်စပ်ကုန်သည်များ ထံမှသိရသည်။ ထို့အတူ လွန်ခဲ့သောရက်ပိုင်းအ တွင်းက ဘားအံ-ကျုံဒိုး-ကော့ကရိတ် လမ်းကြောင်း သည်လည်း သက်ဆိုင်ရာက ပြန်လည်ထိန်းချုပ် ထားနိုင်ပြီဟု သတင်းများထွက်ပေါ်ခဲ့ရာ ကော့ကရိတ်မှ တစ်ဆင့် မြဝတီအထိလမ်းကြောင်းပြန်ပွင့်မ ပွင့် ဆက်လက်စောင့်ကြည့်နေကြဆဲဖြစ်သည်။ အထက်ပါ ကုန်သွယ်ရေးလမ်းကြောင်းများသည် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုအတွက် အလွန်အ‌ရေးပါသော လမ်းကြောင်းများဖြစ်ပြီး တစ်နိုင်ငံလုံး နယ်စပ်ကုန်သွယ်ရေး၏ (၉၀) ရာခိုင်နှုန်းကျော်ကို ယခင်က ကုန် သွယ်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင် လက်နက်ကိုင်တိုက်ပွဲများကြောင့် ကုန်သွယ်ရေး လမ်းကြောင်းတွင် ရှောင်ကွင်းလမ်းများအသုံးပြုကာ ကုန်သွယ်နေသော ကုန်သည်များရှိသလို အခြားလမ်းကြောင်း သစ် များအသုံးပြုကာ တရားမဝင် ကုန်သွယ်မှုများလည်း မြင့်တက်လာကြောင်းသိရသည်။ နယ်စပ် ကုန် သွယ်ရေးလမ်းကြောင်း တစ်လျှောက်ရှိဒေသခံ ပြည်သူများမှာ လတ်တလောတွင် ကုန်စည် ရှားပါးမှု များကြုံတွေနေရပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ကောင်းမွန်လာစေရန် မျှော်လင့်နေကြ ဆဲဖြစ်သည်။ လာမည့် ရက်များအတွင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ အလျင်အမြန် ပြန်လည် ပွင့်လာနိုင်မည်မဟုတ် သော်လည်း တဖြည်းဖြည်းဖြင့် ပြန်လည်ရုပ်လုံးပေါ် လာနိုင်သော အခြေအနေသို့ ရောက်ရှိနေသည်။
အခြေခံစားသောက်ကုန်နှင့်
အထွေထွေကုန်ဈေးနှုန်း
မိုးရာသီကာလ အခြေခံစားသောက်ကုန် များ ဈေးနှုန်းမြင့်တက်နေသော်လည်း လတ်တလော တွင် သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် ပြည်သူလူထုသို့တိုက်ရိုက်ရောင်းချခြင်းများနှင့် အထူးကုန်စည် အဖြစ် ဈေးနှုန်းများထိန်းချုပ်ထားခြင်းတို့သည် ကုန် ဈေးနှုန်းမြင့်တက်မှုကို အထိုက်အလျောက် ထိန်း ချုပ်ထားနိုင်သည်။ လတ်တလော ဆန်ဈေးကွက်အတွင်း သက်ဆိုင်ရာမှ တိုက်ရိုက်ရောင်းချပေးခြင်းတို့ ရှိနေ သလို စားအုန်းဆီဈေးများလည်းကျဆင်းနေရာ အခြေခံပြည်သူများအတွက် အဆင်ပြေနေသည်။ ဆန်ဈေးကွက်အတွင်း သက်ဆိုင်ရာနှင့် ဆန်စပါး အဖွဲ့ချုပ်၏ ဆန်ဈေးနှုန်းသတ်မှတ်ချက်အရ ဆန်ဈေး တည်ငြိမ်နေပြီး ဆန်ကြမ်း ဧည့်မထတစ်ပြည်လျှင် (၄၅၀ဝ) ကျပ်ဝန်းကျင်နှင့်ရွှေဘိုဆန်ချောတစ်ပြည် လျှင် (၆၅၀ဝ)ကျပ်ဝန်းကျင် အသီးသီး ပေါက်ဈေးရှိ ကြောင်းသိရသည်။ ဆန်ဈေးနေရာဒေသအလိုက် အပြောင်းအလဲရှိနိုင်သော်လည်း အများစုမှာ အ ပြောင်းအလဲနည်းပါးကြောင်းသိရသည်။ အသား/ ငါး ဈေးနှုန်းများမှာ အထိုက်အလျောက်ဈေးမြင့်နေ သော်လည်း စက်သုံးဆီဈေးတည်ငြိမ်နေသဖြင့် ယခု တစ်ပတ်အတွင်း ဈေးအပြောင်းအလဲ နည်းပါး သည်။ စက်သုံးဆီဈေးကွက်အတွင်း ဓာတ်ဆီဈေးများ တစ်လီတာလျှင်(၃၅)ကျပ်ခန့်ဈေးကျနေပြီး ဒီဇယ်ဈေးမှာ အနည်းငယ်မြင့်တက်လာကြောင်းသိရသည်။ ရန်ကုန်နှင့်မန္တလေးကဲ့သို့ မြို့ကြီးများတွင် အခြေခံ စားသောက်ကုန်ဈေးတည်ငြိမ်နေသော်လည်း ပဋိပက္ခ များဖြစ်ပွားနေသော ဖားကန့် ၊ ဗန်းမော်၊ မြစ် ကြီးနားမြို့များတွင် ကုန်ဈေးနှုန်းများ မြင့်တက်နေ ကြောင်းသိရသည်။
လက်နက်ကိုင်တိုက်ပွဲများနှင့်ကင်းလွတ် သောမြို့ကြီးများတွင် ပုံမှန်စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ပြီး အခြေခံစားသောက်ကုန်ဈေးများ လည်း တည်ငြိမ်ကြောင်းသိရသည်။ သို့သော်လည်း ရခိုင်ပြည်နယ်အတွင်းရှိ မြို့အများစုမှာ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်မှုလက်အောက်သို့ကျ ရောက်သွားခဲ့ရာ လက်ရှိတွင် ဖားကန့် ၊ ဗန်းမော်ကဲ့သို့ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်းနှင့် ကုန်စည်ရှားပါးခြင်းများကြုံတွေ့နေရကြောင်း‌ဒေသခံများ ထံမှတစ်ဆင့်သိရသည်။ မြန်မာပြည်၏ လက်နက်ကိုင် တိုက်ပွဲများကြောင့် ‌ဒေသအလိုက် အထွေထွေ အကျပ်အတည်းများဖြစ်ပေါ်နေရပြီး လက်ရှိအချိန် အထိ မြို့ပြနှင့်အလှမ်းဝေးကွာသော ကျေးလက်နေ ပြည်သူများမှာ စစ်ဘေးအကျပ် အတည်းနှင့် စားနပ်ရိက္ခာ ရှားပါးမှုများကြုံတွေ့နေရသည်။ လာမည့်ရက်ပိုင်းအတွင်း အထွေထွေ အကျပ်အတည်းကြီးကို အလွယ်တကူဖြေရှင်းနိုင်မည် မဟုတ်သောကြောင့် အထွေထွေကုန်ဈေးနှုန်း၏ အကျိုးသက်ရောက်မှုကို ဆက်လက်ခံစားနေရဦးမည်ဖြစ်သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရးေစ်းကြက္ သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News)
ျပည္တြင္းယခုတစ္ပတ္ ေဈးကြက္ အေျပာင္းအလဲ အနည္းငယ္ျမင့္မားေနၿပီး အဓိကအားျဖင့္ ႏိုင္ငံတကာ ေ႐ႊေဈးမ်ား အျမင့္ပိုင္းမွျပန္လည္က်ဆင္းလာျခင္းျဖစ္သည္။ ကမာၻ႔ေ႐ႊေဈးက်ဆင္းပါက ျပည္တြင္းေ႐ႊေဈးလည္း လိုက္ပါက်ဆင္းျခင္းေၾကာင့္ လတ္တေလာတြင္ ေ႐ႊေဈးအတက္အက် ျမန္ဆန္ ေနေၾကာင္းသိရသည္။ ျပည္တြင္းေငြလဲေဈးကြက္ အတြင္း အေမရိကန္ေဒၚလာေဈးမ်ားအနည္းငယ္ ျပန္တက္လာေသာ္လည္း တည္ၿငိမ္ေသာေဈးကြက္အေျခအေနတြင္ရွိေၾကာင္းသိရသည္။ ကုန္သြယ္ ေရးလုပ္ငန္းအတြင္း နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ား ျပန္လည္လမ္းပြင့္ရန္အေျခအေန ေကာင္း မ်ားရွိေနေသာ္လည္း မိုးရာသီကုန္ဆုံးခ်ိန္ ပြင့္လင္းရာသီေရာက္မွသာ အေျခအေနမွန္ကိုသိရွိႏိုင္မည္ ျဖစ္သည္။ လတ္တေလာအေျခအေနအရ တ႐ုတ္ကုန္စည္မ်ားမွာ တာခ်ီလိတ္နယ္စပ္ကို အသုံးျပဳျခင္း ႏွင့္ ထိုင္းကုန္စည္မ်ားမွာ ေကာ့ေသာင္း-ရန္ကုန္လမ္းေၾကာင္းတို႔ကိုအသုံးျပဳကာ ေဈးကြက္အတြင္း ဝင္ ေရာက္ေနဆဲျဖစ္သည္။ နယ္စပ္ကုန္သြယ္ ေရး လုပ္ငန္းသည္ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡမ်ား အေပၚ မူတည္ကာ အေျပာင္းအလဲျဖစ္ေပၚေနဦးမည္ျဖစ္သည္။ မိုးရာသီကာလအေထြေထြကုန္ေဈးႏႈန္း မ်ား ျမင့္တက္ခ်ိန္ျဖစ္ေသာ္လည္း အေမရိကန္ ေဒၚလာေဈးႏွင့္ ျပည္တြင္းေ႐ႊေဈးမ်ား တည္ၿငိမ္ပါက ျပည္တြင္းကုန္ေဈးႏႈန္းမ်ားလည္း အထိုက္အေလ်ာက္ တည္ၿငိမ္ေနမည္ျဖစ္သည္။ လတ္တေလာတြင္ ျပည္တြင္းေ႐ႊေဈးျပန္လည္က်ဆင္းလာျခင္းႏွင့္ ႏိုင္ငံျခားေငြေဈး တည္ၿငိမ္ေနရာ ျပည္တြင္းေငြေၾကး ေဖာင္းပြမႈ က်ဆင္းႏိုင္ဖြယ္ရွိေနသည္။
အေျခခံ စားေသာက္ကုန္မ်ားျဖစ္ေသာ ဆန္၊ ဆီႏွင့္ စက္သုံးဆီေဈးမ်ား လတ္တေလာ ေဈး ႏႈန္းတည္ၿငိမ္ေနျခင္းသည္ အေထြေထြကုန္ေဈးႏႈန္း အေပၚ သက္ေရာက္မႈေကာင္းမ်ားရွိေနသည္။ ျမန္မာ ႏိုင္ငံဆန္စပါးကုန္သည္မ်ားအသင္းက ေဈးကြက္ အတြင္းသို႔ သက္သာေသာေဈးႏႈန္းမ်ားျဖင့္ ဆန္မ်ား တိုက္႐ိုက္ေရာင္းခ်ေပးေနရာ ဆန္ေဈးသည္လည္း လတ္တေလာတြင္ တည္ၿငိမ္ေနဦးမည္ ျဖစ္သည္။ ေဈးကြက္အတြင္း စားအုန္းဆီေဈးမွာ တရားဝင္ ျဖန႔္ျဖဴးသည့္ရည္òန္းေဈးသည္ တစ္ပိႆာလွ်င္ (၆၀၅၅) က်ပ္အထိ က်ဆင္းလာေသာ္လည္း ျပင္ပေမွာင္ခိုေဈးကြက္အတြင္း ေဈးႏႈန္းမ်ားျမင့္ တက္ေန ဆဲျဖစ္သည္။ သက္ဆိုင္ရာအေနျဖင့္ ေမွာင္ခို စားအုန္းဆီေဈးကြက္ကို တိတိက်က် ေဖာ္ထုတ္ အေရးယူ ရန္ လိုအပ္ေနဆဲျဖစ္သည္။ ယခင္တစ္ပတ္ ႏွင့္ႏႈိင္းယွဥ္ပါက စက္သုံးဆီေဈးကြက္အတြင္း ဓာတ္ဆီေဈး မ်ား က်ဆင္းၿပီး ဒီဇယ္ေဈးမ်ားျမင့္တက္ေန ျခင္း ျဖစ္ေပၚခဲ့သည္။ စက္သုံးဆီေဈးမ်ားမွာ တစ္လီတာ လွ်င္ (၅၀)က်ပ္ဝန္းက်င္သာ အမ်ားဆုံး အတက္ အက်ရွိေနရာ ေဈးကြက္တည္ၿငိမ္သည္ဟု ဆိုႏိုင္ သည္။
လာမည့္ရက္မ်ားအတြင္း အေထြေထြကုန္ ေဈးႏႈန္းမွာ အေျပာင္းအလဲျဖစ္ေပၚရန္နည္းပါး ေသာ္ လည္း ႏိုင္ငံတကာေဈးကြက္၏သက္ေရာက္မႈ အရ ျပည္တြင္းေငြလဲေဈးႏႈန္းႏွင့္ ေ႐ႊေဈးႏႈန္းမ်ား အေပၚ မူတည္ကာ ေဈးကြက္အေျပာင္းအလဲကို ဆက္ လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။

ကမာၻ႔ေ႐ႊေဈးက်ဆင္းလာျခင္းျပည္တြင္း ေ႐ႊေဈးကြက္ႏွင့္ ေငြလဲေဈးႏႈန္းမ်ား
ယခင္တစ္ပတ္အတြင္းကမာၻ႔ေ႐ႊေဈးမ်ား အတန္အသင့္ျမင့္တက္ခဲ့ရာ ျပည္တြင္းေ႐ႊေဈးမ်ား လည္း လိုက္ပါျမင့္တက္ခဲ့ေသာ္လည္း လက္ရွိတြင္ ကမာၻ႔ေဈးေရာျပည္တြင္းေဈးပါ ျပန္လည္က်ဆင္း လာၿပီျဖစ္သည္။ ေ႐ႊေဈးကြက္အတြင္း ျပင္ပေ႐ႊေပါက္ ေဈးကိုသတ္မွတ္ခ်က္ကိုသာ ေဈးကြက္ေပါက္ ေဈးအျဖစ္ သုံးစြဲေနရဆဲျဖစ္ေသာေၾကာင့္ ေ႐ႊေဈးကြက္အတြင္း ျပင္ပေမွာင္ခိုေ႐ႊေဈးကြက္ကဦးေဆာင္ ေနဆဲျဖစ္သည္။ ကမာၻ႔ေ႐ႊေဈးကြက္တြင္ ဇူလိုင္လ (၂၃) ရက္က ေ႐ႊတစ္ေအာင္စလွ်င္ (၃၄၃၀) ေဒၚလာ အထိ ျမင့္တက္ခဲ့ရာမွာ တျဖည္းျဖည္း ျပန္လည္က်ဆင္း လာၿပီး လတ္တေလာ ဇူလိုင္ (၂၉)ရက္တြင္ ေ႐ႊတစ္ေအာင္စလွ်င္ (၃၃၁၈)ေဒၚလာအထိ ျပန္လည္က် ဆင္းလာျခင္းျဖစ္သည္။ ကမာၻ႔ေ႐ႊေဈးသည္ ႏိုင္ငံတကာ စစ္ပြဲမ်ားႏွင့္ ကမာၻ႔ႏိုင္ငံေရးအေျပာင္းအလဲမ်ားေပၚတြင္မူတည္ကာ အတက္အက်ျဖစ္ေပၚ ေနရာ ခန႔္မွန္းရန္ခက္ခဲသည္။
ျပည္တြင္း ေ႐ႊလုပ္ငန္းမ်ားအတြင္းရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း YGEA မွသတ္မွတ္ ေဈးႏႈန္းအရ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္ (၅၉)သိန္းဝန္းက်င္ခန႔္သာသတ္မွတ္ထားရာ ယင္း သတ္မွတ္ေပါက္ေဈးျဖင့္ အေရာင္း/အဝယ္လုပ္ရန္ ခက္ခဲ ေၾကာင္းသိရသည္။ လက္ရွိ သီတင္းပတ္ အတြင္း ကမာၻ႔ေ႐ႊေဈးမ်ား က်ဆင္းေနျခင္းေၾကာင့္ ျပည္တြင္း ေ႐ႊေဈးမွာ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၇၉)သိန္းက်ပ္ဝန္းက်င္မွ (၇၈)သိန္းက်ပ္အထိ ေငြက်ပ္ တစ္သိန္းဝန္းက်င္ က်ဆင္းသြားျခင္းျဖစ္သည္။ ဇူလိုင္လ အတြင္း ပထမဆုံးအႀကိမ္အျဖစ္‌ ေ႐ႊေဈးမ်ား ျပန္လည္က်ဆင္းလာျခင္းျဖစ္ရာ ေဈးကြက္ အတြင္း အေရာင္း/အဝယ္သြက္ေနေၾကာင္း သိရသည္။ လတ္တေလာေ႐ႊေဈးကြက္သည္ မိ႐ိုးဖလာ အေရာင္း /အဝယ္ပုံစံအတိုင္းတည္ရွိေနၿပီး ေလပတ္ကားအ ေရာင္းအဝယ္မ်ား၊ ေငြစုစာအုပ္ အေရာင္း အဝယ္မ်ား၊ အြန္လိုင္းအေရာင္းအဝယ္မ်ားမျပဳလုပ္ရန္ သက္ဆိုင္ရာက ၫြန္ၾကားထားေၾကာင္း သိရ သည္။ လက္ရွိအခ်ိန္တြင္ေ႐ႊေဈးမ်ားအေျပာင္း အလဲျမန္ေနရာ ေရာင္းမွား/ဝယ္မွားမျဖစ္ေစရန္ သတိ ထားသင့္ေၾကာင္း ေ႐ႊလုပ္ငန္းရွင္မ်ားက ေျပာ ၾကားသည္။ ေ႐ႊေဈးကြက္အတြင္း ေ႐ႊေဈးမ်ား က်ဆင္းေန ေသာ္လည္း ေငြလဲေဈးကြက္အတြင္း ေငြလဲ ေဈးႏႈန္းမ်ားတည္ၿငိမ္ေနသည္။ လက္ရွိ ဇူလိုင္ (၂၉) ရက္ တြင္ အေမရိကန္တစ္ေဒၚလာလွ်င္ ျပင္ပ ေပါက္ေဈး (၄၄၇၀)က်ပ္သို႔ေရာက္ရွိေနၿပီး တ႐ုတ္ယြမ္ေငြ တစ္ ယြမ္လွ်င္ (၆၂၃)က်ပ္၊ ထိုင္းဘတ္ ေငြ တစ္ဘတ္လွ်င္( ၁၃၇) က်ပ္၊ စင္ကာပူ တစ္ေဒၚလာလွ်င္(၃၄၇၅) က်ပ္ အသီးသီးေပါက္ေဈးရွိေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ ျမန္မာႏိုင္ငံတြင္ ႏိုင္ငံျခားေငြလဲ ေဈးႏႈန္းအတြင္း ေဒၚလာေဈးကို ပုံေသသတ္မွတ္ၿပီး အေရာင္း/အဝယ္ ကန႔္သတ္ထားသည့္အျပင္ ေငြလဲလုပ္ငန္းလိုင္စင္ရဘဏ္မ်ား အၾကား အေရာင္း/အဝယ္ျဖစ္သည့္ ေဈးႏႈန္းႏွင့္ျပင္ပ ေဈးႏႈန္းဟူ၍ ပုံသဏၰာန္မ်ိဳးစုံကြဲျပားစြာ ေဈးကြက္ ျဖစ္ေပၚေနျခင္းျဖစ္သည္။ လာမည့္ရက္မ်ားအတြင္း ျမန္မာႏိုင္ငံ၏ ပို႔ကုန္/သြင္းကုန္ လုပ္ငန္းမ်ား၏ လိုအပ္ေသာႏိုင္ငံျခားေငြကို ေဈးကြက္အတြင္း ဗဟိုဘဏ္က ဆက္ လက္ထုတ္ေရာင္းေပးေနပါက ေငြလဲေဈးႏႈန္းမ်ား တည္ၿငိမ္စြာျဖင့္ ဆက္လက္ရပ္တည္ေနမည္ ျဖစ္ သည္။

နယ္စပ္ ပို႔ကုန္/သြင္းကုန္လုပ္ငန္း အလားအလာ
ျမန္မာႏိုင္ငံ၏ နယ္စပ္ကုန္သြယ္ေရး အဓိက လမ္းေၾကာင္းႀကီးႏွစ္ခုသည္ လက္နက္ကိုင္ ပဋိပကၡမ်ားေၾကာင့္ ကုန္စည္စီးဆင္းမႈ ရပ္တန႔္လုနီး ပါးျဖစ္ေပၚေနသည္။ ျမန္မာ-ထိုင္း ကုန္သြယ္ေရး လမ္းေၾကာင္းျဖစ္သည့္ ရန္ကုန္ -ေကာ့ကရိတ္-ျမဝတီလမ္းေၾကာင္းႏွင့္ ျမန္မာ-တ႐ုတ္ ကုန္သြယ္ေရး လမ္းေၾကာင္းျဖစ္သည့္ မႏၲေလး-လားရႈိး- မူဆယ္လမ္းေၾကာင္းႏွစ္ခုစလုံးသည္ လက္ရွိအခ်ိန္တြင္ က်ီး လန႔္စာစားအေျခအေနျဖင့္ ကုန္သြယ္ မႈမ်ားရပ္ဆိုင္းေနသည္။ ျမန္မာ-ထိုင္း ကုန္သြယ္မႈအတြက္ လိုအပ္ ေသာ ပို႔ကုန္/သြင္းကုန္မ်ားကို ရေနာင္း-ေကာ့ေသာင္း-ရန္ကုန္လမ္းေၾကာင္းမွ ေျပာင္းလဲအသုံးျပဳေနၿပီး ျမန္မာ-တ႐ုတ္ ကုန္သြယ္မႈအတြက္ကုန္စည္မ်ားကို တာခ်ီလိတ္ -ေတာင္ႀကီး လမ္း‌ေၾကာင္းတို႔မွ ေျပာင္း လဲအသုံးျပဳေနၾကရေၾကာင္း နယ္စပ္ကုန္သည္မ်ားထံမွ သိရသည္။ နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္း မ်ား ေျပာင္းလဲလုပ္ကိုင္ရျခင္းေၾကာင့္ ယခင္အခ်ိန္မ်ားကထက္ ကုန္သြယ္ေရးလမ္းေၾကာင္း အခ်ိန္ၾကာ ျမင့္မႈမ်ားႏွင့္ ခရီးစရိတ္ပိုမိုကုန္က်မႈမ်ားျဖစ္ေပၚေနေၾကာင္းသိရသည္။
လတ္တေလာတြင္ သက္ဆိုင္ရာက လားရႈိး-မူဆယ္လမ္းေၾကာင္းကိုျပန္လည္ထိန္းခ်ဳပ္ရန္ နယ္ေျမရွင္းလင္းေနဆဲျဖစ္ၿပီး လက္တေလာတြင္ေနာင္ ခ်ိဳအထိကုန္သြယ္ေရးလမ္းေၾကာင္းမ်ား ျပန္ လည္ စီးဆင္းႏိုင္ၿပီျဖစ္သည္။ ေနာင္ခ်ိဳမွတစ္ဆင့္ မူဆယ္အထိ ကုန္သြယ္ေရးလမ္းေၾကာင္းျပန္လည္ ပြင့္လာႏိုင္ဖြယ္ရွိၿပီး လာမည့္ရက္မ်ားအတြင္း ဆက္လက္ေစာင့္ၾကည့္ေနေၾကာင္း နယ္စပ္ကုန္သည္မ်ား ထံမွသိရသည္။ ထို႔အတူ လြန္ခဲ့ေသာရက္ပိုင္းအ တြင္းက ဘားအံ-က်ဳံဒိုး-ေကာ့ကရိတ္ လမ္းေၾကာင္း သည္လည္း သက္ဆိုင္ရာက ျပန္လည္ထိန္းခ်ဳပ္ ထားႏိုင္ၿပီဟု သတင္းမ်ားထြက္ေပၚခဲ့ရာ ေကာ့ကရိတ္မွ တစ္ဆင့္ ျမဝတီအထိလမ္းေၾကာင္းျပန္ပြင့္မ ပြင့္ ဆက္လက္ေစာင့္ၾကည့္ေနၾကဆဲျဖစ္သည္။ အထက္ပါ ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားသည္ ျမန္မာႏိုင္ငံ၏ နယ္စပ္ကုန္သြယ္မႈအတြက္ အလြန္အ‌ေရးပါေသာ လမ္းေၾကာင္းမ်ားျဖစ္ၿပီး တစ္ႏိုင္ငံလုံး နယ္စပ္ကုန္သြယ္ေရး၏ (၉၀) ရာခိုင္ႏႈန္းေက်ာ္ကို ယခင္က ကုန္ သြယ္ႏိုင္ခဲ့သည္။ လက္ရွိအခ်ိန္တြင္ လက္နက္ကိုင္တိုက္ပြဲမ်ားေၾကာင့္ ကုန္သြယ္ေရး လမ္းေၾကာင္းတြင္ ေရွာင္ကြင္းလမ္းမ်ားအသုံးျပဳကာ ကုန္သြယ္ေနေသာ ကုန္သည္မ်ားရွိသလို အျခားလမ္းေၾကာင္း သစ္ မ်ားအသုံးျပဳကာ တရားမဝင္ ကုန္သြယ္မႈမ်ားလည္း ျမင့္တက္လာေၾကာင္းသိရသည္။ နယ္စပ္ ကုန္ သြယ္ေရးလမ္းေၾကာင္း တစ္ေလွ်ာက္ရွိေဒသခံ ျပည္သူမ်ားမွာ လတ္တေလာတြင္ ကုန္စည္ ရွားပါးမႈ မ်ားႀကဳံေတြေနရၿပီး နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္း ျပန္လည္ေကာင္းမြန္လာေစရန္ ေမွ်ာ္လင့္ေနၾက ဆဲျဖစ္သည္။ လာမည့္ ရက္မ်ားအတြင္း နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ား အလ်င္အျမန္ ျပန္လည္ ပြင့္လာႏိုင္မည္မဟုတ္ ေသာ္လည္း တျဖည္းျဖည္းျဖင့္ ျပန္လည္႐ုပ္လုံးေပၚ လာႏိုင္ေသာ အေျခအေနသို႔ ေရာက္ရွိေနသည္။
အေျခခံစားေသာက္ကုန္ႏွင့္
အေထြေထြကုန္ေဈးႏႈန္း
မိုးရာသီကာလ အေျခခံစားေသာက္ကုန္ မ်ား ေဈးႏႈန္းျမင့္တက္ေနေသာ္လည္း လတ္တေလာ တြင္ သက္ဆိုင္ရာအဖြဲ႕အစည္းအလိုက္ ျပည္သူလူထုသို႔တိုက္႐ိုက္ေရာင္းခ်ျခင္းမ်ားႏွင့္ အထူးကုန္စည္ အျဖစ္ ေဈးႏႈန္းမ်ားထိန္းခ်ဳပ္ထားျခင္းတို႔သည္ ကုန္ ေဈးႏႈန္းျမင့္တက္မႈကို အထိုက္အေလ်ာက္ ထိန္း ခ်ဳပ္ထားႏိုင္သည္။ လတ္တေလာ ဆန္ေဈးကြက္အတြင္း သက္ဆိုင္ရာမွ တိုက္႐ိုက္ေရာင္းခ်ေပးျခင္းတို႔ ရွိေန သလို စားအုန္းဆီေဈးမ်ားလည္းက်ဆင္းေနရာ အေျခခံျပည္သူမ်ားအတြက္ အဆင္ေျပေနသည္။ ဆန္ေဈးကြက္အတြင္း သက္ဆိုင္ရာႏွင့္ ဆန္စပါး အဖြဲ႕ခ်ဳပ္၏ ဆန္ေဈးႏႈန္းသတ္မွတ္ခ်က္အရ ဆန္ေဈး တည္ၿငိမ္ေနၿပီး ဆန္ၾကမ္း ဧည့္မထတစ္ျပည္လွ်င္ (၄၅၀ဝ) က်ပ္ဝန္းက်င္ႏွင့္ေ႐ႊဘိုဆန္ေခ်ာတစ္ျပည္ လွ်င္ (၆၅၀ဝ)က်ပ္ဝန္းက်င္ အသီးသီး ေပါက္ေဈးရွိ ေၾကာင္းသိရသည္။ ဆန္ေဈးေနရာေဒသအလိုက္ အေျပာင္းအလဲရွိႏိုင္ေသာ္လည္း အမ်ားစုမွာ အ ေျပာင္းအလဲနည္းပါးေၾကာင္းသိရသည္။ အသား/ ငါး ေဈးႏႈန္းမ်ားမွာ အထိုက္အေလ်ာက္ေဈးျမင့္ေန ေသာ္လည္း စက္သုံးဆီေဈးတည္ၿငိမ္ေနသျဖင့္ ယခု တစ္ပတ္အတြင္း ေဈးအေျပာင္းအလဲ နည္းပါး သည္။ စက္သုံးဆီေဈးကြက္အတြင္း ဓာတ္ဆီေဈးမ်ား တစ္လီတာလွ်င္(၃၅)က်ပ္ခန႔္ေဈးက်ေနၿပီး ဒီဇယ္ေဈးမွာ အနည္းငယ္ျမင့္တက္လာေၾကာင္းသိရသည္။ ရန္ကုန္ႏွင့္မႏၲေလးကဲ့သို႔ ၿမိဳ႕ႀကီးမ်ားတြင္ အေျခခံ စားေသာက္ကုန္ေဈးတည္ၿငိမ္ေနေသာ္လည္း ပဋိပကၡ မ်ားျဖစ္ပြားေနေသာ ဖားကန႔္ ၊ ဗန္းေမာ္၊ ျမစ္ ႀကီးနားၿမိဳ႕မ်ားတြင္ ကုန္ေဈးႏႈန္းမ်ား ျမင့္တက္ေန ေၾကာင္းသိရသည္။
လက္နက္ကိုင္တိုက္ပြဲမ်ားႏွင့္ကင္းလြတ္ ေသာၿမိဳ႕ႀကီးမ်ားတြင္ ပုံမွန္စီးပြားေရးလုပ္ငန္းမ်ား လည္ပတ္ႏိုင္ၿပီး အေျခခံစားေသာက္ကုန္ေဈးမ်ား လည္း တည္ၿငိမ္ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ရခိုင္ျပည္နယ္အတြင္းရွိ ၿမိဳ႕အမ်ားစုမွာ တိုင္းရင္းသားလက္နက္ကိုင္မ်ား ထိန္းခ်ဳပ္မႈလက္ေအာက္သို႔က် ေရာက္သြားခဲ့ရာ လက္ရွိတြင္ ဖားကန႔္ ၊ ဗန္းေမာ္ကဲ့သို႔ ကုန္ေဈးႏႈန္းမ်ား အဆမတန္ျမင့္တက္ျခင္းႏွင့္ ကုန္စည္ရွားပါးျခင္းမ်ားႀကဳံေတြ႕ေနရေၾကာင္း‌ေဒသခံမ်ား ထံမွတစ္ဆင့္သိရသည္။ ျမန္မာျပည္၏ လက္နက္ကိုင္ တိုက္ပြဲမ်ားေၾကာင့္ ‌ေဒသအလိုက္ အေထြေထြ အက်ပ္အတည္းမ်ားျဖစ္ေပၚေနရၿပီး လက္ရွိအခ်ိန္ အထိ ၿမိဳ႕ျပႏွင့္အလွမ္းေဝးကြာေသာ ေက်းလက္ေန ျပည္သူမ်ားမွာ စစ္ေဘးအက်ပ္ အတည္းႏွင့္ စားနပ္ရိကၡာ ရွားပါးမႈမ်ားႀကဳံေတြ႕ေနရသည္။ လာမည့္ရက္ပိုင္းအတြင္း အေထြေထြ အက်ပ္အတည္းႀကီးကို အလြယ္တကူေျဖရွင္းႏိုင္မည္ မဟုတ္ေသာေၾကာင့္ အေထြေထြကုန္ေဈးႏႈန္း၏ အက်ိဳးသက္ေရာက္မႈကို ဆက္လက္ခံစားေနရဦးမည္ျဖစ္သည္။

Related news

© 2021. All rights reserved.