မိုးရွာသွန်းမှုများကာ တောင်ကျရေစီးဆင်းမှုကြောင့် အင်းလေးတွင် ရေလေးပေဝန်းကျင် မြင့်တက်နေ

 271

ချယ်ရီ (NP News) - ဩဂုတ် (၃)
ရှမ်းပြည်နယ်တောင်ပိုင်း၌ မိုးရွာသွန်းမှုများကာ တောင်ကျရေစီးဆင်းလာမှုကြောင့် အင်းလေးဒေသတွင် မူလရေမျက်နှာပြင်ထက် လေးပေဝန်းကျင်အထိ မြင့်တက်နေကြောင်း သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အင်းလေးဒေသသည် ရာဂီမုန်တိုင်းအလွန် ငလျင်ဒဏ်ကိုပါ ခံစားခဲ့ရပြီး လက်ရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်မှာ လူနေအိမ်များအနေဖြင့် ရာနှုန်းပြည့်နီးပါးဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
သို့သော် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း မိုးများစွာရွာသွန်းရာမှ တောင်ကျရေများ၊ ချောင်းရေများစီးဆင်းမှုများလာပြီး အင်းလေးဒေသတွင် ရေမျက်နှာပြင် မြင့်တက်နေကြောင်း သိရသည်။
“အခုလက်ရှိကတော့ ခေါင်တိုင်လမ်းခွဲ တောင်လေးလုံးလမ်းက ရေကျော်သွားတော့ သွားလို့မရတော့ဘူး။ အောင်ပန်းဘက်က အင်းတိုင်လမ်းအတိုင်းပဲ သွားလို့ရတော့မယ်။ အင်းထဲမှာတော့ ရှိသမျှစိုက်ထားတဲ့ဟာတွေ မြုပ်ပေါ့။ ဒါပဲရှိတယ်။ ပြောင်းတွေရော၊ ကျန်နေတဲ့စပါးတွေတောင် အကုန်မြုပ်ကုန်တာပေါ့။ ဘာမှကို ပြန်ပြီးမရနိုင်တော့တဲ့အနေအထားဖြစ်သွားပြီ။ ရေကဘယ်လောက်အထိဖြစ်သွားလဲဆိုရင် ပထမ ရာဂီကြောင့်တက်တဲ့ ရေက (၆)ပေကျော် (၇)ပေလောက် တက်ခဲ့တာ။ အခုအဲဒီလယ်ဗယ်ရဲ့ (၂)ပေလောက်ပဲ လျော့တယ်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
လက်ရှိတွင် အင်းလေးဒေသရှိ နေအိမ်များ ရေမြုပ်မှုမရှိသေးသော်လည်း အင်းလေးကန်ပတ်လမ်းတစ်လျှောက်ရှိ စပါး၊ နေကြာ၊ ပြောင်း၊ မြေပဲ အစရှိသည့် စိုက်ဧကများ ရေနှစ်မြုပ်နေကြောင်း သိရသည်။
“အခုက အိမ်တွေက အမြင့်တွေဆောက်ထားကြတာဆိုတော့ အိမ်တွေကတော့ မြုပ်မသွားသေးဘူး။ ဒါပေမဲ့ လက်ရှိအခြေနေကတော့ ရေကတော့ တော်တော်ကို မြင့်တက်သွားတာပေါ့နော်။ အင်းလေးက လာသမျှရေအကုန်လုံးလက်ခံထားသလိုဖြစ်နေတာဆိုတော့လေ။ ကန်ပတ်လမ်းတောက်လျှောက်က လယ်စိုက်တာဆိုတော့ အင်းအရှေ့ခြမ်းရော အနောက်ခြမ်းရော အကုန် ကုန်တာပဲလေ။ အင်းအရှေ့ခြမ်းသွားရင်လည်း ဟိုတယ်ဇုန်၊ နန့်ပန်အထိကို စပါးရော၊ ပြောင်းတွေရော အကုန် ကုန်တာပဲ။ ဒေသခံတွေကတော့ ဒုက္ခရောက်တာပေါ့ဗျာ” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိတွင် အင်းလေးဖောင်တော်ဦးဘုရားအား ပြန်လည်ပြုပြင်လျက်ရှိကာ နှစ်စဉ်နီးပါးအောက်တိုဘာလတွင် အင်းလေးဒေသ၌ ဖောင်တော်ဦးဘုရားပွဲ ကျင်းပပြီး ယခုနှစ်တွင်လည်း ဆက်လက်ကျင်းပရန် ကြိုတင်ညှိနှိုင်းအစည်းဝေးကို ယမန်နေ့ဩဂုတ်လ(၁)ရက်က အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
မိုး႐ြာသြန္းမႈမ်ားကာ ေတာင္က်ေရစီးဆင္းမႈေၾကာင့္ အင္းေလးတြင္ ေရေလးေပဝန္းက်င္ ျမင့္တက္ေန
ခ်ယ္ရီ (NP News) - ဩဂုတ္ (၃)
ရွမ္းျပည္နယ္ေတာင္ပိုင္း၌ မိုး႐ြာသြန္းမႈမ်ားကာ ေတာင္က်ေရစီးဆင္းလာမႈေၾကာင့္ အင္းေလးေဒသတြင္ မူလေရမ်က္ႏွာျပင္ထက္ ေလးေပဝန္းက်င္အထိ ျမင့္တက္ေနေၾကာင္း သစၥာမ႑ိဳင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အင္းေလးေဒသသည္ ရာဂီမုန္တိုင္းအလြန္ ငလ်င္ဒဏ္ကိုပါ ခံစားခဲ့ရၿပီး လက္ရွိ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသည္မွာ လူေနအိမ္မ်ားအေနျဖင့္ ရာႏႈန္းျပည့္နီးပါးေဆာင္႐ြက္ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္ ၿပီးခဲ့သည့္ရက္သတၱပတ္အတြင္း မိုးမ်ားစြာ႐ြာသြန္းရာမွ ေတာင္က်ေရမ်ား၊ ေခ်ာင္းေရမ်ားစီးဆင္းမႈမ်ားလာၿပီး အင္းေလးေဒသတြင္ ေရမ်က္ႏွာျပင္ ျမင့္တက္ေနေၾကာင္း သိရသည္။
“အခုလက္ရွိကေတာ့ ေခါင္တိုင္လမ္းခြဲ ေတာင္ေလးလုံးလမ္းက ေရေက်ာ္သြားေတာ့ သြားလို႔မရေတာ့ဘူး။ ေအာင္ပန္းဘက္က အင္းတိုင္လမ္းအတိုင္းပဲ သြားလို႔ရေတာ့မယ္။ အင္းထဲမွာေတာ့ ရွိသမွ်စိုက္ထားတဲ့ဟာေတြ ျမဳပ္ေပါ့။ ဒါပဲရွိတယ္။ ေျပာင္းေတြေရာ၊ က်န္ေနတဲ့စပါးေတြေတာင္ အကုန္ျမဳပ္ကုန္တာေပါ့။ ဘာမွကို ျပန္ၿပီးမရႏိုင္ေတာ့တဲ့အေနအထားျဖစ္သြားၿပီ။ ေရကဘယ္ေလာက္အထိျဖစ္သြားလဲဆိုရင္ ပထမ ရာဂီေၾကာင့္တက္တဲ့ ေရက (၆)ေပေက်ာ္ (၇)ေပေလာက္ တက္ခဲ့တာ။ အခုအဲဒီလယ္ဗယ္ရဲ႕ (၂)ေပေလာက္ပဲ ေလ်ာ့တယ္” ဟု အထက္ပါတာဝန္ရွိသူက ဆိုသည္။
လက္ရွိတြင္ အင္းေလးေဒသရွိ ေနအိမ္မ်ား ေရျမဳပ္မႈမရွိေသးေသာ္လည္း အင္းေလးကန္ပတ္လမ္းတစ္ေလွ်ာက္ရွိ စပါး၊ ေနၾကာ၊ ေျပာင္း၊ ေျမပဲ အစရွိသည့္ စိုက္ဧကမ်ား ေရႏွစ္ျမဳပ္ေနေၾကာင္း သိရသည္။
“အခုက အိမ္ေတြက အျမင့္ေတြေဆာက္ထားၾကတာဆိုေတာ့ အိမ္ေတြကေတာ့ ျမဳပ္မသြားေသးဘူး။ ဒါေပမဲ့ လက္ရွိအေျခေနကေတာ့ ေရကေတာ့ ေတာ္ေတာ္ကို ျမင့္တက္သြားတာေပါ့ေနာ္။ အင္းေလးက လာသမွ်ေရအကုန္လုံးလက္ခံထားသလိုျဖစ္ေနတာဆိုေတာ့ေလ။ ကန္ပတ္လမ္းေတာက္ေလွ်ာက္က လယ္စိုက္တာဆိုေတာ့ အင္းအေရွ႕ျခမ္းေရာ အေနာက္ျခမ္းေရာ အကုန္ ကုန္တာပဲေလ။ အင္းအေရွ႕ျခမ္းသြားရင္လည္း ဟိုတယ္ဇုန္၊ နန႔္ပန္အထိကို စပါးေရာ၊ ေျပာင္းေတြေရာ အကုန္ ကုန္တာပဲ။ ေဒသခံေတြကေတာ့ ဒုကၡေရာက္တာေပါ့ဗ်ာ” ဟု ၎က ရွင္းျပသည္။
လက္ရွိတြင္ အင္းေလးေဖာင္ေတာ္ဦးဘုရားအား ျပန္လည္ျပဳျပင္လ်က္ရွိကာ ႏွစ္စဥ္နီးပါးေအာက္တိုဘာလတြင္ အင္းေလးေဒသ၌ ေဖာင္ေတာ္ဦးဘုရားပြဲ က်င္းပၿပီး ယခုႏွစ္တြင္လည္း ဆက္လက္က်င္းပရန္ ႀကိဳတင္ညႇိႏႈိင္းအစည္းေဝးကို ယမန္ေန႔ဩဂုတ္လ(၁)ရက္က အင္းေလးေဖာင္ေတာ္ဦးျမတ္စြာဘုရား ရတနာစံေက်ာင္းေတာ္၌ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.