ဖိလစ်ပိုင်ကို တိုင်ဖွန်းမုန်တိုင်း Kalmaegi ဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေ(၄၆)ဦးအထိ မြင့်တက်လာ

110

Pika(NP News)-အောက်တိုဘာလ ၆
ဖိလစ်ပိုင်နိုင်ငံကို တိုင်ဖွန်းမုန်တိုင်း Kalmaegi ဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ (၄၆)ဦးအထိ ရှိလာပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါ့ပြင် သေဆုံးသူ(၄၆)ဦးထဲမှာ မုန်တိုင်းတိုက်ခတ်နေစဉ်အချိန်အတွင်း ပျံသန်းနေတဲ့စစ်ဘက်ဆိုင်ရာရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားခဲ့တဲ့ စစ်သား(၆)ဦးလည်းပါဝင်တယ်လို့ သိရပါတယ်။ တိုင်ဖွန်းမုန်တိုင်း Kalmaegi ဝင်ရောက်တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေနဲ့ ရေကြီးမှုတွေဖြစ်နေခဲ့တယ်လို့လည်း သိရပါတယ်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်တုံ့ပြန်ရေးမစ်ရှင်ကို လုပ်ဆောင်နေတဲ့ စစ်ဘက်ဆိုင်ရာရဟတ်ယာဉ်ဟာ Mindanaoကျွန်းပေါ်မှာ ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။အဲ့ဒီရဟတ်ယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။ရဟတ်ယာဉ်ပျက်ကျမှုဟာ မုန်တိုင်းဒဏ်အခံစားရဆုံးဒေသကနေ (၂၇၀)ကီလိုမီတာအကွာလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီဒေသမှာ အနည်းဆုံးလူ(၃၉)ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ဖိလစ္ပိုင္ကို တိုင္ဖြန္းမုန္တိုင္း Kalmaegi ဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ ေသဆုံးသူဦးေရ(၄၆)ဦးအထိ ျမင့္တက္လာ
Pika(NP News)-ေအာက္တိုဘာလ ၆
ဖိလစ္ပိုင္ႏိုင္ငံကို တိုင္ဖြန္းမုန္တိုင္း Kalmaegi ဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ (၄၆)ဦးအထိ ရွိလာၿပီျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ ေသဆုံးသူ(၄၆)ဦးထဲမွာ မုန္တိုင္းတိုက္ခတ္ေနစဥ္အခ်ိန္အတြင္း ပ်ံသန္းေနတဲ့စစ္ဘက္ဆိုင္ရာရဟတ္ယာဥ္ပ်က္က်မႈေၾကာင့္ ေသဆုံးသြားခဲ့တဲ့ စစ္သား(၆)ဦးလည္းပါဝင္တယ္လို႔ သိရပါတယ္။ တိုင္ဖြန္းမုန္တိုင္း Kalmaegi ဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ ဖိလစ္ပိုင္ႏိုင္ငံအလယ္ပိုင္းေဒသေတြမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈေတြနဲ႔ ေရႀကီးမႈေတြျဖစ္ေနခဲ့တယ္လို႔လည္း သိရပါတယ္။လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ေဘးအႏၲရာယ္တုံ႔ျပန္ေရးမစ္ရွင္ကို လုပ္ေဆာင္ေနတဲ့ စစ္ဘက္ဆိုင္ရာရဟတ္ယာဥ္ဟာ Mindanaoကြၽန္းေပၚမွာ ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔ စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။အဲ့ဒီရဟတ္ယာဥ္ပ်က္က်မႈနဲ႔ပတ္သက္ၿပီး ဖိလစ္ပိုင္စစ္တပ္က စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။ရဟတ္ယာဥ္ပ်က္က်မႈဟာ မုန္တိုင္းဒဏ္အခံစားရဆုံးေဒသကေန (၂၇၀)ကီလိုမီတာအကြာေလာက္မွာျဖစ္ပြားခဲ့တာျဖစ္ၿပီး အဲ့ဒီေဒသမွာ အနည္းဆုံးလူ(၃၉)ဦးေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။