နေပြည်တော်တွင် ငလျင်ကြောင့်ပျောက်ဆုံးနေသူတစ်ဦး၏ ရုပ်အလောင်းကိုပြန်လည်တွေ့ရှိ

1049

သက်ပိုင်(NP News) - အောက်တိုဘာ ၃၀
အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပျောက်ဆုံးနေသူများအနက် နေပြည်တော်မှ ပျောက်ဆုံး နေသူတစ်ဦး၏ ရုပ်အလောင်းကို ယနေ့(အောက်တိုဘာ ၃၀ ရက်) နံနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။
အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ပြိုကျပျက်စီးခဲ့သော Jade City (ကျောက်စိမ်းဟိုတယ်) အဆောက်အဦမှ အမျိုးသား (၁)ဦး၏ ရုပ်အလောင်းကို ယနေ့ (အောက်တိုဘာ (၃၀) ရက်) နံနက်(၇) နာရီခန့်က တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီတစ်ယောက်က ပျောက်ဆုံးနေတယ်ဆိုပြီး နေပြည်တော် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ စာရင်းတွေမှာလည်း ရှိပါတယ်။ အခုဖြစ်စဉ်ဟာ ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းစဉ် AFR level 5 ထိ လုပ်ဆောင်လို့ လုံးဝရှာမရလို့ နိုင်ငံတကာ ရှာကယ်အဖွဲ့တွေကပါ သတ်မှတ်ကြေငြာပြီးဖြစ်လို့ စက်ယန္တယားများနဲ့ ဖြိုဖျက်ရှင်းလင်းခွင့် ရရှိထားတဲ့နေရာမှာတွေ့တာပါ။ ပျောက်ဆုံးတာကိုလဲ အဲဒီ ဟိုတယ်က ပျောက်ဆုံးဖြစ်ကြောင်း အတည်ပြုပြီးသားဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ မီသတ်တပ်ဖွဲ့ မှ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ထိုသို့ တွေ့ရှိခဲ့သော ရုပ်အလောင်းကို ဥတ္တရခရိုင်မီးသတ်စခန်းနှင့် ဥတ္တရသီရိမြို့နယ်မီးသတ်စခန်း များမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အဆိုပါ ရုပ်အလောင်းအားထုတ်ယူခဲ့၍ လူငယ်တွဲလက်များပရဟိတကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်အားကြီး မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ ၃,၇၉၅ ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၈၆ ဦး၊ ပျောက်ဆုံးသူ ၅၁၀၄ ဦး၊ အိမ်ပေါင်း ၅၁,၁၄၅ အိမ် ထိခိုက်ခဲ့၊ ကျောင်း ၂,၅၉၈ ကျောင်း၊ ဌာန ဆိုင်ရာအဆောက်အဦ ၃,၃၁၀၊ ဆေးရုံ/ ဆေးခန်း ၇၂၅ ခု၊ ဘာသာရေး အဆောက်အဦ ၅,၆၁၁၊ ရထားလမ်း ၅၆ ခု၊ ဘူတာရုံ ၂၇ခု၊ တံတား ၁၀၁ ခု၊ လမ်း ၄၀၃လမ်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းရှိ နေရာ ၂၈၄နေရာ၊ ဆက်သွယ်ရေးတာဝါတိုင် ၁၀ခု၊ ကွန်ကရစ်တိုင် ၅၆ခု၊ လျှပ်စစ်တာဝါတိုင် ၁၀ တိုင်၊ ဓာတ်တိုင် ၃,၁၂၃ တိုင်၊ ဆည်မြောင်း ၅၉၄၊ တာတမံ ၆ ခု၊ ရေလမ်းထိန်းသိမ်းရေးလုပ်ငန်း ၆၀၊ ရေအရင်းအမြစ် ၁၇၄ ခု၊ ဘုရား/စေတီ ၆,၄၂၄ ဆူတို့ ပျက်စီးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေနျပည္ေတာ္တြင္ ငလ်င္ေၾကာင့္ေပ်ာက္ဆုံးေနသူတစ္ဦး၏ ႐ုပ္အေလာင္းကိုျပန္လည္ေတြ႕ရွိ
သက္ပိုင္(NP News) - ေအာက္တိုဘာ ၃၀
အင္အားျပင္းငလ်င္ႀကီး လႈပ္ခတ္ခဲ့မႈေၾကာင့္ ေပ်ာက္ဆုံးေနသူမ်ားအနက္ ေနျပည္ေတာ္မွ ေပ်ာက္ဆုံး ေနသူတစ္ဦး၏ ႐ုပ္အေလာင္းကို ယေန႔(ေအာက္တိုဘာ ၃၀ ရက္) နံနက္ပိုင္းက ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္ဦးစီးဌာနမွ သိရသည္။
အင္အားျပင္းငလ်င္ႀကီးလႈပ္ခတ္ခဲ့မႈေၾကာင့္ ေနျပည္ေတာ္၊ ဥတၱရသီရိၿမိဳ႕နယ္ရွိ ၿပိဳက်ပ်က္စီးခဲ့ေသာ Jade City (ေက်ာက္စိမ္းဟိုတယ္) အေဆာက္အဦမွ အမ်ိဳးသား (၁)ဦး၏ ႐ုပ္အေလာင္းကို ယေန႔ (ေအာက္တိုဘာ (၃၀) ရက္) နံနက္(၇) နာရီခန႔္က ေတြ႕ရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာန တာဝန္ရွိသူတစ္ဦးက ေျပာသည္။
“ဒီတစ္ေယာက္က ေပ်ာက္ဆုံးေနတယ္ဆိုၿပီး ေနျပည္ေတာ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနရဲ႕ စာရင္းေတြမွာလည္း ရွိပါတယ္။ အခုျဖစ္စဥ္ဟာ ရွာဖြယ္ကယ္ဆယ္ေရးလုပ္ငန္းစဥ္ AFR level 5 ထိ လုပ္ေဆာင္လို႔ လုံးဝရွာမရလို႔ ႏိုင္ငံတကာ ရွာကယ္အဖြဲ႕ေတြကပါ သတ္မွတ္ေၾကျငာၿပီးျဖစ္လို႔ စက္ယႏၲယားမ်ားနဲ႔ ၿဖိဳဖ်က္ရွင္းလင္းခြင့္ ရရွိထားတဲ့ေနရာမွာေတြ႕တာပါ။ ေပ်ာက္ဆုံးတာကိုလဲ အဲဒီ ဟိုတယ္က ေပ်ာက္ဆုံးျဖစ္ေၾကာင္း အတည္ျပဳၿပီးသားျဖစ္ပါတယ္”ဟု ျမန္မာႏိုင္ငံ မီသတ္တပ္ဖြဲ႕ မွ မီးသတ္ဦးစီးဌာန တာဝန္ရွိသူတစ္ဦးက ဆိုသည္။
ထိုသို႔ ေတြ႕ရွိခဲ့ေသာ ႐ုပ္အေလာင္းကို ဥတၱရခ႐ိုင္မီးသတ္စခန္းႏွင့္ ဥတၱရသီရိၿမိဳ႕နယ္မီးသတ္စခန္း မ်ားမွ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္မ်ား၊ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း၍ အဆိုပါ ႐ုပ္အေလာင္းအားထုတ္ယူခဲ့၍ လူငယ္တြဲလက္မ်ားပရဟိတကူညီေရးအသင္းမွ သူနာတင္ယာဥ္ျဖင့္ ကုတင္ ၁၀၀၀ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အင္အားႀကီး မႏၲေလးငလ်င္ႀကီးေၾကာင့္ ေသဆုံးသူ ၃,၇၉၅ ဦး၊ ထိခိုက္ဒဏ္ရာ ရရွိသူ ၈၆ ဦး၊ ေပ်ာက္ဆုံးသူ ၅၁၀၄ ဦး၊ အိမ္ေပါင္း ၅၁,၁၄၅ အိမ္ ထိခိုက္ခဲ့၊ ေက်ာင္း ၂,၅၉၈ ေက်ာင္း၊ ဌာန ဆိုင္ရာအေဆာက္အဦ ၃,၃၁၀၊ ေဆး႐ုံ/ ေဆးခန္း ၇၂၅ ခု၊ ဘာသာေရး အေဆာက္အဦ ၅,၆၁၁၊ ရထားလမ္း ၅၆ ခု၊ ဘူတာ႐ုံ ၂၇ခု၊ တံတား ၁၀၁ ခု၊ လမ္း ၄၀၃လမ္း၊ ရန္ကုန္-မႏၲေလး အျမန္လမ္းရွိ ေနရာ ၂၈၄ေနရာ၊ ဆက္သြယ္ေရးတာဝါတိုင္ ၁၀ခု၊ ကြန္ကရစ္တိုင္ ၅၆ခု၊ လွ်ပ္စစ္တာဝါတိုင္ ၁၀ တိုင္၊ ဓာတ္တိုင္ ၃,၁၂၃ တိုင္၊ ဆည္ေျမာင္း ၅၉၄၊ တာတမံ ၆ ခု၊ ေရလမ္းထိန္းသိမ္းေရးလုပ္ငန္း ၆၀၊ ေရအရင္းအျမစ္ ၁၇၄ ခု၊ ဘုရား/ေစတီ ၆,၄၂၄ ဆူတို႔ ပ်က္စီးခဲ့ေၾကာင္း သိရသည္။