နှစ်ပေါင်း (၆၀)နီးပါးအတွင်း ပင်လောင်းမြို့နယ်၌ မိုးရေချိန် စံချိန်သစ်တင်

247

စော(NP News)-ဩဂုတ် ၃
နှစ်ပေါင်း (၆၀)နီးပါးအတွင်း ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၌ မိုးရေချိန် (၁၆၅)မီလီမီတာ၊(၆ဒဿမ၅)လက်မ ဖြင့် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဩဂုတ် ၃ရက်)တွင် အသိပေးကြေညာထားခြင်းဖြစ်သည်။
မိုးဇလ၏ ထုတ်ပြန်ချက်အရ အဆိုပါ မိုးရေချိန်သည် လွန်ခဲ့သော နှစ်ပေါင်း (၅၉)နှစ်အတွင်း ဖြစ်ပေါ်ခဲ့သော စံချိန်ဟောင်း မိုးရေချိန် (၁၅၈)မီလီမီတာ၊ (၆ဒဿမ၂၂)လက်မထက်ကျော်လွန်ကာ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အတွင်း ယမန်နေ့ (ဩဂုတ် ၂ရက်)၊ မွန်းလွဲ (၁)နာရီအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ထီပေါင်းကျေးရွာအုပ်စု၊ လွယ်မောင်းကျေးရွာရှိ လူနေအိမ်အဆောက်အအုံများ ရေတိုက်စားမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ အချက်အလက်များအရ သိရသည်။
ထို့ကြောင့် ပင်လောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ် (၁)စီး ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် နေအိမ်(၅)လုံး၊ အိမ်ထောင်စု(၇) စု၊ ကျား(၁၃)ဦး၊ မ(၁၇)ဦး၊ စုစုပေါင်း (၃၀)ဦးတို့အား အ.မ.က(လွယ်မောင်း) စာသင်ကျောင်းသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ ဆိုသည်။

Zawgyi Version:
ႏွစ္ေပါင္း (၆၀)နီးပါးအတြင္း ပင္ေလာင္းၿမိဳ႕နယ္၌ မိုးေရခ်ိန္ စံခ်ိန္သစ္တင္
ေစာ(NP News)-ဩဂုတ္ ၃
ႏွစ္ေပါင္း (၆၀)နီးပါးအတြင္း ရွမ္းျပည္နယ္၊ ပင္ေလာင္းၿမိဳ႕နယ္၌ မိုးေရခ်ိန္ (၁၆၅)မီလီမီတာ၊(၆ဒႆမ၅)လက္မ ျဖင့္ စံခ်ိန္သစ္တင္ခဲ့ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔ (ဩဂုတ္ ၃ရက္)တြင္ အသိေပးေၾကညာထားျခင္းျဖစ္သည္။
မိုးဇလ၏ ထုတ္ျပန္ခ်က္အရ အဆိုပါ မိုးေရခ်ိန္သည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း (၅၉)ႏွစ္အတြင္း ျဖစ္ေပၚခဲ့ေသာ စံခ်ိန္ေဟာင္း မိုးေရခ်ိန္ (၁၅၈)မီလီမီတာ၊ (၆ဒႆမ၂၂)လက္မထက္ေက်ာ္လြန္ကာ စံခ်ိန္သစ္တင္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ရွမ္းျပည္နယ္၊ ပင္ေလာင္းၿမိဳ႕နယ္အတြင္း ယမန္ေန႔ (ဩဂုတ္ ၂ရက္)၊ မြန္းလြဲ (၁)နာရီအခ်ိန္ခန႔္က မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေတာင္က်ေရစီးဆင္းမႈေၾကာင့္ ထီေပါင္းေက်း႐ြာအုပ္စု၊ လြယ္ေမာင္းေက်း႐ြာရွိ လူေနအိမ္အေဆာက္အအုံမ်ား ေရတိုက္စားမႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕၏ အခ်က္အလက္မ်ားအရ သိရသည္။
ထို႔ေၾကာင့္ ပင္ေလာင္းၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္စက္ယာဥ္ (၁)စီး ၊ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားျဖင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ ေနအိမ္(၅)လုံး၊ အိမ္ေထာင္စု(၇) စု၊ က်ား(၁၃)ဦး၊ မ(၁၇)ဦး၊ စုစုေပါင္း (၃၀)ဦးတို႔အား အ.မ.က(လြယ္ေမာင္း) စာသင္ေက်ာင္းသို႔ ကူညီေ႐ႊ႕ေျပာင္းေပးခဲ့ေၾကာင္း မီးသတ္တပ္ဖြဲ႕မွ ဆိုသည္။