KIAဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးပြီးပျက်စီးမှုများ

889

သန့်ဇင်(NP News)-ဩဂုတ် ၄
ကချင်ပြည်နယ်၊ မြန်မာ-တရုတ်နယ်စပ်၊ KIO၊KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေ လျှံမှုဖြစ်ပွားကာ ပျက်စီးဆုံးရှုံးမှုများပြားနေကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြရေးသားချက်များအရ သိရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တောင်ကျရေများစီးဆင်းသည့်အတွက် မုန်လိုင်ချောင်းရေမြင့်တက်လာပြီး ယနေ့(ဩဂုတ်လ ၄ရက်) နံနက် အစောပိုင်း ၁ နာရီခန့်က လိုင်ဇာမြို့၊ ဂျယ်ယန်းတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
လိုင်ဇာမြို့နှင် မုန်းဆိုင်ယန်(Mung Seng Yang)သို့ ဆက်သွယ်ထားသော ချောင်းကူးတံတားသည်လည်း ရေကြီးနှစ်မြုပ်သွားပြီး
ဂျေယန်စစ်ဘေးရှောင်စခန်းသည်လည်း ရေကြီးရေလျှံမှုဖြစ်ပွားကာ ပျောက်ဆုံးနေသူများလည်းရှိနေကြောင်း သိရသည်။
ထို့ပြင် လျှပ်စစ်ဓာတ်တိုင်များ ပြိုလဲခြင်းနှင့် လူနေအိမ်များ ရေစီးနှင့်မျောပါခြင်းများကြောင့် ထိခိုက်ပျက်စီးမှုများပြားနိုင်ကြောင်းလည်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြရေးသားချက်အရ သိရသည်။
လိုင်ဇာမြို့အနီးရှိ ဂျေယန့်နှင့် ဖွန်လွန်ယန်စစ်ရှောင်စခန်းများနှင့် လူနေအိမ်အများအပြားလည်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် အပြင် လမ်းပိုင်းများလည်း ရေလွှမ်းမိုးမှုကြောင့် ကားများသွားလာ၍ မရဖြစ်နေကြောင်း သိရသည်။
ဩဂုတ်လ ၃ရက်၊ ည ၇နာရီက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မိုးတိမ်တောင်ဖြစ်ပေါ်မှု အခြေအနေ ကြောင့် ကချင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၀)ခုတွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်း ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း အသိပေးထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
KIAဌာနခ်ဳပ္တည္ရွိရာ လိုင္ဇာေဒသတြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေရႀကီးၿပီးပ်က္စီးမႈမ်ား
သန႔္ဇင္(NP News)-ဩဂုတ္ ၄
ကခ်င္ျပည္နယ္၊ ျမန္မာ-တ႐ုတ္နယ္စပ္၊ KIO၊KIA ဌာနခ်ဳပ္တည္ရွိရာ လိုင္ဇာေဒသတြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေရႀကီးေရ လွ်ံမႈျဖစ္ပြားကာ ပ်က္စီးဆုံးရႈံးမႈမ်ားျပားေနေၾကာင္း ေဒသတြင္း သတင္းမီဒီယာမ်ား၏ ေဖာ္ျပေရးသားခ်က္မ်ားအရ သိရသည္။
မိုးသည္းထန္စြာ႐ြာသြန္းျခင္းေၾကာင့္ ေတာင္က်ေရမ်ားစီးဆင္းသည့္အတြက္ မုန္လိုင္ေခ်ာင္းေရျမင့္တက္လာၿပီး ယေန႔(ဩဂုတ္လ ၄ရက္) နံနက္ အေစာပိုင္း ၁ နာရီခန႔္က လိုင္ဇာၿမိဳ႕၊ ဂ်ယ္ယန္းတြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ပြားေနျခင္းျဖစ္ေၾကာင္း သိရသည္။
လိုင္ဇာၿမိဳ႕ႏွင္ မုန္းဆိုင္ယန္(Mung Seng Yang)သို႔ ဆက္သြယ္ထားေသာ ေခ်ာင္းကူးတံတားသည္လည္း ေရႀကီးႏွစ္ျမဳပ္သြားၿပီး
ေဂ်ယန္စစ္ေဘးေရွာင္စခန္းသည္လည္း ေရႀကီးေရလွ်ံမႈျဖစ္ပြားကာ ေပ်ာက္ဆုံးေနသူမ်ားလည္းရွိေနေၾကာင္း သိရသည္။
ထို႔ျပင္ လွ်ပ္စစ္ဓာတ္တိုင္မ်ား ၿပိဳလဲျခင္းႏွင့္ လူေနအိမ္မ်ား ေရစီးႏွင့္ေမ်ာပါျခင္းမ်ားေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားျပားႏိုင္ေၾကာင္းလည္း ေဒသတြင္း သတင္းမီဒီယာမ်ား၏ ေဖာ္ျပေရးသားခ်က္အရ သိရသည္။
လိုင္ဇာၿမိဳ႕အနီးရွိ ေဂ်ယန္႔ႏွင့္ ဖြန္လြန္ယန္စစ္ေရွာင္စခန္းမ်ားႏွင့္ လူေနအိမ္အမ်ားအျပားလည္း ေရႀကီးေရလွ်ံမႈေၾကာင့္ ပ်က္စီးခဲ့သည့္ အျပင္ လမ္းပိုင္းမ်ားလည္း ေရလႊမ္းမိုးမႈေၾကာင့္ ကားမ်ားသြားလာ၍ မရျဖစ္ေနေၾကာင္း သိရသည္။
ဩဂုတ္လ ၃ရက္၊ ည ၇နာရီက မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ မိုးတိမ္ေတာင္ျဖစ္ေပၚမႈ အေျခအေန ေၾကာင့္ ကခ်င္ျပည္နယ္အပါအဝင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ (၁၀)ခုတြင္ မိုး႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္း ျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္းႏွင့္ မိုးသီးေႂကြျခင္းမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း အသိေပးထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။