နွေစပါးအထွက်နှုန်း ကွာဟချက် သုသေသနစစ်တမ်းကို နေပြည်တော်တွင် စတင်ကောက်ယူနေ

645

ချယ်ရီ (NP News) - ဩဂုတ် ၇
နေပြည်တော်ကောင်စီနယ်မြေမှ မြို့နယ်(၈) ခုတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးကို ဦးတည်၍ စပါးအထွက်နှုန်းကွာဟချက်များကို သုတေသနစစ်တမ်းကောက်ယူနေကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
မြန်မာတစ်နိုင်ငံလုံးတွင် နွေစပါးဧက (၂)သန်းကျော် စိုက်ပျိုးထားပြီး စိုက်ပျိုးတောင်သူများ၏ မတူညီသည့်အခက်အခဲများများကို သိရှိနိုင်ရန်အတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာအရောက် ကွင်းဆင်းကာ စစ်တမ်းကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ တောင်သူအမည်၊ နေရာ၊ နွေစပါးဧက ဘယ်လောက်စိုက်သလဲ။ ဧကဘယ်လောက် စိုက်ပျိုးသလဲ။ ပိုးမွှားရောဂါ ကျရောက်မှုအခြေနေ၊ ပေါင်းသတ်ဆေးတွေ သုံးသလား။ မိသားစုတွေ ဒီကနေပြီး ဝင်ငွေဘယ်လောက်ရသလဲ အစရှိသဖြင့် မေးခွန်း (၄၀)ကျော်လောက်နဲ့ စစ်တမ်းကောက်ယူနေပါတယ်။ တောင်သူ (၉၀)ဦးကို (၁၀)ရက်နှုန်းနဲ့ ကောက်ယူနေပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။
စစ်တမ်းကောက်ယူရာ၌ လက်ရှိတွင် နေပြည်တော်ကောင်စီနယ်မြေရှိ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်အပါဝင် (၈)မြို့နယ်ရှိ နွေစပါးစိုက်ပျိုးထားသော ကျေးရွာများမှ တောင်သူများကို စတင်ကောက်ယူနေပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အကုန် ကောက်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

Zawgyi Version:
ေႏြစပါးအထြက္ႏႈန္း ကြာဟခ်က္ သုေသသနစစ္တမ္းကို ေနျပည္ေတာ္တြင္ စတင္ေကာက္ယူေန
ခ်ယ္ရီ (NP News) - ဩဂုတ္ ၇
ေနျပည္ေတာ္ေကာင္စီနယ္ေျမမွ ၿမိဳ႕နယ္(၈) ခုတြင္ ပန္းတိုင္အထြက္ႏႈန္းရရွိေရးကို ဦးတည္၍ စပါးအထြက္ႏႈန္းကြာဟခ်က္မ်ားကို သုေတသနစစ္တမ္းေကာက္ယူေနေၾကာင္း စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ စိုက္ပ်ိဳးေရးဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျမန္မာတစ္ႏိုင္ငံလုံးတြင္ ေႏြစပါးဧက (၂)သန္းေက်ာ္ စိုက္ပ်ိဳးထားၿပီး စိုက္ပ်ိဳးေတာင္သူမ်ား၏ မတူညီသည့္အခက္အခဲမ်ားမ်ားကို သိရွိႏိုင္ရန္အတြက္ စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနႏွင့္ ေၾကးတိုင္ႏွင့္ေျမစာရင္းဦးစီးဌာနမွ ဝန္ထမ္းမ်ားက ေက်း႐ြာအေရာက္ ကြင္းဆင္းကာ စစ္တမ္းေကာက္ယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
“ ေတာင္သူအမည္၊ ေနရာ၊ ေႏြစပါးဧက ဘယ္ေလာက္စိုက္သလဲ။ ဧကဘယ္ေလာက္ စိုက္ပ်ိဳးသလဲ။ ပိုးမႊားေရာဂါ က်ေရာက္မႈအေျခေန၊ ေပါင္းသတ္ေဆးေတြ သုံးသလား။ မိသားစုေတြ ဒီကေနၿပီး ဝင္ေငြဘယ္ေလာက္ရသလဲ အစရွိသျဖင့္ ေမးခြန္း (၄၀)ေက်ာ္ေလာက္နဲ႔ စစ္တမ္းေကာက္ယူေနပါတယ္။ ေတာင္သူ (၉၀)ဦးကို (၁၀)ရက္ႏႈန္းနဲ႔ ေကာက္ယူေနပါတယ္” ဟု အထက္ပါ တာဝန္ရွိသူက ရွင္းျပသည္။
စစ္တမ္းေကာက္ယူရာ၌ လက္ရွိတြင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမရွိ တပ္ကုန္းၿမိဳ႕နယ္၊ ေဇယ်ာသီရိၿမိဳ႕နယ္၊ ပုဗၺသီရိၿမိဳ႕နယ္၊ ဥတၱရသီရိၿမိဳ႕နယ္၊ လယ္ေဝးၿမိဳ႕နယ္၊ ပ်ဥ္းမနားၿမိဳ႕နယ္အပါဝင္ (၈)ၿမိဳ႕နယ္ရွိ ေႏြစပါးစိုက္ပ်ိဳးထားေသာ ေက်း႐ြာမ်ားမွ ေတာင္သူမ်ားကို စတင္ေကာက္ယူေနၿပီး ေနာက္ပိုင္းတြင္ ျမန္မာႏိုင္ငံရွိ တိုင္းႏွင့္ျပည္နယ္အကုန္ ေကာက္ယူသြားမည္ျဖစ္ေၾကာင္း ၎က ေျပာၾကားသည္။