ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာဈေး အကျပိုင်းသို့ရောက်နေ

350

NP News ဩဂုတ် (၈)ရက်
ပြည်တွင်းပို့ကုန်/သွင်းကုန်လုပ်ငန်းများ လုပ်ငန်းနည်းပါးချိန်ရောက်နေ သောကြောင့် ဩဂုတ်လအတွင်း အမေရိကန် ဒေါ်လာ ပြင်ပပေါက်ဈေးမှာ တစ်ဒေါ်လာလျှင် (၄၄၀၀) ကျပ်ဝန်းကျင်ဖြင့် ဈေးနှုန်းအကျပိုင်း သို့ရောက်ရှိနေကြောင်း ငွေလဲဈေးကွက်အတွင်းမှသိရသည်။
“ပြည်ပကိုအလုပ်သမားထွက်ခွာမှုတွေကို စနစ်တကျစီစစ်လိုက်တော့ ပြည်ပထွက်ခွာတဲ့သူနည်းသွားပြီးတော့ နိုင်ငံခြားငွေ အဝယ်ပိုင်းလည်းအားနည်းသွားတယ်။ ပို့ကုန်/သွင်းကုန်လုပ်ငန်းတွေမှာလည်း ဗဟိုဘဏ်ကရောင်းပေးတဲ့ ဒေါ်လာတွေများနေတော့ ပြင်ပဒေါ်လာဈေး လည်းအခုရက်ပိုင်းမှာ ဈေးကျနေပါတယ်”ဟု ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။
အမေရိကန်ဒေါ်လာဈေးသည် ဩဂုတ်လ (၇)ရက်နေ့တွင် တစ်ဒေါ်လာလျှင် (၄၃၉၅)ကျပ်အထိကျဆင်းခပြီး လက်ရှိဩဂုတ်လ(၈)ရက်နေ့တွင် (၄၄၀၀)ကျပ် သို့ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားသည့် နိုင်ငံခြားငွေများမှ အမေရိကန်ဒေါ်လာ ၁.၆၆၅ သန်းအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ်လ (၇) ရက်တွင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ထုတ်ရောင်းပေးခဲ့ကြောင်းသိရသည်။
ဗဟိုဘဏ် FX Trading Platform မှ ငွေလဲနှုန်း ၅၅၄ ကျပ်ဖြင့် တရုတ်ယွမ် ၅၆၆၀၉ ကို ရောင်းပေးခဲ့သည်။
ဗဟိုဘဏ်အနေဖြင့် သြဂုတ်လ ၇ ရက်နေ့၊ FX Trading Platform မှတဆင့် အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃၆၂၂ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ကြောင်းသိရသည်။

Zawgyi Version:
ဩဂုတ္လအတြင္း အေမရိကန္ေဒၚလာေဈး အက်ပိုင္းသို႔ေရာက္ေန
NP News ဩဂုတ္ (၈)ရက္
ျပည္တြင္းပို႔ကုန္/သြင္းကုန္လုပ္ငန္းမ်ား လုပ္ငန္းနည္းပါးခ်ိန္ေရာက္ေန ေသာေၾကာင့္ ဩဂုတ္လအတြင္း အေမရိကန္ ေဒၚလာ ျပင္ပေပါက္ေဈးမွာ တစ္ေဒၚလာလွ်င္ (၄၄၀၀) က်ပ္ဝန္းက်င္ျဖင့္ ေဈးႏႈန္းအက်ပိုင္း သို႔ေရာက္ရွိေနေၾကာင္း ေငြလဲေဈးကြက္အတြင္းမွသိရသည္။
“ျပည္ပကိုအလုပ္သမားထြက္ခြာမႈေတြကို စနစ္တက်စီစစ္လိုက္ေတာ့ ျပည္ပထြက္ခြာတဲ့သူနည္းသြားၿပီးေတာ့ ႏိုင္ငံျခားေငြ အဝယ္ပိုင္းလည္းအားနည္းသြားတယ္။ ပို႔ကုန္/သြင္းကုန္လုပ္ငန္းေတြမွာလည္း ဗဟိုဘဏ္ကေရာင္းေပးတဲ့ ေဒၚလာေတြမ်ားေနေတာ့ ျပင္ပေဒၚလာေဈး လည္းအခုရက္ပိုင္းမွာ ေဈးက်ေနပါတယ္”ဟု ေငြလဲလုပ္ငန္းလုပ္ကိုင္သူတစ္ဦးကေျပာသည္။
အေမရိကန္ေဒၚလာေဈးသည္ ဩဂုတ္လ (၇)ရက္ေန႔တြင္ တစ္ေဒၚလာလွ်င္ (၄၃၉၅)က်ပ္အထိက်ဆင္းခၿပီး လက္ရွိဩဂုတ္လ(၈)ရက္ေန႔တြင္ (၄၄၀၀)က်ပ္ သို႔ျပန္လည္ေရာက္ရွိလာျခင္းျဖစ္သည္။
CMP ကုမၸဏီေတြဆီက ဝယ္ယူထားသည့္ ႏိုင္ငံျခားေငြမ်ားမွ အေမရိကန္ေဒၚလာ ၁.၆၆၅ သန္းအား ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ၾသဂုတ္လ (၇) ရက္တြင္ စားသုံးဆီတင္သြင္းသည့္ ကုမၸဏီမ်ားသို႔ ထုတ္ေရာင္းေပးခဲ့ေၾကာင္းသိရသည္။
ဗဟိုဘဏ္ FX Trading Platform မွ ေငြလဲႏႈန္း ၅၅၄ က်ပ္ျဖင့္ တ႐ုတ္ယြမ္ ၅၆၆၀၉ ကို ေရာင္းေပးခဲ့သည္။
ဗဟိုဘဏ္အေနျဖင့္ ၾသဂုတ္လ ၇ ရက္ေန႔၊ FX Trading Platform မွတဆင့္ အေမရိကန္ေဒၚလာေငြလဲႏႈန္းကို ၃၆၂၂ က်ပ္ သတ္မွတ္ေရာင္းဝယ္ခဲ့ေၾကာင္းသိရသည္။