သတ်မှတ်ကီလို ကျော်သော ကားများကို အမြန်လမ်းမကြီးတွင် တင်းတင်းကြပ်ကြပ်စစ်ဆေးနေ

5288

Pearl (NP News) - သြဂုတ် ၁၂
သတ်မှတ်ကီလို ကျော်သောကားများကို အမြန်လမ်းမကြီးတွင် တင်းတင်းကြပ်ကြပ် စစ်ဆေး နေကြောင်း အဝေး ပြေးယာဉ် လုပ်ငန်းလုပ်ကိုင်နေ သူများထံမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌဗိုလ်ချုပ် မှူးကြီးမင်း အောင်လှိုင်သည် ရန်ကုန်မြို့မှ နေပြည်တော်သို့ အမြန်လမ်းမကြီးအတိုင်း မော်တော်ယာဉ် များဖြင့်ထွက်ခွာ၍ ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီး မှုဖြစ်ပေါ်ခဲ့သည့်လမ်းပိုင်းအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန် - မန္တလေး အမြန် လမ်းတစ်လျှောက် Telematics မှတစ်ဆင့် သတ်မှတ် ကီလိုကျော်၍ မောင်းနှင်သည့်ကားများ စတင်အရေး ယူဆောင်ရွက်နေကြောင်း အဝေးပြေးယာဉ် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ အမြန်နှုန်း ကီလို (၉၆) နှင့် အထက် မောင်းနှင်သောမည်သည့်ကားကို မဆို သတိပေးခြင်းမရှိဘဲ အရေးယူမည်ဖြစ်ကာ အမြန်နှုန်း ကီလို (၉၆) အောက်ကားများကို သတိပေး ဆောင်ရွက်ခြင်း (၂) ကြိမ်ဆောင်ရွက်မည်ဖြစ်ပြီး မလိုက်နာပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
“အရင် အမြန်လမ်းရဲတပ်ဖွဲ့က ကင်မရာနဲ့ ထောင်ပြီးဖမ်းတာ။ အဲဒါက ပုံသေနေရာမျိုးပေါ့။ မိုင်တိုင် (၅၉)ဆို၊ (၅၉)ပေါ့။ (၁) ဖာလုံ (၂) ဖာလုံ တစ်ဝိုက်ပဲ။ အဲဒီနားရောက်ရင် ကားတွေက အရှိန် လျှော့တယ်။ သူတို့သတ်မှတ် ထားတဲ့အတိုင်း မောင်းတယ်။ ကင်မရာကျော်ရင် (၁၀ဝ)မောင်းချင်မောင်းတယ်။ (၁၁၀) မောင်းချင်မောင်းတယ်။ အဲဒီထက် ကျော်မောင်းရင် မောင်းတယ်။ ဒါက ကင်မရာနဲ့။ Telematics ကျတော့ ဘယ်လိုမှညာလို့မရတော့ဘူး။ နေပြည်တော်ကနေ ကြည့်နေတာဆိုတော့ ကျွန်တော်တို့ ဘယ်ရောက်နေပြီ ဘယ်လိုမောင်းပါတယ် ကအစ ပေါ်နေတော့ ကင်မရာထက် သူ့ကို ပိုကြောက် ရသွားပြီ။ Telematics ကကျတော့ Control Center ကနေဆိုတော့ ရဲကို တရားစွဲဖို့ ဒီကား ဒီကားဆိုပြီး ပို့လိုက်ရင် ရဲက အမှုဖွင့်ပေါ့” ဟု အဝေးပြေးကား လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက NP News သို့ပြောသည်။
(၃) ကြိမ်ဖမ်းဆီးရမိသော သတ်မှတ်ကီလို ကျော်၍ မောင်းနှင်သည့်ကားများကို အမြန်လမ်း အသုံးပြုခွင့် (၁) လ ပိတ်သိမ်းဆောင်ရွက်မည်ဖြစ် ကြောင်းလည်း သိရသည်။

Zawgyi Version:
သတ္မွတ္ကီလို ေက်ာ္ေသာ ကားမ်ားကို အျမန္လမ္းမႀကီးတြင္ တင္းတင္းၾကပ္ၾကပ္စစ္ေဆးေန
Pearl (NP News) - ၾသဂုတ္ ၁၂
သတ္မွတ္ကီလို ေက်ာ္ေသာကားမ်ားကို အျမန္လမ္းမႀကီးတြင္ တင္းတင္းၾကပ္ၾကပ္ စစ္ေဆး ေနေၾကာင္း အေဝး ေျပးယာဥ္ လုပ္ငန္းလုပ္ကိုင္ေန သူမ်ားထံမွ သိရသည္။
ၿပီးခဲ့သည့္ရက္ပိုင္းက ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ဗိုလ္ခ်ဳပ္ မႉးႀကီးမင္း ေအာင္လႈိင္သည္ ရန္ကုန္ၿမိဳ႕မွ ေနျပည္ေတာ္သို႔ အျမန္လမ္းမႀကီးအတိုင္း ေမာ္ေတာ္ယာဥ္ မ်ားျဖင့္ထြက္ခြာ၍ ငလ်င္ဒဏ္ ေၾကာင့္ ထိခိုက္ပ်က္စီး မႈျဖစ္ေပၚခဲ့သည့္လမ္းပိုင္းအေျခအေနမ်ားကို ၾကည့္ရႈစစ္ေဆးခဲ့ၿပီးေနာက္ လိုအပ္သည္မ်ား လမ္းၫႊန္မွာ ၾကားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ရန္ကုန္ - မႏၲေလး အျမန္ လမ္းတစ္ေလွ်ာက္ Telematics မွတစ္ဆင့္ သတ္မွတ္ ကီလိုေက်ာ္၍ ေမာင္းႏွင္သည့္ကားမ်ား စတင္အေရး ယူေဆာင္႐ြက္ေနေၾကာင္း အေဝးေျပးယာဥ္ လုပ္ငန္းရွင္တစ္ဦးက ဆိုသည္။ အျမန္ႏႈန္း ကီလို (၉၆) ႏွင့္ အထက္ ေမာင္းႏွင္ေသာမည္သည့္ကားကို မဆို သတိေပးျခင္းမရွိဘဲ အေရးယူမည္ျဖစ္ကာ အျမန္ႏႈန္း ကီလို (၉၆) ေအာက္ကားမ်ားကို သတိေပး ေဆာင္႐ြက္ျခင္း (၂) ႀကိမ္ေဆာင္႐ြက္မည္ျဖစ္ၿပီး မလိုက္နာပါက အေရးယူေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။
“အရင္ အျမန္လမ္းရဲတပ္ဖြဲ႕က ကင္မရာနဲ႔ ေထာင္ၿပီးဖမ္းတာ။ အဲဒါက ပုံေသေနရာမ်ိဳးေပါ့။ မိုင္တိုင္ (၅၉)ဆို၊ (၅၉)ေပါ့။ (၁) ဖာလုံ (၂) ဖာလုံ တစ္ဝိုက္ပဲ။ အဲဒီနားေရာက္ရင္ ကားေတြက အရွိန္ ေလွ်ာ့တယ္။ သူတို႔သတ္မွတ္ ထားတဲ့အတိုင္း ေမာင္းတယ္။ ကင္မရာေက်ာ္ရင္ (၁၀ဝ)ေမာင္းခ်င္ေမာင္းတယ္။ (၁၁၀) ေမာင္းခ်င္ေမာင္းတယ္။ အဲဒီထက္ ေက်ာ္ေမာင္းရင္ ေမာင္းတယ္။ ဒါက ကင္မရာနဲ႔။ Telematics က်ေတာ့ ဘယ္လိုမွညာလို႔မရေတာ့ဘူး။ ေနျပည္ေတာ္ကေန ၾကည့္ေနတာဆိုေတာ့ ကြၽန္ေတာ္တို႔ ဘယ္ေရာက္ေနၿပီ ဘယ္လိုေမာင္းပါတယ္ ကအစ ေပၚေနေတာ့ ကင္မရာထက္ သူ႔ကို ပိုေၾကာက္ ရသြားၿပီ။ Telematics ကက်ေတာ့ Control Center ကေနဆိုေတာ့ ရဲကို တရားစြဲဖို႔ ဒီကား ဒီကားဆိုၿပီး ပို႔လိုက္ရင္ ရဲက အမႈဖြင့္ေပါ့” ဟု အေဝးေျပးကား လုပ္ငန္းလုပ္ကိုင္ေနသူတစ္ဦးက NP News သို႔ေျပာသည္။
(၃) ႀကိမ္ဖမ္းဆီးရမိေသာ သတ္မွတ္ကီလို ေက်ာ္၍ ေမာင္းႏွင္သည့္ကားမ်ားကို အျမန္လမ္း အသုံးျပဳခြင့္ (၁) လ ပိတ္သိမ္းေဆာင္႐ြက္မည္ျဖစ္ ေၾကာင္းလည္း သိရသည္။