လာမယ့်စက်တင်ဘာလမှာ ရုရှားနဲ့ဘီလာရုစ်နိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဆောင်မယ်

 235

Pika (NP News) - သြဂုတ် ၁၂
ရုရှားနဲ့ ဘီလာရုစ်တပ်ဖွဲ့တွေဟာ လာမယ့်စက်တင်ဘာလ(၁၂)ရက်ကနေ(၁၆)ရက်အထိ ဘီလာရုစ်နိုင်ငံမှာ ပူးတွဲမဟာဗျူဟာမြောက်စစ်ရေးလေ့ကျင့်မှုကိုလုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ ဘီလာရုစ်ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုရဲ့ရည်ရွယ်ချက်ဟာ ရုရှားနဲ့ဘီလာရုစ်တို့ရဲ့ စွမ်းဆောင်ရည်တွေကို စမ်းသပ်ဖို့၊ နိုင်ငံတွေရဲ့စစ်ရေးလုံခြုံရေးနဲ့ဖြစ်ပေါ်လာနိုင်တဲ့ရန်စမှုတွေကို တွန်းလှန်ဖို့ အတွက် နှစ်နိုင်ငံစလုံးရဲ့အဆင်သင့်ဖြစ်မှုတွေကို သေချာစေဖို့ဖြစ်တယ်လို့ ဘီလာရုစ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ရုရှားအစိုးရဟာ ပုံမှန်စစ်ရေးလေ့ကျင့်မှုအသွင်နဲ့ ဘီလာရုစ်နိုင်ငံမှာ တစ်ခုခုကိုပြင်ဆင်နေတယ်လို့ ယူကရိန်း သမ္မတဇီလန်စကီးက ယခုနှစ်အစောပိုင်းမှာ သတိပေးပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဇီလန်စကီးဟာ ဘာတွေ ပြင်ဆင်နေတယ်ဆိုတဲ့အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာမျိုး ဒါမှမဟုတ် သက်သေအထောက်အထားတွေကို ပြသခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ပိုလန်နဲ့ဘော်လ်တစ်နိုင်ငံတွေမှာ လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေ တိုးမြင့်လာတာကို ကိုးကားပြီး ပူးတွဲစစ်ရေး လေ့ကျင့်မယ့်နေရာကို ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ ဘီလာရုစ်နိုင်ငံ အနောက်ဘက်နယ်စပ်ကနေ ရွှေ့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဘီလာရုစ်သမ္မတလူကာရှန်ကိုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ဘီလာရုစ်နိုင်ငံဟာ အဲဒီစစ်ရေးလေ့ကျင့်မှုတွေကို အသုံးချပြီး ပိုလန်နိုင်ငံနဲ့ ဘောလ်တစ်နိုင်ငံ (၃)နိုင်ငံကို တိုက်ခိုက်သွားလိမ့်မယ်ဆိုတဲ့အယူအဆတွေဟာ လုံးဝအဓိပ္ပါယ်မရှိဘူးလို့လည်း လူကာရှန်ကိုက ထုတ်ဖော် ပြောခဲ့ပါတယ်။

Zawgyi Version:
လာမယ့္စက္တင္ဘာလမွာ ႐ုရွားနဲ႔ဘီလာ႐ုစ္ႏိုင္ငံၾကား ပူးတြဲစစ္ေရးေလ့က်င့္မႈလုပ္ေဆာင္မယ္
Pika (NP News) - ၾသဂုတ္ ၁၂
႐ုရွားနဲ႔ ဘီလာ႐ုစ္တပ္ဖြဲ႕ေတြဟာ လာမယ့္စက္တင္ဘာလ(၁၂)ရက္ကေန(၁၆)ရက္အထိ ဘီလာ႐ုစ္ႏိုင္ငံမွာ ပူးတြဲမဟာဗ်ဴဟာေျမာက္စစ္ေရးေလ့က်င့္မႈကိုလုပ္ေဆာင္ဖို႔ စီစဥ္ထားတယ္လို႔ ဘီလာ႐ုစ္ကာကြယ္ေရးဝန္ႀကီး ဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီစစ္ေရးေလ့က်င့္မႈရဲ႕ရည္႐ြယ္ခ်က္ဟာ ႐ုရွားနဲ႔ဘီလာ႐ုစ္တို႔ရဲ႕ စြမ္းေဆာင္ရည္ေတြကို စမ္းသပ္ဖို႔၊ ႏိုင္ငံေတြရဲ႕စစ္ေရးလုံၿခဳံေရးနဲ႔ျဖစ္ေပၚလာႏိုင္တဲ့ရန္စမႈေတြကို တြန္းလွန္ဖို႔ အတြက္ ႏွစ္ႏိုင္ငံစလုံးရဲ႕အဆင္သင့္ျဖစ္မႈေတြကို ေသခ်ာေစဖို႔ျဖစ္တယ္လို႔ ဘီလာ႐ုစ္ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
႐ုရွားအစိုးရဟာ ပုံမွန္စစ္ေရးေလ့က်င့္မႈအသြင္နဲ႔ ဘီလာ႐ုစ္ႏိုင္ငံမွာ တစ္ခုခုကိုျပင္ဆင္ေနတယ္လို႔ ယူကရိန္း သမၼတဇီလန္စကီးက ယခုႏွစ္အေစာပိုင္းမွာ သတိေပးေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း ဇီလန္စကီးဟာ ဘာေတြ ျပင္ဆင္ေနတယ္ဆိုတဲ့အေသးစိတ္အခ်က္အလက္ေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး ဒါမွမဟုတ္ သက္ေသအေထာက္အထားေတြကို ျပသခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
ပိုလန္နဲ႔ေဘာ္လ္တစ္ႏိုင္ငံေတြမွာ လုံၿခဳံေရးဆိုင္ရာစိုးရိမ္မႈေတြ တိုးျမင့္လာတာကို ကိုးကားၿပီး ပူးတြဲစစ္ေရး ေလ့က်င့္မယ့္ေနရာကို ဥေရာပသမဂၢႏိုင္ငံေတြနဲ႔ ဘီလာ႐ုစ္ႏိုင္ငံ အေနာက္ဘက္နယ္စပ္ကေန ေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ ၿပီးခဲ့တဲ့သီတင္းပတ္မွာ ဘီလာ႐ုစ္သမၼတလူကာရွန္ကိုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ဘီလာ႐ုစ္ႏိုင္ငံဟာ အဲဒီစစ္ေရးေလ့က်င့္မႈေတြကို အသုံးခ်ၿပီး ပိုလန္ႏိုင္ငံနဲ႔ ေဘာလ္တစ္ႏိုင္ငံ (၃)ႏိုင္ငံကို တိုက္ခိုက္သြားလိမ့္မယ္ဆိုတဲ့အယူအဆေတြဟာ လုံးဝအဓိပၸါယ္မရွိဘူးလို႔လည္း လူကာရွန္ကိုက ထုတ္ေဖာ္ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.