နျူကလီးယားစမ်းသပ်မှုတွေအတွက် ရုရှားသမ္မတပူတင်ရဲ့အမိန့်ကို ဆက်လက်အကောင်အထည်ဖော်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးပြော

74

Pika (NP News) - နိုဝင်ဘာ ၁ဝ
အလားအလာရှိတဲ့ နျူကလီးယားစမ်းသပ်မှုတွေအတွက် အဆိုပြုချက်တွေပြင်ဆင်ဖို့ ရုရှားသမ္မတပူတင်ရဲ့အမိန့်ကို လိုက်နာပြီး အလုပ်တွေဆက်လက်လုပ်ဆောင်နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဆာဂေးလာရော့ဗ်က “နျူကလီးယားစမ်းသပ်မှုအတွက် အဆိုပြုချက်တွေရေးဆွဲဖို့ ပူတင်ရဲ့အမိန့်ကို အကောင် အထည်ဖော်ဖို့အတွက် ဆက်လက်လုပ်ဆောင်နေပါတယ်။ မကြာခင်အချိန်အတွင်း ရလဒ်တွေကို အများပြည်သူ သိအောင် ချပြပေးသွားပါမယ်” လို့ ပြောခဲ့ပါတယ်။
နျူကလီးယားစမ်းသပ်မှုတွေ ချက်ချင်းပြန်လည်စတင်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့မှုကို တုံ့ပြန်တဲ့အနေနဲ့ ပူတင်ကလည်း ယခုလိုအမိန့်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ပြင် ဒေါ်နယ်ထရမ့်ရဲ့ အမိန့်နဲ့ ပတ်သက်ပြီး ရှင်းလင်းချက်တွေကို အမေရိကန်ဆီကနေ လက်ခံရရှိတာမျိုး မရှိသေးဘူးလို့ ဆာဂေးလာရော့ဗ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ရုရှားနဲ့ တရုတ်တို့ အပါအဝင် အခြားနိုင်ငံအများအပြားဟာ အများပြည်သူမသိတဲ့ မြေအောက်နျူကလီးယားစမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စွပ်စွဲပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်လည်း အဲဒီလိုမျိုး မြေအောက် နျူကလီးယားစမ်းသပ်မှုတွေကို လုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
န်ဴကလီးယားစမ္းသပ္မႈေတြအတြက္ ႐ုရွားသမၼတပူတင္ရဲ႕အမိန႔္ကို ဆက္လက္အေကာင္အထည္ေဖာ္ေနတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးေျပာ
Pika (NP News) - ႏိုဝင္ဘာ ၁ဝ
အလားအလာရွိတဲ့ န်ဴကလီးယားစမ္းသပ္မႈေတြအတြက္ အဆိုျပဳခ်က္ေတြျပင္ဆင္ဖို႔ ႐ုရွားသမၼတပူတင္ရဲ႕အမိန႔္ကို လိုက္နာၿပီး အလုပ္ေတြဆက္လက္လုပ္ေဆာင္ေနတယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဆာေဂးလာေရာ့ဗ္က “န်ဴကလီးယားစမ္းသပ္မႈအတြက္ အဆိုျပဳခ်က္ေတြေရးဆြဲဖို႔ ပူတင္ရဲ႕အမိန႔္ကို အေကာင္ အထည္ေဖာ္ဖို႔အတြက္ ဆက္လက္လုပ္ေဆာင္ေနပါတယ္။ မၾကာခင္အခ်ိန္အတြင္း ရလဒ္ေတြကို အမ်ားျပည္သူ သိေအာင္ ခ်ျပေပးသြားပါမယ္” လို႔ ေျပာခဲ့ပါတယ္။
န်ဴကလီးယားစမ္းသပ္မႈေတြ ခ်က္ခ်င္းျပန္လည္စတင္ဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အမိန႔္ေပးခဲ့မႈကို တုံ႔ျပန္တဲ့အေနနဲ႔ ပူတင္ကလည္း ယခုလိုအမိန႔္ေပးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ ေဒၚနယ္ထရမ့္ရဲ႕ အမိန႔္နဲ႔ ပတ္သက္ၿပီး ရွင္းလင္းခ်က္ေတြကို အေမရိကန္ဆီကေန လက္ခံရရွိတာမ်ိဳး မရွိေသးဘူးလို႔ ဆာေဂးလာေရာ့ဗ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ႐ုရွားနဲ႔ တ႐ုတ္တို႔ အပါအဝင္ အျခားႏိုင္ငံအမ်ားအျပားဟာ အမ်ားျပည္သူမသိတဲ့ ေျမေအာက္န်ဴကလီးယားစမ္းသပ္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ စြပ္စြဲေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္လည္း အဲဒီလိုမ်ိဳး ေျမေအာက္ န်ဴကလီးယားစမ္းသပ္မႈေတြကို လုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။