ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယား သတိပေး

80

Pika (NP News) - နိုဝင်ဘာ ၁ဝ
မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး No Kwang Chol က သတိပေးပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို အမေရိကန်နဲ့တောင်ကိုရီးယားတို့က ပြစ်တင်ဝေဖန်ခဲ့ပြီးနောက် No Kwang Chol ရဲ့ သတိပေးမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနဲ့တွေ့ဆုံလိုတဲ့ စိတ်ဝင်စားမှုတွေ ပြသခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ဒေသတွင်းခရီးစဉ်အပြီး သီတင်းပတ်(၁)ပတ်ကျော်အကြာမှာ မြောက်ကိုရီးယားက ပဲ့ထိန်း ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်ရဲ့ကမ်းလှမ်းချက်တွေကို မြောက်ကိုရီးယားဘက်က တုံ့ပြန်တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ ပေါ်ပေါ်ထင်ထင်ပါဝင်လာနေပြီး ဒေသတွင်းမှာ နိုင်ငံရေးနဲ့စစ်ရေးဆိုင်ရာတင်းမာမှုတွေကို ရည်ရွယ်ချက်ရှိရှိ မြှင့်တင်နေတယ်လို့ No Kwang Chol က စွပ်စွဲပြောဆိုခဲ့ပါတယ်။ No Kwang Cholက”ရန်သူတွေရဲ့ ခြိမ်းခြောက်မှု တွေကို ဆန့်ကျင်တဲ့ထိုးစစ်ဆင်မှုတွေ၊ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကို ကျွန်တော်တို့ တိုးမြှင့်လုပ်ဆောင် သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈေတြကို တိုးျမႇင့္လုပ္ေဆာင္သြားမယ္လို႔ ေျမာက္ကိုရီးယား သတိေပး
Pika (NP News) - ႏိုဝင္ဘာ ၁ဝ
ေျမာက္ကိုရီးယားက ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈေတြကို တိုးျမႇင့္လုပ္ေဆာင္သြားမယ္လို႔ ေျမာက္ကိုရီးယား ကာကြယ္ေရးဝန္ႀကီး No Kwang Chol က သတိေပးေျပာဆိုခဲ့ပါတယ္။ ေျမာက္ကိုရီးယားရဲ႕ ပဲ့ထိန္းဒုံးက်ည္ စမ္းသပ္ပစ္လႊတ္မႈကို အေမရိကန္နဲ႔ေတာင္ကိုရီးယားတို႔က ျပစ္တင္ေဝဖန္ခဲ့ၿပီးေနာက္ No Kwang Chol ရဲ႕ သတိေပးမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းနဲ႔ေတြ႕ဆုံလိုတဲ့ စိတ္ဝင္စားမႈေတြ ျပသခဲ့တဲ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ေဒသတြင္းခရီးစဥ္အၿပီး သီတင္းပတ္(၁)ပတ္ေက်ာ္အၾကာမွာ ေျမာက္ကိုရီးယားက ပဲ့ထိန္း ဒုံးက်ည္ စမ္းသပ္ပစ္လႊတ္မႈကို လုပ္ေဆာင္ခဲ့တာပဲျဖစ္ပါတယ္။
ဒါ့ျပင္ ေဒၚနယ္ထရမ့္ရဲ႕ကမ္းလွမ္းခ်က္ေတြကို ေျမာက္ကိုရီးယားဘက္က တုံ႔ျပန္တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ အေမရိကန္ဟာ ေျမာက္ကိုရီးယားရဲ႕ လုံၿခဳံေရးကို ၿခိမ္းေျခာက္တဲ့ စစ္ေရးလႈပ္ရွားမႈေတြမွာ ေပၚေပၚထင္ထင္ပါဝင္လာေနၿပီး ေဒသတြင္းမွာ ႏိုင္ငံေရးနဲ႔စစ္ေရးဆိုင္ရာတင္းမာမႈေတြကို ရည္႐ြယ္ခ်က္ရွိရွိ ျမႇင့္တင္ေနတယ္လို႔ No Kwang Chol က စြပ္စြဲေျပာဆိုခဲ့ပါတယ္။ No Kwang Cholက”ရန္သူေတြရဲ႕ ၿခိမ္းေျခာက္မႈ ေတြကို ဆန႔္က်င္တဲ့ထိုးစစ္ဆင္မႈေတြ၊ ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈေတြကို ကြၽန္ေတာ္တို႔ တိုးျမႇင့္လုပ္ေဆာင္ သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။