အနောက်အုပ်စုက ယူကရိန်းကို အသုံးချနေတယ်လို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ် ဝေဖန်

273

Pika (NP News) - သြဂုတ် ၁၂
အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားနိုင်ငံကို အားနည်းအောင်လုပ်ဆောင်ဖို့ ကျရှုံးနေတဲ့ကြိုးပမ်းမှုအတွက် ယူကရိန်းကို အသုံးချနေတယ်လို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ရောဘတ်ဖီကိုဟာ ယူကရိန်းအတွက် ဥရောပသမဂ္ဂရဲ့စစ်ရေးကူညီပံ့ပိုးပေးမှုတွေအစား ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေလုပ်ဆောင်ဖို့ အခိုင်အမာထောက်ခံထားသူတစ်ဦးလည်းဖြစ်ပါတယ်။
ဒါ့ပြင် ယူကရိန်းနိုင်ငံရဲ့ခေါင်းဆောင်ဟာ စစ်ရေးအကူအညီတွေပံ့ပိုးပေးပြီး ရုရှားကိုအားနည်းအောင်လုပ်ဆောင် မယ့် အနောက်အုပ်စုနိုင်ငံတွေရဲ့အစီအစဉ်ကို ထောက်ခံနေတယ်လို့လည်း ရောဘတ်ဖီကိုက ပြောကြားခဲ့ပါတယ်။ ရောဘတ်ဖီကိုက “အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားကို အားနည်းအောင်လုပ်ဆောင်ဖို့ ကြိုးပမ်းမှုအတွက် ယူကရိန်းကို အသုံးချနေပါတယ်။ ဒါပေမယ့်လည်း အဲဒါက အောင်မြင်မှာမဟုတ်ပါဘူး။ အဲဒါအတွက် ယူကရိန်းက ပေးဆပ်ရပါလိမ့်မယ်။ ယူကရိန်းပဋိပက္ခဟာ အဆိုးရွားဆုံးပဋိပက္ခတစ်ခုဖြစ်ပြီး စစ်ရေးအရဖြေရှင်းချက်တွေ မရှိဘူးဆိုတာ အားလုံးလည်းသိမှာပါ” လို့ ပြောခဲ့ပါတယ်။
ရုရှားအစိုးရဟာ ယူကရိန်းပဋိပက္ခကို နေတိုးအဖွဲ့ကကြိုးကိုင်နေတဲ့ပဋိပက္ခတစ်ခုအဖြစ် အမည်တပ်ခဲ့ပြီး ယူကရိန်း အတွက် အနောက်အုပ်စုနိုင်ငံတွေရဲ့စစ်ရေးအကူအညီတွေကို မကြာခဏပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေနာက္အုပ္စုက ယူကရိန္းကို အသုံးခ်ေနတယ္လို႔ ဆလိုဗက္ကီးယားဝန္ႀကီးခ်ဳပ္ ေဝဖန္
Pika (NP News) - ၾသဂုတ္ ၁၂
အေနာက္အုပ္စုႏိုင္ငံေတြဟာ ႐ုရွားႏိုင္ငံကို အားနည္းေအာင္လုပ္ေဆာင္ဖို႔ က်ရႈံးေနတဲ့ႀကိဳးပမ္းမႈအတြက္ ယူကရိန္းကို အသုံးခ်ေနတယ္လို႔ ဆလိုဗက္ကီးယားဝန္ႀကီးခ်ဳပ္ ေရာဘတ္ဖီကိုက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ေရာဘတ္ဖီကိုဟာ ယူကရိန္းအတြက္ ဥေရာပသမဂၢရဲ႕စစ္ေရးကူညီပံ့ပိုးေပးမႈေတြအစား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ေတြလုပ္ေဆာင္ဖို႔ အခိုင္အမာေထာက္ခံထားသူတစ္ဦးလည္းျဖစ္ပါတယ္။
ဒါ့ျပင္ ယူကရိန္းႏိုင္ငံရဲ႕ေခါင္းေဆာင္ဟာ စစ္ေရးအကူအညီေတြပံ့ပိုးေပးၿပီး ႐ုရွားကိုအားနည္းေအာင္လုပ္ေဆာင္ မယ့္ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕အစီအစဥ္ကို ေထာက္ခံေနတယ္လို႔လည္း ေရာဘတ္ဖီကိုက ေျပာၾကားခဲ့ပါတယ္။ ေရာဘတ္ဖီကိုက “အေနာက္အုပ္စုႏိုင္ငံေတြဟာ ႐ုရွားကို အားနည္းေအာင္လုပ္ေဆာင္ဖို႔ ႀကိဳးပမ္းမႈအတြက္ ယူကရိန္းကို အသုံးခ်ေနပါတယ္။ ဒါေပမယ့္လည္း အဲဒါက ေအာင္ျမင္မွာမဟုတ္ပါဘူး။ အဲဒါအတြက္ ယူကရိန္းက ေပးဆပ္ရပါလိမ့္မယ္။ ယူကရိန္းပဋိပကၡဟာ အဆိုး႐ြားဆုံးပဋိပကၡတစ္ခုျဖစ္ၿပီး စစ္ေရးအရေျဖရွင္းခ်က္ေတြ မရွိဘူးဆိုတာ အားလုံးလည္းသိမွာပါ” လို႔ ေျပာခဲ့ပါတယ္။
႐ုရွားအစိုးရဟာ ယူကရိန္းပဋိပကၡကို ေနတိုးအဖြဲ႕ကႀကိဳးကိုင္ေနတဲ့ပဋိပကၡတစ္ခုအျဖစ္ အမည္တပ္ခဲ့ၿပီး ယူကရိန္း အတြက္ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕စစ္ေရးအကူအညီေတြကို မၾကာခဏျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။