နယ်စပ်တစ်လျှောက်မှာ စစ်သွေးကြွ(၅ဝ)ဦးကို သတ်ပစ်ခဲ့တယ်လို့ ပါကစ္စတန်စစ်ဘက် သတင်းထုတ်ပြန်

 284

Pika (NP News) - သြဂုတ် ၁၂
အိမ်နီးချင်းအာဖဂန်နစ္စတန်နိုင်ငံနဲ့ ထိစပ်နေတဲ့နယ်စပ်တစ်လျှောက်မှာ အချိန်(၄)ရက်အတွင်း စစ်သွေးကြွ(၅ဝ) ဦး ကို သတ်ပစ်ခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ ပိုးလမ်း မစီမံကိန်း တည်ရှိရာဒေသရဲ့အနောက်တောင်ဘက်မှာရှိတဲ့ နယ်စပ်တစ်လျှောက်မှာ စစ်သွေးကြွတွေကို သတ်ပစ်ခဲ့တာ ဖြစ်တယ်လို့ ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးကို ပြီးခဲ့တဲ့ဩဂုတ်လ(၇)ရက်မှာ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်သွေးကြွအဖွဲ့တွေနဲ့ ခွဲထွက်ရေး အဖွဲ့တွေ သောင်းကျန်းနေတဲ့ ဘလိုချီစတန်ပြည်နယ်မှာ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ထပ်စစ်သွေးကြွတွေကို ထပ်မံသတ်ဖြတ်ခဲ့တာမျိုး ရှိ/မရှိဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို ပါကစ္စတန်စစ်တပ်က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ဒါ့ပြင် ပါကစ္စတန်စစ်တပ်ဟာ သေဆုံးတဲ့စစ်သွေးကြွအရေအတွက်ကို ချဲ့ကားပြောနေတယ်ဆိုတဲ့ အမှီအခိုကင်းတဲ့ လေ့လာသုံးသပ်သူတွေနဲ့စစ်သွေးကြွအဖွဲ့တွေရဲ့ပြောဆိုချက်တွေကို ပါကစ္စတန်စစ်တပ်က ငြင်းဆန်ပယ်ချခဲ့တယ် လို့လည်း သိရပါတယ်။

Zawgyi Version:
နယ္စပ္တစ္ေလွ်ာက္မွာ စစ္ေသြးႂကြ(၅ဝ)ဦးကို သတ္ပစ္ခဲ့တယ္လို႔ ပါကစၥတန္စစ္ဘက္ သတင္းထုတ္ျပန္
Pika (NP News) - ၾသဂုတ္ ၁၂
အိမ္နီးခ်င္းအာဖဂန္နစၥတန္ႏိုင္ငံနဲ႔ ထိစပ္ေနတဲ့နယ္စပ္တစ္ေလွ်ာက္မွာ အခ်ိန္(၄)ရက္အတြင္း စစ္ေသြးႂကြ(၅ဝ) ဦး ကို သတ္ပစ္ခဲ့တယ္လို႔ ပါကစၥတန္စစ္တပ္က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။တ႐ုတ္ႏိုင္ငံရဲ႕ ပိုးလမ္း မစီမံကိန္း တည္ရွိရာေဒသရဲ႕အေနာက္ေတာင္ဘက္မွာရွိတဲ့ နယ္စပ္တစ္ေလွ်ာက္မွာ စစ္ေသြးႂကြေတြကို သတ္ပစ္ခဲ့တာ ျဖစ္တယ္လို႔ ပါကစၥတန္စစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အဲဒီစစ္ဆင္ေရးကို ၿပီးခဲ့တဲ့ဩဂုတ္လ(၇)ရက္မွာ စတင္လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး စစ္ေသြးႂကြအဖြဲ႕ေတြနဲ႔ ခြဲထြက္ေရး အဖြဲ႕ေတြ ေသာင္းက်န္းေနတဲ့ ဘလိုခ်ီစတန္ျပည္နယ္မွာ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ ပါကစၥတန္စစ္တပ္က ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ထပ္စစ္ေသြးႂကြေတြကို ထပ္မံသတ္ျဖတ္ခဲ့တာမ်ိဳး ရွိ/မရွိဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကို ပါကစၥတန္စစ္တပ္က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
ဒါ့ျပင္ ပါကစၥတန္စစ္တပ္ဟာ ေသဆုံးတဲ့စစ္ေသြးႂကြအေရအတြက္ကို ခ်ဲ႕ကားေျပာေနတယ္ဆိုတဲ့ အမွီအခိုကင္းတဲ့ ေလ့လာသုံးသပ္သူေတြနဲ႔စစ္ေသြးႂကြအဖြဲ႕ေတြရဲ႕ေျပာဆိုခ်က္ေတြကို ပါကစၥတန္စစ္တပ္က ျငင္းဆန္ပယ္ခ်ခဲ့တယ္ လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.