ပါလက်စတိုင်းတွေကို ဂါဇာကနေ ထွက်ခွာခွင့်ပြုသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော

 201

Pika (NP News) - ဩဂုတ် ၁၃
ဂါဇာကမ်းမြောင်ဒေသမှာ ကျယ်ပြန့်တဲ့စစ်ဆင်ရေးတွေလုပ်ဆောင်ဖို့ အစ္စရေးစစ်တပ်က ပြင်ဆင်နေမှုနဲ့အတူ ဂါဇာကနေ ပါလက်စတိုင်းပြည်သူတွေကို ထွက်ခွာခွင့်ပြုသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ပြန်ခဲ့ပါတယ်။
ပါလက်စတိုင်းပြည်သူတွေကို ဂါဇာကမ်းမြောင်ဒေသအပြင်ဘက်မှာ နေရာချထားဖို့ ယခင်ကတောင်းဆိုမှုတွေ ဟာ ပါလက်စတိုင်းတွေကြားမှာ စိုးရိမ်ပူပန်မှုတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချမှုတွေကို ပေါ်ပေါက်လာစေခဲ့တယ်လို့လည်း သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသကြားဝင်စေ့စပ်ပေးရေးအဖွဲ့တွေဟာ ရက်ပေါင်း(၆၀)ကြာ အပစ်အခတ်ရပ်စဲရေးရရှိဖို့ တွန်းအားပေးမှုအသစ်တွေ လုပ်ဆောင်နေတယ်လို့ အီဂျစ်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် နေတန်ရာဟုရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
နေတန်ရာဟုက ”ပါလက်စတိုင်းတွေကို ကျွန်တော်တို့ တွန်းထုတ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ကို ဂါဇာကနေ ထွက်ခွာခွင့်ပေးထားပါတယ်။ သူတို့ထွက်ခွာချင်တယ်ဆိုရင် ထွက်ခွာဖို့အခွင့်အရေးကို ကျွန်တော်တို့ ပေးထားပါတယ်” လို့ ပြောခဲ့ပါတယ်။ အစ္စရေးအစိုးရဟာ ဂါဇာကမ်းမြောင်ဒေသနယ်စပ်တွေကို ထိန်းချုပ် ထားပြီး အများအပြားကို ထွက်ခွာခွင့်ပိတ်ထားတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ပါလက္စတိုင္းေတြကို ဂါဇာကေနထြက္ခြာခြင့္ျပဳသြားမယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ဩဂုတ္ ၁၃
ဂါဇာကမ္းေျမာင္ေဒသမွာ က်ယ္ျပန႔္တဲ့စစ္ဆင္ေရးေတြလုပ္ေဆာင္ဖို႔ အစၥေရးစစ္တပ္က ျပင္ဆင္ေနမႈနဲ႔အတူ ဂါဇာကေန ပါလက္စတိုင္းျပည္သူေတြကို ထြက္ခြာခြင့္ျပဳသြားမယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထုတ္ျပန္ခဲ့ပါတယ္။
ပါလက္စတိုင္းျပည္သူေတြကို ဂါဇာကမ္းေျမာင္ေဒသအျပင္ဘက္မွာ ေနရာခ်ထားဖို႔ ယခင္ကေတာင္းဆိုမႈေတြ ဟာ ပါလက္စတိုင္းေတြၾကားမွာ စိုးရိမ္ပူပန္မႈေတြနဲ႔ ႏိုင္ငံတကာအသိုင္းအဝိုင္းက ျပစ္တင္ရႈတ္ခ်မႈေတြကို ေပၚေပါက္လာေစခဲ့တယ္လို႔လည္း သိရပါတယ္။
ဂါဇာကမ္းေျမာင္ေဒသၾကားဝင္ေစ့စပ္ေပးေရးအဖြဲ႕ေတြဟာ ရက္ေပါင္း(၆၀)ၾကာ အပစ္အခတ္ရပ္စဲေရးရရွိဖို႔ တြန္းအားေပးမႈအသစ္ေတြ လုပ္ေဆာင္ေနတယ္လို႔ အီဂ်စ္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ၿပီးေနာက္ ေနတန္ရာဟုရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ေနတန္ရာဟုက ”ပါလက္စတိုင္းေတြကို ကြၽန္ေတာ္တို႔ တြန္းထုတ္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ သူတို႔ကို ဂါဇာကေန ထြက္ခြာခြင့္ေပးထားပါတယ္။ သူတို႔ထြက္ခြာခ်င္တယ္ဆိုရင္ ထြက္ခြာဖို႔အခြင့္အေရးကို ကြၽန္ေတာ္တို႔ ေပးထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။ အစၥေရးအစိုးရဟာ ဂါဇာကမ္းေျမာင္ေဒသနယ္စပ္ေတြကို ထိန္းခ်ဳပ္ ထားၿပီး အမ်ားအျပားကို ထြက္ခြာခြင့္ပိတ္ထားတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.