အမေရိကန်-ရုရှားတွေ့ဆုံပွဲအကြောင်းကို ရုရှားသမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ဆွေးနွေး

 449

Pika (NP News) - ဩဂုတ် ၁၃

ရုရှားသမ္မတပူတင်ဟာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနဲ့ ဖုန်းခေါ်ဆိုမှုအတွင်း လာမယ့် အမေရိကန်-ရုရှား တွေ့ဆုံဆွေးနွေးပွဲအကြောင်းကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။နောက်ပိုင်းမှာ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA ဟာ ပူတင်နဲ့ ကင်ဂျုံအန်းတို့ကြား ဖုန်းခေါ်ဆိုမှုကို အတည်ပြုခဲ့ပေမယ့်လည်း လာမယ့်ဩဂုတ်လ(၁၅)ရက်မှာ တွေ့ဆုံဖို့စီစဉ်ထားတဲ့ ပူတင်နဲ့ဒေါ်နယ်ထရမ့်တို့ကြားကတွေ့ဆုံပွဲအကြောင်းကို ဆွေးနွေးခဲ့တယ်ဆိုတဲ့အချက်ကိုတော့ အတည်ပြုခဲ့တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။
KCNA က ”ပူတင်နဲ့ ကင်ဂျုံအန်းတို့ဟာ ပြီးခဲ့တဲ့နှစ်မှာ ချုပ်ဆိုခဲ့တဲ့ မဟာဗျူဟာမြောက်မိတ်ဖက် သဘောတူညီ ချက်အရ နှစ်နိုင်ငံကြားဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ပြီးတော့ လာမယ့် အနာဂါတ်မှာ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေလိုတဲ့ ၎င်းတို့ရဲ့ဆန္ဒတွေကိုလည်း အတည်ပြုခဲ့ကြပါတယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ မြောက်ကိုရီးယားနိုင်ငံက ရုရှားဘက်ကနေ ပါဝင်ကူညီပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျေးဇူးတင်မိတယ်လို့ ပူတင်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးဖို့အတွက် ၎င်းရဲ့တပ်ဖွဲ့ဝင်(၁၀၀၀၀)ကျော်ကို စေလွှတ်ပေးပို့ခဲ့ပြီး ရုရှားကို နောက်ထပ်စေလွှတ်ပေးပို့မှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး အကဲဖြတ်ချက်တွေအရ သိရပါတယ်။

Zawgyi Version:
အေမရိကန္-႐ုရွားေတြ႕ဆုံပြဲအေၾကာင္းကို ႐ုရွားသမၼတနဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္တို႔ေဆြးေႏြး
Pika (NP News) - ဩဂုတ္ ၁၃
႐ုရွားသမၼတပူတင္ဟာ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းနဲ႔ ဖုန္းေခၚဆိုမႈအတြင္း လာမယ့္ အေမရိကန္-႐ုရွား ေတြ႕ဆုံေဆြးေႏြးပြဲအေၾကာင္းကို ေဆြးေႏြးခဲ့ၾကတယ္လို႔သိရပါတယ္။ေနာက္ပိုင္းမွာ ေျမာက္ကိုရီးယား ႏိုင္ငံပိုင္သတင္းေအဂ်င္စီ KCNA ဟာ ပူတင္နဲ႔ ကင္ဂ်ဳံအန္းတို႔ၾကား ဖုန္းေခၚဆိုမႈကို အတည္ျပဳခဲ့ေပမယ့္လည္း လာမယ့္ဩဂုတ္လ(၁၅)ရက္မွာ ေတြ႕ဆုံဖို႔စီစဥ္ထားတဲ့ ပူတင္နဲ႔ေဒၚနယ္ထရမ့္တို႔ၾကားကေတြ႕ဆုံပြဲအေၾကာင္းကို ေဆြးေႏြးခဲ့တယ္ဆိုတဲ့အခ်က္ကိုေတာ့ အတည္ျပဳခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။
KCNA က ”ပူတင္နဲ႔ ကင္ဂ်ဳံအန္းတို႔ဟာ ၿပီးခဲ့တဲ့ႏွစ္မွာ ခ်ဳပ္ဆိုခဲ့တဲ့ မဟာဗ်ဴဟာေျမာက္မိတ္ဖက္ သေဘာတူညီ ခ်က္အရ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရး ဖြံ႕ၿဖိဳးတိုးတက္မႈေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။ ၿပီးေတာ့ လာမယ့္ အနာဂါတ္မွာ ႏွစ္ႏိုင္ငံၾကားပူးေပါင္းေဆာင္႐ြက္မႈကို ပိုမိုအားေကာင္းလာေစလိုတဲ့ ၎တို႔ရဲ႕ဆႏၵေတြကိုလည္း အတည္ျပဳခဲ့ၾကပါတယ္” လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါ့ျပင္ ယူကရိန္းနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ ေျမာက္ကိုရီးယားႏိုင္ငံက ႐ုရွားဘက္ကေန ပါဝင္ကူညီေပးခဲ့တာေတြနဲ႔ ပတ္သက္ၿပီး ေက်းဇူးတင္မိတယ္လို႔ ပူတင္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ေျမာက္ကိုရီးယားအစိုးရဟာ ႐ုရွားဘက္ကေန ပါဝင္တိုက္ခိုက္ေပးဖို႔အတြက္ ၎ရဲ႕တပ္ဖြဲ႕ဝင္(၁၀၀၀၀)ေက်ာ္ကို ေစလႊတ္ေပးပို႔ခဲ့ၿပီး ႐ုရွားကို ေနာက္ထပ္ေစလႊတ္ေပးပို႔မႈေတြ လုပ္ေဆာင္ဖို႔ စီစဥ္ေနတယ္လို႔ ေတာင္ကိုရီးယား ေထာက္လွမ္းေရး အကဲျဖတ္ခ်က္ေတြအရ သိရပါတယ္။

Related news

© 2021. All rights reserved.