ရွေးကောက်ပွဲကာလများ၌ လုံခြုံရေးကျိုးပေါက်မှုမရှိစေရန် အထူးအလေးထားဆောင်ရွက်သင့်ဟု ဆို

266

ချယ်ရီ (NP News) -ဩဂုတ် ၁၄
ရွေးကောက်ပွဲကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေးအတွက် အထူးအလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းနောင်က ပြောကြားသည်။
ယမန်နေ့ (ဩဂုတ်လ ၁၃ ရက်)က နေပြည်တောရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၅)တွင် ထည့်သွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
လာမည့် “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ”ကို ဇူလိုင်လ (၂၉) ရက်နေ့က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီကို အဖွဲ့ဝင် (၁၄) ဦးဖြင့် ဖွဲ့စည်းခဲ့ကာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ထိပါ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီများအား အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း ကော်မတီဥက္ကဌက ဆိုသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များဖြစ်သည့် “လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကျင်းပပေးပြီး ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော်တာဝန်များအား လွှဲပြောင်းပေးအပ်နိုင်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများ အားလုံးမဲပေးနိုင်ရေး၊ လုံခြုံမှုအပြည့်အဝရှိသော ရွေးကောက်ပွဲဖြစ်စေရေး” စသည်တို့ကို တာဝန်ရှိသူအဆင့်ဆင့်က အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်နှင့် ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေးအတွက် အထူးအလေးထား လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်ပြီး ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ကော်မတီအဆင့်ဆင့်က ဥပဒေနှင့်အညီ အပ်နှင်းထားသည့် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သိရှိနားလည်ပြီး လုံခြုံရေးဆိုင်ရာလုပ်ငန်းတာဝန်များကို အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ကော်မတီဥက္ကဌက ဆိုသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲကာလမ်ား၌ လုံၿခဳံေရးက်ိဳးေပါက္မႈမရွိေစရန္ အထူးအေလးထားေဆာင္႐ြက္သင့္ဟု ဆို
ခ်ယ္ရီ (NP News) -ဩဂုတ္ ၁၄
ေ႐ြးေကာက္ပြဲကာလမ်ားအလိုက္ လုံၿခဳံေရးက်ိဳးေပါက္မႈမရွိေစေရးအတြက္ အထူးအေလးထားေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကာလ လုံၿခဳံေရးဆိုင္ရာႀကီးၾကပ္မႈဗဟိုေကာ္မတီဥကၠ႒ ဦးထြန္းထြန္းေနာင္က ေျပာၾကားသည္။
ယမန္ေန႔ (ဩဂုတ္လ ၁၃ ရက္)က ေနျပည္ေတာရွိ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဌာနခ်ဳပ္၊ အရိႏၵမာခန္းမ၌ က်င္းပေသာ ပါတီစုံဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲကာလ လုံၿခဳံေရးဆိုင္ရာႀကီးၾကပ္မႈ ဗဟိုေကာ္မတီအစည္းအေဝး (၁/၂၀၂၅)တြင္ ထည့္သြင္ေျပာၾကားခဲ့ျခင္းျဖစ္သည္။
လာမည့္ “ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒ”ကို ဇူလိုင္လ (၂၉) ရက္ေန႔က အတည္ျပဳျပ႒ာန္းခဲ့ၿပီး အဆိုပါဥပေဒပါျပ႒ာန္းခ်က္မ်ားႏွင့္အညီ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲကာလ လုံၿခဳံေရးဆိုင္ရာႀကီးၾကပ္မႈဗဟိုေကာ္မတီကို အဖြဲ႕ဝင္ (၁၄) ဦးျဖင့္ ဖြဲ႕စည္းခဲ့ကာ ျပည္ေထာင္စုနယ္ေျမ၊ တိုင္းေဒသႀကီး/ျပည္နယ္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တိုင္း/ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ခ႐ိုင္အဆင့္ႏွင့္ ၿမိဳ႕နယ္အဆင့္ထိပါ ပါတီစုံဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲကာလ လုံၿခဳံေရးဆိုင္ရာႀကီးၾကပ္မႈေကာ္မတီမ်ားအား အဆင့္ဆင့္ဖြဲ႕စည္းထားရွိၿပီးျဖစ္ေၾကာင္း ေကာ္မတီဥကၠဌက ဆိုသည္။
ႏိုင္ငံေတာ္အႀကီးအကဲ၏ လမ္းၫႊန္ခ်က္မ်ားျဖစ္သည့္ “လြတ္လပ္ၿပီး တရားမွ်တမႈအျပည့္ရွိသည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲတစ္ရပ္က်င္းပေပးၿပီး ထြက္ေပၚလာသည့္ အစိုးရကို ႏိုင္ငံေတာ္တာဝန္မ်ားအား လႊဲေျပာင္းေပးအပ္ႏိုင္ေရး၊ မဲေပးပိုင္ခြင့္ရွိသူမ်ား အားလုံးမဲေပးႏိုင္ေရး၊ လုံၿခဳံမႈအျပည့္အဝရွိေသာ ေ႐ြးေကာက္ပြဲျဖစ္ေစေရး” စသည္တို႔ကို တာဝန္ရွိသူအဆင့္ဆင့္က အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးရန္ႏွင့္ ေ႐ြးေကာက္ပြဲဆိုင္ရာကာလမ်ားအလိုက္ လုံၿခဳံေရးက်ိဳးေပါက္မႈမရွိေစေရးအတြက္ အထူးအေလးထား လိုက္နာေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း ၎က ေျပာၾကားသည္။
ထို႔ျပင္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ရပ္႐ြာေအးခ်မ္းသာယာေရးအတြက္ မႈခင္းက်ဆင္းေရးႏွင့္ တရားဥပေဒစိုးမိုးေရး လုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္တင္ေဆာင္႐ြက္သြားရန္ လိုအပ္ၿပီး ေ႐ြးေကာက္ပြဲကာလ လုံၿခဳံေရးဆိုင္ရာႀကီးၾကပ္မႈ ေကာ္မတီအဆင့္ဆင့္က ဥပေဒႏွင့္အညီ အပ္ႏွင္းထားသည့္ လုပ္ငန္းတာဝန္ႏွင့္ လုပ္ပိုင္ခြင့္မ်ားကို သိရွိနားလည္ၿပီး လုံၿခဳံေရးဆိုင္ရာလုပ္ငန္းတာဝန္မ်ားကို အထူးအေလးထား ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း ေကာ္မတီဥကၠဌက ဆိုသည္။