နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတည်ဆောက်ခြင်းက သင့်လျော်လိမ့်မည်ဟု တောင်ကိုရီးယား ယုံကြည်နေ

 126

Pika (NP News) - နိုဝင်ဘာ ၉

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်းကို ပြည်တွင်းတွင်တည်ဆောက်ခြင်းက ကျိုးကြောင်းဆီ လျော်လိမ့်မည်ဟုထင်မြင်မိကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး Ahn Gyu-back က ထုတ်ပြန်ပြောကြားခဲ့ သည်။
တောင်ကိုရီးယား၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းကို အမေရိကန်တွင်တည် ဆောက်သွား မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထ ရမ့်ကထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် သီတင်းတစ်ပတ် ခန့်အကြာတွင် Ahn Gyu-back ၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
တောင်ကိုရီးယားအစိုးရသည် အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယား မြို့ရှိသင်္ဘော ကျင်းတွင် နျူကလီးယားစွမ်းအင်သုံးရေ ငုပ်သင်္ဘောကိုတည်ဆောက်သွားလိမ့်မည်ဟု ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေ ညာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နျူကလီးယားနည်းပညာသည် အလွန်အရေးကြီးပြီး စစ်ရေးလျှို့ဝှက်ချက်များကို တင်းကြပ် စွာထိန်း သိမ်းထားသော အမေရိကန်နိုင်ငံတွင် တည်ဆောက်ခြင်းကသင့်တော်လိမ့်မည်ဟု ဒေါ်နယ်ထရမ့်က ထုတ် ပြန်ပြောကြားခဲ့သည်။
အမေရိကန်နှင့်တောင်ကိုရီးယားကြား ရင်းနှီးမြှုပ်နှံမှုနှင့် သင်္ဘောတည်ဆောက်ရေးဆိုင်ရာ ကျယ်ပြန့်သော သဘောတူညီချက်တစ်ရပ်ကိုရရှိခဲ့ကြောင်း တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတည်ဆောက်ရန် အမေရိကန်၏ ထောက်ပံ့မှုအတွက် အလဲအလှယ်အနေဖြင့် ဖီလာဒဲလ်ဖီးယားမြို့ရှိသင်္ဘောကျင်းတွင် ရင်းနှီးမြှုပ်နှံသွားရန် တောင်ကိုရီး ယားကို အမေရိကန်က တွန်းအားပေးသွားနိုင်ကြောင်း ဝေဖန်သုံးသပ်သူများက ပြောကြားထားသည်။
Ahn Gyu-back က ‘‘တောင်ကိုရီးယားမှာ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတည် ဆောက်တာက ကျိုးကြောင်းဆီလျော်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ နှစ်ပေါင်း (၃၀) ကျော်လောက် စုဆောင်း ထားတဲ့နည်းပညာနဲ့ သုတေသနတွေရှိလို့ပဲဖြစ်ပါတယ်” ဟုပြောဆိုခဲ့သည်။

Zawgyi Version;
န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာတည္ေဆာက္ျခင္းက သင့္ေလ်ာ္လိမ့္မည္ဟု ေတာင္ကိုရီးယား ယုံၾကည္ေန
Pika (NP News) - ႏိုဝင္ဘာ ၉
န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာ တစ္စင္းကို ျပည္တြင္းတြင္တည္ေဆာက္ျခင္းက က်ိဳးေၾကာင္းဆီ ေလ်ာ္လိမ့္မည္ဟုထင္ျမင္မိေၾကာင္း ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီး Ahn Gyu-back က ထုတ္ျပန္ေျပာၾကားခဲ့ သည္။
ေတာင္ကိုရီးယား၏ န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာတစ္စင္းကို အေမရိကန္တြင္တည္ ေဆာက္သြား မည္ဟု အေမရိကန္သမၼတ ေဒၚနယ္ထ ရမ့္ကထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ သီတင္းတစ္ပတ္ ခန႔္အၾကာတြင္ Ahn Gyu-back ၏ ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ေတာင္ကိုရီးယားအစိုးရသည္ အေမရိကန္ႏိုင္ငံ ပင္ဆယ္ေဗးနီးယားျပည္နယ္ ဖီလာဒဲလ္ဖီးယား ၿမိဳ႕ရွိသေဘၤာ က်င္းတြင္ န်ဴကလီးယားစြမ္းအင္သုံးေရ ငုပ္သေဘၤာကိုတည္ေဆာက္သြားလိမ့္မည္ဟု ေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾက ညာခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ န်ဴကလီးယားနည္းပညာသည္ အလြန္အေရးႀကီးၿပီး စစ္ေရးလွ်ိဳ႕ဝွက္ခ်က္မ်ားကို တင္းၾကပ္ စြာထိန္း သိမ္းထားေသာ အေမရိကန္ႏိုင္ငံတြင္ တည္ေဆာက္ျခင္းကသင့္ေတာ္လိမ့္မည္ဟု ေဒၚနယ္ထရမ့္က ထုတ္ ျပန္ေျပာၾကားခဲ့သည္။
အေမရိကန္ႏွင့္ေတာင္ကိုရီးယားၾကား ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ သေဘၤာတည္ေဆာက္ေရးဆိုင္ရာ က်ယ္ျပန႔္ေသာ သေဘာတူညီခ်က္တစ္ရပ္ကိုရရွိခဲ့ေၾကာင္း ေတာင္ကိုရီးယားအစိုးရက ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္၏ ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာတည္ေဆာက္ရန္ အေမရိကန္၏ ေထာက္ပံ့မႈအတြက္ အလဲအလွယ္အေနျဖင့္ ဖီလာဒဲလ္ဖီးယားၿမိဳ႕ရွိသေဘၤာက်င္းတြင္ ရင္းႏွီးျမႇဳပ္ႏွံသြားရန္ ေတာင္ကိုရီး ယားကို အေမရိကန္က တြန္းအားေပးသြားႏိုင္ေၾကာင္း ေဝဖန္သုံးသပ္သူမ်ားက ေျပာၾကားထားသည္။
Ahn Gyu-back က ‘‘ေတာင္ကိုရီးယားမွာ န်ဴကလီးယားစြမ္းအင္သုံးေရငုပ္သေဘၤာတည္ ေဆာက္တာက က်ိဳးေၾကာင္းဆီေလ်ာ္လိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔မွာ ႏွစ္ေပါင္း (၃၀) ေက်ာ္ေလာက္ စုေဆာင္း ထားတဲ့နည္းပညာနဲ႔ သုေတသနေတြရွိလို႔ပဲျဖစ္ပါတယ္” ဟုေျပာခဲ့သည္။

Related news

© 2021. All rights reserved.