'Reply 1988' အဖွဲ့သားများ ပြန်လည်တွေ့ဆုံပွဲကို ရူဂျွန်ယိုး တက်ရောက်မည်မဟုတ်

 39

ရောင်နီ (NP News) - သြဂုတ် ၁၅
tvN ရဲ့နာမည်ကြီးဒရာမာ 'Reply 1988' ရဲ့ ၁ဝ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဇာတ်လမ်းထဲက သရုပ်ဆောင်တွေ ပြန်လည်ဆုံစည်းကြမယ့် တွေ့ဆုံပွဲမှာ ဇာတ်ကားထဲက လူကြိုက်များတဲ့ဇာတ်ကောင်တစ်ခုဖြစ် တဲ့ ရူဂျွန်ယိုးက တက်ရောက်ဖြစ်မှာ မဟုတ်ကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။
သြဂုတ်လ ၁၃ ရက်က ထုတ်ပြန်တဲ့ OSEN ရဲ့အစီရင်ခံစာအရ လာမယ့် အောက်တိုဘာလ အစောပိုင်းမှာ 'Reply 1988' အဖွဲ့သားများ တွေ့ဆုံပွဲကို ဂန်ဝမ်ပြည်နယ်မှာ ကျင်းပမယ်လို့ သိရပါတယ်။ ဒါဟာ Reply 1988 ပြီးဆုံးသွားပြီးနောက်ပိုင်း နှစ်စဉ်ကျင်းပဖြစ်တဲ့ ၁ဝ နှစ်မြောက် အထိမ်းအမှတ်အထူးပွဲဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်ကားထဲက ပရိသတ်အချစ်တော် သရုပ်ဆောင် ရူဂျွန်ယိုးကတော့ Netflix ဇာတ်လမ်းတွဲ 'The Rat' (Working title) အတွက် ရိုက်ကူးရေး အာရုံစိုက်နေရတာကြောင့် ဒီပွဲကိုတော့ တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ဇာတ်လမ်း တာဝန်ရှိသူတစ်ဦးမှတဆင့် အကြောင်းကြားခဲ့ပါတယ်။
ပရိသတ်တွေကတော့ ရူဂျွန်ယိုးဟာ Reply 1988 မှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့ပြီး ၈ နှစ်ကြာ လက်တွဲခဲ့တဲ့ ရည်းစားဟောင်း သရုပ်ဆောင် ဟေရီကို ရှောင်လွှဲလိုတာကြောင့် တမင်မတက်ရောက်တာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုကြပါတယ်။ 'Reply 1988' ဟာ ၁၉၈၈ ခုနှစ်၊ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ဆန်မူဒုန်ရပ်ကွက် လမ်းကြားထဲက မိသားစုတွေအကြောင်း ဖော်ပြရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်မှ ၂၀၁၆ ခုနှစ်အထိ ထုတ်လွှင့်ခဲ့ကာ အဲ့ဒီအချိန်က tvN ရဲ့ကြည့်ရှုမှု အများဆုံး၊ လူကြိုက်အများဆုံး ဒရာမာ ဖြစ်ခဲ့ပါတယ်။ ဇာတ်ကားမှာ သရုပ်ဆောင် ပက်ခ်ဘိုဂမ်၊ ရူဂျွန်ယိုး၊ လီဟေးရီ၊ ရူဟီယောင်း၊ အန်ဂျေဟောင်း၊ ချိုဆမ်ဝမ်၊ လီမင်ဂျီ ၊ ဆောင်ဒုန်အီ၊ လီအီဟွာ၊ ရာမီရန်၊ ကင်ဆန်ကွမ်တို့ ပါဝင်ခဲ့ကြပြီး 'Reply 1988' အဖွဲ့သားတွေ အနေနဲ့ နှစ်စဉ်နှစ်တိုင်း ပုံမှန်စုဝေးပွဲတွေ ကျင်းပကာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြတယ်လို့ သိရပါတယ်။

Zawgyi Version:
'Reply 1988' အဖြဲ႕သားမ်ား ျပန္လည္ေတြ႕ဆုံပြဲကို ႐ူဂြၽန္ယိုး တက္ေရာက္မည္မဟုတ္
ေရာင္နီ (NP News) - ၾသဂုတ္ ၁၅
tvN ရဲ႕နာမည္ႀကီးဒရာမာ 'Reply 1988' ရဲ႕ ၁ဝ ႏွစ္ေျမာက္အထိမ္းအမွတ္အျဖစ္ ဇာတ္လမ္းထဲက သ႐ုပ္ေဆာင္ေတြ ျပန္လည္ဆုံစည္းၾကမယ့္ ေတြ႕ဆုံပြဲမွာ ဇာတ္ကားထဲက လူႀကိဳက္မ်ားတဲ့ဇာတ္ေကာင္တစ္ခုျဖစ္ တဲ့ ႐ူဂြၽန္ယိုးက တက္ေရာက္ျဖစ္မွာ မဟုတ္ေၾကာင္း ပရိသတ္ေတြကို အသိေပးလိုက္ပါတယ္။
ၾသဂုတ္လ ၁၃ ရက္က ထုတ္ျပန္တဲ့ OSEN ရဲ႕အစီရင္ခံစာအရ လာမယ့္ ေအာက္တိုဘာလ အေစာပိုင္းမွာ 'Reply 1988' အဖြဲ႕သားမ်ား ေတြ႕ဆုံပြဲကို ဂန္ဝမ္ျပည္နယ္မွာ က်င္းပမယ္လို႔ သိရပါတယ္။ ဒါဟာ Reply 1988 ၿပီးဆုံးသြားၿပီးေနာက္ပိုင္း ႏွစ္စဥ္က်င္းပျဖစ္တဲ့ ၁ဝ ႏွစ္ေျမာက္ အထိမ္းအမွတ္အထူးပြဲျဖစ္ပါတယ္။ ဒါေပမယ့္ ဇာတ္ကားထဲက ပရိသတ္အခ်စ္ေတာ္ သ႐ုပ္ေဆာင္ ႐ူဂြၽန္ယိုးကေတာ့ Netflix ဇာတ္လမ္းတြဲ 'The Rat' (Working title) အတြက္ ႐ိုက္ကူးေရး အာ႐ုံစိုက္ေနရတာေၾကာင့္ ဒီပြဲကိုေတာ့ တက္ေရာက္ႏိုင္မွာ မဟုတ္ဘူးလို႔ ဇာတ္လမ္း တာဝန္ရွိသူတစ္ဦးမွတဆင့္ အေၾကာင္းၾကားခဲ့ပါတယ္။
ပရိသတ္ေတြကေတာ့ ႐ူဂြၽန္ယိုးဟာ Reply 1988 မွာ အတူတြဲဖက္သ႐ုပ္ေဆာင္ခဲ့ၿပီး ၈ ႏွစ္ၾကာ လက္တြဲခဲ့တဲ့ ရည္းစားေဟာင္း သ႐ုပ္ေဆာင္ ေဟရီကို ေရွာင္လႊဲလိုတာေၾကာင့္ တမင္မတက္ေရာက္တာ ျဖစ္ႏိုင္တယ္လို႔ မွတ္ခ်က္ျပဳၾကပါတယ္။ 'Reply 1988' ဟာ ၁၉၈၈ ခုႏွစ္၊ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕၊ ဆန္မူဒုန္ရပ္ကြက္ လမ္းၾကားထဲက မိသားစုေတြအေၾကာင္း ေဖာ္ျပ႐ိုက္ကူးထားတဲ့ ဇာတ္ကားျဖစ္ၿပီး ၂၀၂၅ ခုႏွစ္ ႏိုဝင္ဘာလ ၆ ရက္မွ ၂၀၁၆ ခုႏွစ္အထိ ထုတ္လႊင့္ခဲ့ကာ အဲ့ဒီအခ်ိန္က tvN ရဲ႕ၾကည့္ရႈမႈ အမ်ားဆုံး၊ လူႀကိဳက္အမ်ားဆုံး ဒရာမာ ျဖစ္ခဲ့ပါတယ္။ ဇာတ္ကားမွာ သ႐ုပ္ေဆာင္ ပက္ခ္ဘိုဂမ္၊ ႐ူဂြၽန္ယိုး၊ လီေဟးရီ၊ ႐ူဟီေယာင္း၊ အန္ေဂ်ေဟာင္း၊ ခ်ိဳဆမ္ဝမ္၊ လီမင္ဂ်ီ ၊ ေဆာင္ဒုန္အီ၊ လီအီဟြာ၊ ရာမီရန္၊ ကင္ဆန္ကြမ္တို႔ ပါဝင္ခဲ့ၾကၿပီး 'Reply 1988' အဖြဲ႕သားေတြ အေနနဲ႔ ႏွစ္စဥ္ႏွစ္တိုင္း ပုံမွန္စုေဝးပြဲေတြ က်င္းပကာ ရင္းႏွီးတဲ့ ဆက္ဆံေရးရွိၾကတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.