ထိုင်းအစိုးရ၏ စွပ်စွဲပြောဆိုချက်များကို ကမ္ဘောဒီးယား အစိုးရ ငြင်းဆန်ပယ်ချ

492

ဂျန်ဇက် NP News (Ref: khmertimeskh)
ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်ဒေသတစ် လျှောက်တွင် မကြာ သေးမီက မြေမြှုပ်မိုင်းများ ပေါက် ကွဲခဲ့သည်ဆိုသော စွပ်စွဲပြောဆိုချက်များကို ငြင်းဆန် ပယ်ချလိုက်ကြောင်းသိရသည်။ ထိုင်း အစိုးရ၏ စွပ်စွဲပြောဆိုချက်များက နှစ်နိုင်ငံကြားရရှိထားသည့် အပစ်ခတ်ရပ်စဲရေးကို ကျိုးပျက်လာနိုင်ကြောင်း ကမ္ဘောဒီး ယားအစိုးရက သတိပေးလိုက်သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ပိုင်နက်နယ်မြေ အငြင်းပွားမှုများကြောင့် ပြီးခဲ့သည့် ဇူလိုင် လအတွင်း (၅) ရက်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်လာခဲ့ပြီးနောက် အမေရိကန်သမ္မတ၏တိုက် တွန်းတောင်းဆိုချက်များအရ အပစ် အခတ်ရပ်စဲရေး ရယူရန် သဘောတူညီခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံကြား အငြင်းပွားလျက်ရှိနေသည့် နယ်စပ်ဒေသ တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ထိုင်းစစ်သားများဒဏ်ရာရခဲ့ကြောင်း ပြီးခဲ့သည့် ဩဂုတ်လ (၁၂) ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ‘စွပ်စွဲမှုတွေကို ငြင်းဆန်ပယ်ချပါတယ်။ အပစ် အခတ်ရပ်စဲရေး သဘောတူညီချက်တွေနဲ့ နိုင်ငံတကာဥပဒေတွေကို ထိုင်းနိုင်ငံဘက်က ချိုးဖောက်ခဲ့တာကိုဖုံးကွယ်ဖို့ ကြိုးပမ်းတဲ့လုပ်ရပ်တွေသာ ဖြစ်တယ်။ ထိုင်းနိုင်ငံရဲ့စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့သက်သေ လည်းမပြနိုင်ဘူး’ ဟုပြောသည်။
ကမ္ဘောဒီးယားအစိုးရသည် အငြင်းပွားမှုများဖြစ်ပွားနေသည့် နယ်စပ်ဒေသသို့ မလေးရှားနိုင်ငံ ဦးဆောင်သော အာဆီယံအဖွဲ့ လေ့လာသူများ လာရောက်လေ့လာခွင့်ပေးရန် တောင်းဆိုထားကြောင်းသိရသည်။ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုများ ရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ထိုင်းနှင့်ကမ္ဘော ဒီးယားနိုင်ငံကြား အပြန်အလှန် စွပ်စွဲ၊ ဝေဖန်မှု များရှိ နေဆဲဖြစ်ကြောင်းသိရသည်။
ကမ္ဘောဒီးယားအစိုးရက ငြိမ်းချမ်းရေး ရေရှည် ရယူနိုင်ရန်အတွက် ရိုးသားမှုရှိရမည်ဖြစ်သလို ပွင့်လင်းမြင့်သာမှု နှင့် ကတိများတည်ရမည်ဖြစ်ကြောင်း ပြောသည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံကြား လက်ရှိဆက်ဆံရေးအခြေနေက ပုံမှန်အတိုင်းပြန် လည်ရောက်ရှိရန် ခက်ခဲသောအခြေနေမျိုးရှိနေ ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။
ကမ္ဘောဒီးယားအစိုးရက ၎င်းတို့အနေဖြင့် မြေမြှုပ်မိုင်းများကိုအသုံးပြုမည်မဟုတ်ကြောင်း၊ ထိုင်းနှင့်ရရှိထား သော အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်များကို လိုက်နာလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသည်။

Zawgyi Version:
ထိုင္းအစိုးရ၏ စြပ္စြဲေျပာဆိုခ်က္မ်ားကို ကေမာၻဒီးယား အစိုးရ ျငင္းဆန္ပယ္ခ်
ဂ်န္ဇက္ NP News (Ref: khmertimeskh)
ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီးဌာနသည္ ထိုင္းႏွင့္ကေမာၻဒီးယား နယ္စပ္ေဒသတစ္ ေလွ်ာက္တြင္ မၾကာ ေသးမီက ေျမျမႇဳပ္မိုင္းမ်ား ေပါက္ ကြဲခဲ့သည္ဆိုေသာ စြပ္စြဲေျပာဆိုခ်က္မ်ားကို ျငင္းဆန္ ပယ္ခ်လိုက္ေၾကာင္းသိရသည္။ ထိုင္း အစိုးရ၏ စြပ္စြဲေျပာဆိုခ်က္မ်ားက ႏွစ္ႏိုင္ငံၾကားရရွိထားသည့္ အပစ္ခတ္ရပ္စဲေရးကို က်ိဳးပ်က္လာႏိုင္ေၾကာင္း ကေမာၻဒီး ယားအစိုးရက သတိေပးလိုက္သည္။
ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔သည္ ပိုင္နက္နယ္ေျမ အျငင္းပြားမႈမ်ားေၾကာင့္ ၿပီးခဲ့သည့္ ဇူလိုင္ လအတြင္း (၅) ရက္ၾကာ အျပန္အလွန္ ပစ္ခတ္မႈျဖစ္လာခဲ့ၿပီးေနာက္ အေမရိကန္သမၼတ၏တိုက္ တြန္းေတာင္းဆိုခ်က္မ်ားအရ အပစ္ အခတ္ရပ္စဲေရး ရယူရန္ သေဘာတူညီခဲ့ေၾကာင္းသိရသည္။
ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံၾကား အျငင္းပြားလ်က္ရွိေနသည့္ နယ္စပ္ေဒသ တြင္ ေျမျမႇဳပ္မိုင္းေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့ၿပီး ထိုင္းစစ္သားမ်ားဒဏ္ရာရခဲ့ေၾကာင္း ၿပီးခဲ့သည့္ ဩဂုတ္လ (၁၂) ရက္တြင္ သတင္းထုတ္ျပန္ခဲ့သည္။ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ‘စြပ္စြဲမႈေတြကို ျငင္းဆန္ပယ္ခ်ပါတယ္။ အပစ္ အခတ္ရပ္စဲေရး သေဘာတူညီခ်က္ေတြနဲ႔ ႏိုင္ငံတကာဥပေဒေတြကို ထိုင္းႏိုင္ငံဘက္က ခ်ိဳးေဖာက္ခဲ့တာကိုဖုံးကြယ္ဖို႔ ႀကိဳးပမ္းတဲ့လုပ္ရပ္ေတြသာ ျဖစ္တယ္။ ထိုင္းႏိုင္ငံရဲ႕စြပ္စြဲခ်က္ေတြနဲ႔ပတ္သက္ၿပီး ခိုင္လုံတဲ့သက္ေသ လည္းမျပႏိုင္ဘူး’ ဟုေျပာသည္။
ကေမာၻဒီးယားအစိုးရသည္ အျငင္းပြားမႈမ်ားျဖစ္ပြားေနသည့္ နယ္စပ္ေဒသသို႔ မေလးရွားႏိုင္ငံ ဦးေဆာင္ေသာ အာဆီယံအဖြဲ႕ ေလ့လာသူမ်ား လာေရာက္ေလ့လာခြင့္ေပးရန္ ေတာင္းဆိုထားေၾကာင္းသိရသည္။ အပစ္ခတ္ရပ္စဲေရး သေဘာတူညီမႈမ်ား ရရွိခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ ထိုင္းႏွင့္ကေမာၻ ဒီးယားႏိုင္ငံၾကား အျပန္အလွန္ စြပ္စြဲ၊ ေဝဖန္မႈ မ်ားရွိ ေနဆဲျဖစ္ေၾကာင္းသိရသည္။
ကေမာၻဒီးယားအစိုးရက ၿငိမ္းခ်မ္းေရး ေရရွည္ ရယူႏိုင္ရန္အတြက္ ႐ိုးသားမႈရွိရမည္ျဖစ္သလို ပြင့္လင္းျမင့္သာမႈ ႏွင့္ ကတိမ်ားတည္ရမည္ျဖစ္ေၾကာင္း ေျပာသည္။ ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံၾကား လက္ရွိဆက္ဆံေရးအေျခေနက ပုံမွန္အတိုင္းျပန္ လည္ေရာက္ရွိရန္ ခက္ခဲေသာအေျခေနမ်ိဳးရွိေန ေၾကာင္း သုံးသပ္မႈမ်ားလည္းရွိေနသည္။
ကေမာၻဒီးယားအစိုးရက ၎တို႔အေနျဖင့္ ေျမျမႇဳပ္မိုင္းမ်ားကိုအသုံးျပဳမည္မဟုတ္ေၾကာင္း၊ ထိုင္းႏွင့္ရရွိထား ေသာ အပစ္ခတ္ရပ္စဲေရးသေဘာတူညီခ်က္မ်ားကို လိုက္နာလုပ္ေဆာင္မည္ျဖစ္ေၾကာင္း ေျပာသည္။