အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ရန် အဆင်သင့်ရှိကြောင်း ဗြိတိန်၊ ပြင်သစ်နှင့်ဂျာမနီတို့ သတိပေး

 140

Pika NP News (Ref : alarabiya)
အီရန်၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်ပြီး လာမည့်ဩဂုတ်လကုန်အထိ သံတမန်ရေး နည်းလမ်းအရ ဖြေရှင်းချက်များမတွေ့ရှိဘူးဆိုပါက အီရန်အပေါ် ကုလသမဂ္ဂကချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ပြန်လည် ချမှတ်ရန် အဆင်သင့်ရှိကြောင်း ဗြိတိန်၊ ပြင်သစ်နှင့်ဂျာမနီနိုင်ငံတို့က ထုတ် ဖော်ပြောဆိုခဲ့သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီ ယိုဂူတာရက်စ်နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတို့ ထံပေးပို့သော စာတွင် ဗြိတိန်၊ ပြင်သစ်နှင့်ဂျာမနီနိုင်ငံတို့က ၎င်းတို့အနေဖြင့် အီရန်က နျူကလီးယားလက် နက်မထုတ်လုပ်နိုင်စေရန် အတွက် သေချာစေရန် သံတမန်နည်းလမ်းအားလုံးကိုအသုံးပြုသွားမည်ဟု ကတိပြုထားကြောင်းသိရသည်။ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများသည် အီရန်အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ပိတ်ဆို့ အရေးယူမှုများကိုဖြေလျှော့ပေးသည့် (၂၀၁၅)ခုနှစ် နိုင်ငံတကာသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော ပိတ်ဆို့အရေးယူမှုယန္တရားကို ပြန်လည်အသုံးပြုသွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း လည်းသိရသည်။ ထို့ပြင် နိုင်ငံတကာအဏုမြူစွမ်း အင်အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အီရန် ဘက်ကရပ်ဆိုင်းခဲ့ခြင်းနှင့်ပတ်သက်ပြီး သတိပေး ချက်များကို ဗြိတိန်၊ ပြင်သစ်နှင့်ဂျာမနီနိုင်ငံတို့က ထုတ်ပြန်ခဲ့ကြောင်းလည်းသိရသည်။ ထုတ်ပြန်ချက်တွင် ‘အီရန်နိုင်ငံဟာ ၎င်းရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး ဩဂုတ်လကုန်အထိ သဘောတူညီချက်တစ်ခုကို မပြုလုပ် နိုင်ခဲ့ဘူးဆိုရင် ကုလသမဂ္ဂက အီရန်အပေါ်ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ကျွန်တော်တို့ ပြန်လည်ကျင့်သုံးသွား မှာပါ’ဟုရေး သားဖော်ပြထားသည်။

Zawgyi Version:
အီရန္အေပၚ ပိတ္ဆို႔အေရးယူမႈမ်ား ျပန္လည္ခ်မွတ္ရန္ အဆင္သင့္ရွိေၾကာင္း ၿဗိတိန္၊ ျပင္သစ္ႏွင့္ဂ်ာမနီတို႔ သတိေပး
Pika NP News (Ref : alarabiya)
အီရန္၏န်ဴကလီးယားအစီအစဥ္ႏွင့္ပတ္သက္ၿပီး လာမည့္ဩဂုတ္လကုန္အထိ သံတမန္ေရး နည္းလမ္းအရ ေျဖရွင္းခ်က္မ်ားမေတြ႕ရွိဘူးဆိုပါက အီရန္အေပၚ ကုလသမဂၢကခ်မွတ္ထားေသာ ပိတ္ဆို႔အေရးယူမႈမ်ားကို ျပန္လည္ ခ်မွတ္ရန္ အဆင္သင့္ရွိေၾကာင္း ၿဗိတိန္၊ ျပင္သစ္ႏွင့္ဂ်ာမနီႏိုင္ငံတို႔က ထုတ္ ေဖာ္ေျပာဆိုခဲ့သည္။
ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ အန္တိုနီ ယိုဂူတာရက္စ္ႏွင့္ ကုလသမဂၢ လုံၿခဳံေရးေကာင္စီတို႔ ထံေပးပို႔ေသာ စာတြင္ ၿဗိတိန္၊ ျပင္သစ္ႏွင့္ဂ်ာမနီႏိုင္ငံတို႔က ၎တို႔အေနျဖင့္ အီရန္က န်ဴကလီးယားလက္ နက္မထုတ္လုပ္ႏိုင္ေစရန္ အတြက္ ေသခ်ာေစရန္ သံတမန္နည္းလမ္းအားလုံးကိုအသုံးျပဳသြားမည္ဟု ကတိျပဳထားေၾကာင္းသိရသည္။ ၿဗိတိန္၊ ျပင္သစ္ႏွင့္ ဂ်ာမနီႏိုင္ငံတို႔၏ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားသည္ အီရန္အေပၚ ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ပိတ္ဆို႔ အေရးယူမႈမ်ားကိုေျဖေလွ်ာ့ေပးသည့္ (၂၀၁၅)ခုႏွစ္ ႏိုင္ငံတကာသေဘာတူညီခ်က္၏ တစ္စိတ္တစ္ပိုင္း ျဖစ္ေသာ ပိတ္ဆို႔အေရးယူမႈယႏၲရားကို ျပန္လည္အသုံးျပဳသြားမည္ဟု ၿခိမ္းေျခာက္ေျပာဆိုခဲ့ေၾကာင္း လည္းသိရသည္။ ထို႔ျပင္ ႏိုင္ငံတကာအဏုျမဴစြမ္း အင္ေအဂ်င္စီႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို အီရန္ ဘက္ကရပ္ဆိုင္းခဲ့ျခင္းႏွင့္ပတ္သက္ၿပီး သတိေပး ခ်က္မ်ားကို ၿဗိတိန္၊ ျပင္သစ္ႏွင့္ဂ်ာမနီႏိုင္ငံတို႔က ထုတ္ျပန္ခဲ့ေၾကာင္းလည္းသိရသည္။ ထုတ္ျပန္ခ်က္တြင္ ‘အီရန္ႏိုင္ငံဟာ ၎ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး ဩဂုတ္လကုန္အထိ သေဘာတူညီခ်က္တစ္ခုကို မျပဳလုပ္ ႏိုင္ခဲ့ဘူးဆိုရင္ ကုလသမဂၢက အီရန္အေပၚခ်မွတ္ခဲ့တဲ့ ပိတ္ဆို႔အေရးယူမႈေတြကို ကြၽန္ေတာ္တို႔ ျပန္လည္က်င့္သုံးသြား မွာပါ’ဟုေရး သားေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.