ယူကရိန်းအတွက် သဘောတူညီချက်မရရှိဘဲ အဆုံးသတ်သွားခဲ့တဲ့ ဒေါ်နယ်ထရမ့်နဲ့ပူတင်တို့ရဲ့တွေ့ဆုံပွဲ

381

Pika(NP News)
ဩဂုတ်လ(၁၅)ရက်နေ့က အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ လုပ်ဆောင်ခဲ့တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတပူတင်တို့ရဲ့ ထိပ်သီးအစည်းအဝေးဟာ ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး သဘောတူညီချက်တစ်စုံတစ်ရာရရှိခဲ့တာမျိုးမရှိဘဲ အဆုံးသတ်သွားခဲ့တယ်လို့ သိရပါတယ်။ဒေါ်နယ်ထရမ့်က”တိုးတက်မှုအချို့ကို ကျွန်တော်တို့လုပ်ဆောင်နိုင်ခဲ့ပေမယ့် လိုချင်တဲ့အခြေအနေတစ်ခုကိုတော့ မရောက်ရှိခဲ့ပါဘူး။လောလောဆယ်တော့ ဘာသဘောတူညီချက်မှ မရရှိသေးပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ဒေါ်နယ်ထရမ့်ဟာ နောက်ထိပ်အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘဲ ပူတင်နဲ့ထိပ်သီးအစည်းအဝေးဟာ အကျိုးရှိခဲ့တယ်လို့ပဲ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချို့ကို ပူတင်နဲ့ သဘောတူညီဖို့ပဲကျန်ပါတော့တယ်။”လို့ပြောဆိုခဲ့ပါတယ်။ပူတင်က”ဒီဆွေးနွေးပွဲအတွင်း ကျွန်တော်တို့ရရှိခဲ့တဲ့ နားလည်မှုတွေဟာ ယူကရိန်းမှာ ငြိမ်းချမ်းရေးအတွက် လမ်းခင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ဒေါ်နယ်ထရမ့်နဲ့ နောက်တစ်ကြိမ်လုပ်ဆောင်မယ့် ဆွေးနွေးပွဲဟာ ရုရှားနိုင်ငံ မော်စကိုမြို့မှာဖြစ်လိမ့်မယ်လို့လည်း ပူတင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းအတြက္ သေဘာတူညီခ်က္မရရွိဘဲ အဆုံးသတ္သြားခဲ့တဲ့ ေဒၚနယ္ထရမ့္နဲ႔ပူတင္တို႔ရဲ႕ေတြ႕ဆုံပြဲ
Pika(NP News)
ဩဂုတ္လ(၁၅)ရက္ေန႔က အေမရိကန္ႏိုင္ငံ အလက္စကာျပည္နယ္မွာ လုပ္ေဆာင္ခဲ့တဲ့ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ႐ုရွားသမၼတပူတင္တို႔ရဲ႕ ထိပ္သီးအစည္းအေဝးဟာ ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး သေဘာတူညီခ်က္တစ္စုံတစ္ရာရရွိခဲ့တာမ်ိဳးမရွိဘဲ အဆုံးသတ္သြားခဲ့တယ္လို႔ သိရပါတယ္။ေဒၚနယ္ထရမ့္က”တိုးတက္မႈအခ်ိဳ႕ကို ကြၽန္ေတာ္တို႔လုပ္ေဆာင္ႏိုင္ခဲ့ေပမယ့္ လိုခ်င္တဲ့အေျခအေနတစ္ခုကိုေတာ့ မေရာက္ရွိခဲ့ပါဘူး။ေလာေလာဆယ္ေတာ့ ဘာသေဘာတူညီခ်က္မွ မရရွိေသးပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ေဒၚနယ္ထရမ့္ဟာ ေနာက္ထိပ္အေသးစိတ္အခ်က္အလက္ေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ဘဲ ပူတင္နဲ႔ထိပ္သီးအစည္းအေဝးဟာ အက်ိဳးရွိခဲ့တယ္လို႔ပဲ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”ေနာက္ထပ္အေရးႀကီးတဲ့ အခ်က္တစ္ခ်ိဳ႕ကို ပူတင္နဲ႔ သေဘာတူညီဖို႔ပဲက်န္ပါေတာ့တယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ပူတင္က”ဒီေဆြးေႏြးပြဲအတြင္း ကြၽန္ေတာ္တို႔ရရွိခဲ့တဲ့ နားလည္မႈေတြဟာ ယူကရိန္းမွာ ၿငိမ္းခ်မ္းေရးအတြက္ လမ္းခင္းေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ေဒၚနယ္ထရမ့္နဲ႔ ေနာက္တစ္ႀကိမ္လုပ္ေဆာင္မယ့္ ေဆြးေႏြးပြဲဟာ ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕မွာျဖစ္လိမ့္မယ္လို႔လည္း ပူတင္က သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။