တောင်ကြီးတွင် TNLA နှင့် MNDAA အဖွဲ့များ အလိုမရှိကြောင်းနှင့် ပြည်နယ်အတွင်းမှ ထွက်သွားရန် ဒေသခံများ ဆန္ဒထုတ်ဖော်

190

သက်ပိုင် (NP News) - ဩဂုတ် ၁၉
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့တွင် TNLA နှင့် MNDAA အဖွဲ့များ အလိုမရှိကြောင်း နှင့် ပြည်နယ် အတွင်းရှိ မြို့များမှ အမြန်ဆုံးထွက်သွားရန် ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ (ဩဂုတ်လ ၁၉ ရက်) နံနက်ပိုင်းက တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ် သည်။
“မနက်က ဆန္ဒဖော်ထုတ်တာပါ။ ဆန္ဒဖော်ထုတ်တဲ့ လူအင်အားက (၅၀၀) နဲ့ (၆၀၀)ကြားလောက်ရှိမယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။
ဒေသခံပြည်သူများက TNLA နှင့် MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ အလိုမရှိ၊ TNLA၊ MNAA အကြမ်းဖက်အဖွဲ့များ ကျောက်မဲ၊ သီပေါ၊ သိန္နီဒေသတွေကနေ အမြန်ဆုံးထွက်သွားဟု ဆိုသော ကြွေးကြော်သံများ နဲ့အတူ ကျောက်မဲ၊ သီပေါ၊ TNLA၊ MNAA သိန္နီဒေသများက အမြန်ဆုံး ထွက်ခွာပေး၊ ရှမ်းပြည်သူလူထုက TNLA၊ MNAA ကို အလိုမရှိ စသော ဗီနိုင်းများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
(၁၀၂၇) စစ်ဆင်ရေးအမည်ဖြင့် TNLA၊ MNDAA နှင့် AA အဖွဲ့တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ ကျောက်မဲ၊ သီပေါ နှင့် သိန္နီမြို့တို့ကို ထိန်းချုပ်ထားသည့်အတွက် ဒေသခံများစွာသည် ရှမ်းတောင်ပိုင်း နှင့် အခြားသော ဒေသများသို့ နေရပ်စွန့်ခွာနေရဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၁၈) ရက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်းမိုးနဲမြို့နှင့် ကွန်ဟိန်းမြို့တို့တွင် TNLA နှင့် MNDAA အဖွဲ့များ အလိုမရှိကြောင်း နှင့် ပြည်နယ်အတွင်းရှိ မြို့များမှ အမြန်ဆုံးထွက်သွားရန် ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
ေတာင္ႀကီးတြင္ TNLA ႏွင့္ MNDAA အဖြဲ႕မ်ား အလိုမရွိေၾကာင္းႏွင့္ ျပည္နယ္အတြင္းမွ ထြက္သြားရန္ ေဒသခံမ်ား ဆႏၵထုတ္ေဖာ္
သက္ပိုင္ (NP News) - ဩဂုတ္ ၁၉
ရွမ္းျပည္နယ္၏ ၿမိဳ႕ေတာ္ျဖစ္ေသာ ေတာင္ႀကီးၿမိဳ႕တြင္ TNLA ႏွင့္ MNDAA အဖြဲ႕မ်ား အလိုမရွိေၾကာင္း ႏွင့္ ျပည္နယ္ အတြင္းရွိ ၿမိဳ႕မ်ားမွ အျမန္ဆုံးထြက္သြားရန္ ေဒသခံမ်ားက ဆႏၵထုတ္ေဖာ္ခဲ့ၾကေၾကာင္း သိရသည္။
အဆိုပါ ဆႏၵထုတ္ေဖာ္ပြဲကို ယေန႔ (ဩဂုတ္လ ၁၉ ရက္) နံနက္ပိုင္းက ေတာင္ႀကီးၿမိဳ႕တြင္ ျပဳလုပ္ခဲ့ၾကျခင္းျဖစ္ သည္။
“မနက္က ဆႏၵေဖာ္ထုတ္တာပါ။ ဆႏၵေဖာ္ထုတ္တဲ့ လူအင္အားက (၅၀၀) နဲ႔ (၆၀၀)ၾကားေလာက္ရွိမယ္” ဟု ၿမိဳ႕ခံတစ္ဦးက ဆိုသည္။
ေဒသခံျပည္သူမ်ားက TNLA ႏွင့္ MNDAA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕မ်ား အလိုမရွိ၊ TNLA၊ MNAA အၾကမ္းဖက္အဖြဲ႕မ်ား ေက်ာက္မဲ၊ သီေပါ၊ သိႏၷီေဒသေတြကေန အျမန္ဆုံးထြက္သြားဟု ဆိုေသာ ေႂကြးေၾကာ္သံမ်ား နဲ႔အတူ ေက်ာက္မဲ၊ သီေပါ၊ TNLA၊ MNAA သိႏၷီေဒသမ်ားက အျမန္ဆုံး ထြက္ခြာေပး၊ ရွမ္းျပည္သူလူထုက TNLA၊ MNAA ကို အလိုမရွိ စေသာ ဗီႏိုင္းမ်ား ကိုင္ေဆာင္ကာ ဆႏၵထုတ္ေဖာ္ခဲ့ၾကေၾကာင္း သိရသည္။
(၁၀၂၇) စစ္ဆင္ေရးအမည္ျဖင့္ TNLA၊ MNDAA ႏွင့္ AA အဖြဲ႕တို႔သည္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ တိုက္ပြဲမ်ား ေဖာ္ေဆာင္ခဲ့ၿပီး လက္ရွိအခ်ိန္ထိ ေက်ာက္မဲ၊ သီေပါ ႏွင့္ သိႏၷီၿမိဳ႕တို႔ကို ထိန္းခ်ဳပ္ထားသည့္အတြက္ ေဒသခံမ်ားစြာသည္ ရွမ္းေတာင္ပိုင္း ႏွင့္ အျခားေသာ ေဒသမ်ားသို႔ ေနရပ္စြန႔္ခြာေနရဆဲျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဩဂုတ္လ (၁၈) ရက္ကလည္း ရွမ္းျပည္နယ္ေတာင္ပိုင္းမိုးနဲၿမိဳ႕ႏွင့္ ကြန္ဟိန္းၿမိဳ႕တို႔တြင္ TNLA ႏွင့္ MNDAA အဖြဲ႕မ်ား အလိုမရွိေၾကာင္း ႏွင့္ ျပည္နယ္အတြင္းရွိ ၿမိဳ႕မ်ားမွ အျမန္ဆုံးထြက္သြားရန္ ေဒသခံမ်ားက ဆႏၵထုတ္ေဖာ္ခဲ့ၾကေၾကာင္း သိရသည္။