အရေးကြီး ပြဿနာ သုံးခုရှိရာ ဂျလန်းကျွန်းမှ အပြန်ခရီး (ခရီးသွားဆောင်းပါး)

 349

သုတကျော် (NP News)
ဂျလန်းကျွန်းသို့အလာခရီးကား ကော့ သောင်းဆိပ်ကမ်းမှ ညနေပိုင်း(၄)နာရီခွဲခန့်တွင်ထွက် ခဲ့ပြီး ကျွန်းတွင်နှစ်ရက်တာ လေ့လာ၊ သတင်းယူပြီး နောက် အပြန်ခရီးကား နံနက် (၃)နာရီခွဲ ဖြစ်သည်။ စာ ရေးသူတို့စီးရမည့်စက်လှေကလည်း အလာကဲ့သို့ ကဲ့လှေအလတ်စားပင်ဖြစ်ပြီး အလာကုန်ကား ဂျလန်း ကျွန်းတွင်တည်ထားမည့်စေတီတော်အတွက်ကျောက် များဖြစ်ကာ ယခုစီးရမည့်စက်လှေတွင်ကား ငါး တင်ကာ ကော့သောင်းသို့ပို့ဆောင်မည်ဖြစ်သည်။ အလာ ခရီးက ရှစ်နာရီနီးပါးကြာပြီး အပြန်ခရီးကား မည်မျှ ကြာမည်ဟုမမှန်းတတ်သေး။ ]ဒကာကြီးတို့ အပြန်ကျ ရင် မမြင်ဖူးတာမြင်ရမယ်။ ပင်လယ်ပြင်မှာ ငါးကို ဘယ်လိုကဲ့ယူလဲဆိုတာ ဗဟုသုတရမှာ} ဟု ဒုတိယ ဂျလန်းကျွန်းဆရာတော်က ခရီးမထွက်မီ ညပိုင်းက ပင် စာရေးသူတို့ကိုပြောပြထားသည်။
ညဦးပိုင်းကပင် အထုပ်အပိုးများပြင်ကာ တစ်ရေးမျှအိပ်ပြီးနောက် ဂျလန်းကျွန်းလှေဆိပ်သို့ ဆင်း ခဲ့ကြသည်။ ဂျလန်းရွာကား နံနက်အစောပိုင်းတွင် ပင် အများစုမှာ နိုးထနေကြလေပြီ။ ဂျလန်းကျွန်းတွင် တည်ဆောက်ထားသောရေခဲစက်က ရွာကိုလည်း မီး ပေးထားသည်ဖြစ်ရာ ယခုကဲ့သို့ရာသီမျိုးတွင် ဂျလန်း ရွာငယ်သည် မြို့ပြထက်ပင် မီးမှန်နေသေး၏။
ဘေးချင်းယှဉ်ရပ်ထားသော စက်လှေသုံး စင်းကိုဖြတ်ကျော်ပြီးနောက် စီးရမည့်ကဲ့လှေသို့ ရောက် သည်။ စာရေးသူတို့နှင့်အတူ ဒုတိယ ဂျလန်း ကျွန်းဆရာတော်ကြီးလည်းလိုက်ပါမည်ဖြစ်ရာ အလာ ခရီး ကဲ့သို့ပင် ပဲ့ထိန်းခန်းအတွင်း နေရာပေးခြင်းခံရသည်။
သင်္ဘောကြီးများကဲ့သို့ ဥဩဆွဲခြင်းမရှိဘဲ စက်လှေပေါ်ပါ ဟွန်းတစ်ချက် နှစ်ချက်တီးပြီးနောက် ဂျလန်းရွာမှခွာသည်။ ဂျလန်းရွာသို့ရောက်သည့်အချိန်ကလည်း မီးတထိန်ထိန်မြင်ကွင်းဖြင့်အစပြုကာ အပြန်တွင်လည်း အလားတူ မြင်ကွင်းမျိုးပင်။ စက် လှေထွက်ပြီးမကြာမီ လှိုင်းကထန်တော့သည်။ မှောင် မှောင်မည်းမည်းတွင် စက်လှေက အားကုန်သုံးကာ လှိုင်းကိုကျော်ဖြတ်နေသည့်မြင်ကွင်းက အလာခရီး ခံစားမှုကိုပင်ပြန်ရစေသည်။ စက်လှေကား လှိုင်းတို့ကို ထိုးခွဲရင်း ခရီးပင်လယ်ခရီး စတင်ချေတော့၏။
အလာခရီးတွင် စက်လှေအဖွဲ့သားများနှင့် အတူ ခရီးသည်က စာရေးသူနှင့်အယ်ဒီတာချုပ်နှစ်ဦး တည်းသာဖြစ်သော်လည်း အပြန်တွင် ဆရာတော် ကြီးနှင့် ဦးပဉ္စင်းတစ်ပါး၊ အမျိုးသားတစ်ဦး၊ အမျိုးသ မီး (၃)ဦး၊ ကလေးငယ် (၂)ဦးပါသည်။ ဆရာတော် ကြီး၊ ဦးပဉ္စင်းနှင့်စာရေးသူတို့နှစ်ဦးက ပဲ့ခန်းတွင်ဖြစ် ပြီး ကျန်ခရီးခရီးသည်များကား စက်လှေကုန်းပတ်ရှိ ကုန်များအပေါ်တွင် ထိုင်လျက်လိုက်ပါ လာကြ သည်။
“ဒီရာသီက လှိုင်းထတာပုံမှန်ပဲ။ ဒီလိုပဲ ဖြစ်နေကျ” ဟု စာရေးသူ၏စပ်စုစကားကို စက်လှေ ထိန်းကျောင်းမောင်းနှင်ရင်း ပဲ့နင်းကဖြေသည်။
မကြာမီ ကဲ့လှေ၏ကုန်းပတ်ကို ရေစင်လေ ရာ ယင်းနေရာမှ ကုန်များအပေါ်လိုက်ပါလာသော ခရီးသည်များအတွက်စိတ်ပူမိ၏။ ပဲ့နင်းက ငါးထည့်ရန် သယ်လာသောပလတ်စတစ်အိတ်ကြီးများကိုပေး လိုက်လေရာ အဆိုပါခရီးသည်တို့သည် ယင်းအိတ်များကို ခေါင်းပေါ်မှစွပ်ချလိုက်လေတော့သည်။ ပဲ့နင်း နှင့် ခရီးသည်တို့ကား လိုက်လေစွ။
အတန်ငယ်သွားပြီးနောက် ငိုက်မျဉ်းလာရာ ပဲ့ခန်းတွင်ပင် တစ်ရေးမှေးလိုက်ရတော့သည်။ မည်မျှ ကြာအောင်အိပ်ပျော်သွားသည်မသိ လန့်နိုးလာ ၍ ခရီးသည်များကိုကြည့်ရာ ယင်းနေရာတွင် မရှိလေ တော့။ လှိုင်းကငြိမ်သက်နေပြီ။ ထို့နောက် အရှေ့ဘက်ဆီမှရောင်နီကို မိုးသားမည်းမည်းကွယ်ထား သည့် ကြားမှ မြင်ရသည်။
“ဘယ်နားရောက်နေပြီလဲ”ဟုမေးရာ ပဲ့နင်းက “ဇာဒက်ကလေးကျွန်းဘက်ဦးတည်နေတာ အစ်ကို။ လှိုင်းထန်နေလို့ နည်းနည်းကြာနေတာ” ဟု ပြန်ဖြေသည်။ ထိုအခါ ပဲ့နင်း၏နောက်တွင် အသက် သုံးနှစ်ခန့်ကလေးငယ်တစ်ဦး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကိုမြင်ရသည်။
စာရေးသူကြည့်နေ၍ “ကျွန်တော့်သမီးလေ”ဟု ရယ်ရင်းဖြေသည်။ ယခုခရီးတွင် ပဲ့နင်း၏ ဇနီးနှင့်သမီးတို့ပါလာကြောင်းပြောပြသည်။ လှိုင်း ကြောင့် ရေစင်သည့်အတွက် ခရီးသည်တို့ နောက်ခန်း အတွင်း ပြောင်းရွှေ့နေကြလေပြီ။ မကြာမီ ကလေးနိုးလာရာ ပဲ့နင်းက ကလေးကိုနို့ဘူးတိုက်ရင်း စက် လှေ ကို ကျင်လည်စွာမောင်းနှင်နေသည်။ ပင်လယ်သားတို့ကား ကလေးချီရင်းလည်း ပဲ့လည်းထိန်း တတ်ကြပါ၏။
နံနက်(၇)နာရီခန့်တွင် ငါးကဲ့မည့်နေရာသို့ ရောက်သည်။ ဇာဒက်ကလေးကျွန်းအနီးမှ ကျွန်း ငယ်တစ်ခု၏ကွေ့အတွင်း ငါးဖမ်းစက်လှေ အစုအဝေးကို အဝေးကပင်လှမ်းမြင်ရ၏။ အလံများ တလူလူ လွှင့်ထားသောစက်လှေတို့သည် ငါးကဲ့မည့်လှေကို စောင့်နေကြခြင်းဖြစ်သည်။ အရွယ်အစားအမျိုးစုံပါဝင် သော စက်လှေခြောက်စင်းခန့်သည် တစ်စင်းနှင့်တစ်စင်း ကပ်ထားရင်း အပြန်အလှန်စနောက် စကား ပြောနေကြသည်မှာ ပျော်စရာပင်ကောင်းတော့သည်။
စာရေးသူမှာ ယင်းမြင်ကွင်းကိုကြည့်ရင်း ဟောလိဝုဒ်ရုပ်ရှင်ကားတစ်ကားဖြစ်သော Water World ကိုပင် မျက်လုံးထဲပြေးမြင်မိတော့သည်။ ပင် လယ်ရေအလယ်တွင် ရေယာဉ်များကိုစုစည်းကာ စက်လှေတစ်စင်းအပေါ်တစ်စင်းကူးရင်း လူးလာ ခေါက်တုံ့ သွားလာနေကြသည်မှာ ယင်း ရုပ်ရှင်ကဲ့သို့ ပင်။ ကဲ့လှေဆိုက်ကပ်ပြီးမကြာမီတွင် စက်လှေတစ် စင်းပေါ်မှငါးများကို ကဲ့လှေသို့ပြောင်းချသည်။ ထိုအ ခါမှ ရေလုပ်သားတို့၏ဘဝကို ကွက်ကွက်ကွင်းကွင်း အနီးကပ်မြင်ရတော့သည်။ ယခင်က ငါးဖမ်းစက် လှေချည်းသာမြင်ရသော်လည်း ယခုတော့ ယင်းစက် လှေတို့၏အမြုတေဖြစ်သော ရေလုပ်သားတို့၏ နေ့ စဉ်ဖြတ်သန်းမှုကိုပါမှန်းဆကာ လက်တွေ့ကျကျ အကဲဖြတ်နိုင်ခဲ့ပြီဖြစ်သည်။
အလွန်အမင်း မကျယ်လှသောနေရာတွင် ငါးဖမ်းစက်လှေလုပ်သားတို့မှာ တစ်လ ကိုးသီတင်း ပင်လယ်ပြင်ထွက်ရသည်။ အိပ်ချိန်နည်းပါးသော အချိန်များလည်းရှိသည်။ ယင်း မကျယ်လှသော အ လျားရှည်ပြီးအနံကျဉ်းမြောင်းလှသည့်စက်လှေသည် ပင်လယ်လုပ်သားတို့၏အိမ်ဖြစ်သည်။ စက်လှေ၏ နောက်ခန်းအတွင်း ဘလူးတုသ်ဆောင်းဘောက်ကို လည်းမြင်ရသည်။ အဝတ်လှန်းထားသည်ကိုလည်း မြင်တွေ့ရ၏။ ထိုစဉ် ငါးဖမ်းစက်လှေတစ်စင်း၏ ပဲ့ပိုင်းတွင် နံနက်စာထမင်းစားနေသော ရေလုပ်သား တစ်ဦးကိုမြင်၍ သတိထားကြည့်မိသည်။ ဟင်းကား ထုံးစံအတိုင်း ငါးဟင်းသာဖြစ်သည်။ ယင်းတစ်မျိုး တည်းသာပါ၏။
မြို့ပြတွင် ပင်လယ်စာတို့ဈေးကြီး၏။ လူ ကြိုက်လည်းများသည်။ ရေလုပ်သားတို့အတွက်မူ ပင်လယ်စာသည် လက်တစ်ကမ်းဟင်းသာဖြစ်သည်။ သို့သော် ပင်လယ်စာတို့စားရသော်ငြား ရေ လုပ် သားတို့၏ဘဝမှာ အခွင့်ထူးခံများမဟုတ်ကြပါချေ။
“ငါးရတဲ့အပေါ်မူတည်ပြီး ပိုက်ဆံရတာ လေ။ ဒါကြောင့် ရေလုပ်သားတွေက ငါးရဖို့ကို အားသွန် ခွန်စိုက်လုပ်ကြရတယ်။ အခုတော့ ငါးရှားနေတာ။ ငါးရော ကင်းမွန်ရော ရှားတယ်”ဟု ရေလုပ်သား တစ် ဦးကပြောပြသည်။
၎င်းပြောသည့်အတိုင်း အမှန်ပင်ဖြစ်ကြောင်းတွေ့သည်။ ငါးများစွာ မတွေ့ရ။ ငါးများသည့် အကြိမ်ရေမျိုးဆိုလျှင် ယခုထက် ပိုမို၍ မြိုင်နေဖွယ် ရှိသည်။ ပထမဦးစွာ ငါးပုံးအတွင်းသို့ ပလတ်စတစ် အိတ်ကိုစွပ်သည်။ ထို့နောက် ငါးထည့်သည်။ ထို့ပြင် ရေခဲကိုလည်းထည့်သည်။ ငါးနှင့်ရေခဲကို ပုံးအတွင်း သမအောင်ထည့်ပြီး တာရှည်ခံစေရန်ပြုလုပ်ကြခြင်းဖြစ်သည်။
စာရေးသူ၏ ယခု ခရီးတစ်လျှောက်နှင့် ဂျလန်းကျွန်းတွင်လည်း အအေးပုလင်းများစွာရောင်း နေသည်ကိုလည်းကောင်း၊ ကမ်းခြေတွင်တင်နေသော အမှိုက်အဖြစ်လည်းကောင်း များစွာမြင်ရသည်။ ရေ လုပ်သားတို့သည် အအေးသောက်များကြသည်ဆို၏။ ယခုစက်လှေတွင်လည်း အအေးပုလင်း အချို့ ကို ပင် လယ်အတွင်းပစ်ချနေသည်ကိုလည်းမြင်ရ၏။ သို့ သော် ယင်းနောက်ကွယ်တွင် ကိစ္စတစ်ခုရှိနေ သည်။ ပင်လယ်ပြင်တွင် ကာလရှည်နေပြီး နင်းစရာအမာဆို၍ လှေကုန်းပတ်တစ်ခုသာရှိသော ယင်းရေ လုပ်သားတို့အတွက် အပန်းဖြေစရာကား ရှားပါးလှသည်။
အလုပ်လုပ်၊ နား၊ အိပ်ဖြင့် နေ့စဉ်လည် ပတ်နေရသော ယင်းရေလုပ်သားတို့အတွက် အပန်းဖြေ ရန်၊ အလုပ်ပိုလုပ်ရန် ခွန်အားလိုလာသည်။ ထိုအခါ ယင်းကိုအစားထိုးပေးမည့် မူးယစ်ဆေးက ဝင်လာခဲ့ သည်။ ရေလုပ်သားတိုင်း မူးယစ်ဆေးသုံးကြသည်မဟုတ်ပါ။ ဘီယာမှလွဲ၍ အခြား မူးယစ်စေသော အရာ များကို ထိပင်မထိသောသူများကိုလည်း စာရေး သူမြင်ခဲ့ဖူး၏။ သို့သော် အချို့ရေလုပ်သားတို့သည် မူး ယစ်ဆေး၏သားကောင်အဖြစ် ရောက်လာနေခြင်းများ ရှိနေသည်။
“ဘိန်းစာရွက်ပေါ့။ သူကိုလည်း သောက်ကြတယ်။ ဘိန်းစာရွက်ကို ပြုတ်ရည်သောက်တာလည်း ရှိသလို ကော်ဖီတို့ ဘာတို့နဲ့ ဝါးစားတာလည်း ရှိတယ်။ အအေးနဲ့သောက်တာလည်းရှိတယ်။ အမျိုးမျိုး သုံးကြတာပေါ့။ သူက အမောခံနိုင်တယ်။ နောက် ပိုင်းတော့ စိတ်ကြွရူးသွပ်ဆေးပြားကို သုံးလာကြတာ လည်း ရှိတယ်။ သူကကျတော့ ဒီနောက်ပိုင်း သုံးတာ များလာတာပေါ့။ နေ့ရော ညရော အလုပ်လုပ်နိုင် တယ်။ အပင်ပန်းခံနိုင်တယ်။ ဒါကြောင့် သုံးလာကြတာ” ဟု ရေလုပ်သားတစ်ဦးကဆိုသည်။
ငါးကဲ့နေစဉ် မရပ်မနား အလုပ်အလုပ် နေကြသော ရေလုပ်သားများစွာကိုကြည့်ရင်း ၎င်းက ပြောနေခြင်းဖြစ်သည်။ စာရေးသူလည်း နားထောင် ရင်းလိုက်ကြည့်မိ၏။ ယခု ရေလုပ်သားများအတွင်း မည်သူက ဆေးဝါးသုံးစွဲပြီး မည်သူက မသုံးဆိုခြင်းကို သိနိုင်စွမ်းမရှိပါ။ သို့သော် ယင်းအရာဆိုးကြီးက ရေလုပ်သားထုအတွင်း တိုးဝင်နေခြင်းကိုမူ စိတ်မသက် မသာဖြစ်မိ၏။ ရေလုပ်သားတို့ကား ပျော်ပျော် ရွှင်ရွှင်ပင် တစ်ဦးနှင့်တစ်ဦးစနောက်ရင်း အလုပ်တို့ကို လုပ်နေကြလေသည်။
ယခုရာသီသည် ယခင်နှစ်များထက် ငါး အရနည်းသည်ဟုဆိုသော်လည်း အကောင်ကြီးသော ရောင်းတန်းဝင် ငါးအများစုပါဝင်သည်။ မြို့တွင် ဈေးကောင်းရမည့်ငါးများဖြစ်သည်။ သို့သော် ယင်းငါးတို့ သည် ထိုင်းဘက်သို့ရောက်မည့်ငါးများပင်။ ယခုကဲ့ ထားသောငါးများကို စက်လှေဖြင့် ကော့သောင်းသို့ ဝင်ပြီး ယင်းမှတစ်ဆင့် ထိုင်းနိုင်ငံရနောင်းမြို့သို့ ပို့မည်ဖြစ်သည်။
NP News က စုံစမ်းသိရှိရသောအချက်အလက်များအရ အကြမ်းဖျင်းအားဖြင့် ကော့သောင်း ဆိပ် ကမ်းသို့ကပ်သော ကဲ့လှေတစ်စင်းလျှင် တာဝန်ရှိသူများထံ ဘတ်ငါးသောင်းပေးရကာ အခြားအမည်တပ် မရသော ပေးချေရခြင်းများလည်း ရှိသေးသည်။ ယင်းတို့အနက် နိုင်ငံ့ဘဏ္ဍာအတွင်း မည်မျှ ပြန်ဝင်သည် ကိုမသိရပါ။ ထို့ပြင် ဆီဖိုးကလည်း ရှိနေလေရာ အထွေထွေစရိတ်များပါထည့်ပေါင်းလိုက်လျှင် ကုန်ကျ ငွေက မသေးလှပေ။
“ထိုင်းဘက်က တစ်သောင်းပဲပေးရတာ။ ကော့သောင်းကို ဝင်တာနဲ့တင်ပေးရတာကများနေ တော့ စက်လှေသမားတွေအဆင်မပြေဘူး။ ကော့သောင်းက တစ်ရက်ကို အဝင်တင်ဆယ်စင်းလောက်ရှိ တယ်။ မြိတ်က စက်လှေကလည်း ကော့သောင်းကိုပဲလာကပ်တာ။ ကျွန်တော်တို့ အဲဒါတွေ ပေးရတာနဲ့ ငါးနဲ့ဆို ဘယ်လိုမှအဆင်မပြေဘူး” ဟု ပဲ့နင်းတစ်ဦးက ဆိုသည်။
ယင်း ငါးကဲ့သည့်အချိန်ကို နာရီ အတန် ကြာစောင့်ဆိုင်းရသောကြောင့် အပြန်ခရီးကား အလာ ခရီးထက်ပင်ပိုကြာသွားသည်။ ကဲ့လှေတွင်လည်း ကုန်ပြည့်သွားပြီဖြစ်သောကြောင့် တအိအိဖြင့် ကော့ သောင်းမြို့ဘက်ဦးတည်ခဲ့ပြီဖြစ်သည်။
လမ်းတွင် လှိုင်းမကြီးတော့ဟုထင်သည့်အတွက် စာရေးသူနှင့် ဒုတိယ ဂျလန်းကျွန်းဆရာတော် ကြီးနှင့်အတူ ပါလာသောဦးပဉ္စင်းတို့ စက်လှေ ၏ဦးပိုင်းတွင်သွားထိုင်နေကြသည်။ လင်းလင်း ရှင်းရှင်း ဖြစ်ပြီဖြစ်သည့်အတွက် ပတ်ဝန်းကျင်မှကျွန်းများ ကိုမြင်ရလေရာ ရှုခင်းအလှကို ငေးမော၍မှမဝမီ လှိုင်းကြုံရပြန်သည်။
မကြာမီလျော့ပါးလိမ့်မည်ဟုထင်သော်လည်း လှိုင်းက စက်လှေကိုပုတ်၍စဉ်လာသောရေစက်တို့ သည် ကုန်းပတ်ကိုရွှဲရွှဲစိုစေပြန်၏။ သို့သော် စာရေးသူ တို့မထရဲတော့ပါ။ ကိုယ်လုံးကို ရေစက်တို့ အနည်း ငယ်စဉ်နေသော်လည်း ထသွားလျှင် လှိုင်းအလူး ကြောင့် ဟန်ချက်ပျက်ပြီး ပင်လယ်အတွင်း ကျသွား မည်ကိုလည်းစိုးသည်။ စက်လှေအဖွဲ့သားတို့ ကျွမ်း ကျင်စွာကူးသန်းသွားလာနေကြသည်ကိုငေးကြည့် ရင်း စကားဖောင်ဖွဲ့အောင်သာ ပြောနေလိုက်ကြတော့ သည်။ ယင်းသို့ဖြင့် သွားရင်း ကော့သောင်းမြို့ကို မြင်ရသည်။ သို့သော် မြင်သာမြင် မကြင်ရသောဘဝ ပင်။ မြို့ကိုမြင်လျက်နှင့် လေးဆယ့်ငါးမိနစ်ခန့်ကြာ အောင်ထပ်စီးရသေး၏။ ညနေပိုင်း (၃)နာရီခန့်တွင် ကား ကော့သောင်းမြို့သို့ ဆိုက်ရောက်လေတော့ သည်။

Zawgyi Version:
အေရးႀကီး ျပႆနာ သုံးခုရွိရာ ဂ်လန္းကြၽန္းမွ အျပန္ခရီး
သုတေက်ာ္ (NP News)
ဂ်လန္းကြၽန္းသို႔အလာခရီးကား ေကာ့ ေသာင္းဆိပ္ကမ္းမွ ညေနပိုင္း(၄)နာရီခြဲခန႔္တြင္ထြက္ ခဲ့ၿပီး ကြၽန္းတြင္ႏွစ္ရက္တာ ေလ့လာ၊ သတင္းယူၿပီး ေနာက္ အျပန္ခရီးကား နံနက္ (၃)နာရီခြဲ ျဖစ္သည္။ စာ ေရးသူတို႔စီးရမည့္စက္ေလွကလည္း အလာကဲ့သို႔ ကဲ့ေလွအလတ္စားပင္ျဖစ္ၿပီး အလာကုန္ကား ဂ်လန္း ကြၽန္းတြင္တည္ထားမည့္ေစတီေတာ္အတြက္ေက်ာက္ မ်ားျဖစ္ကာ ယခုစီးရမည့္စက္ေလွတြင္ကား ငါး တင္ကာ ေကာ့ေသာင္းသို႔ပို႔ေဆာင္မည္ျဖစ္သည္။ အလာ ခရီးက ရွစ္နာရီနီးပါးၾကာၿပီး အျပန္ခရီးကား မည္မွ် ၾကာမည္ဟုမမွန္းတတ္ေသး။ ]ဒကာႀကီးတို႔ အျပန္က် ရင္ မျမင္ဖူးတာျမင္ရမယ္။ ပင္လယ္ျပင္မွာ ငါးကို ဘယ္လိုကဲ့ယူလဲဆိုတာ ဗဟုသုတရမွာ} ဟု ဒုတိယ ဂ်လန္းကြၽန္းဆရာေတာ္က ခရီးမထြက္မီ ညပိုင္းက ပင္ စာေရးသူတို႔ကိုေျပာျပထားသည္။
ညဦးပိုင္းကပင္ အထုပ္အပိုးမ်ားျပင္ကာ တစ္ေရးမွ်အိပ္ၿပီးေနာက္ ဂ်လန္းကြၽန္းေလွဆိပ္သို႔ ဆင္း ခဲ့ၾကသည္။ ဂ်လန္း႐ြာကား နံနက္အေစာပိုင္းတြင္ ပင္ အမ်ားစုမွာ ႏိုးထေနၾကေလၿပီ။ ဂ်လန္းကြၽန္းတြင္ တည္ေဆာက္ထားေသာေရခဲစက္က ႐ြာကိုလည္း မီး ေပးထားသည္ျဖစ္ရာ ယခုကဲ့သို႔ရာသီမ်ိဳးတြင္ ဂ်လန္း ႐ြာငယ္သည္ ၿမိဳ႕ျပထက္ပင္ မီးမွန္ေနေသး၏။
ေဘးခ်င္းယွဥ္ရပ္ထားေသာ စက္ေလွသုံး စင္းကိုျဖတ္ေက်ာ္ၿပီးေနာက္ စီးရမည့္ကဲ့ေလွသို႔ ေရာက္ သည္။ စာေရးသူတို႔ႏွင့္အတူ ဒုတိယ ဂ်လန္း ကြၽန္းဆရာေတာ္ႀကီးလည္းလိုက္ပါမည္ျဖစ္ရာ အလာ ခရီး ကဲ့သို႔ပင္ ပဲ့ထိန္းခန္းအတြင္း ေနရာေပးျခင္းခံရသည္။
သေဘၤာႀကီးမ်ားကဲ့သို႔ ဥဩဆြဲျခင္းမရွိဘဲ စက္ေလွေပၚပါ ဟြန္းတစ္ခ်က္ ႏွစ္ခ်က္တီးၿပီးေနာက္ ဂ်လန္း႐ြာမွခြာသည္။ ဂ်လန္း႐ြာသို႔ေရာက္သည့္အခ်ိန္ကလည္း မီးတထိန္ထိန္ျမင္ကြင္းျဖင့္အစျပဳကာ အျပန္တြင္လည္း အလားတူ ျမင္ကြင္းမ်ိဳးပင္။ စက္ ေလွထြက္ၿပီးမၾကာမီ လႈိင္းကထန္ေတာ့သည္။ ေမွာင္ ေမွာင္မည္းမည္းတြင္ စက္ေလွက အားကုန္သုံးကာ လႈိင္းကိုေက်ာ္ျဖတ္ေနသည့္ျမင္ကြင္းက အလာခရီး ခံစားမႈကိုပင္ျပန္ရေစသည္။ စက္ေလွကား လႈိင္းတို႔ကို ထိုးခြဲရင္း ခရီးပင္လယ္ခရီး စတင္ေခ်ေတာ့၏။
အလာခရီးတြင္ စက္ေလွအဖြဲ႕သားမ်ားႏွင့္ အတူ ခရီးသည္က စာေရးသူႏွင့္အယ္ဒီတာခ်ဳပ္ႏွစ္ဦး တည္းသာျဖစ္ေသာ္လည္း အျပန္တြင္ ဆရာေတာ္ ႀကီးႏွင့္ ဦးပၪၥင္းတစ္ပါး၊ အမ်ိဳးသားတစ္ဦး၊ အမ်ိဳးသ မီး (၃)ဦး၊ ကေလးငယ္ (၂)ဦးပါသည္။ ဆရာေတာ္ ႀကီး၊ ဦးပၪၥင္းႏွင့္စာေရးသူတို႔ႏွစ္ဦးက ပဲ့ခန္းတြင္ျဖစ္ ၿပီး က်န္ခရီးခရီးသည္မ်ားကား စက္ေလွကုန္းပတ္ရွိ ကုန္မ်ားအေပၚတြင္ ထိုင္လ်က္လိုက္ပါ လာၾက သည္။
“ဒီရာသီက လႈိင္းထတာပုံမွန္ပဲ။ ဒီလိုပဲ ျဖစ္ေနက်” ဟု စာေရးသူ၏စပ္စုစကားကို စက္ေလွ ထိန္းေက်ာင္းေမာင္းႏွင္ရင္း ပဲ့နင္းကေျဖသည္။
မၾကာမီ ကဲ့ေလွ၏ကုန္းပတ္ကို ေရစင္ေလ ရာ ယင္းေနရာမွ ကုန္မ်ားအေပၚလိုက္ပါလာေသာ ခရီးသည္မ်ားအတြက္စိတ္ပူမိ၏။ ပဲ့နင္းက ငါးထည့္ရန္ သယ္လာေသာပလတ္စတစ္အိတ္ႀကီးမ်ားကိုေပး လိုက္ေလရာ အဆိုပါခရီးသည္တို႔သည္ ယင္းအိတ္မ်ားကို ေခါင္းေပၚမွစြပ္ခ်လိုက္ေလေတာ့သည္။ ပဲ့နင္း ႏွင့္ ခရီးသည္တို႔ကား လိုက္ေလစြ။
အတန္ငယ္သြားၿပီးေနာက္ ငိုက္မ်ဥ္းလာရာ ပဲ့ခန္းတြင္ပင္ တစ္ေရးေမွးလိုက္ရေတာ့သည္။ မည္မွ် ၾကာေအာင္အိပ္ေပ်ာ္သြားသည္မသိ လန႔္ႏိုးလာ ၍ ခရီးသည္မ်ားကိုၾကည့္ရာ ယင္းေနရာတြင္ မရွိေလ ေတာ့။ လႈိင္းကၿငိမ္သက္ေနၿပီ။ ထို႔ေနာက္ အေရွ႕ဘက္ဆီမွေရာင္နီကို မိုးသားမည္းမည္းကြယ္ထား သည့္ ၾကားမွ ျမင္ရသည္။
“ဘယ္နားေရာက္ေနၿပီလဲ”ဟုေမးရာ ပဲ့နင္းက “ဇာဒက္ကေလးကြၽန္းဘက္ဦးတည္ေနတာ အစ္ကို။ လႈိင္းထန္ေနလို႔ နည္းနည္းၾကာေနတာ” ဟု ျပန္ေျဖသည္။ ထိုအခါ ပဲ့နင္း၏ေနာက္တြင္ အသက္ သုံးႏွစ္ခန႔္ကေလးငယ္တစ္ဦး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနသည္ကိုျမင္ရသည္။
စာေရးသူၾကည့္ေန၍ “ကြၽန္ေတာ့္သမီးေလ”ဟု ရယ္ရင္းေျဖသည္။ ယခုခရီးတြင္ ပဲ့နင္း၏ ဇနီးႏွင့္သမီးတို႔ပါလာေၾကာင္းေျပာျပသည္။ လႈိင္း ေၾကာင့္ ေရစင္သည့္အတြက္ ခရီးသည္တို႔ ေနာက္ခန္း အတြင္း ေျပာင္းေ႐ႊ႕ေနၾကေလၿပီ။ မၾကာမီ ကေလးႏိုးလာရာ ပဲ့နင္းက ကေလးကိုႏို႔ဘူးတိုက္ရင္း စက္ ေလွ ကို က်င္လည္စြာေမာင္းႏွင္ေနသည္။ ပင္လယ္သားတို႔ကား ကေလးခ်ီရင္းလည္း ပဲ့လည္းထိန္း တတ္ၾကပါ၏။
နံနက္(၇)နာရီခန႔္တြင္ ငါးကဲ့မည့္ေနရာသို႔ ေရာက္သည္။ ဇာဒက္ကေလးကြၽန္းအနီးမွ ကြၽန္း ငယ္တစ္ခု၏ေကြ႕အတြင္း ငါးဖမ္းစက္ေလွ အစုအေဝးကို အေဝးကပင္လွမ္းျမင္ရ၏။ အလံမ်ား တလူလူ လႊင့္ထားေသာစက္ေလွတို႔သည္ ငါးကဲ့မည့္ေလွကို ေစာင့္ေနၾကျခင္းျဖစ္သည္။ အ႐ြယ္အစားအမ်ိဳးစုံပါဝင္ ေသာ စက္ေလွေျခာက္စင္းခန႔္သည္ တစ္စင္းႏွင့္တစ္စင္း ကပ္ထားရင္း အျပန္အလွန္စေနာက္ စကား ေျပာေနၾကသည္မွာ ေပ်ာ္စရာပင္ေကာင္းေတာ့သည္။
စာေရးသူမွာ ယင္းျမင္ကြင္းကိုၾကည့္ရင္း ေဟာလိဝုဒ္႐ုပ္ရွင္ကားတစ္ကားျဖစ္ေသာ Water World ကိုပင္ မ်က္လုံးထဲေျပးျမင္မိေတာ့သည္။ ပင္ လယ္ေရအလယ္တြင္ ေရယာဥ္မ်ားကိုစုစည္းကာ စက္ေလွတစ္စင္းအေပၚတစ္စင္းကူးရင္း လူးလာ ေခါက္တုံ႔ သြားလာေနၾကသည္မွာ ယင္း ႐ုပ္ရွင္ကဲ့သို႔ ပင္။ ကဲ့ေလွဆိုက္ကပ္ၿပီးမၾကာမီတြင္ စက္ေလွတစ္ စင္းေပၚမွငါးမ်ားကို ကဲ့ေလွသို႔ေျပာင္းခ်သည္။ ထိုအ ခါမွ ေရလုပ္သားတို႔၏ဘဝကို ကြက္ကြက္ကြင္းကြင္း အနီးကပ္ျမင္ရေတာ့သည္။ ယခင္က ငါးဖမ္းစက္ ေလွခ်ည္းသာျမင္ရေသာ္လည္း ယခုေတာ့ ယင္းစက္ ေလွတို႔၏အျမဳေတျဖစ္ေသာ ေရလုပ္သားတို႔၏ ေန႔ စဥ္ျဖတ္သန္းမႈကိုပါမွန္းဆကာ လက္ေတြ႕က်က် အကဲျဖတ္ႏိုင္ခဲ့ၿပီျဖစ္သည္။
အလြန္အမင္း မက်ယ္လွေသာေနရာတြင္ ငါးဖမ္းစက္ေလွလုပ္သားတို႔မွာ တစ္လ ကိုးသီတင္း ပင္လယ္ျပင္ထြက္ရသည္။ အိပ္ခ်ိန္နည္းပါးေသာ အခ်ိန္မ်ားလည္းရွိသည္။ ယင္း မက်ယ္လွေသာ အ လ်ားရွည္ၿပီးအနံက်ဥ္းေျမာင္းလွသည့္စက္ေလွသည္ ပင္လယ္လုပ္သားတို႔၏အိမ္ျဖစ္သည္။ စက္ေလွ၏ ေနာက္ခန္းအတြင္း ဘလူးတုသ္ေဆာင္းေဘာက္ကို လည္းျမင္ရသည္။ အဝတ္လွန္းထားသည္ကိုလည္း ျမင္ေတြ႕ရ၏။ ထိုစဥ္ ငါးဖမ္းစက္ေလွတစ္စင္း၏ ပဲ့ပိုင္းတြင္ နံနက္စာထမင္းစားေနေသာ ေရလုပ္သား တစ္ဦးကိုျမင္၍ သတိထားၾကည့္မိသည္။ ဟင္းကား ထုံးစံအတိုင္း ငါးဟင္းသာျဖစ္သည္။ ယင္းတစ္မ်ိဳး တည္းသာပါ၏။
ၿမိဳ႕ျပတြင္ ပင္လယ္စာတို႔ေဈးႀကီး၏။ လူ ႀကိဳက္လည္းမ်ားသည္။ ေရလုပ္သားတို႔အတြက္မူ ပင္လယ္စာသည္ လက္တစ္ကမ္းဟင္းသာျဖစ္သည္။ သို႔ေသာ္ ပင္လယ္စာတို႔စားရေသာ္ျငား ေရ လုပ္ သားတို႔၏ဘဝမွာ အခြင့္ထူးခံမ်ားမဟုတ္ၾကပါေခ်။
“ငါးရတဲ့အေပၚမူတည္ၿပီး ပိုက္ဆံရတာ ေလ။ ဒါေၾကာင့္ ေရလုပ္သားေတြက ငါးရဖို႔ကို အားသြန္ ခြန္စိုက္လုပ္ၾကရတယ္။ အခုေတာ့ ငါးရွားေနတာ။ ငါးေရာ ကင္းမြန္ေရာ ရွားတယ္”ဟု ေရလုပ္သား တစ္ ဦးကေျပာျပသည္။
၎ေျပာသည့္အတိုင္း အမွန္ပင္ျဖစ္ေၾကာင္းေတြ႕သည္။ ငါးမ်ားစြာ မေတြ႕ရ။ ငါးမ်ားသည့္ အႀကိမ္ေရမ်ိဳးဆိုလွ်င္ ယခုထက္ ပိုမို၍ ၿမိဳင္ေနဖြယ္ ရွိသည္။ ပထမဦးစြာ ငါးပုံးအတြင္းသို႔ ပလတ္စတစ္ အိတ္ကိုစြပ္သည္။ ထို႔ေနာက္ ငါးထည့္သည္။ ထို႔ျပင္ ေရခဲကိုလည္းထည့္သည္။ ငါးႏွင့္ေရခဲကို ပုံးအတြင္း သမေအာင္ထည့္ၿပီး တာရွည္ခံေစရန္ျပဳလုပ္ၾကျခင္းျဖစ္သည္။
စာေရးသူ၏ ယခု ခရီးတစ္ေလွ်ာက္ႏွင့္ ဂ်လန္းကြၽန္းတြင္လည္း အေအးပုလင္းမ်ားစြာေရာင္း ေနသည္ကိုလည္းေကာင္း၊ ကမ္းေျခတြင္တင္ေနေသာ အမႈိက္အျဖစ္လည္းေကာင္း မ်ားစြာျမင္ရသည္။ ေရ လုပ္သားတို႔သည္ အေအးေသာက္မ်ားၾကသည္ဆို၏။ ယခုစက္ေလွတြင္လည္း အေအးပုလင္း အခ်ိဳ႕ ကို ပင္ လယ္အတြင္းပစ္ခ်ေနသည္ကိုလည္းျမင္ရ၏။ သို႔ ေသာ္ ယင္းေနာက္ကြယ္တြင္ ကိစၥတစ္ခုရွိေန သည္။ ပင္လယ္ျပင္တြင္ ကာလရွည္ေနၿပီး နင္းစရာအမာဆို၍ ေလွကုန္းပတ္တစ္ခုသာရွိေသာ ယင္းေရ လုပ္သားတို႔အတြက္ အပန္းေျဖစရာကား ရွားပါးလွသည္။
အလုပ္လုပ္၊ နား၊ အိပ္ျဖင့္ ေန႔စဥ္လည္ ပတ္ေနရေသာ ယင္းေရလုပ္သားတို႔အတြက္ အပန္းေျဖ ရန္၊ အလုပ္ပိုလုပ္ရန္ ခြန္အားလိုလာသည္။ ထိုအခါ ယင္းကိုအစားထိုးေပးမည့္ မူးယစ္ေဆးက ဝင္လာခဲ့ သည္။ ေရလုပ္သားတိုင္း မူးယစ္ေဆးသုံးၾကသည္မဟုတ္ပါ။ ဘီယာမွလြဲ၍ အျခား မူးယစ္ေစေသာ အရာ မ်ားကို ထိပင္မထိေသာသူမ်ားကိုလည္း စာေရး သူျမင္ခဲ့ဖူး၏။ သို႔ေသာ္ အခ်ိဳ႕ေရလုပ္သားတို႔သည္ မူး ယစ္ေဆး၏သားေကာင္အျဖစ္ ေရာက္လာေနျခင္းမ်ား ရွိေနသည္။
“ဘိန္းစာ႐ြက္ေပါ့။ သူကိုလည္း ေသာက္ၾကတယ္။ ဘိန္းစာ႐ြက္ကို ျပဳတ္ရည္ေသာက္တာလည္း ရွိသလို ေကာ္ဖီတို႔ ဘာတို႔နဲ႔ ဝါးစားတာလည္း ရွိတယ္။ အေအးနဲ႔ေသာက္တာလည္းရွိတယ္။ အမ်ိဳးမ်ိဳး သုံးၾကတာေပါ့။ သူက အေမာခံႏိုင္တယ္။ ေနာက္ ပိုင္းေတာ့ စိတ္ႂကြ႐ူးသြပ္ေဆးျပားကို သုံးလာၾကတာ လည္း ရွိတယ္။ သူကက်ေတာ့ ဒီေနာက္ပိုင္း သုံးတာ မ်ားလာတာေပါ့။ ေန႔ေရာ ညေရာ အလုပ္လုပ္ႏိုင္ တယ္။ အပင္ပန္းခံႏိုင္တယ္။ ဒါေၾကာင့္ သုံးလာၾကတာ” ဟု ေရလုပ္သားတစ္ဦးကဆိုသည္။
ငါးကဲ့ေနစဥ္ မရပ္မနား အလုပ္အလုပ္ ေနၾကေသာ ေရလုပ္သားမ်ားစြာကိုၾကည့္ရင္း ၎က ေျပာေနျခင္းျဖစ္သည္။ စာေရးသူလည္း နားေထာင္ ရင္းလိုက္ၾကည့္မိ၏။ ယခု ေရလုပ္သားမ်ားအတြင္း မည္သူက ေဆးဝါးသုံးစြဲၿပီး မည္သူက မသုံးဆိုျခင္းကို သိႏိုင္စြမ္းမရွိပါ။ သို႔ေသာ္ ယင္းအရာဆိုးႀကီးက ေရလုပ္သားထုအတြင္း တိုးဝင္ေနျခင္းကိုမူ စိတ္မသက္ မသာျဖစ္မိ၏။ ေရလုပ္သားတို႔ကား ေပ်ာ္ေပ်ာ္ ႐ႊင္႐ႊင္ပင္ တစ္ဦးႏွင့္တစ္ဦးစေနာက္ရင္း အလုပ္တို႔ကို လုပ္ေနၾကေလသည္။
ယခုရာသီသည္ ယခင္ႏွစ္မ်ားထက္ ငါး အရနည္းသည္ဟုဆိုေသာ္လည္း အေကာင္ႀကီးေသာ ေရာင္းတန္းဝင္ ငါးအမ်ားစုပါဝင္သည္။ ၿမိဳ႕တြင္ ေဈးေကာင္းရမည့္ငါးမ်ားျဖစ္သည္။ သို႔ေသာ္ ယင္းငါးတို႔ သည္ ထိုင္းဘက္သို႔ေရာက္မည့္ငါးမ်ားပင္။ ယခုကဲ့ ထားေသာငါးမ်ားကို စက္ေလွျဖင့္ ေကာ့ေသာင္းသို႔ ဝင္ၿပီး ယင္းမွတစ္ဆင့္ ထိုင္းႏိုင္ငံရေနာင္းၿမိဳ႕သို႔ ပို႔မည္ျဖစ္သည္။
NP News က စုံစမ္းသိရွိရေသာအခ်က္အလက္မ်ားအရ အၾကမ္းဖ်င္းအားျဖင့္ ေကာ့ေသာင္း ဆိပ္ ကမ္းသို႔ကပ္ေသာ ကဲ့ေလွတစ္စင္းလွ်င္ တာဝန္ရွိသူမ်ားထံ ဘတ္ငါးေသာင္းေပးရကာ အျခားအမည္တပ္ မရေသာ ေပးေခ်ရျခင္းမ်ားလည္း ရွိေသးသည္။ ယင္းတို႔အနက္ ႏိုင္ငံ့ဘ႑ာအတြင္း မည္မွ် ျပန္ဝင္သည္ ကိုမသိရပါ။ ထို႔ျပင္ ဆီဖိုးကလည္း ရွိေနေလရာ အေထြေထြစရိတ္မ်ားပါထည့္ေပါင္းလိုက္လွ်င္ ကုန္က် ေငြက မေသးလွေပ။
“ထိုင္းဘက္က တစ္ေသာင္းပဲေပးရတာ။ ေကာ့ေသာင္းကို ဝင္တာနဲ႔တင္ေပးရတာကမ်ားေန ေတာ့ စက္ေလွသမားေတြအဆင္မေျပဘူး။ ေကာ့ေသာင္းက တစ္ရက္ကို အဝင္တင္ဆယ္စင္းေလာက္ရွိ တယ္။ ၿမိတ္က စက္ေလွကလည္း ေကာ့ေသာင္းကိုပဲလာကပ္တာ။ ကြၽန္ေတာ္တို႔ အဲဒါေတြ ေပးရတာနဲ႔ ငါးနဲ႔ဆို ဘယ္လိုမွအဆင္မေျပဘူး” ဟု ပဲ့နင္းတစ္ဦးက ဆိုသည္။
ယင္း ငါးကဲ့သည့္အခ်ိန္ကို နာရီ အတန္ ၾကာေစာင့္ဆိုင္းရေသာေၾကာင့္ အျပန္ခရီးကား အလာ ခရီးထက္ပင္ပိုၾကာသြားသည္။ ကဲ့ေလွတြင္လည္း ကုန္ျပည့္သြားၿပီျဖစ္ေသာေၾကာင့္ တအိအိျဖင့္ ေကာ့ ေသာင္းၿမိဳ႕ဘက္ဦးတည္ခဲ့ၿပီျဖစ္သည္။
လမ္းတြင္ လႈိင္းမႀကီးေတာ့ဟုထင္သည့္အတြက္ စာေရးသူႏွင့္ ဒုတိယ ဂ်လန္းကြၽန္းဆရာေတာ္ ႀကီးႏွင့္အတူ ပါလာေသာဦးပၪၥင္းတို႔ စက္ေလွ ၏ဦးပိုင္းတြင္သြားထိုင္ေနၾကသည္။ လင္းလင္း ရွင္းရွင္း ျဖစ္ၿပီျဖစ္သည့္အတြက္ ပတ္ဝန္းက်င္မွကြၽန္းမ်ား ကိုျမင္ရေလရာ ရႈခင္းအလွကို ေငးေမာ၍မွမဝမီ လႈိင္းႀကဳံရျပန္သည္။
မၾကာမီေလ်ာ့ပါးလိမ့္မည္ဟုထင္ေသာ္လည္း လႈိင္းက စက္ေလွကိုပုတ္၍စဥ္လာေသာေရစက္တို႔ သည္ ကုန္းပတ္ကို႐ႊဲ႐ႊဲစိုေစျပန္၏။ သို႔ေသာ္ စာေရးသူ တို႔မထရဲေတာ့ပါ။ ကိုယ္လုံးကို ေရစက္တို႔ အနည္း ငယ္စဥ္ေနေသာ္လည္း ထသြားလွ်င္ လႈိင္းအလူး ေၾကာင့္ ဟန္ခ်က္ပ်က္ၿပီး ပင္လယ္အတြင္း က်သြား မည္ကိုလည္းစိုးသည္။ စက္ေလွအဖြဲ႕သားတို႔ ကြၽမ္း က်င္စြာကူးသန္းသြားလာေနၾကသည္ကိုေငးၾကည့္ ရင္း စကားေဖာင္ဖြဲ႕ေအာင္သာ ေျပာေနလိုက္ၾကေတာ့ သည္။ ယင္းသို႔ျဖင့္ သြားရင္း ေကာ့ေသာင္းၿမိဳ႕ကို ျမင္ရသည္။ သို႔ေသာ္ ျမင္သာျမင္ မၾကင္ရေသာဘဝ ပင္။ ၿမိဳ႕ကိုျမင္လ်က္ႏွင့္ ေလးဆယ့္ငါးမိနစ္ခန႔္ၾကာ ေအာင္ထပ္စီးရေသး၏။ ညေနပိုင္း (၃)နာရီခန႔္တြင္ ကား ေကာ့ေသာင္းၿမိဳ႕သို႔ ဆိုက္ေရာက္ေလေတာ့ သည္။

Related news

© 2021. All rights reserved.