မြန်မာနိုင်ငံ မှ ပါတီများ၊ အဖွဲ့အစည်းများ အနေဖြင့် အခြေခံဥပဒေ နှင့် ဥပဒေဘောင်အတွင်းက ဆွေးနွေးညှိနှိုင်း သင့်ကြောင်း တရုတ် ပြော

683
သုတကျော် (NP News) – ဩဂုတ် ၂၀
မြန်မာနိုင်ငံ မှ ပါတီများ၊ အဖွဲ့အစည်းများ အနေဖြင့် အခြေခံဥပဒေ နှင့် ဥပဒေဘောင်အတွင်းက ဆွေးနွေးညှိနှိုင်း သင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ Mao Ning က ယင်း ဝန်ကြီးဌာန ၏ ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
မြန်မာ့ရွေးကောက်ပွဲ နှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် AFP သတင်းဌာန က မေးမြန်းခဲ့သည့် အပေါ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ၏ အထွေထွေ ရွေးကောက်ပွဲ ဆိုခြင်းမှာ မြန်မာ၏ ပြည်တွင်းရေး ကိစ္စ သာ ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။
“တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ပါတီတွေနဲ့ အင်အားစုတွေအားလုံးဟာ နိုင်ငံနဲ့ လူမျိုးရဲ့ ရေရှည်အကျိုးစီးပွားကို စိတ်ထဲမှာ ထည့်သွင်းစဉ်းစားဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေတွေရဲ့ မူဘောင်အတွင်းမှာ ဆွေးနွေးမှုတွေနဲ့ ပြန်လည်သင့်မြတ်ရေးကို ရှာဖွေဖို့၊ နိုင်ငံအတွင်း လူမှုတည်ငြိမ်ရေးကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ရရှိအောင် လုပ်ဆောင်ဖို့နဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို မြှင့်တင်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ရပ်တည်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
ျမန္မာႏိုင္ငံ မွ ပါတီမ်ား၊ အဖြဲ႕အစည္းမ်ား အေနျဖင့္ အေျခခံဥပေဒ ႏွင့္ ဥပေဒေဘာင္အတြင္းက ေဆြးေႏြးညႇိႏႈိင္း သင့္ေၾကာင္း တ႐ုတ္ ေျပာ
သုတေက်ာ္ (NP News) – ဩဂုတ္ ၂၀
ျမန္မာႏိုင္ငံ မွ ပါတီမ်ား၊ အဖြဲ႕အစည္းမ်ား အေနျဖင့္ အေျခခံဥပေဒ ႏွင့္ ဥပေဒေဘာင္အတြင္းက ေဆြးေႏြးညႇိႏႈိင္း သင့္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ၏ ေျပာေရးဆိုခြင့္ရွိသူ Mao Ning က ယင္း ဝန္ႀကီးဌာန ၏ ပုံမွန္ သတင္းစာ ရွင္းလင္းပြဲတြင္ ေျပာသည္။
ျမန္မာ့ေ႐ြးေကာက္ပြဲ ႏွင့္ ပတ္သက္၍ တစ္စုံတစ္ရာ မွတ္ခ်က္ေပးရန္ AFP သတင္းဌာန က ေမးျမန္းခဲ့သည့္ အေပၚ ၎က အထက္ပါ အတိုင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ျမန္မာႏိုင္ငံ ၏ အေထြေထြ ေ႐ြးေကာက္ပြဲ ဆိုျခင္းမွာ ျမန္မာ၏ ျပည္တြင္းေရး ကိစၥ သာ ျဖစ္ေၾကာင္း လည္း ၎က ဆိုသည္။
“တ႐ုတ္ႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံက ပါတီေတြနဲ႔ အင္အားစုေတြအားလုံးဟာ ႏိုင္ငံနဲ႔ လူမ်ိဳးရဲ႕ ေရရွည္အက်ိဳးစီးပြားကို စိတ္ထဲမွာ ထည့္သြင္းစဥ္းစားဖို႔၊ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ ဥပေဒေတြရဲ႕ မူေဘာင္အတြင္းမွာ ေဆြးေႏြးမႈေတြနဲ႔ ျပန္လည္သင့္ျမတ္ေရးကို ရွာေဖြဖို႔၊ ႏိုင္ငံအတြင္း လူမႈတည္ၿငိမ္ေရးကို တတ္ႏိုင္သမွ် အျမန္ဆုံး ျပန္လည္ရရွိေအာင္ လုပ္ေဆာင္ဖို႔နဲ႔ ႏိုင္ငံေရး အသြင္ကူးေျပာင္းမႈ လုပ္ငန္းစဥ္ကို ျမႇင့္တင္ေဆာင္႐ြက္ဖို႔ လိုအပ္တယ္လို႔ရပ္တည္ထားပါတယ္” ဟု ၎က ဆိုသည္။