နိုင်ငံရေးပါတီများ သတ်မှတ်အရေအတွက်ပြည့်မီရေး ဆောင်ရွက်ပြီး ကော်မရှင်သို့ နောက်ဆုံးတင်ပြရမည့်နေ့ရက်ကို သတ်မှတ်ကြေညာ

 204

ပီယ (NP News) - သြဂုတ် ၂၀

နိုင်ငံရေးပါတီများ သတ်မှတ်အရေအတွက်ပြည့်မီရေး ဆောင်ရွက်ပြီး ကော်မရှင်သို့ နောက်ဆုံးတင်ပြရမည့်နေ့ရက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကြေညာထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ယခုနှစ် ဒီဇင်ဘာ လ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၁ ) ကို စတင်ကျင်းပမည်ဖြစ်ကြောင်း ကြေညာချက်အမှတ် ( ၅၅ / ၂၀၂၅ ) ဖြင့် ထုတ်ပြန်ကြေညာထားသည်။

နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ ( စ ) အရ ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့်နေ့ရက်အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး (သို့) ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကိုလည်းကောင်း စည်းရုံးရမည်ဖြစ်ကြောင်း သိရသည်။

ပါတီရုံးခန်းဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ (ဇ) အရ ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့် နေ့ရက်အတွင်း ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး သုံးပုံတစ်ပုံ၌လည်းကောင်း၊ တိုင်းဒေသကြီး (သို့) ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ၅ မြို့နယ်၌လည်းကောင်း ပါတီရုံးခန်းများ ဖွင့်လှစ်ရမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပမည့်ရွေးကောက်ပွဲတွင် ပါတီများ အားလုံးပါဝင်နိုင်ရေးအတွက် ရည်မှန်းကာ ပါတီဝင်ဦးရေပြည့်မီစေရေးနှင့် သတ်မှတ်ပါတီရုံးခန်း အရေအတွက် ပြည့်မီအောင်ဖွင့်လှစ်နိုင်ရေးအချိန်မီဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများသို့ ကြိုတင်အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။ သတ်မှတ်ရက်အတွင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ အရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံရေးပါတီများ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ ( စ ) နှင့် ( ဇ ) တို့အရ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် ပြည့်မီရေး ဆောင်ရွက်ပြီး ကော်မရှင်သို့ နောက်ဆုံးတင်ပြရမည့်နေ့ရက်ကို ၇ - ၉ - ၂၀၂၅ ( တနင်္ဂနွေနေ့ ) သတ်မှတ်ကြောင်း ဖော်ပြထားသည်။

Zawgyi Version:
ႏိုင္ငံေရးပါတီမ်ား သတ္မွတ္အေရအတြက္ျပည့္မီေရး ေဆာင္႐ြက္ၿပီး ေကာ္မရွင္သို႔ ေနာက္ဆုံးတင္ျပရမည့္ေန႔ရက္ကို သတ္မွတ္ေၾကညာ
ပီယ (NP News) - ၾသဂုတ္ ၂၀

ႏိုင္ငံေရးပါတီမ်ား သတ္မွတ္အေရအတြက္ျပည့္မီေရး ေဆာင္႐ြက္ၿပီး ေကာ္မရွင္သို႔ ေနာက္ဆုံးတင္ျပရမည့္ေန႔ရက္ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က သတ္မွတ္ေၾကညာထားသည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ယခုႏွစ္ ဒီဇင္ဘာ လ ၂၈ ရက္တြင္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ အပိုင္း ( ၁ ) ကို စတင္က်င္းပမည္ျဖစ္ေၾကာင္း ေၾကညာခ်က္အမွတ္ ( ၅၅ / ၂၀၂၅ ) ျဖင့္ ထုတ္ျပန္ေၾကညာထားသည္။

ႏိုင္ငံေရးပါတီမ်ား၏ ပါတီဝင္အင္အားစာရင္းႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္း ဥပေဒ ပုဒ္မ ၅ ပုဒ္မခြဲ ( စ ) အရ ေ႐ြးေကာက္ပြဲက်င္းပမည့္ေန႔ရက္မတိုင္မီ အနည္းဆုံး ရက္ေပါင္း ၉၀ ႀကိဳတင္၍ ေကာ္မရွင္က အမိန႔္ေၾကာ္ျငာစာျဖင့္ ထုတ္ျပန္သည့္ေန႔ရက္အတြင္း ျပည္ေထာင္စုတစ္ဝန္းလုံးစည္း႐ုံးမည့္ပါတီျဖစ္ပါက ပါတီဝင္ဦးေရ အနည္းဆုံး ၅၀၀၀၀ ကိုလည္းေကာင္း၊ တိုင္းေဒသႀကီး (သို႔) ျပည္နယ္တစ္ခုအတြင္း၌သာ စည္း႐ုံးမည့္ ပါတီျဖစ္ပါက ပါတီဝင္ဦးေရ အနည္းဆုံး ၁၀၀၀ ကိုလည္းေကာင္း စည္း႐ုံးရမည္ျဖစ္ေၾကာင္း သိရသည္။

ပါတီ႐ုံးခန္းဖြင့္လွစ္ျခင္းႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္း ဥပေဒ ပုဒ္မ ၅ ပုဒ္မခြဲ (ဇ) အရ ေ႐ြးေကာက္ပြဲက်င္းပမည့္ေန႔ရက္မတိုင္မီ အနည္းဆုံး ရက္ေပါင္း ၉၀ ႀကိဳတင္၍ ေကာ္မရွင္က အမိန႔္ေၾကာ္ျငာစာျဖင့္ ထုတ္ျပန္သည့္ ေန႔ရက္အတြင္း ျပည္ေထာင္စုတစ္ဝန္းလုံး စည္း႐ုံးမည့္ပါတီျဖစ္ပါက ျပည္ေထာင္စုတစ္ဝန္းလုံးရွိ ၿမိဳ႕နယ္အားလုံး၏ အနည္းဆုံး သုံးပုံတစ္ပုံ၌လည္းေကာင္း၊ တိုင္းေဒသႀကီး (သို႔) ျပည္နယ္တစ္ခုအတြင္း၌သာ စည္း႐ုံးမည့္ပါတီျဖစ္ပါက ထိုတိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္အားလုံး၏ အနည္းဆုံး ၅ ၿမိဳ႕နယ္၌လည္းေကာင္း ပါတီ႐ုံးခန္းမ်ား ဖြင့္လွစ္ရမည္ျဖစ္ေၾကာင္း သိရသည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သည္ က်င္းပမည့္ေ႐ြးေကာက္ပြဲတြင္ ပါတီမ်ား အားလုံးပါဝင္ႏိုင္ေရးအတြက္ ရည္မွန္းကာ ပါတီဝင္ဦးေရျပည့္မီေစေရးႏွင့္ သတ္မွတ္ပါတီ႐ုံးခန္း အေရအတြက္ ျပည့္မီေအာင္ဖြင့္လွစ္ႏိုင္ေရးအခ်ိန္မီေဆာင္႐ြက္ႏိုင္ရန္ ႏိုင္ငံေရးပါတီမ်ားသို႔ ႀကိဳတင္အေၾကာင္းၾကားခဲ့ၿပီး ျဖစ္ပါသည္။ သတ္မွတ္ရက္အတြင္း ေဆာင္႐ြက္ႏိုင္ျခင္းမရွိပါက ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္း ဥပေဒပုဒ္မ ၁၂ အရ အေရးယူေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ႏိုင္ငံေရးပါတီမ်ား ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ ပုဒ္မ ၅ ပုဒ္မခြဲ ( စ ) ႏွင့္ ( ဇ ) တို႔အရ ပါတီဝင္ဦးေရႏွင့္ ပါတီ႐ုံးခန္းမ်ား သတ္မွတ္အေရအတြက္ ျပည့္မီေရး ေဆာင္႐ြက္ၿပီး ေကာ္မရွင္သို႔ ေနာက္ဆုံးတင္ျပရမည့္ေန႔ရက္ကို ၇ - ၉ - ၂၀၂၅ ( တနဂၤေႏြေန႔ ) သတ္မွတ္ေၾကာင္း ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.