ယူကရိန်းက ခရိုင်းမီးယားကျွန်းဆွယ်ကို ပြန်လည်ရရှိဖို့နဲ့ နေတိုးအဖွဲ့ဝင်ဖြစ်လာဖို့က မဖြစ်နိုင်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော

283

Pika(NP News)
ခရိုင်းမီးယားကျွန်းဆွယ်ကို ယူကရိန်းကိုပြန်ပေးဖို့ ဒါမှမဟုတ် ယူကရိန်းကနေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လာဖို့က မဖြစ်နိုင်ဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ယူကရိန်းဟာ ခရိုင်းမီးယားကျွန်းဆွယ်ကို ပြန်လည်ရရှိအောင်ကြိုးပမ်းရာမှာ အကူအညီရယူဖို့အတွက် နေတိုးအဖွဲ့ကို ချဉ်းကပ်ခဲ့တယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”ခရိုင်းမီးယားကျွန်းဆွယ်ကို ပြန်လိုချင်တယ်လို့ ယူကရိန်းကပြောခဲ့ပါတယ်။ပြီးတော့ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ချင်တယ်လို့လည်း ယူကရိန်းကပြောခဲ့ပါတယ်။သူတို့ပြောခဲ့တဲ့နှစ်ခုစလုံးက လုံးဝမဖြစ်နိုင်ပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။ရုရှားအစိုးရဟာ (၂၀၁၄)ခုနှစ်မှာ ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တည်းကစတင်ကာ နယ်မြေအငြင်းပွားမှုတွေဖြစ်ပွားနေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒေါ်နယ်ထရမ့်နဲ့ဇီလန်စကီးတို့ကြား တွေ့ဆုံမှုတစ်ခုလုပ်ဆောင်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါ့ပြင် အိမ်ဖြူတော်မှာလုပ်ဆောင်ခဲ့တဲ့ ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံမှုကို ကောင်းမွန်တဲ့ဆွေးနွေးပွဲတစ်ခုအဖြစ် ဇီလန်စကီးက ချီးကျူးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းက ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ျပန္လည္ရရွိဖို႔နဲ႔ ေနတိုးအဖြဲ႕ဝင္ျဖစ္လာဖို႔က မျဖစ္ႏိုင္ဘူးလို႔ ေဒၚနယ္ထရမ့္ေျပာ
Pika(NP News)
ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ယူကရိန္းကိုျပန္ေပးဖို႔ ဒါမွမဟုတ္ ယူကရိန္းကေနတိုးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္လာဖို႔က မျဖစ္ႏိုင္ဘူးလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ယူကရိန္းဟာ ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ျပန္လည္ရရွိေအာင္ႀကိဳးပမ္းရာမွာ အကူအညီရယူဖို႔အတြက္ ေနတိုးအဖြဲ႕ကို ခ်ဥ္းကပ္ခဲ့တယ္လို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ျပန္လိုခ်င္တယ္လို႔ ယူကရိန္းကေျပာခဲ့ပါတယ္။ၿပီးေတာ့ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္ခ်င္တယ္လို႔လည္း ယူကရိန္းကေျပာခဲ့ပါတယ္။သူတို႔ေျပာခဲ့တဲ့ႏွစ္ခုစလုံးက လုံးဝမျဖစ္ႏိုင္ပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။႐ုရွားအစိုးရဟာ (၂၀၁၄)ခုႏွစ္မွာ ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို သိမ္းပိုက္ခဲ့တာျဖစ္ၿပီး အဲ့ဒီအခ်ိန္တည္းကစတင္ကာ နယ္ေျမအျငင္းပြားမႈေတြျဖစ္ပြားေနခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေဒၚနယ္ထရမ့္နဲ႔ဇီလန္စကီးတို႔ၾကား ေတြ႕ဆုံမႈတစ္ခုလုပ္ေဆာင္ခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ဒါ့ျပင္ အိမ္ျဖဴေတာ္မွာလုပ္ေဆာင္ခဲ့တဲ့ ေဒၚနယ္ထရမ့္နဲ႔ေတြ႕ဆုံမႈကို ေကာင္းမြန္တဲ့ေဆြးေႏြးပြဲတစ္ခုအျဖစ္ ဇီလန္စကီးက ခ်ီးက်ဴးေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။