ယူကရိန်းသမ္မတက လိုက်လျောညီထွေဖြစ်မှုတွေကို ပြသရမယ်လို့ ဗြိတိန်သံအမတ်ကြီးပြော

 242

Pika(NP News)
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွင်း လိုက်လျောညီထွေဖြစ်အောင်နေဖို့ ယူကရိန်းသမ္မတဇီလန်စကီးကို အနောက်အုပ်စုနိုင်ငံတွေက တွန်းအားပေးသင့်တယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ပီတာမန်ဒယ်လ်ဆန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် အနောက်အုပ်စုနိုင်ငံတွေက ကမ်းလှမ်းထားတဲ့ လုံခြုံရေးအာမခံချက်တွေဟာ ပြည်တွင်းအတိုက်အခံတွေလျော့နည်းအောင် ဇီလန်စကီးကို ကူညီပေးနိုင်တယ်လို့လည်း ပီတာမန်ဒယ်လ်ဆန်က ပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက အိမ်ဖြူတော်မှာလုပ်ဆောင်ခဲ့တဲ့ ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံမှုအတွင်း အလားအလာရှိတဲ့နယ်မြေလဲလှယ်မှုတွေကို ဆွေးနွေးခဲ့တယ်လို့ ဇီလန်စကီးကပြောကြားခဲ့ပါတယ်။ဒါ့ပြင် ထာဝရငြိမ်းချမ်းရေးသဘောတူညီချက်အတွက် ချက်ချင်းအပစ်အခတ်ရပ်စဲရေးက မရှိမဖြစ်လိုအပ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က အကြံပြုပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ဇီလန်စကီးဟာ ယူကရိန်းမှာဖြစ်ပွားနေတဲ့ သဘောထားတင်းမာမှုတွေကို ကျော်လွှားနိုင်ဖို့အတွက် နိုင်ငံရေးအရရုန်းထွက်နိုင်ဖို့ လိုအပ်တယ်လို့လည်း ပီတာမန်ဒယ်လ်ဆန်ကပြောကြားခဲ့ပါတယ်။ပီတာမန်ဒယ်လ်ဆန်က”ဇီလန်စကီးဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွင်းမှာ လိုက်လျောညီထွေဖြစ်နေဖို့လိုအပ်ပါတယ်။သူ့ရဲ့လိုက်လျောညီထွေဖြစ်အောင်နေနိုင်မှုက ယူကရိန်းကို ဘေးကင်းစေပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းသမၼတက လိုက္ေလ်ာညီေထြျဖစ္မႈေတြကို ျပသရမယ္လို႔ ၿဗိတိန္သံအမတ္ႀကီးေျပာ
Pika(NP News)
ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြအတြင္း လိုက္ေလ်ာညီေထြျဖစ္ေအာင္ေနဖို႔ ယူကရိန္းသမၼတဇီလန္စကီးကို အေနာက္အုပ္စုႏိုင္ငံေတြက တြန္းအားေပးသင့္တယ္လို႔ အေမရိကန္ႏိုင္ငံဆိုင္ရာ ၿဗိတိန္သံအမတ္ႀကီး ပီတာမန္ဒယ္လ္ဆန္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ အေနာက္အုပ္စုႏိုင္ငံေတြက ကမ္းလွမ္းထားတဲ့ လုံၿခဳံေရးအာမခံခ်က္ေတြဟာ ျပည္တြင္းအတိုက္အခံေတြေလ်ာ့နည္းေအာင္ ဇီလန္စကီးကို ကူညီေပးႏိုင္တယ္လို႔လည္း ပီတာမန္ဒယ္လ္ဆန္က ေျပာၾကားခဲ့ပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းက အိမ္ျဖဴေတာ္မွာလုပ္ေဆာင္ခဲ့တဲ့ ေဒၚနယ္ထရမ့္နဲ႔ေတြ႕ဆုံမႈအတြင္း အလားအလာရွိတဲ့နယ္ေျမလဲလွယ္မႈေတြကို ေဆြးေႏြးခဲ့တယ္လို႔ ဇီလန္စကီးကေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ ထာဝရၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္အတြက္ ခ်က္ခ်င္းအပစ္အခတ္ရပ္စဲေရးက မရွိမျဖစ္လိုအပ္တယ္လို႔လည္း ေဒၚနယ္ထရမ့္က အႀကံျပဳေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ဇီလန္စကီးဟာ ယူကရိန္းမွာျဖစ္ပြားေနတဲ့ သေဘာထားတင္းမာမႈေတြကို ေက်ာ္လႊားႏိုင္ဖို႔အတြက္ ႏိုင္ငံေရးအရ႐ုန္းထြက္ႏိုင္ဖို႔ လိုအပ္တယ္လို႔လည္း ပီတာမန္ဒယ္လ္ဆန္ကေျပာၾကားခဲ့ပါတယ္။ပီတာမန္ဒယ္လ္ဆန္က”ဇီလန္စကီးဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြအတြင္းမွာ လိုက္ေလ်ာညီေထြျဖစ္ေနဖို႔လိုအပ္ပါတယ္။သူ႔ရဲ႕လိုက္ေလ်ာညီေထြျဖစ္ေအာင္ေနႏိုင္မႈက ယူကရိန္းကို ေဘးကင္းေစပါလိမ့္မယ္။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.