အမေရိကန်၏အခွန်စည်းကြပ်မှုမတိုင်မီ အိန္ဒိယအစိုးရက ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုပြုလုပ်

 347

Pika(NP News)
နျူကလီးယားထိပ်ဖူးပေါင်းများစွာသယ်ဆောင်နိုင်သော တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်မှုများလုပ်ဆောင်ခဲ့ကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။အဆိုပါစမ်းသပ်ပစ်လွှတ်မှုသည် ခြိမ်းခြောက်ထားသောအမေရိကန်၏အခွန်စည်းကြပ်မှုများမတိုင်မီ အင်အားပြသခြင်းမျိုး ဖြစ်ပုံပေါ်ကြောင်း သုံးသပ်ပြောဆိုမှုများလည်းရှိနေသည်။ Agni-5 တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်ကို အိန္ဒိယနိုင်ငံအရှေ့ပိုင်း အိုဒီရှာပြည်နယ်တွင် အောင်မြင်စွာလွှတ်တင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစမ်းသပ်ပစ်လွှတ်မှုသည် စစ်ဆင်ရေးနှင့်နည်းပညာဆိုင်ရာကန့်သတ်ချက်များအားလုံးနှင့် တရားဝင်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ပြောကြားခဲ့သည်။ရုရှားရေနံဝယ်ယူခြင်းအားရပ်တန့်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏တောင်းဆိုမှုများကို အိန္ဒိယအစိုးရက မလိုက်လျောဘူးဆိုပါက အိန္ဒိယအပေါ် အမေရိကန်၏အခွန်စည်းကြပ်မှုကို (၂၅)ရာခိုင်နှုန်းမှ(၅၀)ရာခိုင်နှုန်းသို့ နှစ်ဆမတိုးမီ သီတင်းပတ်တစ်ပတ်အလိုတွင် အဆိုပါစမ်းသပ်ပစ်လွှတ်မှုထွက်ပေါ်လာခြင်းဖြစ်သည်။အိန္ဒိယအစိုးရသည် Agni-5တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်ကို (၂၀၂၄)ခုနှစ် မတ်လတွင် နောက်ဆုံးအကြိမ်စမ်းသပ်မှုများလုပ်ဆောင်ခဲ့ပြီးနောက် အချိန်(၁)နှစ်ကျော်အကြာတွင် ယခုလိုစမ်းသပ်ပစ်လွှတ်မှုများ ထပ်မံလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ထို့ပြင် အမေရိကန်၏ အခွန်စည်းကြပ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် အိန္ဒိယအစိုးရသည် စွမ်းအင်လွတ်လပ်မှု၊ ကိုယ်ပိုင်ကာကွယ်ရေးစနစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်အတူ မိမိကိုယ်ကိုအားကိုးရန် ကြိုးပမ်းနေကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီက ယခုလအစောပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

Zawgyi Version:
အေမရိကန္၏အခြန္စည္းၾကပ္မႈမတိုင္မီ အိႏၵိယအစိုးရက ပဲ့ထိန္းဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈျပဳလုပ္
Pika(NP News)
န်ဴကလီးယားထိပ္ဖူးေပါင္းမ်ားစြာသယ္ေဆာင္ႏိုင္ေသာ တာလတ္ပစ္ပဲ့ထိန္းဒုံးက်ည္ကို စမ္းသပ္ပစ္လႊတ္မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း အိႏၵိယအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့သည္။အဆိုပါစမ္းသပ္ပစ္လႊတ္မႈသည္ ၿခိမ္းေျခာက္ထားေသာအေမရိကန္၏အခြန္စည္းၾကပ္မႈမ်ားမတိုင္မီ အင္အားျပသျခင္းမ်ိဳး ျဖစ္ပုံေပၚေၾကာင္း သုံးသပ္ေျပာဆိုမႈမ်ားလည္းရွိေနသည္။ Agni-5 တာလတ္ပစ္ပဲ့ထိန္းဒုံးက်ည္ကို အိႏၵိယႏိုင္ငံအေရွ႕ပိုင္း အိုဒီရွာျပည္နယ္တြင္ ေအာင္ျမင္စြာလႊတ္တင္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါစမ္းသပ္ပစ္လႊတ္မႈသည္ စစ္ဆင္ေရးႏွင့္နည္းပညာဆိုင္ရာကန႔္သတ္ခ်က္မ်ားအားလုံးႏွင့္ တရားဝင္ေၾကာင္း အာဏာပိုင္မ်ားက ထုတ္ျပန္ေျပာၾကားခဲ့သည္။႐ုရွားေရနံဝယ္ယူျခင္းအားရပ္တန႔္ရန္ အေမရိကန္သမၼတေဒၚနယ္ထရမ့္၏ေတာင္းဆိုမႈမ်ားကို အိႏၵိယအစိုးရက မလိုက္ေလ်ာဘူးဆိုပါက အိႏၵိယအေပၚ အေမရိကန္၏အခြန္စည္းၾကပ္မႈကို (၂၅)ရာခိုင္ႏႈန္းမွ(၅၀)ရာခိုင္ႏႈန္းသို႔ ႏွစ္ဆမတိုးမီ သီတင္းပတ္တစ္ပတ္အလိုတြင္ အဆိုပါစမ္းသပ္ပစ္လႊတ္မႈထြက္ေပၚလာျခင္းျဖစ္သည္။အိႏၵိယအစိုးရသည္ Agni-5တာလတ္ပစ္ပဲ့ထိန္းဒုံးက်ည္ကို (၂၀၂၄)ခုႏွစ္ မတ္လတြင္ ေနာက္ဆုံးအႀကိမ္စမ္းသပ္မႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ အခ်ိန္(၁)ႏွစ္ေက်ာ္အၾကာတြင္ ယခုလိုစမ္းသပ္ပစ္လႊတ္မႈမ်ား ထပ္မံလုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။ထို႔ျပင္ အေမရိကန္၏ အခြန္စည္းၾကပ္မႈမ်ားႏွင့္ ရင္ဆိုင္ေနရခ်ိန္တြင္ အိႏၵိယအစိုးရသည္ စြမ္းအင္လြတ္လပ္မႈ၊ ကိုယ္ပိုင္ကာကြယ္ေရးစနစ္မ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ႏွင့္အတူ မိမိကိုယ္ကိုအားကိုးရန္ ႀကိဳးပမ္းေနေၾကာင္း အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီက ယခုလအေစာပိုင္းတြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.