ပလက်ဝမြို့နယ်မှ AA အမြန်ဆုံး ထွက်ခွာပေးရန် KAJ ထုတ်ပြန်

 865

Pearl (NP News) - သြဂုတ် ၂၂

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ AA အမြန်ဆုံး ထွက်ခွာပေးရန် Khumi Association Japan (KAJ) က ယနေ့ (သြဂုတ်လ ၂၂ ရက်) တွင် ထုတ်ပြန်ထားသည်။
ချင်းပြည်နယ် နယ်နိမိတ်အား ပြည်တွင်း၊ ပြည်ပရှိ ဒေသခံချင်းလူထုများ၏ သဘောတူညီမှု မရှိဘဲ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အား ရခိုင်ပြည်နယ်၏ (၈) ခုမြောက်ခရိုင်တစ်ခုအဖြစ် ULA/AA ကြေညာခြင်းသည် အာဏာရှင်စနစ်ကဲ့သို့ စစ်ရေးသိမ်းပိုက်ဖိနှိပ်မှုတစ်ခုဖြစ်ပြီး ချင်းပြည်သူများအပေါ် လက်နက်အားကိုး ကိုလိုနီပြုခြင်းဖြစ်ကြောင်း KAJ က ထုတ်ပြန်ထားသည်။

AA ၏ လုပ်ရပ်သည် မြန်မာနိုင်ငံတော်၏ အခြေခံဥပဒေမူများနှင့် ဆန့်ကျင်ကာ ပင်လုံစာချုပ်အပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းနှင့် တရားဥပဒေစိုးမိုးရေးစနစ်ကို ချိုးဖောက်ဖီဆန်ခြင်းဖြစ်သည့်အပြင် ချင်းပြည်နယ်၏ ပြည်သူ့အခွင့်အာဏာကို မထီမဲ့မြင်ပြုနေခြင်းဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားထားသည်။

ပလက်ဝမြို့နယ်အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်မှစ၍ ULA/AA ထိန်းချုပ်မှုအောက်တွင် လူသတ်မှု (၆) ကြိမ်၊ မုဒိမ်းမှု (၅) ကြိမ်၊ ဒေသခံနေအိမ်များတွင် ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ ပိုင်နက်ကျူးကျော်နေထိုင်ခြင်း၊ ဘာသာရေးနှင့်သက်ဆိုင်သောလှုပ်ရှားမှုများ လွတ်လပ်မှုမရှိခြင်းနှင့် ဘာသာရေးအမှုဆောင်များကို AA ၏ အဖွဲ့ဝင်များမှ ကိုယ်ထိလက်ရောက်အကြမ်းဖက်ခံရခြင်း စသည်ဖြင့် အမျိုးမျိုး အကြမ်းဖက်၍ လူ့အခွင့်အရေး ဆိုးရွားစွာချိုးဖောက်မှုများ အမြင့်ဆုံးစံချိန်တင် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြည်တွင်း၊ ပြည်ပရှိ ပလက်ဝဒေသခံ ချင်းပြည်သူလူထုများသည် ပလက်ဝမြို့နယ်အတွင်း၌ AA ၏ နိုင်ငံရေးရပ်တည်ချက်များနှင့် အုပ်ချုပ်ရေးစနစ်များ အကောင်အထည်ဖော်ဆောင်ရွက်မှုများအား လက်ခံမည် မဟုတ်ကြောင်း နှင့် ပလက်ဝမြို့နယ်မှ AA အမြန်ဆုံး ချက်ချင်းထွက်ခွာပေးရန် (KAJ) မှ ပြောဆိုထားသည်။

လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပြည်တွင်း၊ ပြည်ပရှိ ချင်းပြည်သူလူထုများ၏ ငြိမ်းချမ်းစွာ ဆန့်ကျင်ခြင်း (Resistance of the People) ဆောင်ရွက်မည်ဖြစ်၏ AA ၏ (၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင်ဖော်ပြခဲ့သော “ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အား ရခိုင်ပြည်နယ်၏ (၈) ခုမြောက်ခရိုင်တစ်ခုအဖြစ်သတ်မှတ်သည့် ကြေညာချက်နှင့် ပလက်ဝမြို့နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများမရှိ” ဟူသော ငြင်းဆိုချက်များအား Khumi Association Japan (KAJ) မှ ပြင်းထန်စွာကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ထားသည်။

ပလက္ဝၿမိဳ႕နယ္မွ AA အျမန္ဆုံး ထြက္ခြာေပးရန္ KAJ ထုတ္ျပန္
Pearl (NP News) - ၾသဂုတ္ ၂၂

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွ AA အျမန္ဆုံး ထြက္ခြာေပးရန္ Khumi Association Japan (KAJ) က ယေန႔ (ၾသဂုတ္လ ၂၂ ရက္) တြင္ ထုတ္ျပန္ထားသည္။
ခ်င္းျပည္နယ္ နယ္နိမိတ္အား ျပည္တြင္း၊ ျပည္ပရွိ ေဒသခံခ်င္းလူထုမ်ား၏ သေဘာတူညီမႈ မရွိဘဲ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အား ရခိုင္ျပည္နယ္၏ (၈) ခုေျမာက္ခ႐ိုင္တစ္ခုအျဖစ္ ULA/AA ေၾကညာျခင္းသည္ အာဏာရွင္စနစ္ကဲ့သို႔ စစ္ေရးသိမ္းပိုက္ဖိႏွိပ္မႈတစ္ခုျဖစ္ၿပီး ခ်င္းျပည္သူမ်ားအေပၚ လက္နက္အားကိုး ကိုလိုနီျပဳျခင္းျဖစ္ေၾကာင္း KAJ က ထုတ္ျပန္ထားသည္။

AA ၏ လုပ္ရပ္သည္ ျမန္မာႏိုင္ငံေတာ္၏ အေျခခံဥပေဒမူမ်ားႏွင့္ ဆန႔္က်င္ကာ ပင္လုံစာခ်ဳပ္အပါအဝင္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးသမိုင္းႏွင့္ တရားဥပေဒစိုးမိုးေရးစနစ္ကို ခ်ိဳးေဖာက္ဖီဆန္ျခင္းျဖစ္သည့္အျပင္ ခ်င္းျပည္နယ္၏ ျပည္သူ႔အခြင့္အာဏာကို မထီမဲ့ျမင္ျပဳေနျခင္းျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားထားသည္။

ပလက္ဝၿမိဳ႕နယ္အား ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ ၁၄ ရက္မွစ၍ ULA/AA ထိန္းခ်ဳပ္မႈေအာက္တြင္ လူသတ္မႈ (၆) ႀကိမ္၊ မုဒိမ္းမႈ (၅) ႀကိမ္၊ ေဒသခံေနအိမ္မ်ားတြင္ ပိုင္ရွင္ခြင့္ျပဳခ်က္မရွိဘဲ ပိုင္နက္က်ဴးေက်ာ္ေနထိုင္ျခင္း၊ ဘာသာေရးႏွင့္သက္ဆိုင္ေသာလႈပ္ရွားမႈမ်ား လြတ္လပ္မႈမရွိျခင္းႏွင့္ ဘာသာေရးအမႈေဆာင္မ်ားကို AA ၏ အဖြဲ႕ဝင္မ်ားမွ ကိုယ္ထိလက္ေရာက္အၾကမ္းဖက္ခံရျခင္း စသည္ျဖင့္ အမ်ိဳးမ်ိဳး အၾကမ္းဖက္၍ လူ႔အခြင့္အေရး ဆိုး႐ြားစြာခ်ိဳးေဖာက္မႈမ်ား အျမင့္ဆုံးစံခ်ိန္တင္ ျဖစ္ပြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ျပည္တြင္း၊ ျပည္ပရွိ ပလက္ဝေဒသခံ ခ်င္းျပည္သူလူထုမ်ားသည္ ပလက္ဝၿမိဳ႕နယ္အတြင္း၌ AA ၏ ႏိုင္ငံေရးရပ္တည္ခ်က္မ်ားႏွင့္ အုပ္ခ်ဳပ္ေရးစနစ္မ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္မႈမ်ားအား လက္ခံမည္ မဟုတ္ေၾကာင္း ႏွင့္ ပလက္ဝၿမိဳ႕နယ္မွ AA အျမန္ဆုံး ခ်က္ခ်င္းထြက္ခြာေပးရန္ (KAJ) မွ ေျပာဆိုထားသည္။

လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက ျပည္တြင္း၊ ျပည္ပရွိ ခ်င္းျပည္သူလူထုမ်ား၏ ၿငိမ္းခ်မ္းစြာ ဆန႔္က်င္ျခင္း (Resistance of the People) ေဆာင္႐ြက္မည္ျဖစ္၏ AA ၏ (၁၀) ႀကိမ္ေျမာက္ သတင္းစာရွင္းလင္းပြဲတြင္ေဖာ္ျပခဲ့ေသာ “ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အား ရခိုင္ျပည္နယ္၏ (၈) ခုေျမာက္ခ႐ိုင္တစ္ခုအျဖစ္သတ္မွတ္သည့္ ေၾကညာခ်က္ႏွင့္ ပလက္ဝၿမိဳ႕နယ္အတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားမရွိ” ဟူေသာ ျငင္းဆိုခ်က္မ်ားအား Khumi Association Japan (KAJ) မွ ျပင္းထန္စြာကန႔္ကြက္ေၾကာင္း သေဘာထားထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.